သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA- DVB အပြန်အလှန်သဘောတူညီချက် လက်မှတ်ထိုးပွဲ

VOA – DVB အပြန်အလှန်သဘောတူညီချက်လက်မှတ်ထိုးပွဲ
1/7 VOA – DVB အပြန်အလှန်သဘောတူညီချက်လက်မှတ်ထိုးပွဲ
ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို DVB ဒီမိုကရက်တစ်မြန်မာအသံ ရုပ်သံပေါ်မှာ ပြန်လည်လွှင့်ထုတ်ဖို့ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
VOA – DVB အပြန်အလှန်သဘောတူညီချက်လက်မှတ်ထိုးပွဲ
2/7 VOA – DVB အပြန်အလှန်သဘောတူညီချက်လက်မှတ်ထိုးပွဲ
ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို DVB ဒီမိုကရက်တစ်မြန်မာအသံ ရုပ်သံပေါ်မှာ ပြန်လည်လွှင့်ထုတ်ဖို့ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
3/7

4/7

5/7

6/7

7/7

Previous slide
Next slide

ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို DVB ဒီမိုကရက်တစ်မြန်မာအသံ ရုပ်သံပေါ်မှာ ပြန်လည်လွှင့်ထုတ်ဖို့ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို မြန်မာပရိသတ်အများစု လွယ်လွယ်ကူကူကြည့်ရှုနိုင်ဖို့ ရည်မှန်းတဲ့ ရှေ့တိုးလုပ်ဆောင်ချက် တရပ်ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှုးက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

နေ့စဉ် နာရီဝက် ထုတ်လွှင့်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ရုပ်မြင်သံကြားအစီအစဉ်တွေကို ဗွီအိုအေရဲ့ ပုံမှန်ထုတ်လွှင့်နေကြ ဆက်သွယ်ရေးဂြိုလ်တုလိုင်းတွေအပြင် Skynet ချာနယ်ကနေ နေ့စဉ် ထုတ်လွှင့်ပြသနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကစလို့တော့ DVB ရုပ်သံလိုင်းကတဆင့်လည်း ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ ဒီအတွက် VOA နဲ့ DVB အကြား အပြန်အလှန်နားလည်မှုသဘောတူညီချက်ကို ဒီကနေ့မှာ အခမ်းအနားနဲ့ လက်မှတ်ထိုးခဲ့ကြတာပါ။

ဒီလို ဆောင်ရွက်တာဟာ ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို မြန်မာပရိသတ်အများစုထံ လွယ်လွယ်ကူကူရောက်ရှိစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းက အခမ်းအနားဖွင့်ပွဲမှာ ပြောဆိုသွားပါတယ်။

“အင်မတန်အရေးကြီးတာတွေက ကျနော်တို့ထုတ်လုပ်နေတာတွေက ကျနော်တို့ ရည်ရွယ်ထားတဲ့ ပရိတ်သတ် ပြည်သူတွေစီကို ထိထိရောက်ရောက် ရောက်နိုင်ရဲ့လားဆိုတဲ့ ပြဿနာရှိတယ်ခင်ဗျ။ ဒါကဘာလဲဆိုရင် Platform ပေါ့နော် ။ အဲဒီတော့ ကျနော်တို့က အမေရိကန်ပြည်ထောင်စု D.C မှာအခြေစိုက်တယ်ဆိုတော့ ကျနော်တို့ ထုတ်လုပ်လိုက်တဲ့ မိနစ် ၃၀ ကို မြန်မာပြည်ကို ဂြိုလ်တု စလောင်းကနေ လွှင့်ပေးရတယ်။ ဂြိုလ်တုစလောင်းကနေ လွှင့်ပေးတယ်ဆိုပေမယ့်လည်း မြန်မာပြည်မှာ ပြည်သူတိုင်းက ကျနော်တို့ အရင်တုန်းကလို short wave လို လှိုင်းတိုရေဒီယိုလေးတွေ ရှိသလို၊ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့အနေအထားမရှိဘူး။ ဒီကိစ္စကို ကျနော်တို့ နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့ ဒီထက်ပိုပြီးတော့ လူတွေစီကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောက်ရှိအောင် သူတို့ဆီ သတင်းတွေရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေကို ကျနော်တို့ အမြဲတမ်း ကြံစည် ကြိုးစားနေရပါတယ်။”

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မှန်ကန်တဲ့သတင်းတွေ ပေးနိုင်ခဲ့တဲ့ VOA နဲ့ DVB သတင်းဌာနတွေ အခုလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့အပေါ်မှာ ဝမ်းမြောက်စရာဖြစ်တယ်လို့ အခမ်းအနား တတ်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ပြောသွားပါတယ်။

“ဒီအသံလွှင့်ဌာနတွေဟာ ကျနော်တို့နဲ့ အင်မတန်ကိုနီးစပ်တဲ့ အသံလွှင့်ဌာနတွေဖြစ်ပါတယ်။ ဒီအသံလွှင့်ဌာနတွေမှာ တာဝန်ယူထမ်းဆောင်နေတဲ့ ညီအကိုတွေအားလုံးဟာ ကျနော်တို့နှင့်အတူ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးထဲမှာ ပါဝင်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ ညီအကိုတော်များပဲဖြစ်ပါတယ်။ ဒါကျနော်တို့ရဲ့ သွေးသားရင်းချာလို့ပြောလို့ရတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။ ကျနော်တို့ ဒီ ရုပ်သံတွေ၊ အသံလွှင့်မီဒီယာဌာနတွေဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကာလတွေမှာ အစဉ်တစိုက် ဒီမိုကရေစီနိုင်ငံတခုပေါ်ထွန်းရေးအတွက် ပြည်သူလူထုကို မှန်ကန်တဲ့သတင်းတွေ ပေးပို့ခဲ့ပါတယ်။ အခုကြိုးပမ်းဆောင်ရွက်တဲ့ ဆောင်ရွက်မူဟာ ပြည်သူလူထုကြားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ဖို့အတွက် VOA ရုပ်မြင်သံကြားအစီအစဉ်ကို လူထုကြားကို ထုတ်လွှင့်ပေးဖို့ ထပ်မံ ကြိုးပမ်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။”

ဗွီအိုအေ မြန်မာပိုင်းရဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကို မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၇ နာရီခွဲအထိ နာရီဝက်စာ တိုက်က်ရိုက်ထုတ်လွင့်ပေးနေတာပါ။ အစီအစဉ်သစ်မပြောင်းခင်အထိ Asiaset 3 ဂြိုလ်တုကနေ အကြိမ်ကြိမ် ပြန်လည်ထုတ်လွင့်ပေးပါတယ်။ DVB ရုပ်သံမှာတော့ VOA မြန်မာပို်င်းအစီအစဉ်တွေကို မနက် ၉ နာရီခွဲနဲ့ ညပိုင်း ၁၀ နာရီ နှစ်ကြိမ် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဗွီအိုအေ အမေရိကန်သတင်းဌာနဟ ၁၉၄၂ ခုနှစ်ကစလို့ နောက်ဆုံးရ ကမ္ဘာသတင်းတွေကို ဘာသာစကား ၄၀ ကျော်နဲ့ ထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ်။

VOA- DVB အပြန်အလှန်သဘောတူညီချက် လက်မှတ်ထိုးပွဲ
please wait

No media source currently available

0:00 0:03:30 0:00
တိုက်ရိုက် လင့်ခ်

​
XS
SM
MD
LG