နိုင်ငံတကာအသိုင်းအ၀ိုင်းထဲက ကိုယ့်လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက် ထူးခြားမှုတွေဖြစ်အောင် ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ Vital Voices Global Partnership နိုင်ငံတကာ အစွမ်းထက်အသံများဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးကနေပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ ရှေ့ဆောင်လမ်းပြဆု ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်မှာ အမျိုးသမီးတွေနဲ့ပတ်သက်လို့ အဓိက ပြောသွားခဲ့တဲ့အကြောင်းတွေကို ဒီတပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း တင်ဆက်ထားပါတယ်။