သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wall Street ကို ကန့်ကွက်ဆန္ဒပြသူများ ဖမ်းဆီးခံရ


ဘဏ္ဍာငွေကြေးဈေးကွက် Wall Street ကို ကန့်ကွက် ဆန္ဒပြနေကြသူများ (အောက်တိုဘာလ ၁၊ ၂၀၁၁)
ဘဏ္ဍာငွေကြေးဈေးကွက် Wall Street ကို ကန့်ကွက် ဆန္ဒပြနေကြသူများ (အောက်တိုဘာလ ၁၊ ၂၀၁၁)

အမေရိကန်နိုင်ငံက အဓိက ဘဏ္ဍာငွေကြေး ဈေးကွက်ဖြစ်တဲ့ Wall Street ကို ကန့်ကွက် ဆန္ဒပြ နေကြသူတွေ နယူးယောက်မြို့က Brooklyn တံတားကို ဖြတ်လျှောက် ချီတက်ဖို့ ကြိုးစားကြတဲ့အချိန် ချီတက် ဆန္ဒပြသူတွေထဲက ရာပေါင်းများစွာဟာ စနေနေ့နှောင်းပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

Wall Street ကို သိမ်းပိုက်ကြလို့ အမည်ပေးထားတဲ့ အဲဒီ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ကုမ္ပဏီကြီးတွေရဲ့ အတ္တလောဘကြီးမှု၊ လူတန်းစား မညီမျှမှုနဲ့ တခြား ကိစ္စရပ်တွေကို ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပြီး မနေ့ကတော့ သူတို့ Brooklyn တံတားကို ဖြတ်ပြီးချီတက်ဖို့ ကြိုးစားတဲ့အတွက် ယာဉ်သွား ယာဉ်လာတွေ ယာယီ ပိတ်သွားခဲ့ရပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ တံတားပေါ်မှာရှိတဲ့ လမ်းဘေး လူသွားလမ်းကိုဖြတ်ကျော်ပြီး ယာဉ်တွေသွားနေတဲ့ လမ်းမပေါ်ကို တက်လာကြတဲ့အချိန် ယာဉ်အသွားအလာတွေ ပိတ်ကုန်တာကြောင့် အဲဒီလူတွေကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ချီတက် ဆန္ဒပြမှုတွေ ဖြစ်သွားခဲ့တာကြောင့် Brooklyn တံတား နာရီအတော်ကြာ ပိတ်သွားခဲ့ရပါတယ်။

အဲဒီ Wall Street ကို သိမ်းပိုက်ကြဆိုတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကစပြီး နယူးယောက်မြို့က ဘဏ္ဍာငွေကြေးဈေးကွက်ရှိရာ Wall Street မှာ ဆန္ဒြုပနေခဲ့ကြတာဖြစ်ပြီး စနေနေ့က ချီတက် ဆန္ဒပြမှုကတော့ ခေါင်းဆောင်မပါတဲ့ ချီတက်ပွဲဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG