သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့တွေကို သီရိလင်္ကာဝင်ခွင့်ပြု


စစ်ရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့တွေကို သီရိလင်္ကာဝင်ခွင့်ပြု

စစ်ရာဇ၀တ်များစုံစမ်းရေး ကုလသမဂ္ဂအဖွဲ့တဖွဲ့ကို တိုင်းပြည်ထဲ ၀င်ရောက်ခွင့် လက်မခံတဲ့ကိစ္စ သီရိလင်္ကာအစိုးရက လျှော့ပေးလိုက်ပြီး အခု သီရိလင်္ကာနိုင်ငံထဲ ၀င်ရောက်စုံစမ်းစစ်ဆေးခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံက ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်မခံဘဲနေခဲ့ပေမဲ့ ပြန်ကြားရေးဝန်ကြီးကတော့ အလားတူ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေကို တွေ့ခွင့်ပြုမယ်လို့ စနေနေ့ကပဲ ပြောဆိုခဲ့တာပါ။

သီရိလင်္ကာနိုင်ငံက ပြည်တွင်းစစ် အဆုံးသတ်ခါနီးအချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ၃ ဦးပါ စစ်ဆေးရေးအဖွဲ့တခုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တာဝန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က ခန့်မှန်းချေ အရပ်သား ၇ ထောင်လောက် သေဆုံးခဲ့တယ်လို့ ကုသလမဂ္ဂ ပြောဆိုပါတယ်။

သီရိလင်္ကာစစ်တပ်နဲ့ တမီးကျားသူပုန်တွေအကြား ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG