သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Virginia နဲ့ New Jersey ပြည်နယ်ရွေးကောက်ပွဲ ဒီမိုကရက် အနိုင်ရ


နယူးဂျာစီမှ အုပ်ရေးရေးမှူးရွေးကောက်ပွဲ အနိုင်ရ Phil Murphy
နယူးဂျာစီမှ အုပ်ရေးရေးမှူးရွေးကောက်ပွဲ အနိုင်ရ Phil Murphy

တနင်္လာနေ့တုန်းက ပြုလုပ်တဲ့ ဗာဂျီးနီးယားနဲ့ နယူးဂျာစီပြည်နယ်တွေရဲ့ ပြည်နယ်အုပ်ချုုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီက လွယ်လင့်တကူ အနိုင်ရရှိသွားတဲ့အတွက် သမ္မတဒေါ်နယ်ထရန့်အနေနဲ့ နိုင်ငံရေးအရ အတော်လေးအထိနာသွားခဲ့ပါတယ်။

ဒါဟာ နောင်နှစ်ကျင်းပမယ့် ကွန်ဂရက်လွှတ်တော်အတွက် အောက်လွှတ်တော် အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော် အမတ်နေရာ သုံးပုံတပုံကို ရွေးချယ်မယ့် ကြားကာလရွေးကောက်ပွဲအတွက် ရိုက်ခတ်မှု အများကြီး ရှိလာမှာဖြစ်ပါတယ်။ ဒီလို ဒီမိုကရက်တို့ အနိုင်ရတဲ့ အဓိကအကြောင်းကတော့ သမ္မတဒေါ်နယ်ထရန့်အပေါ် စိတ်ဆိုးဒေါသထွက်မှု တွေကြောင့်ဖြစ်တယ်လို့ exit polls လို့ခေါ်တဲ့ ရွေးကောက်ပွဲ မဲပေးပြီး ထွက်လာသူတွေကို မေးမြန်းချက်တွေက ပြသနေပါတယ်။

နယူးဂျာစီ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်အရွေးကောက်ခံရသူ Phil Murphy က ဒီရွေးကောက်ပွဲ ရလဒ်ဟာ ရီပတ်ဘလစ်ကင် ဒေါ်နယ်ထရန့်ကို လုံးဝငြင်းပယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအနိုင်ရ Ralph Northam
မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအနိုင်ရ Ralph Northam

ဗာဂျီးနီးယားပြည်နယ်မှာ ရီပတ်ဘလစ်ကင် ပါတီဝင် Ed Gillespie ကို အနိုင်ရရှိခဲ့သူ ဒီမိုကရက် Ralph Northam က မဲဆွယ်စဉ် ကာလတုန်းက ထရန့်နဲ့ သူရဲ့မူဝါဒတွေ အထူးသဖြင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲရလဒ်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့် အရွေးခံရပြီး တနှစ်အကြာမှာ ပေါ်ထွက်လာတာဖြစ်ပြီး လူထုထောက်ခံမှု ၄၀ % အောက်အထိ သမ္မတတယောက်အနေနဲ့ သမိုင်းမှာ မကြုံစဖူးအောင်ကျဆင်းနေတဲ့ ဒေါ်နယ်ထရန့်အဖို့ အနာဂတ်နိုင်ငံရေး ကံကြမ္မာကို ဖေါ်ပြနေခြင်းဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

Maryland နဲ့ New Jersey ပြည်နယ်ရွေးကောက်ပွဲ ဒီမိုကရက် အနိုင်ရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG