သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ တကျော့ပြန် ဆန္ဒပြပွဲတွေကြောင့် လူ ၂၀ ကျော် သေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထောင်သောင်းချီ ကျောင်းသားပြည်သူများ ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထောင်သောင်းချီ ကျောင်းသားပြည်သူများ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာရပါတီကို ထောက်ခံသူတွေ အဓိကရုဏ်း ဖြစ်ပွားရာက လူ ၂၀ ကျော် သေဆုံးပြီး၊ ရာနဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် Sheikh Hasina ရာထူးက ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

ဇူလိုင်လမှာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ချိန်မှာတုန်းကတော့ အစိုးရအလုပ်တွေအတွက် ခွဲတမ်းစနစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ရာက အကြမ်းဖက်မှုတွေ ကြီးထွားလာခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အာဏာပိုင်တွေက နိုင်ငံအနှံ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်ခဲ့သလို၊ အင်တာနက်တွေကို ဖြတ်တောက်၊ ညမထွက်ရအမိန့် ချိုးဖောက်သူတွေကို ပစ်ခတ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။

ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်း ဖမ်းဆီးခံရသူ ၁၁,၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ ပုံမှန်အလုပ်လုပ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အလုပ်မဆင်းကြဖို့၊ အခွန်နဲ့ လျှပ်စစ်မီတာခလို ပေးဆောင်စရာတွေကို မပေးဘဲ အစိုးရကို သပိတ်မှောက်ကြဖို့လည်း ဆော်သြထားတာပါ။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ရုံးတွေ၊ ဘဏ်တွေ။ စက်ရုံတွေ ဖွင့်ကြပေမဲ့ ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ သွားလာရေးကတော့ အခက်အခဲတွေ ရှိနေကြပါတယ်။

Forum

XS
SM
MD
LG