သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်္ဂါဂြိုလ်မှာ ရေရှိနိုင်တဲ့ အထောက်အထားတွေ့


အင်္ဂါဂြိုဟ်မျက်နှာပြင်မှာ ဆားဓာတ်ပါတဲ့အရည်ဖြစ်ပုံရတဲ့ နေရာတခုကို ရှာဖွေတွေ့ရှိထားတဲ့ ဂြိုလ်တု မှတ်တမ်းဓါတ်ပုံ

အင်္ဂါဂြိုဟ်မျက်နှာပြင်အောက်မှာ ဆားဓာတ်ပါတဲ့အရည်ဖြစ်ပုံရတဲ့ နေရာတခုကို ရှာဖွေတွေ့ရှိထားပြီလို့ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဒါကြောင့်လည်း ဂြိုဟ်နီလို့ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေကို တွေ့ဖို့အလားအလာ မြင့်လာပါတယ်။

အင်္ဂါဂြိုဟ် တောင်ဝင်ရိုးစွန်းက ရေခဲပြင်အောက်မှာ အချင်း ၁၂ မိုင်ကျော်ကျယ်တဲ့ နေရာတခုကို ၂၀၀၃ ခုနှစ်ကလွှတ်တင်ထား တဲ့ Mars Express ဂြိုဟ်ပတ်ယာဉ်ငယ်ရဲ့ ရေဒါကိရိယာကနေတဆင့် ရှာဖွေတွေ့ရှိတာပါ။

အင်္ဂါဂြိုဟ်ပေါ်မှာ ရေစီးဆင်းမှုရှိဖူးတဲ့ အရိပ်လက္ခဏာတွေကို သုတေသီတွေ အရင်က ရှာဖွေတွေ့ရှိထားဖူးပါတယ်။ ဂြိုဟ်နက္ခတ် တို့ရဲ့ ရူပနဲ့ဓာတုဘာသာရပ်ဆိုင်ရာ အီတလီ အမျိုးသားအင်စတီကျူက ပါမောက္ခ Roberto Orosei က “ဒီနေရာဟာ အင်္ဂါဂြိုဟ် ပေါ်မှာ သက်ရှိ ရှိနေနိုင်ဖွယ် ပထမဆုံးဖြစ်နိုင်ခြေ နေရာတခုအဖြစ် တွေးရတာ မှန်နိုင်ခြေရှိပါတယ်” လို့ ပြောပါတယ်။ ဒီသုတေသ နကို ပါမောက္ခ Orosei ဦးဆောင်ပြုလုပ်တာဖြစ်ပြီး Science ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အခုတွေ့ရတဲ့နေရာရဲ့ အရွယ်အစားဟာ ရေကန်တကန်လိုမျိုး “ရေပြင်တခုအဖြစ် သတ်မှတ်ဖို့ တကယ့်ကိုပဲပြည့်စုံတယ်” လို့ ပါမောက္ခ Orosei ကပြောသလို “ကျောက်တုံးကျောက်ခဲတွေနဲ့ ရေခဲပြင်ကြား နေရာတချို့မှာရှိနေတဲ့ ရေခဲပျော်နေတာမျိုး မဟုတ်ဘူး” လို့လည်းပြောပါတယ်။

အခုတွေ့ရှိချက်ကနေ အင်္ဂါဂြိုဟ်မျက်နှာပြင်အောက်မှာ သက်ရှိတွေကိုရှာတွေ့ဖို့ လုပ်ငန်းစဉ်တခုကို ရလိုက်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

အင်္ဂါဂြိုလ်မှာ ရေရှိနိုင်တဲ့ အထောက်အထားတွေ့
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG