သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

E စီးကရက်ကြောင့်လို့ ယူဆရတဲ့ သေဆုံးသူ တယောက်တိုး


E-စီးကရက် သောက်ပုံသောက်နည်း ပြသနေသူတဦး။
E-စီးကရက် သောက်ပုံသောက်နည်း ပြသနေသူတဦး။

အမေရိကန်ပြည်ထောင်စုမှာ လူတယောက် အဆုတ်ရောဂါနဲ့ သေဆုံးခဲ့တာကြောင့် အီလက်ထရောနစ်စီးကရက် သောက်သုံးသူတွေအနေနဲ့ သူတို့ရဲ့ အီလက်ထရောနစ်စီးကရက် သောက်သုံးမှုကို ပြန်ပြီးတော့ စဉ်းစားသင့်တယ်လို့ အမေရိကန် ကျန်းမာရေးအာဏာပိုင်တွေက ထပ်မံ သတိပေးလိုက်ပါတယ်။

အီလက်ထရောနစ်စီးကရက် (E-Cigarettes) ဆိုတာကတော့ သမားရိုးကျ ဆေးရွက်ကြီးကို မီးရှို့သုံးစွဲတာမျိုး မဟုတ်ဘဲ ဆေးရည်ကို အပူပေးပြီး ရေငွေ့ကို ရှူရှိုက်ရတာ ဖြစ်ပါတယ်။

အဆိုပါ အဆုတ်ရောဂါနဲ့ သေဆုံးသွားသူဟာ E-စီးကရက် သုံးစွဲခြင်းအားဖြင့် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ယူဆနေကြတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) အနေနဲ့ အဆုတ်ရောဂါဖြစ်နေသူ ရာပေါင်းများစွာကို စုံစမ်းစစ်ဆေးနေပြီး အဲဒီအဆုတ်ရောဂါဟာ အီလက်ထရောနစ် စီးကရက် သောက်သုံးတာကြောင့် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ CDC ဌာန တာဝန်ရှိသူ Dana Meaney-Delman က ပြောပါတယ်။

အဲဒီလို ပြင်းထန်တဲ့ အဆုတ်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် အဓိက အခြေခံအကျဆုံး နည်းလမ်းကတော့ ဒီလို E-စီးကရက်ကို မသောက်ဘဲ ရှောင်ရှားဖို့ဖြစ်တယ်လို့ ပြောပါတယ်။

LA ခရိုင် ဒေသခံတဦးဟာ အီလက်ထရောနစ်စီးကရက် သောက်သုံးရာကနေ ရုတ်တရက် ပြင်းထန်တဲ့ အဆုတ်ဝေဒနာကို ခံစားရပြီး သေဆုံးသွားတယ်လို့ California ကျန်းမာရေး တာဝန်ရှိသူတွေက မနေ့ သောကြာနေ့က ပြောလိုက်ပါတယ်။ ဒါဟာ အဲဒီလို အဆုတ်ဝေဒနာနဲ့ ၅ ယောက်မြောက် သေဆုံးတာဖြစ်ပါတယ်။

တကယ်လို့ သုံးစွဲဖို့မလိုအပ်ရင် အခုအခါမှာ မသုံးစွဲကြဖို့နဲ့ မသိသေးတဲ့ အကြောင်းအချက်တွေ အများကြီးရှိနေသေးတယ်လို့ LA ခရိုင် လူထုကျန်းမာရေးအရာရှိ Muntu Davis က ပြောပါတယ်။

အမေရိကန်နိုင်ငံတဝှမ်း အဆုတ်ရောဂါ ဖြစ်နိုင်ချေရှိသူ ၄၅၀ လောက်ကို တွေ့ရှိထားပြီး E-စီးကရက်ကြောင့် အဆုတ်ရောဂါဖြစ်တာ ဟုတ်မဟုတ်ဆိုတာနဲ့ ဘယ်လိုဖြစ်တာလဲ ဆိုတာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG