သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Wave Money ရွယ္ယာကို တယ္လီေနာကုမၸဏီ ေရာင္းထုတ္ဖို႔စီစဥ္ေန


Telenor Telecommunication company

[[Zawgyi/Unicode]]

ဖုန္းကေန ေငြလႊဲလို႔ ရတဲ့ Wave Money ရဲ႕ ရွယ္ယာ ၅၁ % ကို တယ္လီေနာ ကုမၸဏီ က $ ၅၃ သန္းနဲ႔ ႐ိုးမအုပ္စုကို ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ Nikkei Asiaသတင္းက ဆိုပါတယ္။ ေနာက္ရက္အနည္းငယ္အတြင္းမွာ အေရာင္းအဝယ္ၿပီးသြားဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ေရာင္းၿပီးသြားရင္ ႐ိုးမအုပ္စုရဲ႕ဥကၠ႒ Serge Pun ဟာ ရွယ္ယာ ၇၅ ရာႏႈန္း ရသြားမွာ ျဖစ္တယ္လို႔ နစ္ကီ သတင္းဌာနက ေျပာပါတယ္။

၂၀၂၀ ဇြန္လတုန္းကလည္း Yoma Strategic Holdings ကို ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေရာင္းအဝယ္ မျဖစ္ခဲ့ပါဘူး။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီး ႏိုင္ငံေရး မတည္မၿငိမ္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၁ ေမလကစၿပီး ေနာ္ေဝႏိုင္ငံအေျခစိုက္ တယ္လီေနာဟာ သူ႔ရဲ႕ စီးပြါးေရးလုပ္ငန္းေတြကို ျမန္မာႏိုင္ငံက ျပန္လည္႐ုပ္သိမ္းဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

First Myanmar Investment နဲ႔ Yoma Group တို႔က Wave Money လုပ္ငန္းကို ၂၀၁၆ ခုႏွစ္မွာ စတင္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

Wave Money ရှယ်ယာကို တယ်လီနောကုမ္ပဏီ ရောင်းထုတ်ဖို့စီစဉ်နေ

ဖုန်းကနေ ငွေလွှဲလို့ ရတဲ့ Wave Money ရဲ့ ရှယ်ယာ ၅၁ % ကို တယ်လီနော ကုမ္ပဏီ က $ ၅၃ သန်းနဲ့ ရိုးမအုပ်စုကို ရောင်းချဖို့ စီစဉ်နေတယ်လို့ Nikkei Asiaသတင်းက ဆိုပါတယ်။နောက်ရက်အနည်းငယ်အတွင်းမှာ အရောင်းအဝယ်ပြီးသွားဖို့ မျှော်လင့်ထားကြပါတယ်။

ရောင်းပြီးသွားရင် ရိုးမအုပ်စုရဲ့ဥက္ကဋ္ဌ Serge Pun ဟာ ရှယ်ယာ ၇၅ ရာနှုန်း ရသွားမှာ ဖြစ်တယ်လို့ နစ်ကီ သတင်းဌာနက ပြောပါတယ်။

၂၀၂၀ ဇွန်လတုန်းကလည်း Yoma Strategic Holdings ကို ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် အရောင်းအဝယ် မဖြစ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၂၁ မေလကစပြီး နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဟာ သူ့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက ပြန်လည်ရုပ်သိမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

First Myanmar Investment နဲ့ Yoma Group တို့က Wave Money လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာပါ။

#TelenorMyanmar #WaveMoney #VOABurmese #တယ်လီနော #ဝေ့ဖ်မဲန်းနီး #ဗွီအိုအေ

===========

XS
SM
MD
LG