သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေအတွက် ထိုင်းက ခိုလှုံရေးစခန်းတွေကို စစ်ဘေးရှောင်နဲ့ နိုင်ငံရေးခိုလှုံသူဆိုပြီး သီးခြားခွဲထားမည်


ထိုင်းနိုင်ငံဖက်က စစ်ဘေးဒုက္ခသည်စခန်းပြင်ဆင်
ထိုင်းနိုင်ငံဖက်က စစ်ဘေးဒုက္ခသည်စခန်းပြင်ဆင်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် စစ်ဘေးစစ်ဒဏ်တွေဖြစ်လာမယ်ဆိုရင် ထိုင်းနိုင်ငံမှာခိုလှုံမူစခန်းတွေလုပ်ထားပေမယ့်ဒါဟာ ယာယီစစ်ဘေးရှောင်စခန်းတွေသာဖြစ်တယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

မြန်မာပြည်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီက စစ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတွင်းဆန္ဒပြလှုပ်ရှားမူတွေပစ်ခတ်မူတွေ ဖမ်းဆီးမူတွေ ရှိနေပြီးနယ်စပ်တချို့ မှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်လာပါတယ်။

ဒီအခြေအနေတွေဖြစ်လာတဲ့အတွက် ထိုင်းနိုင်ငံဘက်ကလည်း မြန်မာနဲ့နယ်စပ်တွေမှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူ့နိုင်ငံအတွင်း ယာယီစစ်ဘေးရှောင်စခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ လောလောဆည်တော့ ခိုလှုံလာသူတွေ မရှိသေးပေမယ့် မြန်မာဘက်က တိမ်းရှောင်လာသူတွေကို စစ်ဘေးရှောင်သူနဲ့နိုင်ငံရေးအရ ခိုလှုံလာသူတွေကို သီးခြားခွဲထားမှာ ဖြစ်ပါတယ်။

ဒီရက်အတွင်း ချင်ရိုင်းပြည်နယ်၊ မယ်ဆိုင်မြို့က ယာယီစစ်ဘေးရှောင်စခန်းကို လာရောက်စစ်ဆေးခဲ့တဲ့ ထိုင်းအမှတ်သုံးဒေသက ဗိုလ်မှူး Col. Samrit Chatwattanasakul (စံရစ် ချဝပ်ထနာစကူ) က အခုလိုပြောသွားပါတယ်။

" မြန်မာပြည်က ခိုလှုံလာမယ့်သာမန်ပြည်သူတွေကို တနေရာကိုပို့မယ် နိုင်ငံရေးသမားတွေကိုတော့ တနေရာကိုပို့ပါမယ်။ စစ်ဘေးရှောင်သမားတွေ၊ နိုင်ငံရေးသမားတွေ ဝင်လာရင် သပ်သပ်စီခွဲထုတ်မယ်။ အဲဒီမှာကိုယ်အပူချိန်တိုင်းပြီး ကိုဗစ်စစ်ဆေးမယ်။ ဒဏ်ရာရတဲ့သူတွေပါလာရင်တော့ အရေးပေါ်ဆေးကုသနိုင်ရေးဆေးရုံတွေကို ပို့မယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့သူတွေဆိုရင်လည်း အရေးပေါ် ယာယီဆေးရုံတွေကို ပို့မယ် - ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားတာပါ"

ဒါအပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ယာယီခိုလှုံနိုင်ဖို့ ကယ်ဆယ်ရေးစခန်းတွေဟာ ယာယီစစ်ဘေးရှောင်စခန်းတွေသာဖြစ်ပြီး နိုင်ငံရေးခိုလှုံရာ စခန်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ကလုပ်ခဲ့တဲ့ ထိုင်းမြန်မာနယ်စပ်ကော်မတီ ဆွေးနွေးပွဲမှာတော့ မြန်မာဘက်က ထိုင်းဘက်ကို ယာယီစစ်ဘေးရှောင်စခန်းတွေနဲ့ပတ်သက်လို့မေးမြန်းရာမှာ ထိုင်းဘက်ကတော့ လူသားချင်းစာနာထောက်ထားမူ့နဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ဒီစခန်းတွေကို တဦးတယောက်မှာ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ထိုင်းဘက်က ဖြေကြားခဲ့ပါတယ်။

ယာယီစစ်ဘေးရှောင်စခန်းတွေကတော့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအတွက် ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး မြန်မာဘက်ကအခြေအနေတည်ငြိမ်သွားရင် နေရပ်ရင်းပြန်ပို့ဖို့ရှိနေတာကြောင့် နိုင်ငံရေးသမားတွေဆိုရင်လည်း နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။

ဒီစခန်းတွေဟာ မြန်မာနိုင်ငံရေးလှုပ်ရှားမူတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက်တော့ သင့်တော်တဲ့စခန်းတွေ စခန်းမဟုတ်ဘူးလို့လည်း ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်စိုးကလည်း ပြောပါတယ်။

" နိုင်ငံရေးသမားတွေကတော့ အခုထိုင်းကစခန်းကို ဘယ်တော့မှာလာဖို့မကောင်းဘူးနော် ထိုင်းအစိုးရနဲ့မြန်မာအစိုးရတို့က ထောင်ချောက်လုပ်ထားတဲ့သဘောတွေ့ရတယ် ကျနော်တို့သတင်းအချက်အလက်တွေ၇ထားတယ် ဒီစခန်းတွေကစစ်ပြေးရှောင်တို့IDP တို့အတွက်ပဲအဓိကထားတဲ့စခန်းတွေဖြစ်တာပေါ့"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ ဖမ်းဝရမ်းထုတ်ထားတဲ့နိုင်ငံတေရး တက်ကြွ လှုပ်ရှားသူများရဲ့ဓါတ်ပုံများကိုလည်း TBC ထိုင်းမြန်မာ နယ်စပ်ကော်မတီကနေတဆင့် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း တာ့ခ်ပြည်နယ်မှာ မြန်မာဘက်လာတဲ့သူတွေအတွက် စစ်ဘေးရှောင်စခန်း (၁၀)ခု၊ ချင်းရိုင်ပြည်နယ်မှာ (၂)ခုနဲ့ ရနောင်းဘက်မှာလည်း ၂ခုဖွင့်လှစ်ထားပါတယ်။ ကျမ မအေးအေးမာ VOA အတွက်သတင်းပေးပို့နေတာပါ ။

....................................

{{Unicode}}













XS
SM
MD
LG