သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်သမ္မတ Tran Dai Quang အသည်းအသန်နာမကျန်းဖြစ်ပြီး ကွယ်လွန်


Vietnam Obit Tran Dai Quang
Vietnam Obit Tran Dai Quang

ဗီယက်နမ်နိုင်ငံရဲ့သမ္မတ Tran Dai Quang ဟာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့ပြီး ဒီကနေ့ သောကြာနေ့မှာပဲ ကွယ်လွန်သွားတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ကြေငြာပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပါပြီ။ ကွန်မြူနစ်တိုင်းပြည်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံပိုင်သတင်းဌာနက ဟနွိုင်းမြို့တော်က စစ်ဘက်ဆေးရုံမှာသမ္မတ Quang ကွယ်လွန်သွားကြောင်းကြေငြာပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

သမ္မတ Quang ကို ပြီးခဲ့တဲ့ ဗုဓ္ဒဟူးနေ့က ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို အစည်းအဝေးတခုနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့အတွက် ကျင်းပပေးတဲ့အခမ်းအနားတခုမှာ နောက်ဆုံးတွေ့မြင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ Donald Trump ဗီယက်နမ်ကို လာရောက်ခဲ့တုန်းကလည်း သမ္မတ Quang က လက်ခံကြိုဆိုခဲ့တာဖြစ်ပါတယ်။

Mr. Quang ဟာ ၂၀၁၆ ဧပြီလမှာ သမ္မတအဖြစ် ရွေးချယ်မခံရခင်မှာ ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG