သုံးရလွယ်ကူစေသည့် Link များ

စင်္ကာပူရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ


စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ ထောက်ခံသူများ ရွေးကောက်ပွဲအနိုင်ရမှုအပေါ် အောင်ပွဲခံနေကြစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)

စင်္ကာပူနိုင်ငံရဲ့ အာဏာရပါတီ လူထုလှုပ်ရှားမှုပါတီ PAP ဟာ အခု ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရသွာ့းပါတယ်။ သောကြာနေ့မှာလုပ်ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ PAP ပါတီအနေနဲ့ အတော်လေး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မယ်လို့ အများက တွက်ဆခဲ့ပေမယ့် မထင်မှတ်လောက်အောင် အများစု နေရ ရသွားပါတယ်။

နေရာပေါင်း ၈၉ ခုမှာ ၈၃ နေရာ ၊ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုံးကို PAP ပါတီက အနိုင်ရခဲ့တာပါ။ ရွေးကောက်ပွဲ အောင်ပွဲခံမှုအဖြစ် PAP ပါတီရဲ့ လူထုစုဝေးပွဲကို ကျင်းပရာမှာတော့ ဝန်ကြီးချုပ် Lee Hsein Loong တက်ရောက်ပြီး နောက်ပိုင်းမှာ ပြည်တွင်းသတင်းဌာနတွေအတွက် သတင်းစာ ရှင်းလင်းပွဲတရပ် လုပ်ခဲ့ပါတယ်။

အခု ရွေးကောက်ပွဲရလဒ်ကိုကြည့်မယ်ဆိုရင် စင်္ကာပူနိုင်ငံသားတွေဟာ အခြေအနေကို သိနားလည်ကြပြီး စင်္ကာပူနိုင်ငံကောင်းကျိုးအတွက် ကျနော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ အကောင်းဆုံး စုဖွဲ့မှုလုပ်ထားနိုင်မယ်ဆိုရင် နောက်ဆုံးမှာ အောင်မြင်မှုရှိမယ်ဆိုတာကို ပြသလိုက်တာပါပဲ- လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ဝန်ကြီးချုပ် Lee Hsein Loong ဦးဆောင်တဲ့ PAP ပါတီဟာ လွန်ခဲ့တဲ့ နှစ် ၅၀ စင်္ကာပူလွတ်လပ်ရေးရပြီးကတည်းက နိုင်ငံကို အုပ်ချုပ်လာတဲ့ အာဏာရပါတီဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ဝန်ကြီးဝန်ကြီးချုပ်အဖေဖြစ်သူ ပါတီခေါင်းဆောင် လီကွမ်ယု ပြီးခဲ့တဲ့ မတ်လ ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ တိုးများလာတဲ့ လူငယ်မဲဆန္ဒရှင်တွေရဲ့ အမြင်တွေကြောင့် PAP ပါတီအနေနဲ့ အနိုင်ရဦးမယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲမှာ အတော်လေး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မယ်လို့ တွက်ဆမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG