သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတနဲ႔ သမၼတဘိုင္ဒန္ အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံမည္ 


Biden and Zelenskyy (collage)

[[Zawgyi/Unicode]]

ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ ဒီကေန႔ ဒီဇင္ဘာ ၂၁ ရက္ေန႔မွာ အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိမွာျဖစ္ၿပီး လႊတ္ေတာ္ ႏွစ္ရပ္ေပါင္းေရွ႕မွာ မိန႔္ခြန္းေျပာၾကားဖို႔ရွိသလို အိမ္ျဖဴေတာ္မွာ သမၼတ Joe Biden နဲ႔လည္း ေတြ႕ဆုံမွာ ျဖစ္ပါတယ္။ ဒါဟာ အခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈ စတင္ခဲ့ၿပီးေနာက္ပိုင္း သမၼတ Zelenskyy အေနနဲ႔ ပထမဆုံး ႏိုင္ငံျပင္ပကို ခရီးထြက္ တာလည္း ျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံရဲ႕ခံႏိုင္ရည္စြမ္းအားနဲ႔ ခုခံကာကြယ္ႏိုင္စြမ္းေတြ ျမွင့္တင္ႏိုင္ေရး လုပ္ေဆာင္ဖို႔ အေမရိကန္ျပည္ေထာင္စုကို သူသြားေနၿပီလို႔ သမၼတ Zelenskyy က Twitter လူမႈကြန္ယက္ကေန ဒီကေန႔ အေစာပိုင္းမွာ ေရးသားခဲ့ပါတယ္။

သမၼတ Zelenskyy နဲ႔ သမၼတ ဘိုင္ဒန္တို႔ အိမ္ျဖဴေတာ္မွာ ဒီကေန႔ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီမွာ ေတြ႕ဆုံၾကမွာျဖစ္ၿပီး ေတြ႔ဆုံမႈအၿပီးမွာ ပူးတြဲ သတင္းစာရွင္းလင္းပြဲ က်င္းပဖို႔ ရွိပါတယ္။

သမၼတဘိုင္ဒန္အစိုးရက ယူကရိန္းကို ေလေၾကာင္းရန္ကာကြယ္ေရး Patriot မစ္ဇိုင္းဒုံးစနစ္ေတြ ယူကရိန္းကိုေပးဖို႔အပါအဝင္ စစ္ေရးဆိုင္ရာအကူအညီေတြထပ္မံေပးဖို႔ ျပင္ဆင္ေနခ်ိန္မွာ သမၼတ Zelenskyy ေရာက္လာတာမို႔ ေခါင္းေဆာင္ ၂ ဦးေတြ႕ဆုံအၿပီးမွာ အေမရိကန္က ကူညီေပးမယ့္ အစီအစဥ္ေတြကို ေၾကညာဖို႔ရွိႏိုင္ပါတယ္။

အေမရိကန္အစိုးရရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအဖြဲ႕နဲ႔ အစိုးရဝန္ႀကီးအဖြဲ႔ေတြနဲ႔ ေတြ႔ဆုံဖို႔အတြက္ သမၼတဘိုင္ဒန္က သမၼတ Zelenskyy ကို အေမရိကန္ႏိုင္ငံကို ဖိတ္ၾကားခဲ့တာလို႔ အေမရိကန္အစိုးရ အႀကီးတန္းအရာရွိတဦးက ေျပာပါတယ္။ ေဆြးေႏြးၾကမယ့္အထဲ စစ္မ်က္ႏွာျပင္မွာ ယူကရိန္းဘက္က ဘယ္လို လက္နက္အမ်ိဳးအစားေတြနဲ႔ ဘယ္လို စစ္သင္တန္းမ်ိဳးေတြကို အေမရိကန္နဲ႔ မဟာမိတ္ေတြထံက လိုအပ္သလဲဆိုတာအျပင္ စီးပြားေရး၊ ေလာင္စာစြမ္းအင္နဲ႔ လူသားခ်င္းစာနာ

တိုက္႐ိုက္ လင့္ခ္

========================

[[Unicode]]

ယူကရိန်းသမ္မတနဲ့ သမ္မတဘိုင်ဒန် အိမ်ဖြူတော်မှာ တွေ့ဆုံမည်

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ အခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်း သမ္မတ Zelenskyy အနေနဲ့ ပထမဆုံး နိုင်ငံပြင်ပကို ခရီးထွက် တာလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ခံနိုင်ရည်စွမ်းအားနဲ့ ခုခံကာကွယ်နိုင်စွမ်းတွေ မြှင့်တင်နိုင်ရေး လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုကို သူသွားနေပြီလို့ သမ္မတ Zelenskyy က Twitter လူမှုကွန်ယက်ကနေ ဒီကနေ့ အစောပိုင်းမှာ ရေးသားခဲ့ပါတယ်။

သမ္မတ Zelenskyy နဲ့ သမ္မတ ဘိုင်ဒန်တို့ အိမ်ဖြူတော်မှာ ဒီကနေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ တွေ့ဆုံကြမှာဖြစ်ပြီး တွေ့ဆုံမှုအပြီးမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။

သမ္မတဘိုင်ဒန်အစိုးရက ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေး Patriot မစ်ဇိုင်းဒုံးစနစ်တွေ ယူကရိန်းကိုပေးဖို့အပါအဝင် စစ်ရေးဆိုင်ရာအကူအညီတွေထပ်မံပေးဖို့ ပြင်ဆင်နေချိန်မှာ သမ္မတ Zelenskyy ရောက်လာတာမို့ ခေါင်းဆောင် ၂ ဦးတွေ့ဆုံအပြီးမှာ အမေရိကန်က ကူညီပေးမယ့် အစီအစဉ်တွေကို ကြေညာဖို့ရှိနိုင်ပါတယ်။

အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့နဲ့ အစိုးရဝန်ကြီးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် သမ္မတဘိုင်ဒန်က သမ္မတ Zelenskyy ကို အမေရိကန်နိုင်ငံကို ဖိတ်ကြားခဲ့တာလို့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ဆွေးနွေးကြမယ့်အထဲ စစ်မျက်နှာပြင်မှာ ယူကရိန်းဘက်က ဘယ်လို လက်နက်အမျိုးအစားတွေနဲ့ ဘယ်လို စစ်သင်တန်းမျိုးတွေကို အမေရိကန်နဲ့ မဟာမိတ်တွေထံက လိုအပ်သလဲဆိုတာအပြင် စီးပွားရေး၊ လောင်စာစွမ်းအင်နဲ့ လူသားချင်းစာနာမှုဆိုငိရာ အကူအညီတွေပေးရေး စတဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG