ဗွီအိုအေမြန်မာပိုင်းရဲ့ ဝိုင်းတော်သားတဦး ဆုံးရှုံးသွားတဲ့အကြောင်း စိတ်မကောင်းစွာပဲပြောပါရစေ။ ဗွီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန အမှုထမ်း ဦးစံမိုဝေဟာ ဇန်နဝါရီလ ၁ရက် အင်္ဂါ နေ့တုန်းက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Suburban ဆေးရုံမှာ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့ ကွယ် လွန်သွားခဲ့ပါတယ်။
ဦးစံမိုဝေဟာ ၂၀၁၀ ဒီဇင်ဘာလက ဗွီအိုအေ မြန်မာပိုင်းမှာ အမှုထမ်းခဲ့ပါတယ်။ ဗွီအိုအေ မတိုင်ခင် AFP သတင်းဌာန၊ Internews နဲ့ Radio Free Asia ဌာန
တို့အတွက် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာသတင်းသမဂ္ဂ BMA ရဲ့ အတွင်းရေးမှုးအဖြစ်လည်း တာဝန်ယူခဲ့သူပါ။ ကွယ်လွန်ချိန်မှာ ဇနီးဒေါ်သိင်္ဂ ီထိုက်၊ သမီးဖြစ်သူ ဒေါက်တာ ထူးတင့်ဝေ၊ သားဖြစ်သူ ကို သန့်သူဝေနဲ့ ဆိုင်မွန် စံမိုဝေတို့ ကျန်ရစ်ခဲ့ပါတယ်။