သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G-20 ကမာၻ႔ေခါင္းေဆာင္ေတြ ေတြ႕ဆုံေနခ်ိန္ ယူကရိန္းၿမိဳ႕ေတာ္ Kiev ကို ႐ုရွား တိုက္ခိုက္  


G20 summit in Bali

[[Zawgyi/Unicode]]

ကမာၻ႔စီးပြားေရးအင္အားႀကီး ထိပ္သီးႏိုင္ငံ ၂၀ ရဲ႕ G-20 အစည္းအေဝး က်င္းပေနခ်ိန္မွာပဲ ယူကရိန္းႏိုင္ငံ Kiev ၿမိဳ႕ေတာ္က လူေနအေဆာက္အဦးႏွစ္ခုကို ႐ုရွားက ဒုံးက်ည္ေတြနဲ႔ ဒီကေန႔ တိုက္ခိုက္ခဲ့တဲ့အေၾကာင္း Kiev ၿမိဳ႕ေတာ္ဝန္ Vitali Klitschko က ေျပာပါတယ္။

ယူကရိန္းကိုတိုက္ခိုက္တဲ့ ႐ုရွားက်ဴးေက်ာ္စစ္ကို G 20 ထိပ္သီး အစည္းအေဝးမွာ ႏိုင္ငံအမ်ားစုက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ၾကလိမ့္မယ္လို႔ အေမရိကန္အႀကီးတန္း တာဝန္ရွိသူတေယာက္က အဂၤါေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

တံခါးပိတ္အစည္းအေဝးေတြမစမီ ဖြင့္ပြဲမိန႔္ခြန္းမွာ အိမ္ရွင္ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက စီးပြါးျပန္လည္ နလန္ထေရးနဲ႔ ယူကရိန္း ႐ုရွားက်ဴးေက်ာ္စစ္နဲ႔ ပတ္သက္ၿပီး စည္းလုံးညီၫြတ္မႈမကြဲျပားေစဖို႔ ေျပာၾကားခဲ့ပါေသးတယ္။

“ကမာၻႀကီးကိုကယ္တင္ဖို႔ ပူးေပါင္းေဆာင္႐ြက္ေရးအျမင္ အေတာ္ႀကီး လိုေနပါတယ္။ က်ေနာ္တို႔ ျပည္သူေတြအတြက္သာမက ကမာၻ႔ ျပည္သူတရပ္လုံးအတြက္ က်ေနာ္တို႔ အားလုံးမွာ တာဝန္ရွိၾကပါတယ္။ တာဝန္ရွိတယ္ဆိုတဲ့ အဓိပၸါယ္က ႏိုင္ငံတကာ ဥပေဒေတြနဲ႔ ကုလသမဂၢပဋိညာဥ္ စာတမ္းပါမူေတြကို တသမတ္တည္း ေလးစားလိုက္နာေရး ျဖစ္ပါတယ္။ ဒါ့အျပင္ စစ္ကို အဆုံးသတ္ရမယ္လို႔လည္း အဓိပၸါယ္ရပါတယ္။” လို႔ အင္ဒိုနီးရွားသမၼတက ေျပာသြားတာပါ။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ခု အစည္းအေဝးကို ယခင္က ႐ုရွားကိုထုတ္ၿပီး G-19 လို႔ သုံးႏႈံးခဲ့ဖူးပါတယ္။ ကုလသမဂၢရဲ႕ အလြန္အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ ၂ ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ယူကရိန္းသံတမန္ေတြ က ေဆာင္႐ြက္ေနေၾကာင္း အင္တာနက္ကေနတဆင့္ ေျပာပါတယ္။ တခုကေတာ့ ႐ုရွားရဲ႕စစ္ေၾကာင့္ ထိခိုက္နစ္နာတာေတြအားလုံးအတြက္ ေပးေလ်ာ္ႏိုင္မည့္ နည္းနာယႏၲရားကို တည္ေဆာက္ဖို႔ ျဖစ္ပါတယ္။ ေနာက္တခုကေတာ့ ႏိုင္ငံတကာ ဥပေဒနဲ႔အညီ ႐ုရွားက စစ္ေလ်ာ္ေၾကးေပးႏိုင္ေအာင္ ေဆာင္႐ြက္ေရးျဖစ္ပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

G-20 ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံနေချိန် ယူကရိန်းမြို့တော် Kiev ကို ရုရှား တိုက်ခိုက်

ကမ္ဘာ့စီးပွားရေးအင်အားကြီး ထိပ်သီးနိုင်ငံ ၂၀ ရဲ့ G-20 အစည်းအဝေး ကျင်းပနေချိန်မှာပဲ ယူကရိန်းနိုင်ငံ Kiev မြို့တော်က လူနေအဆောက်အဦးနှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း Kiev မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။

ယူကရိန်းကိုတိုက်ခိုက်တဲ့ ရုရှားကျူးကျော်စစ်ကို G 20 ထိပ်သီး အစည်းအဝေးမှာ နိုင်ငံအများစုက ပြင်းပြင်းထန်ထန် ရှုတ်ချကြလိမ့်မယ်လို့ အမေရိကန်အကြီးတန်း တာဝန်ရှိသူတယောက်က အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

တံခါးပိတ်အစည်းအဝေးတွေမစမီ ဖွင့်ပွဲမိန့်ခွန်းမှာ အိမ်ရှင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စီးပွါးပြန်လည် နလန်ထရေးနဲ့ ယူကရိန်း ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်မှုမကွဲပြားစေဖို့ ပြောကြားခဲ့ပါသေးတယ်။

“ကမ္ဘာကြီးကိုကယ်တင်ဖို့ ပူးပေါင်းဆောင်ရွက်ရေးအမြင် အတော်ကြီး လိုနေပါတယ်။ ကျနော်တို့ ပြည်သူတွေအတွက်သာမက ကမ္ဘာ့ ပြည်သူတရပ်လုံးအတွက် ကျနော်တို့ အားလုံးမှာ တာဝန်ရှိကြပါတယ်။ တာဝန်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်က နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါမူတွေကို တသမတ်တည်း လေးစားလိုက်နာရေး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကို အဆုံးသတ်ရမယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။” လို့ အင်ဒိုနီးရှားသမ္မတက ပြောသွားတာပါ။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ခု အစည်းအဝေးကို ယခင်က ရုရှားကိုထုတ်ပြီး G-19 လို့ သုံးနှုံးခဲ့ဖူးပါတယ်။ ကုလသမဂ္ဂရဲ့ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက် ၂ ချက်ကို အကောင်အထည်ဖော်နိုင်အောင် ယူကရိန်းသံတမန်တွေ က ဆောင်ရွက်နေကြောင်း အင်တာနက်ကနေတဆင့် ပြောပါတယ်။ တခုကတော့ ရုရှားရဲ့စစ်ကြောင့် ထိခိုက်နစ်နာတာတွေအားလုံးအတွက် ပေးလျော်နိုင်မည့် နည်းနာယန္တရားကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နောက်တခုကတော့ နိုင်ငံတကာ ဥပဒေနဲ့အညီ ရုရှားက စစ်လျော်ကြေးပေးနိုင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG