သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆန္ဒပြပွဲတွေကပေးတဲ့ သင်ခန်းစာ


အမေရိကန် ဆန္ဒပြပွဲတွေကပေးတဲ့ သင်ခန်းစာ
ဇွန်လ ၆၊ ၂၀၂၀ - အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စလိုက်တဲ့ ဆန္ဒပြပွဲတွေဟာ အခုဆိုရင် သီတင်းတပတ် ကျော်လာနေပါပြီ။ ရဲတပ်ဖွဲ့က ဖမ်းဆီးတဲ့အချိန် လမ်းပေါ်မှာ နောက်ပြန် လက်ထိပ်ခတ် ခံထားရတဲ့ Floyd ရဲ့ လည်ပင်းကို ရဲအရာရှိ တယောက်က ၈ မိနစ်ကျော်ကြာ ဒူးနဲ့ထောက်ထားရာက နောက်ဆုံးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ဗွီဒီယိုနဲ့တကွ မြင်လိုက်ရတဲ့လူတွေ မခံမရပ်နိုင်ကြရာက ဆန္ဒပြပွဲတွေ စခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းခံတွေ ဘာတွေ ရှိနေသလဲ၊ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အစိုးရရဲ့ ကိုယ်တွယ်ပုံတွေဟာ နည်းမှန်လမ်းမှန် ဖြစ်ရဲ့လား၊ သင်ခန်းစာယူစရာ ဘာတွေ ကျန်ရစ်ခဲ့ပါသလဲ ဆိုတာတွေကို ဗွီအိုအေ မြန်မာပိုင်း အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာ၊ နိုင်ငံရေးအကဲခတ် ဒေါက်တာတင့်ဆွေတို့နဲ့ စနေနေ့ည ဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက် ထားပါတယ်။

[Unicode Version]



တိုက်ရိုက် လင့်ခ်


XS
SM
MD
LG