သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ နှစ် ၇၀ ပြည့်

ဗွီအိုအေ နှစ် ၇၀ ပြည့်
ဗွီအိုအေ နှစ် ၇၀ ပြည့်

ဖော်ဖော်ဝါရီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ ဗွီအိုအေ အမေရိကန်အသံ အသံလွှင့်ဌာနရဲ့ နှစ် ၇၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အမေရိကန် ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး ၂ လနီးပါးအကြာ အမေရိကန်တို့ ဒုတိယကမ္ဘာ့စစ်ထဲ စဝင်အပြီး ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗွီအိုအေ အမေရိကန်အသံကို စတင် အသံလွှင့်ခဲ့တာပါ။

ဗွီအိုအေ အမေရိကန်အသံရဲ့ ပထမဆုံး အသံလွှင့် အစီအစဉ်ကိုတော့ နယူးယောက်မြို့ကနေ သတင်းထောက် William Harlan Hale က ဂျာမနီလို စတင်အသံလွှင့်လိုက်တာပါ။

“ဒီအသံဟာ အမေရိကန်ကနေ ထုတ်လွှင့်နေတဲ့ အသံဖြစ်ပါတယ်။ နေ့စဉ် ဒီအချိန်မှာ အမေရိကန်နိုင်ငံ အကြောင်းနဲ့ စစ်ပွဲအကြောင်းတွေကို ကျနော်တို့ ပြောပြသွားပါမယ်။ သတင်းတွေကတော့ ကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်၊ ဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျနော်တို့ အမှန်အတိုင်း ပြောပြသွားပါမယ်လို့ ပြောသွားပါတယ်။”

အဲဒီအသံတွေဟာ ဒီကနေ့အထိ အကျုံးဝင်နေတုန်းပါပဲလို့ ဗွီအိုအေ အသံလွှင့်ဌာနရဲ့ ညွှန်ကြားရေးမှူး David Ensor က ပြောပါတယ်။

ဗွီအိုအေအနေနဲ့ အီရန်လို သတင်းအမှောင်ချခံထားကြရတဲ့ နိုင်ငံတွေအတွက် ဖိဖိစီးစီး ရှေ့တိုး လုပ်ဆောင်သွားမယ်လို့ နှစ် ၇၀ ပြည့် အခမ်းအနားမှာ ဒေးဗစ် အန်ဆာ (David Ensor) က ပြောပါတယ်။ ၁၉၄၂ ခုနှစ်ကစလို့ ဗွီအိုအေက တဖြည်းဖြည်း တိုးချဲ့ အသံလွှင့်လာတာမှာ အခုဆိုရင် အပတ်စဉ် လူပေါင်း ၁၄၁ သန်းအတွက် အသံလွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဗွီအိုအေဟာ နေ့စဉ် ဘာသာစကားပေါင်း ၄၃ ခုနဲ့ ကမ္ဘာတလွှားက ပြည်သူတွေကို ရေဒီယို၊ တယ်လီဗေးရှင်းနဲ့ အင်တာနက်တို့ကနေ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG