သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် မြန်မာအလုပ်သမားတွေ ဘာအကူအညီတွေလိုနေသလဲ


မေလ ၉၊ ၂၀၂၀ - COVID-19 ကပ်ရောဂါကြောင့် တကမ္ဘာလုံး အသွားအလာတွေကန့်သတ်၊ လုပ်ငန်းကိုင်ငန်းတွေ ပိတ်ထားရတဲ့အတွက် ပြည်ပရောက် မြန်မာအလုပ်သမားတွေလည်း နေရပ်ပြန်နေရပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ကြတဲ့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ပြန်လာနေသူတွေနဲ့ နောက်ထပ်ပြန်လာမယ့်သူတွေလည်း သိန်းနဲ့ချီ ရှိနေပါတယ်။
မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ၊ ပြည်တော်ပြန် အလုပ်သမားတွေအတွက် ရေတိုရေရှည် လိုအပ်ချက်တွေရော ဘာတွေများ ရှိနိုင်မလဲဆိုတာတွေကို ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်၊ မူဆယ်မြို့အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း တို့ကို ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေ စနေနေ့ဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

[Unicode]

XS
SM
MD
LG