မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အတိုက်အခံ ဖွေထိုင်းပါတီက အနိုင်ရရှိလိုက်တာကြောင့် ပါတီခေါင်းဆောင် ယင်းလတ် ရှင်နဝပ် ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာဖို့ရှိပါတယ်။ ဒါ့အပြင် အမျိုးသားတွေ ကြီးစိုးတဲ့ ထိုင်းနိုင်ငံရေးလောကမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်မယ့် အခန်းကဏ္ဍ ပိုပြီး ကြီးမားလာနိုင်စရာ ရှိပါသလား? အိမ်နီးချင်း မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေကရော ယင်းလတ် အနိုင်ရရှိမှုအပေါ် ဘယ်လို တုံ့ပြန်ကြပါသလဲ? ဒီအကြောင်းကို အခုထုတ်လွှင့်မယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။