သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံပိုင် TV ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာ (၃) ခုကို ပေါင်းစည်းလိုက်ပြီး Voice of China လို့ခေါ်တဲ့ သတင်းမီဒီယာကြီး တခုထဲအဖြစ် ဖွဲ့စည်းလိုက်ပါပြီ။ တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံဟာ ကမ္ဘာ့တည်ငြိမ်၊ငြိမ်းချမ်း၊ဖွံ့ဖြိုးရေး လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ ပုံရိပ်ပေါ်လာအောင် တရုတ်သတင်းမီယာပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ပြောအပြီးမှာ ခုလိုပေါင်းစည်းလိုက်ပြီလို့၊ တရုတ်အစိုးရ Xinhua သတင်းဌာနက ပြီးခဲ့တဲ့အပတ်ထဲ ကြေညာလိုက်တာပါ။

အရင် ပြည်တွင်းဝါဒဖြန်မှုအဓိကလုပ်ခဲ့တဲ့ တရတ်အစိုးရမီဒီယာအနေနဲ့၊ အခု ကမ္ဘာ.စင်မြင့်မှာ ဘယ်လိုဖြစ်လာနိုင်ပါလဲ၊ ဒီအကြောင်း VOA သတင်းထောက် Victor Beattie မေးမြန်းထားတာကို ကိုဝင်းမင်းက ပြောပြပေးမှာပါ။

တရုတ်သမ္မတ Xi Jinping အနေနဲ့ သမ္မတနေရာမှာ ကြိုက်သလောက် ဆက်နေနိုင်ဖို့ တရုတ်ပြည်သူ ကွန်ဂရက်ပါတီက အရင်သမ္မတ သက်တမ်း ကန့်သတ်ထားတာကို အခုလည်း သမ္မတ Xi ပြောခဲ့သလို ကမ္ဘာမှာ တရုတ် နိုင်ငံပုံရိပ်ကြည့်ကောင်းအောင်လို့ Voice of China ကိုပေါင်းစပ်ထူထောင်လိုက်တာပါ။ ကမ္ဘာမှာ ကျယ်ကျယ်လောင်လောင်နဲ့ အားကောင်းကောင်းကြားနိုင်အောင် Voice of China မှာ CCTV လို့အတိုကောက်ခေါ်တဲ့ တရုတ်ရုပ်မြင်သံကြားဌာန China Radio International ခေါ်တရုတ်နိုင်ငံတကာအသံနဲ့ China Radio ခေါ် တရုတ်အမျိုးသားအသံ သတင်းဌာနတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဆက်ဆံရေးဌာနအောက်မှာ ပေါင်းဖွဲ့လိုက်ပါတယ်။

တချို့အနောက်နိုင်ငံ သတငိးမီဒီယာ ဌာနတွေကတော့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အများပြည်သူ အမြင်မှာ တရုတ်ပုံရိပ်ကောင်းလာအောင်လုပ်ဖို့ ပေါင်းစည်းလိုက်တဲ့ ကမ္ဘာ့အကြီးဆုံး ၀ါဒဖြန့် ယန္တယားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

တိုကျိုအခြေစိုက် မဟာဗြူဟာလေ့လာရေး ဂျပန်အဖွဲ့က သုတေသီ Grant Newsham ကတော့ တရုတ်ရဲ့အောင်မြင်ပြီးသား ကမ္ဘာ့မီဒီယာ ချဲ့ထွင်မှုအပေါ် ဆက်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

"တရုတ်နိုင်ငံအနေနဲ့ ဒီနေရာမှာ အလုပ်ဖြစ်အောင် အများကြီး လုပ်ပြီးနေပါပြီ - ဥပမာ တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာကို အမေရိကန်က ထင်ရှားတဲ့ သတင်းစာတွေထဲမှာ ကြားညှပ်ထဲ့ပေး တာမျိုး၊ နောက် ဟိုတယ်တွေမှာတွေ့ နေရတဲ့ နိုင်ငံခြားအခြေစိုက် တရုတ် TV newtwork သတင်းတွေမှာလဲ Professional သတင်းကျွမ်းကျင်မှုရှိထားပုံနဲ့ တရုတ်နိုင်ငံမှာဖြစ်နေတာတွေကို တင်ဆက်နေတာအပြင်၊ ဒါတွေအားလုံး တသံထဲ ထွက်တဲ့ပုံနဲ့ ချိတ်ဆက် ဝါဒဖြန့်ပြီး တရုတ်ကိုစာနာပေးနိုင်တဲ့ ပရိသတ်မျိုး ရှိလာအောင် ပစ်မှတ်ထားတဲ့နိုင်ငံတွေမှာ လုပ်နိုင်နေပါပြီ။"

ဒါပေမယ့် တရုတ်နိုင်ငံအတွင်း သတင်းမီဒီယာ ဖိနှိပ်ခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာအဆင့်ကို တက်ရာမှာ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့ ဆက်ပြောပါတယ်။

"တရုတ်သမ္မတက တရုတ်သတင်းတွေကို နိုင်ငံခြားမှာ ပျံအောင်ဖြန့်ဖြူးနိုင်ဖို့ ပြောလာတယ်ဆိုပေမဲ့၊ နိုင်ငံခြားသတင်းထောက်တွေအနေနဲ့ အထူးသဖြင့် ဘီဂျင်း အခြေစိုက် အနောက်နိုင်ငံသတင်းထောက်တွေဆိုရင်ပေါ့နော် ဗီဇာရဖို့ ခက်ခဲလေ့ရှိပါတယ်။ သူတို့ကို ထောက်လှမ်းရေးတွေကလဲ အနှောက်အယှက်ပေးလေ့ရှိတယ်၊ သူတို့ရေးတာတွေကိုလဲ အနီးကပ်စောင့်ကြည်လေ့ရှိပါတယ်၊ သူတို့ တခုခုမှားရေးမိရင် ပို နှောက်ယှက်ခံရတယ် ဖိအားပေးခံရပါတယ်။ အထူးသဖြင့် ရှင်ဂျန်းမှာရှိတဲ့ လူနဲစု ဝီဂါမွတ်ဆလင်တွေအကြောင်းရေးရင်ပေါ့နော်။"

သူကဆက်ပြီး ၀ီဂါအရေးအပြင် တိဘက်အရေး ဘာသာရေးလှုပ်ရှားမှုတွေမှာလည်း တရုတ်အစိုးရသတင်းအပေါ်စောင့်ကြည့်ထိန်းချုပ်မှုတွေ ရှိနေပေမယ့် အခုလို ချဲ့ထွင်တာအပြင် နိုင်ငံတကာ သက္ကသိုလ်တွေအနေနဲ့ မူဝါဒ အဖွဲ့တွေလေ့လာရေး မှာလည်း confucius institute မျိုးအဖွဲ့နဲ့ ချဲ့ထွင်လာတာကြောင့် Australia၊ New zealand နဲ့ အမေရိကန်မှာတောင် ၀ါဒဖြန့်မှုက တစုံတရာထိရောက်လာနေတယ်လို့ ဆိုပါတယ်။

"ဒီနိုင်ငံတွေအားလုံးထဲမှာ တရုတ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်နဲ့ ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပါပြီ၊ တချို.က အဆိုးမြင်ကြတယ်။ ဒါပေမဲ့ တချို.အတွက်တော့ တရုတ် နိုင်ငံရဲ့ ပုံရိပ်ကို ညင်ညင်သာသာလေးဖြစ်အောင်လို့ ဖန်တီးယူတဲ့နေရာမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေတာကို တွေ့နေရပါတယ်။"

ဒါပေမယ့်လည်း တရုတ်နိုင်ငံက သတင်းထောက်တွေကို နိုင်ငံတကာမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံနေသလို တရုတ်နိုင်ငံဘက်က ပြန်ဆက်ဆံပေး သတင်းစုံစမ်းခွင့် လွတ်လွတ်လပ်လပ် ပေးမှ တရုတ်ပုံရိပ်ကမ္ဘာမှာ ကောင်းလာနိုင်မှာ ဖြစ်ပြီး အခုလို တရုတ်က လိုချင်တဲ့ ပုံစံအများမြင်အောင် ၀ါဒ ဖြန့်တာကို ဖိလုပ်တာ ထူးမှာမဟုတ်ဘူးလို့ သုတေသီ Grant Newsham က ဆက်ပြောပါတယ်။

Voice of China တရုတ်အစိုးရ မီဒီယာ ထူထောင်
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG