သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့ဂုဏ္ေဆာင္ ေျပးခုန္ပစ္အားကစားမယ္ေဟာင္း ေဒၚခင္ခင္ေထြးကြယ္လြန္


ျမန္မာ့ဂုဏ္ထူးေဆာင္ ေျပးခုန္ပစ္ အားကစားမယ္ ေဒၚခင္ခင္ေထြး

{Zawgyi/Unicode}

ျမန္မာ့ဂုဏ္ေဆာင္ ေျပးခုန္ပစ္ အားကစားသမားေဟာင္း ေဒၚခင္ခင္ေထြးဟာ စက္တင္ဘာ ၃၀ ရက္ေန႔က အသည္းကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။

ေဒၚခင္ခင္ေထြးဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက အသည္းကင္ဆာေရာဂါေဝဒနာကို ခံစားလာခဲ့ရတာျဖစ္ၿပီး မေန႔ ၾကာသပေတးေန႔ ၁၁ နာရီ ၂၅ မိနစ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္တယ္လို႔ မိသားစုက လူမႈကြန္ရက္မွာ ေဖာ္ျပထားၿပီး နာေရးအခမ္းအနားကိုလည္း ဒီေန႔မွာပဲ ျပဳလုပ္ခဲ့ၾကပါတယ္။

ကြယ္လြန္ခ်ိန္မွာ အသက္ ၅၆ ႏွစ္အရြယ္ရွိတဲ့ ေဒၚခင္ခင္ေထြးဟာ ျမန္မာ့လက္ေရြးစင္ ေျပးခုန္ပစ္အားကစားသမားအျဖစ္နဲ႔ အေရွ႕ေတာင္အာရွ၊ အာရွနဲ႔ အိုလံပစ္အားကစားၿပိဳင္ပဲြေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အာရွၿပိဳင္ပဲြမွာ ေရႊ ၁ ခု နဲ႔ အေရွ႕ေတာင္အာရွၿပိဳင္ပဲြက ေရႊ ၁၀ ခုအပါအ၀င္ ေရႊတံဆိပ္ ၃၀ ရယူႏိုင္ခဲ့ပါတယ္။

ေဒၚခင္ခင္ေထြးဟာ ၁၉၈၃ ခုႏွစ္ ၁၂ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပဲြကို စတင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ၁၉၈၅၊ ၈၇၊ ၈၉၊ ၉၁၊ ၉၃ နဲ႔ ၉၅ ဆီးဂိမ္းၿပိဳင္ပဲြေတြရဲ႕ တာလတ္အေျပးၿပိဳင္ပဲြေတြမွာ ျမန္မာႏိုင္ငံအတြက္ ေရႊတံဆိပ္ ၆ ခု နဲ႔ ၁၉၈၉ အာရွအားကစားၿပိဳင္ပဲြမွာ ေရႊတံဆိပ္ ၁ ခု ယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဒၚခင္ခင္ေထြးဟာ ၁၉၈၈၊ ၉၂ နဲ႔ ၉၆ အိုလံပစ္ၿပိဳင္ပဲြေတြမွာလည္း ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ၃ ႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးတဲ့ အားကစားသမားျဖစ္ပါတယ္။ အားကစားသမားဘဝကေန အနားယူၿပီးတဲ့ေနာက္ မွာေတာ့ သူမဟာ ေျပးခုန္ပစ္အဖဲြ႔ခ်ဳပ္မွာ နည္းျပအျဖစ္နဲ႔လည္း တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


-------

{Unicode}

မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားမယ်ဟောင်း ဒေါ်ခင်ခင်ထွေးကွယ်လွန်

မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားဟောင်း ဒေါ်ခင်ခင်ထွေးဟာ စက်တင်ဘာ ၃၀ ရက်နေ့က အသဲကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါ်ခင်ခင်ထွေးဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အသည်းကင်ဆာရောဂါဝေဒနာကို ခံစားလာခဲ့ရတာဖြစ်ပြီး မနေ့ ကြာသပတေးနေ့ ၁၁ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ မိသားစုက လူမှုကွန်ရက်မှာ ဖော်ပြထားပြီး နာရေးအခမ်းအနားကိုလည်း ဒီနေ့မှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ဒေါ်ခင်ခင်ထွေးဟာ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားအဖြစ်နဲ့ အရှေ့တောင်အာရှ၊ အာရှနဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှပြိုင်ပွဲမှာ ရွှေ ၁ ခု နဲ့ အရှေ့တောင်အာရှပြိုင်ပွဲက ရွှေ ၁၀ ခုအပါအဝင် ရွှေတံဆိပ် ၃၀ ရယူနိုင်ခဲ့ပါတယ်။

ဒေါ်ခင်ခင်ထွေးဟာ ၁၉၈၃ ခုနှစ် ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို စတင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၅၊ ၈၇၊ ၈၉၊ ၉၁၊ ၉၃ နဲ့ ၉၅ ဆီးဂိမ်းပြိုင်ပွဲတွေရဲ့ တာလတ်အပြေးပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ၆ ခု နဲ့ ၁၉၈၉ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခု ယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ခင်ထွေးဟာ ၁၉၈၈၊ ၉၂ နဲ့ ၉၆ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၃ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အားကစားသမားဖြစ်ပါတယ်။ အားကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် မှာတော့ သူမဟာ ပြေးခုန်ပစ်အဖွဲ့ချုပ်မှာ နည်းပြအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

#MyanmarSports #MyanmarAthletics #voaburmese #ဒေါ်ခင်ခင်ထွေး #မြန်မာ့အားကစား#ဗွီအိုအေ မြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG