သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နဲ့ သွားရောက် ပူးပေါင်းခြင်းသည် ခေတ် သစ် နိုင်ငံတော် သစ္စာဖောက်မှု


သြစတြေးလျ ဝန်ကြီးချုပ် Tony Abbot ။
သြစတြေးလျ ဝန်ကြီးချုပ် Tony Abbot ။

IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ သြစတြေးလျ ဝန်ကြီးချုပ် Tony Abbot က ကြာသပတေးနေ့မှာ သတိပေးပြီး ဒီအဖွဲ့ရဲ့ အစွန်းရောက် ဝါဒဆိုင်ရာ စွဲဆောင်ချက်တွေကို တိုက်ဖျက်ဖို့ ပိုလုပ်ရမယ် လို့ ပြောပါ တယ်။ ဆစ်ဒ်နီမြို့မှာကျင်းပတဲ့ ဒေသဆိုင်ရာ ညီလာခံတခုဖွင့်ပွဲမှာ မစ္စတာ Abbott က အဲဒီလိုပြောတာပါ။

အကြမ်းဖက်ဝါဒဆိုင်ရာ ဝါဒ ဖြန့်ချိချက်တွေ ဖြန့်ဝေတာကို တန်ပြန်ဖို့နဲ့ တားဆီးဖို့ ပိုပြီး တညီတညွတ်ထဲရှိတဲ့ အစီအစဉ်တရပ်ကို အစိုးရတွေချမှတ်နိုင်ရေး အထောက်အကူဖြစ်စေဖို့ အဲဒီညီလာခံကို ရည်ရွယ်ကျင်းပတာပါ။

ပြည်ပကအကြမ်းဖက်အဖွဲ့တွေနဲ့ သွားပေါင်းတဲ့ သြစတြေးလျနိုင်ငံသားတွေအပေါ် ပိုပြီး အပြင်းအထန် အရေးယူလုပ်ဆောင်ဖို့ သြစတြေးလျအနေနဲ့ နည်းလမ်းရှာနေ တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ အဲဒီလုပ်ရပ်ဟာ ခေတ်သစ် နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်လို့ သူက သုံးနှုန်း ပြောဆိုပါတယ်။

ဒါပေမဲ့ အကြမ်းဖက်ဝါဒကို ခုခံကာကွယ်ဖို့ တကယ်တမ်းထိရောက်တဲ့ တခုတည်းသောနည်းလမ်းက အဲဒီဝါဒဟာ အချည်းနှီး ဆိုတာကို လူတွေသိအောင် စည်းရုံးဆွဲဆောင်ဖို့ဖြစ်တယ်ဆိုတာတော့ သူက လက်ခံပြောဆိုပါတယ်။

နှစ်ရက်ကြာ အဲဒီညီလာခံမှာ နိုင်ငံ ၃၀ လောက်က တာဝန်ရှိသူတွေအပြင် Facebook, Twitter နဲ့ Google တို့လို့ နည်းပညာ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေလဲ တက်ရောက်နေပါတယ်။

XS
SM
MD
LG