သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh ရောက် အီတလီ သာသနာပြု IS တိုက်ခိုက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ အီတလီ သာသနာပြု ရုပ်အလောင်းသယ်ဆောင်လာစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ အီတလီ သာသနာပြု ရုပ်အလောင်းသယ်ဆောင်လာစဉ်။

နိုင်ငံခြားသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘာသာရေး အစွဲကင်းသူတွေအပေါ် တိုက်ခိုက်မှုတွေထဲက နောက်ဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ အီတလီ သာသနာပြု တယောက်ကို ဒီတပတ်ထဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း ဒီနဂျ်ပါ (Dinajpur) ခရိုင်မှာ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သေနတ်သမားတွေရဲ့ လက်ချက်ကြောင့် အီတလီ သာသနာပြုဟာ ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်တနေ့မှာတော့ - ဒီလုပ်ရပ်ဟာ IS အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းကို ဘာသာရေးဆိုင်ရာ အစ္စလာမ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေး အဖွဲ့ကနေ - သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်မှာ အီတလီ အကူအညီပေးရေး ဝန်ထမ်းတဦး နဲ့ အောက်တိုဘာလက ဂျပန်နိုင်ငံသားတဦး သေဆုံးခဲ့ရတာဟာ သူတို့လက်ချက် ဖြစ်တယ်ဆိုတာကိုလည်း IS အဖွဲ့က ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖေဖော်ဝါရီလကနေ အောက်တိုဘာလအတွင်းမှာလည်း ဘာသာရေး အစွဲအလမ်းကင်းသူ ဘလော့ဂါ ၄ ဦးနဲ့ ထုတ်ဝေသူ ၁ ဦးတို့ဟာ ဓားနဲ့ အသေခုတ်သတ် ခံခဲ့ရတာပါ။ ရဲတွေရဲ့အဆိုအရ ဒေသခံ သဘောထားတင်းမာတဲ့ အစ္စလာမ် အစွန်းရောက်အဖွဲ့ (ABT) ကနေ သူတို့ကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ IS စစ်သွေးကြွတွေ ဒါမှမဟုတ် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေ တိုင်းပြည်တွင်းမှာ ခြေကုပ်ယူထားတာမျိုး မရှိတဲ့အကြောင်း ငြင်းဆန်ထားတာပါ။ ဒါ့အပြင် ABT အဖွဲ့နဲ့ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ(Khaleda Zia) ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ နဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ Jamaat-e-Islami အဖွဲ့တို့ဟာ ဒီတိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG