သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းမောပေါက်ကွဲမှု ၁၆ ဦးသေဆုံး 


 မိုင်းမောမြို့မှာ ဓာတ်ငွေ့အိုးတွေနဲ့ ယမ်းတွေ ပေါက်ကွဲ ( CREDIT TO U NYI RANG)
မိုင်းမောမြို့မှာ ဓာတ်ငွေ့အိုးတွေနဲ့ ယမ်းတွေ ပေါက်ကွဲ ( CREDIT TO U NYI RANG)

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့မှာ ဓာတ်ငွေ့အိုးတွေနဲ့ ယမ်းတွေ ပေါက်ကွဲတာကြောင့် ၁၆ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရထားကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ Gas အိုးတွေနဲ့ အရပ်သုံး ယမ်း ဂိုဒေါင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက လူမှုကွန်ယက် Facebook မှာ ရေးသားထားတာပါ။

ဆောက်လက်စ အဆောက်အအုံ တခု အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာလို့ ဆိုတဲ့ နေရာမှာတော့ ဂတ်စ်အိုးတွေ အများအပြားတွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းနေတဲ့ ဗွီဒီယို တခုကိုလည်း ဦးညီရန်းက တင်ထားပါတယ်။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မြို့တော် ပန်ဆန်းမှာ လာမယ့် ဧပြီလ ၁၅ ရက်နေ့ စပြီး ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။

မိုင်းမောပေါက်ကွဲမှု ၁၆ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG