သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးကုသမႈမွာ ေနရာယူလာေနတဲ့ Virtual reality နည္းပညာ


VR virtual reality နည္းပညာသံုးနားၾကပ္ကို သံုးၾကည့္ေနတဲ့ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္းၿမိဳ႕ အမ်ဳိးသမီးတဦး။

[[Zawgyi/Unicode]]

Virtual reality လို႔ေခၚတဲ့ ပကတိအသြင္နီးပါးျဖစ္ေအာင္ ပုံေဖၚတဲ့ VR နည္းပညာကို ဂိမ္းေဆာ့တဲ့လူေတြ အမ်ားဆုံးသုံးေနရာကေန အခုေတာ့ ေဆးပညာအတြက္ပါ သုံးလာၾကၿပီျဖစ္ပါတယ္။ ဒီနည္းပညာကို စိတ္ဖိစီးမႈေျဖေလွ်ာ့တာ၊ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈေတြအတြက္ ျပဳျပင္ေလ့က်င့္ေပးတာ၊ နာက်င္မႈေဝဒနာခံႏိုင္ရည္ ရွိေအာင္လုပ္ေပးတာအပါအဝင္ ေဆးေလာကမွာ အေတာ္အသုံးျပဳလာေနတာပါ။ Mike O’Sullivan ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

အထူးျပဳလုပ္ထားတဲ့ ေခါင္းေဆာင္း႐ုပ္သံနားၾကပ္ကေန လူနာေတြအတြက္ သာယာနာေပ်ာ္ဖြယ္အသံေတြ၊ ၃ ဘက္ျမင္႐ုပ္ပုံေတြသုံးၿပီး VR နည္းနဲ႔ သူတို႔ရဲ႕က်န္းမာေရး ပိုေကာင္းလာေအာင္ ကုေပးတာ ျဖစ္ပါတယ္။ ဒီနားၾကပ္မွာ ေဆးကုသေရး App ေတြ အမ်ားႀကီးထည့္ထားတယ္လို႔ Los Angeles က Cedars-Sinai ေဆး႐ုံက VR နဲ႔ ေဆးကုတဲ့အစီအစဥ္ကိုႀကီးမႉးတဲ့ သုေတသနဆရာဝန္ Dr. Brennan Spiegel က ေျပာပါတယ္။

“ ႐ုပ္ပိုင္းဆိုင္ရာ ကုသေရးအတြက္ သူ႔ကိုသုံးပါတယ္။ စားေသာက္မႈဆိုင္ရာ စိတ္ဖိစီးမႈရွိေနသူေတြ၊ ေသြးတိုးေရာဂါ၊ စိတ္ကစဥ့္ကလ်ား ေရာဂါ၊ စိတ္က်ေရာဂါ၊ စိတ္ေသာကေရာက္ေနသူေတြ၊ ဝမ္းဗိုက္ မအီမသာျဖစ္ေနသူေတြ အမ်ိဳးမ်ိဳးပါပဲ။ ေျပာရရင္ အမ်ားႀကီးပါ။”

မေတာ္တဆ ျဖစ္ရပ္နဲ႔ ႀကဳံခဲ့ရသူေတြ၊ ခြဲစိတ္ၿပီး ျပန္နလံထူလာသူေတြ၊ ကင္ဆာေဝဒနာရွင္ေတြနဲ႔ ကလးေမြးသူေတြအတြက္ပါ ဒီနည္းပညာက အကူညီေပးႏိုင္သလို ဆရာဝန္နဲ႔သူနာျပဳေတြကို ေလ့က်င့္ေပးရာမွာလည္း သုံးႏိုင္ပါတယ္။

ဒီလိုကုသတာကို အေမရိကန္ အစားအစာနဲ႔ေဆးဝါးႀကီးၾကပ္ေရး FDA က Medical Extended Reality လို႔ ေခၚတဲ့အစီအစဥ္နဲ႔ လူနာေတြ ပိုသုံးႏိုင္ေအာင္စီစဥ္ၿပီး ဒီနည္းပညာရဲ႕ထိေရာက္မႈကိုလည္း တိုင္းတာေနတာပါ။

VR နည္းနဲ႔ ေဆးကုသမႈခံယူေနတဲ့ Tom Norris ကေတာ့ သူဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကင္ဆာေရာဂါကုသမႈခံယူခဲ့ရၿပီး မခံမရပ္ႏိုင္ေအာင္ နာက်င္မႈခံစားေနရတာကို ဒီနည္းက အေတာ္သက္သာေစတယ္လို႔ ေျပာပါတယ္။

“ဒါက ႐ုပ္ရွင္႐ုံထဲ ေရာက္ေနသလိုပါပဲ။ တေယာက္မွ အနားမွာမရွိဘဲ ကိုယ္ျမင္ေနရတာက ဖန္သားျပင္ပဲ ျဖစ္ၿပီး သူက ကိုယ့္ကိုပါအထဲေရာက္သြားသလို ဆြဲယူလိုက္သလိုပါပဲ။”

ဒီ VR ေဆးကုသမႈ အစီအစဥ္က သူ႔ကိုေနရာသစ္ေတြကို ေခၚေဆာင္သြားတာပါ။

“ဆြစ္ဇာလန္ေတာင္တန္းေတြေပၚက လယ္ကြင္းထဲ ႏြားေတြျမက္စားေနတာ ျမင္ရသလို ေဒၚလ္ဖင္ေတြ၊ ေဝလငါးႀကီးေတြနဲ႔အတူ ေရကူးေနရတာမ်ိဳးပါ။”

အထူးဖန္တီးထားတဲ့ အဆင့္ျမင့္နားၾကပ္ကိုသုံးၿပီး စမ္းသပ္ခဲ့တဲ့ စိတ္ေရာဂါအထူးကု Dr. Omer Liran ကေတာ့ သုံးတဲ့သူေတြ စိတ္ၿငိမ္းခ်မ္းၿပီး ေခါင္းၾကည္လင္လာဖို႔ ဘယ္လိုလုပ္သင့္တယ္ဆိုတဲ့အႀကံေတြပါ ေပးလို႔ရေအာင္ လုပ္ထားတယ္လို႔ ေျပာပါတယ္။

“ဒီနားၾကပ္ကေန အာ႐ုံခံစက္ေတြက ႏွလုံးခုန္ႏႈန္းေတြ၊ ႏွလုံးမႈမွန္မမွန္၊ မ်က္လုံးသူငယ္အိမ္အ႐ြယ္အစား၊ မ်က္စိ ဘယ္ကိုလိုက္ၾကည့္တယ္ဆိုတာေတြကိုပါ တိုင္းႏိုင္ပါတယ္။”

လူနာကို ေရတံခြန္ေပၚျဖတ္ပ်ံခိုင္းၿပီး သူ႔စိတ္တည္ၿငိမ္မႈရလာၿပီလို႔ သူ႔ခႏၶာကိုယ္ကတုံ႔ျပန္လာတဲ့အထိ သူ႔ရဲ႕ စိတ္ကူးပုံရိပ္ကို ထိန္းခ်ဳပ္ေပးတာမ်ိဳးနဲ႔ ကုသတာပါ။

Tom Norris တို႔လို လူနာေတြခံစားေနရတဲ့ နာက်င္မႈေဝဒနာဟာ ခႏၶာကိုယ္မွာလိုပဲ ဦးေႏွာက္ထဲမွာလည္း ခံစားရတာလို႔ ေဒါက္တာ Speigel က ေျပာပါတယ္။

“ခႏၶာကိုယ္တစ္ရွဴးေတြမွာ ဒဏ္ရာလုံးဝနီးပါးက်က္သြားႏိုင္ပါတယ္။ တကယ္လို႔ မက်က္ရင္ေတာ့ နာက်င္တဲ့ေဝဒနာခံစားေနရမွာပါ။ ဒီေဝဒနာက ဦးေႏွာက္ထဲအထိေရာက္သြားၿပီး အဲဒီဦးေႏွာက္မွာ ေဝဒနာကို စၿပီး ခံစားရတာမ်ိဳးပါ။”

အခု VR ကုထုံးနဲ႔ သီတင္း ၈ ပတ္ကေန ၁၂ ပတ္ေလာက္အထိ ေလ့က်င့္ေပးလိုက္တဲ့အခါမွာေတာ့ ဒီလို ခံစားရတဲ့ျဖစ္စဥ္ကို ျပန္ေျပာင္းပစ္လိုက္ႏိုင္တာေတြ႕ရပါတယ္။ ဒါေၾကာင့္ ေဝဒနာအမ်ိဳးမ်ိဳး ခံစားေနရတဲ့ ေရာဂါသည္အတြက္ အကူအညီေပးႏိုင္တယ္လို႔ VR နည္းပညာသုံးကုသတဲ့ဆရာဝန္ေတြက ေျပာပါတယ္။

================

[[Unicode]]

ဆေးကုသမှုမှာ နေရာယူလာနေတဲ့ Virtual reality နည်းပညာ

Virtual reality လို့ခေါ်တဲ့ ပကတိအသွင်နီးပါးဖြစ်အောင် ပုံဖေါ်တဲ့ VR နည်းပညာကို ဂိမ်းဆော့တဲ့လူတွေ အများဆုံးသုံးနေရာကနေ အခုတော့ ဆေးပညာအတွက်ပါ သုံးလာကြပြီဖြစ်ပါတယ်။ ဒီနည်းပညာကို စိတ်ဖိစီးမှုဖြေလျှော့တာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် ပြုပြင်လေ့ကျင့်ပေးတာ၊ နာကျင်မှုဝေဒနာခံနိုင်ရည် ရှိအောင်လုပ်ပေးတာအပါအဝင် ဆေးလောကမှာ အတော်အသုံးပြုလာနေတာပါ။ Mike O’Sullivan ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အထူးပြုလုပ်ထားတဲ့ ခေါင်းဆောင်းရုပ်သံနားကြပ်ကနေ လူနာတွေအတွက် သာယာနာပျော်ဖွယ်အသံတွေ၊ ၃ ဘက်မြင်ရုပ်ပုံတွေသုံးပြီး VR နည်းနဲ့ သူတို့ရဲ့ကျန်းမာရေး ပိုကောင်းလာအောင် ကုပေးတာ ဖြစ်ပါတယ်။ ဒီနားကြပ်မှာ ဆေးကုသရေး App တွေ အများကြီးထည့်ထားတယ်လို့ Los Angeles က Cedars-Sinai ဆေးရုံက VR နဲ့ ဆေးကုတဲ့အစီအစဉ်ကိုကြီးမှူးတဲ့ သုတေသနဆရာဝန် Dr. Brennan Spiegel က ပြောပါတယ်။

“ ရုပ်ပိုင်းဆိုင်ရာ ကုသရေးအတွက် သူ့ကိုသုံးပါတယ်။ စားသောက်မှုဆိုင်ရာ စိတ်ဖိစီးမှုရှိနေသူတွေ၊ သွေးတိုးရောဂါ၊ စိတ်ကစဉ့်ကလျား ရောဂါ၊ စိတ်ကျရောဂါ၊ စိတ်သောကရောက်နေသူတွေ၊ ဝမ်းဗိုက် မအီမသာဖြစ်နေသူတွေ အမျိုးမျိုးပါပဲ။ ပြောရရင် အများကြီးပါ။”

မတော်တဆ ဖြစ်ရပ်နဲ့ ကြုံခဲ့ရသူတွေ၊ ခွဲစိတ်ပြီး ပြန်နလံထူလာသူတွေ၊ ကင်ဆာဝေဒနာရှင်တွေနဲ့ ကလးမွေးသူတွေအတွက်ပါ ဒီနည်းပညာက အကူညီပေးနိုင်သလို ဆရာဝန်နဲ့သူနာပြုတွေကို လေ့ကျင့်ပေးရာမှာလည်း သုံးနိုင်ပါတယ်။

ဒီလိုကုသတာကို အမေရိကန် အစားအစာနဲ့ဆေးဝါးကြီးကြပ်ရေး FDA က Medical Extended Reality လို့ ခေါ်တဲ့အစီအစဉ်နဲ့ လူနာတွေ ပိုသုံးနိုင်အောင်စီစဉ်ပြီး ဒီနည်းပညာရဲ့ထိရောက်မှုကိုလည်း တိုင်းတာနေတာပါ။

VR နည်းနဲ့ ဆေးကုသမှုခံယူနေတဲ့ Tom Norris ကတော့ သူဟာ ဆယ်စုနှစ်ပေါင်းများစွာ ကင်ဆာရောဂါကုသမှုခံယူခဲ့ရပြီး မခံမရပ်နိုင်အောင် နာကျင်မှုခံစားနေရတာကို ဒီနည်းက အတော်သက်သာစေတယ်လို့ ပြောပါတယ်။

“ဒါက ရုပ်ရှင်ရုံထဲ ရောက်နေသလိုပါပဲ။ တယောက်မှ အနားမှာမရှိဘဲ ကိုယ်မြင်နေရတာက ဖန်သားပြင်ပဲ ဖြစ်ပြီး သူက ကိုယ့်ကိုပါအထဲရောက်သွားသလို ဆွဲယူလိုက်သလိုပါပဲ။”

ဒီ VR ဆေးကုသမှု အစီအစဉ်က သူ့ကိုနေရာသစ်တွေကို ခေါ်ဆောင်သွားတာပါ။

“ဆွစ်ဇာလန်တောင်တန်းတွေပေါ်က လယ်ကွင်းထဲ နွားတွေမြက်စားနေတာ မြင်ရသလို ဒေါ်လ်ဖင်တွေ၊ ဝေလငါးကြီးတွေနဲ့အတူ ရေကူးနေရတာမျိုးပါ။”

အထူးဖန်တီးထားတဲ့ အဆင့်မြင့်နားကြပ်ကိုသုံးပြီး စမ်းသပ်ခဲ့တဲ့ စိတ်ရောဂါအထူးကု Dr. Omer Liran ကတော့ သုံးတဲ့သူတွေ စိတ်ငြိမ်းချမ်းပြီး ခေါင်းကြည်လင်လာဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အကြံတွေပါ ပေးလို့ရအောင် လုပ်ထားတယ်လို့ ပြောပါတယ်။

“ဒီနားကြပ်ကနေ အာရုံခံစက်တွေက နှလုံးခုန်နှုန်းတွေ၊ နှလုံးမှုမှန်မမှန်၊ မျက်လုံးသူငယ်အိမ်အရွယ်အစား၊ မျက်စိ ဘယ်ကိုလိုက်ကြည့်တယ်ဆိုတာတွေကိုပါ တိုင်းနိုင်ပါတယ်။”

လူနာကို ရေတံခွန်ပေါ်ဖြတ်ပျံခိုင်းပြီး သူ့စိတ်တည်ငြိမ်မှုရလာပြီလို့ သူ့ခန္ဓာကိုယ်ကတုံ့ပြန်လာတဲ့အထိ သူ့ရဲ့ စိတ်ကူးပုံရိပ်ကို ထိန်းချုပ်ပေးတာမျိုးနဲ့ ကုသတာပါ။

Tom Norris တို့လို လူနာတွေခံစားနေရတဲ့ နာကျင်မှုဝေဒနာဟာ ခန္ဓာကိုယ်မှာလိုပဲ ဦးနှောက်ထဲမှာလည်း ခံစားရတာလို့ ဒေါက်တာ Speigel က ပြောပါတယ်။

“ခန္ဓာကိုယ်တစ်ရှူးတွေမှာ ဒဏ်ရာလုံးဝနီးပါးကျက်သွားနိုင်ပါတယ်။ တကယ်လို့ မကျက်ရင်တော့ နာကျင်တဲ့ဝေဒနာခံစားနေရမှာပါ။ ဒီဝေဒနာက ဦးနှောက်ထဲအထိရောက်သွားပြီး အဲဒီဦးနှောက်မှာ ဝေဒနာကို စပြီး ခံစားရတာမျိုးပါ။”

အခု VR ကုထုံးနဲ့ သီတင်း ၈ ပတ်ကနေ ၁၂ ပတ်လောက်အထိ လေ့ကျင့်ပေးလိုက်တဲ့အခါမှာတော့ ဒီလို ခံစားရတဲ့ဖြစ်စဉ်ကို ပြန်ပြောင်းပစ်လိုက်နိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဝေဒနာအမျိုးမျိုး ခံစားနေရတဲ့ ရောဂါသည်အတွက် အကူအညီပေးနိုင်တယ်လို့ VR နည်းပညာသုံးကုသတဲ့ဆရာဝန်တွေက ပြောပါတယ်။

XS
SM
MD
LG