[ Zawgyi ]
အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ၿမိဳ႕ေတာ္ အပါအ၀င္ ၿမိဳ႕ႀကီးေတြမွာ စေနေန႔က လူေပါင္းေထာင္ေသာင္းခ်ီၿပီး မဲေပးခြင့္အတြက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ရီပတ္ဘလစ္ကန္ ပါတီက ထိန္းခ်ဳပ္ထားတဲ့ ျပည္နယ္အမ်ားအျပားမွာ မဲေပးခြင့္ ဥပေဒကို ျပင္ဆင္ခဲ့တဲ့အတြက္ လူနည္းစုေတြ မဲေပးဖို႔ ခက္ခဲသြားတယ္လို႔ ေ၀ဖန္မႈေတြ ရွိေနခ်ိန္မွာပဲ စုေ၀းဆႏၵျပခဲ့ၾကတာပါ။
အေမရိကန္မွာ ႏိုင္ငံသား အခြင့္အေရး လႈပ္ရွားမႈကို ဦးေဆာင္ခဲ့သူ တဦးျဖစ္တဲ့ ကြယ္လြန္သူ Dr. Martin Luther King Jr. ရဲ႕ အိပ္မက္တခုရွိတယ္ဆိုတဲ့ နာမည္ေက်ာ္ မိန္႔ခြန္း ေျပာၾကားခဲ့တဲ့ လူေပါင္း ၂ သိန္းခဲြေလာက္ ပါ၀င္တဲ့ ၁၉၆၃ ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္ေန႔က လႈပ္ရွားမႈ ႏွစ္ပတ္လည္ေန႔မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကတာလည္း ျဖစ္ပါတယ္။ သားျဖစ္သူ တတိယေျမာက္ Martin Luther King ကလည္း ဖခင္ျဖစ္သူနဲ႔ တျခားလႈပ္ရွားသူေတြ လက္ဆင့္ကမ္းခဲ့ၾကတဲ့ တရားမွ်တမႈ မီး႐ႈးတိုင္ကို ဆက္လက္ကိုင္ေဆာင္ၿပီး စေနေန႔မွာ သမိုင္း၀င္ေအာင္ လုပ္မယ္လို႔ ေျပာခဲ့တာပါ။
ေရြးေကာက္ပဲြမွာ ခဲြျခားဆက္ဆံမႈေတြ မရွိေစဖို႔ မဲေပးခြင့္ အက္ဥပေဒကို အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က ၁၉၆၅ ခုႏွစ္မွာ ျပဌာန္းခဲ့ပါတယ္။ ဒါေပမဲ့လည္း ေတာင္ပိုင္းေဒသ အမ်ားစု အပါအ၀င္ တခ်ဳိ႕ျပည္နယ္ေတြမွာေတာ့ ဒီမိုကရက္ပါတီကို ယိမ္းတယ္လို႔ ယူဆၾကတဲ့ လူမည္းေတြ မဲေပးဖို႔ ခက္ခဲေစတဲ့ ႐ႈပ္ေထြးတဲ့ ေရြးေကာက္ပဲြ ဥပေဒေတြကို က်င့္သုံးတာေတြလည္း ရွိပါတယ္။
မဲေပးခြင့္ တင္းက်ပ္တဲ့ လုပ္ရပ္ေတြဟာ အရင္သမၼတ Donald Trump လက္ထက္မွာ ပိုအားေကာင္းလာခဲ့ၿပီး၊ ဒီႏွစ္ ဇန္နဝါရီလကစ အနည္းဆုံး ျပည္နယ္ ၁၈ ခုမွာ တင္းက်ပ္တဲ့ ေရြးေကာက္ပဲြ ဥပေဒ ၃၀ ကို ခ်မွတ္ခဲ့ေၾကာင္းလည္း တရားမွ်တမႈဆိုင္ရာ Brennan သုေတသနဌာနရဲ႕ စစ္တမ္းက ေဖာ္ျပပါတယ္။
[ Unicode ]
မဲပေးခွင့် အပြည့်အဝရရေး အမေရိကန် မြို့ကြီးတွေမှာ ချီတက်ဆန္ဒပြ
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် အပါအဝင် မြို့ကြီးတွေမှာ စနေနေ့က လူပေါင်းထောင်သောင်းချီပြီး မဲပေးခွင့်အတွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန် ပါတီက ထိန်းချုပ်ထားတဲ့ ပြည်နယ်အများအပြားမှာ မဲပေးခွင့် ဥပဒေကို ပြင်ဆင်ခဲ့တဲ့အတွက် လူနည်းစုတွေ မဲပေးဖို့ ခက်ခဲသွားတယ်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ စုဝေးဆန္ဒပြခဲ့ကြတာပါ။
အမေရိကန်မှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ကွယ်လွန်သူ Dr. Martin Luther King Jr. ရဲ့ အိပ်မက်တခုရှိတယ်ဆိုတဲ့ နာမည်ကျော် မိန့်ခွန်း ပြောကြားခဲ့တဲ့ လူပေါင်း ၂ သိန်းခွဲလောက် ပါဝင်တဲ့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က လှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ ချီတက် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ သားဖြစ်သူ တတိယမြောက် Martin Luther King ကလည်း ဖခင်ဖြစ်သူနဲ့ တခြားလှုပ်ရှားသူတွေ လက်ဆင့်ကမ်းခဲ့ကြတဲ့ တရားမျှတမှု မီးရှုးတိုင်ကို ဆက်လက်ကိုင်ဆောင်ပြီး စနေနေ့မှာ သမိုင်းဝင်အောင် လုပ်မယ်လို့ ပြောခဲ့တာပါ။
ရွေးကောက်ပွဲမှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့ မဲပေးခွင့် အက်ဥပဒေကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ၁၉၆၅ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ပိုင်းဒေသ အများစု အပါအဝင် တချို့ပြည်နယ်တွေမှာတော့ ဒီမိုကရက်ပါတီကို ယိမ်းတယ်လို့ ယူဆကြတဲ့ လူမည်းတွေ မဲပေးဖို့ ခက်ခဲစေတဲ့ ရှုပ်ထွေးတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ကျင့်သုံးတာတွေလည်း ရှိပါတယ်။
မဲပေးခွင့် တင်းကျပ်တဲ့ လုပ်ရပ်တွေဟာ အရင်သမ္မတ Donald Trump လက်ထက်မှာ ပိုအားကောင်းလာခဲ့ပြီး၊ ဒီနှစ် ဇန်နဝါရီလကစ အနည်းဆုံး ပြည်နယ် ၁၈ ခုမှာ တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေ ၃၀ ကို ချမှတ်ခဲ့ကြောင်းလည်း တရားမျှတမှုဆိုင်ရာ Brennan သုတေသနဌာနရဲ့ စစ်တမ်းက ဖော်ပြပါတယ်။