မေလ ၂၊ ၂၀၂၀ - မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်လာမယ့် အခြေအနေတွေကနေ သက်သာရာ ရစေဖို့ ရည်ရွယ်တဲ့ အစီအစဉ် တရပ်ကို အစိုးရက ဒီတပတ်ထဲမှာပဲ ကြေညာထားပါတယ်။
COVID-19 စီးပွားရေး အထောက်အကူပြုရေး အစီအစဉ်ကနေ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေသူတွေအတွက် မျှော်လင့်စရာ ဘာတွေရှိနိုင်မလဲ၊ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်အောင် ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတာတွေကို စီးပွားရေးပညာရှင်တွေ ဖြစ်ကြတဲ့ ဦးမင်းခင်၊ ဒေါက်တာဇော်ဦး တို့ကို ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေ စနေနေ့ဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
[Unicode]