သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မျှတဖို့ ဘာတွေလိုနေသလဲ




[Unicode Version]

ဇွန်လ ၂၇၊ ၂၀၂၀ - မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် နိုင်ငံရေး လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးသလို၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေးပြဿနာတွေလည်း ကြုံနေရပါတယ်။ ဒီလိုအခြေအနေတွေ ကြားမှာပဲ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားတာကြောင့် လွတ်လပ်ပြီး မျှတတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်နိုင်ပါ့မလား စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိရွေးကောက်ပွဲ အခင်းအကျင်းအပေါ် တိုင်းရင်းသား နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် တို့နဲ့ ဆက်သွယ်မေးမြန်းပြီး စနေနေ့ည ဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက် ထားပါတယ်။

ရွေးကောက်ပွဲ မျှတဖို့ ဘာတွေလိုနေသလဲ
please wait

No media source currently available

0:00 0:25:00 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG