သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ကမ္ဘာမှာ စစ်ဒဏ်သင့် အမျိုးသမီး သန်း ၆၀၀ ကျော်ရှိကြောင်း ကုလအစီရင်ခံစာဖော်ပြ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက စစ်ပွဲတွေဒဏ်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေး သန်း ၆၀၀ ကျော် ရှိနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ စံချိန်တင် တိုးလာတာနဲ့အမျှ အမျိုးသမီး မျိုးဆက်တွေအတွက် ဆယ်စုနှစ်တွေနဲ့ချီ ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ ခြိမ်းခြောက်ခံနေရတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အစီရင်ခံစာထဲမှာ ပြောဆိုထားတာပါ။

ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမျိုးသမီးတွေ တန်းတူပါဝင်ခွင့်ရရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအကြီးအကဲက ဆန်းစစ်ရာမှာ သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေအတွက် လုပ်ပိုင်ခွင့်အာဏာနဲ့ ဆုံးဖြတ်ချက်တွေ အများစုဟာ အမျိုးသားတွေ လက်ထဲမှာပဲ ရှိနေဆဲဖြစ်ကြောင်း အချက်အလက်တွေက ဖော်ပြနေတယ်လို့လည်း ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြား အမျိုးသမီးတွေ သေဆုံးမှုဟာ အရင်တနှစ်ထက် ၂ ဆ တိုးလာကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးအတည်ပြုထားတဲ့ ကိန်းဂဏန်းတွေအရ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေဟာလည်း ၅၀ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ကွယ်ပျောက်လာနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ အမျိုးသမီး တန်းတူညီမျှရေးဆိုင်ရာ အကြီးအကဲ Sima Bahous ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က အဆုံးသတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ၂ ရက်ကြာ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG