သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ယူကရိန်းအတွက် လက်နက်ဝယ်ဖို့ ဒေါ်လာ ၂.၁ ဘီလီယံကူဖို့ ညှိနှိုင်းနေ


ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာကျင်းပနေတဲ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရေက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၂)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာကျင်းပနေတဲ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရေက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေချပြီး ယူကရိန်းစစ်တပ်အတွက် ပိုပြီး ငွေကြေးအကူအညီပေးဖို့ ဒီနေ့ တနင်္လာနေ့ အစည်းအဝေးမှာ စဉ်းစားနေကြပါတယ်။ ယူကရိန်းအတွက် အီးယူ က လက်နက်ဝယ်ယူဖို့ ဒေါ်လာ ၂.၁ ဘီလီယံကူညီပေးမယ့် အဆိုပြုချက်နဲ့အတူ ရုရှားရဲ့ကာကွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေအပြင် အစိုးရတာဝန်ရှိသူတွေကိုပါ ၉ သုတ်မြောက်အဖြစ် အရေးယူဖို့ စဉ်းစားနေကြတာပါ။

တနင်္ဂနွေနေ့တုန်းကတော့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန်သမ္မတအပါအဝင် ကမ္ဘာခေါင်းဆောင်တချို့နဲ့ ဖုန်းကနေစကားပြောခဲ့ပါတယ်။ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု အပြည့်အဝပြန်လည်ရရှိသည်အထိ ယူကရိန်းကို ပြင်သစ်က ကူညီမှာဖြစ်ကြောင်း သမ္မတ Zelenskyy နဲ့ စကားပြောပြီးတဲ့နောက် ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။ ယူကရိန်း ပြန်လည်တည်ဆောက်ရေးနဲ့ ဒီ ဆောင်းကို ဖြတ်သန်းနိုင်ရေးအတွက် အကူအညီပေးရေး အစည်းအဝေးတရပ်ကို ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပမှာကိုလည်း Macron က ဇောင်းပေး ပြောသွားပါတယ်။

ယူကရိန်း သီးနှံတင်ပို့ရေးနဲ့ပတ်သက်ပြီး တူရကီသမ္မတ Recep Tayyip Erdogan နဲ့လည်း သမ္မတ Zelenskyy က စကားပြောခဲ့ပါသေးတယ်။ ရုရှားက ယူကရိန်းရဲ့ တနိုင်ငံလုံးဆိုင်ရာ လျှပ်စစ်ကွန်ယက်ကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့တာပါ။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တာကြောင့် ဒါကို စစ်ရာဇဝတ်မှုလို့ ယူကရိန်းကပြောပေမဲ့ စစ်ရေးသဘောအရ တရားဝင်တယ်လို့ ရုရှားကတော့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG