Unicode:
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေပိတ်ထားကြပေမဲ့ တက္ကသိုလ်ဝင်တန်းအတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသူ ကျောင်းသားတချို့ကတော့ အပြင်ကျူရှင်တွေနဲ့ ဆက်ပြီး စာသင် စာကျက်နေကြပါတယ်။ အဲဒီလိုကျောင်းသားတွေကို စာပြပေးနေတဲ့ Teaching guide သင်ဂိုက်ဆရာမတယောက်ရဲ့ New normal အခြေအနေ အပြောင်းအလဲတွေကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။