သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လက္နက္ကိုင္ေတြရဲ ႔ ရန္ပံုေငြ


weapons seized by Joint forces of KNDF 1

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ျပည္သူ႔ခုခံစစ္နဲ႔အတူ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ေပါက္ဖြားလာပါတယ္။ ျပည္သူ႔တပ္ဖြဲ႔ ရပ္တည္ႏုိင္ဖို႔ ရန္ပံုေငြ လိုအပ္တဲ့အတြက္ ျပည္တြင္းျပည္ပမွာ ရန္ပံုေငြရွာတဲ့ လႈပ္ရွားမႈေတြ ေပၚထြက္လာပါတယ္။ CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈ ပါဝင္သူေတြနဲ႔ စစ္ေဘးေရွာင္ဒုကၡသည္အတြက္လည္း ရန္ပံုေငြ ရွာၾကပါတယ္။ ႏုိင္ငံျခားေရာက္ ျမန္မာျပည္သားေတြဟာ နည္းမ်ဳိးစံုနဲ႔ ရန္ပံုေငြ ရွာၾကပါတယ္။ ဒါေပမဲ့ အခ်ိန္တိုအတြင္း အမ်ားအျပားေပၚထြက္လာတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအားလံုးကို လက္နက္ပစၥည္း အလံုအေလာက္ ေပးႏိုင္ဖို႔ ခက္ခဲေနဆဲ ျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ ႔နဲ႔ ခ်င္းျပည္နယ္မွာ ခုခံစစ္ဆင္ႏႊဲေနတဲ့ ဇိုမီးျပည္သူ႔ ကာကြယ္ေရးတပ္ Zomi-PDF ကို အမ်ဳိးသားညီညႊတ္ေရးအစိုးရ NUG က ေထာက္ပံ့ေငြက်ပ္သိန္း (၂၂၀) တတိယအႀကိမ္ လွဴဒါန္းေၾကာင္း Zomi-PDF က ေဖေဖၚဝါရီလ (၁၂) ရက္ေန႔က ေၾကညာပါတယ္။ ဒီလို ျပည္သူနဲ႔ ျပည္သူ႔အစိုးရက လက္နက္ကိုင္တပ္ဖြဲ႔ကို ေထာက္ပံ့တာမ်ဳိး အရင္က မၾကားဖူးပါဘူး။ တိုင္းရင္းသားတပ္ဖြဲ႔ေတြဟာ မိမိတို႔ဘာသာ ရန္ပံုေငြရွာၿပီး လက္နက္ကိုင္ေတာ္လွန္ေရး ဆင္ႏႊဲေနၾကတာ ျဖစ္ပါတယ္။ မူးယစ္ေဆး၊ ေက်ာက္မ်က္၊ ေက်ာက္စိမ္းနဲ႔ ဆက္ေၾကးေကာက္မႈေတြဟာ ရန္ပံုေငြရတဲ့ ရင္းျမစ္ေတြ ျဖစ္ပါတယ္။

ကခ်င္တပ္ဖြဲ႔ေတြဟာ ေက်ာက္စိမ္း၊ ေက်ာက္မ်က္နဲ႔ အျခားသယံဇာတေတြ တရုတ္ကို ေရာင္းခ်ၿပီး ရန္ပံုေငြရွာလာတာ ႏွစ္ေပါင္းအေတာ္ၾကာေနပါၿပီ။ ဒီလို ေရာင္းစရာသယံဇာတ မရိွတဲ့ ရွမ္းျပည္နယ္မွာေတာ့ လက္နက္ကိုင္ေတြရဲ ႔ ရန္ပံုေငြဟာ မူးယစ္ေဆးဝါးပါ။ ကိုးကန္႔၊ ဝ နဲ႔ မိုင္းလား တပ္ဖြဲ႔ေတြဟာ မူးယစ္ေဆးကရတဲ့ ရန္ပံုေငြေၾကာင့္ ရွင္သန္ႀကီးထြားလာၾကတာ ျဖစ္ပါတယ္။ စစ္အစိုးရေတြ ဖြဲ႔စည္းထားတဲ့ ‘ကာကြယ္ေရး’ အမည္ခံ ျပည္သူ႔စစ္ဟာ မူးယစ္ေဆးကေန ရန္ပံုေငြ ရွာခြင့္ရထားသူ ျဖစ္ပါတယ္။ မဆလေခတ္မွာ ကာကြယ္ေရးတပ္ဖြဲ႔ကို ဘိန္းထုတ္ခြင့္ ေပးထားသလို အခုေခတ္မွာလည္း ျပည္သူ႔စစ္က လုပ္ခြင့္ရေနပါတယ္။ အာဏာတည္ေဆာက္ေရးမွာ ဘိန္းေမွာင္ခိုျပည္သူ႔စစ္ဟာ အေရးပါလာပါတယ္။ တခ်ဳိ ႔ဆိုရင္ ႀကံံ့ဖြံ႔ပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတာင္ ျဖစ္လာၾကပါတယ္။

ျပည္သူ႔လြတ္ေျမာက္ေရးတပ္အတြက္ ႏုိင္ငံျခားေရာက္ ျပည္သူေတြက ရန္ပံုေငြ ရွာေပးတဲ့ေနရာမွာ သီရိလကၤာဟာ ထင္ရွားပါတယ္။ ၁၉၈၃ ကေန ၂၀၀၉ အထိ (၂၆) ႏွစ္ၾကာ ျဖစ္ပြားခဲ့တဲ့ တမလ္လြတ္ေျမာက္ေရးစစ္ပြဲမွာ တမလ္ေျပာက္ၾကားေတြကို ႏိုင္ငံျခားေရာက္ တမလ္ေတြက ႏွစ္စဥ္ေဒၚလာ သန္း (၂၀၀) ေလာက္ ရန္ပံုေငြ ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ တမလ္ေျပာက္က်ား အေရးနိမ့္သြားတဲ့ ၂၀၀၉ မွာ ႏုိင္ငံျခားေရာက္ တမလ္လူဦးေရဟာ တသန္းေလာက္သာ ရိွပါတယ္။ တမလ္တပ္ဖြဲ႔ကို အေမရိကန္နဲ႔ ကေနဒါအစိုးရေတြက အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္လိုက္တဲ့ေနာက္ပိုင္းမွာ ႏုိင္ငံျခားတမလ္ရန္ပံုေငြ လႈပ္ရွားမႈလည္း အရိွန္ေသသြားပါေတာ့တယ္။ ဒါေပမဲ့ လက္နက္ကိုင္လႈပ္ရွားမႈ ၿပီဆံုးသြားတာေတာင္ တမလ္လူမႈေရးလုပ္ငန္း ဆက္လုပ္ဖို႔ ရန္ပံုေငြေထာက္ပံ့သူေတြ ႏုိင္ငံျခားမွာ အမ်ားႀကီး ရိွေနပါေသးတယ္။

ျမန္မာျပည္မွာေတာ့ ေဒသခံေခါင္းေဆာင္၊ စစ္ဗိုလ္၊ ျပည္သူ႔စစ္၊ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ တရုတ္လုပ္ငန္းရွင္စတဲ့ ပုဂၢိဳလ္ေတြဟာ မူးယစ္ေဆးေစ်းကြက္မွာ ရန္ပံုေငြ ရွာၾကပါတယ္။ စစ္ေခါင္းေဆာင္ေတြ အာဏာတည္ၿမဲေရးကို ပံ့ပိုးကူညီတဲ့ မူးယစ္ေဆးေမွာင္ခိုဟာ စစ္တပ္ရဲ ႔ မဟာမိတ္ ျဖစ္လာပါတယ္။ စစ္တပ္ရဲ ႔ပါတီ ရန္ပံုေငြရွာရာမွာလည္း ဘိန္းေမွာင္ခိုဟာ တတပ္တအား ပါဝင္ေနပါတယ္။ စစ္အုပ္စုနဲ႔ အဆင္ေျပတဲ့ မူးယစ္ေဆးလုပ္ငန္းရွင္ေတြ ေစ်းကြက္စီးပြားေရးမွာ အခိုင္အမာေနရာယူထားၾကၿပီး တျဖည္းျဖည္းနဲ႔ ႏိုင္ငံျခားကပါ အသိအမွတ္ျပဳရတဲ့အျဖစ္ကို ေရာက္ရိွလာၾကပါတယ္။ ဥပမာ ျပည္သူ႔စစ္ေခါင္းေဆာင္ေဟာင္း ကြယ္လြန္သူဘိန္းဘုရင္ ေလာစစ္ဟန္ရဲ ႔သား ဦးထြန္းျမင့္ႏိုင္ဟာ Asia World ကုမၸဏီပိုင္ရွင္ပါ။ ေနျပည္ေတာ္ တည္ေဆာက္ေရးမွာလည္း ပါဝင္ခဲ့သူ ျဖစ္ပါတယ္။

အစိုးရဆီက အသံုးစရိတ္ရၿပီး ကိုယ္ပိုင္လုပ္ငန္းေတြလည္းရိွတဲ့ စစ္တပ္မွာ ရန္ပံုေငြ အမ်ားဆံုး ရိွပါတယ္။ ဒါေၾကာင့္ စစ္တပ္ရန္ပံုေငြရွာတဲ့ လုပ္ငန္းနဲ႔ ကုန္ပစၥည္းေတြကို သပိတ္ေမွာက္ဖို႔ လံႈေဆာင္ေနၾကတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ေပၚထြက္လာတဲ့ စစ္ကိုင္း၊ မေကြးတိုင္းနဲ႔ ခ်င္းျပည္နယ္က ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ေဒသခံေတြကေရာ၊ NUG အစိုးရကေရာ တတ္ႏိုင္သ၍ ရန္ပံုေငြ ေထာက္ပို႔ၾကပါတယ္။ သူတုိ႔ကို တန္ျပန္ဖို႔အတြက္ စစ္ေကာင္စီက ပ်ဴေစာထီးအမည္ခံ ျပည္သူ႔စစ္ေတြ ဖြဲ႔ပါတယ္။ ႀကံ့ဖြံ႔ပါတီ အားေကာင္းရာ အရပ္မွာဖြဲ႔တာမုိ႔ ႀကံ့ဖြံ႔ျပည္သူစစ္ပါ။

ပ်ဴေစာထီးဟာ စစ္ေကာင္စီတပ္ရဲ ႔ ေထာက္ပံ့ေၾကးရတာ မဟုတ္ေပမယ့္ အျခားျပည္သူ႔စစ္ေတြလိုပဲ လုပ္ပိုင္ခြင့္ရၾကပါတယ္။ ရြာသူရြာသားေတြကို အၾကမ္းဖက္ဖမ္းဆီးသတ္ျဖတ္ၿပီး ဥစၥာပစၥည္းလုယက္တာဟာ ပ်ဴေစာထီးရဲ ႔ ရန္ပံုေငြရွာနည္း ျဖစ္ပါတယ္။ ပ်ဴေစာထီးကို စစ္သင္တန္းေပးၿပီး လက္နက္ထုတ္ေပးထားတာမို႔ လက္နက္မဲ့ေက်းရြာေတြကို လုယက္ၿပီး မီးရိွဳ ႔ဖ်က္ဆီးႏိုင္တာ ျဖစ္ပါတယ္။ စစ္ေကာင္စီတပ္ေတြကို သတင္းေပးဒလန္ လုပ္သူေတြဟာ လက္နက္ကိုင္ၿပီး ျပည္သူလူထုကို အၾကမ္းဖက္လုယက္ တိုိက္ခိုက္ၾကတဲ့ ပ်ဴေစာထီး ျဖစ္လာေၾကာင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူ့ခုခံစစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါက်ဖွားလာပါတယ်။ ပြည်သူ့တပ်ဖွဲ့ ရပ်တည်နိုင်ဖို့ ရန်ပုံငွေ လိုအပ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု ပါဝင်သူတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်အတွက်လည်း ရန်ပုံငွေ ရှာကြပါတယ်။ နိုင်ငံခြားရောက် မြန်မာပြည်သားတွေဟာ နည်းမျိုးစုံနဲ့ ရန်ပုံငွေ ရှာကြပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း အများအပြားပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအားလုံးကို လက်နက်ပစ္စည်း အလုံအလောက် ပေးနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်မှာ ခုခံစစ်ဆင်နွှဲနေတဲ့ ဇိုမီးပြည်သူ့ ကာကွယ်ရေးတပ် Zomi-PDF ကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထောက်ပံ့ငွေကျပ်သိန်း (၂၂၀) တတိယအကြိမ် လှူဒါန်းကြောင်း Zomi-PDF က ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က ကြေညာပါတယ်။ ဒီလို ပြည်သူနဲ့ ပြည်သူ့အစိုးရက လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ပံ့တာမျိုး အရင်က မကြားဖူးပါဘူး။ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ မိမိတို့ဘာသာ ရန်ပုံငွေရှာပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ မူးယစ်ဆေး၊ ကျောက်မျက်၊ ကျောက်စိမ်းနဲ့ ဆက်ကြေးကောက်မှုတွေဟာ ရန်ပုံငွေရတဲ့ ရင်းမြစ်တွေ ဖြစ်ပါတယ်။

ကချင်တပ်ဖွဲ့တွေဟာ ကျောက်စိမ်း၊ ကျောက်မျက်နဲ့ အခြားသယံဇာတတွေ တရုတ်ကို ရောင်းချပြီး ရန်ပုံငွေရှာလာတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒီလို ရောင်းစရာသယံဇာတ မရှိတဲ့ ရှမ်းပြည်နယ်မှာတော့ လက်နက်ကိုင်တွေရဲ့ ရန်ပုံငွေဟာ မူးယစ်ဆေးဝါးပါ။ ကိုးကန့်၊ ဝ နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ မူးယစ်ဆေးကရတဲ့ ရန်ပုံငွေကြောင့် ရှင်သန်ကြီးထွားလာကြတာ ဖြစ်ပါတယ်။ စစ်အစိုးရတွေ ဖွဲ့စည်းထားတဲ့ ‘ကာကွယ်ရေး’ အမည်ခံ ပြည်သူ့စစ်ဟာ မူးယစ်ဆေးကနေ ရန်ပုံငွေ ရှာခွင့်ရထားသူ ဖြစ်ပါတယ်။ မဆလခေတ်မှာ ကာကွယ်ရေးတပ်ဖွဲ့ကို ဘိန်းထုတ်ခွင့် ပေးထားသလို အခုခေတ်မှာလည်း ပြည်သူ့စစ်က လုပ်ခွင့်ရနေပါတယ်။ အာဏာတည်ဆောက်ရေးမှာ ဘိန်းမှောင်ခိုပြည်သူ့စစ်ဟာ အရေးပါလာပါတယ်။ တချို့ဆိုရင် ကြံံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တောင် ဖြစ်လာကြပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်အတွက် နိုင်ငံခြားရောက် ပြည်သူတွေက ရန်ပုံငွေ ရှာပေးတဲ့နေရာမှာ သီရိလင်္ကာဟာ ထင်ရှားပါတယ်။ ၁၉၈၃ ကနေ ၂၀၀၉ အထိ (၂၆) နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ တမလ်လွတ်မြောက်ရေးစစ်ပွဲမှာ တမလ်ပြောက်ကြားတွေကို နိုင်ငံခြားရောက် တမလ်တွေက နှစ်စဉ်ဒေါ်လာ သန်း (၂၀၀) လောက် ရန်ပုံငွေ ထောက်ပံ့နိုင်ခဲ့ပါတယ်။ တမလ်ပြောက်ကျား အရေးနိမ့်သွားတဲ့ ၂၀၀၉ မှာ နိုင်ငံခြားရောက် တမလ်လူဦးရေဟာ တသန်းလောက်သာ ရှိပါတယ်။ တမလ်တပ်ဖွဲ့ကို အမေရိကန်နဲ့ ကနေဒါအစိုးရတွေက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံခြားတမလ်ရန်ပုံငွေ လှုပ်ရှားမှုလည်း အရှိန်သေသွားပါတော့တယ်။ ဒါပေမဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပြီဆုံးသွားတာတောင် တမလ်လူမှုရေးလုပ်ငန်း ဆက်လုပ်ဖို့ ရန်ပုံငွေထောက်ပံ့သူတွေ နိုင်ငံခြားမှာ အများကြီး ရှိနေပါသေးတယ်။

မြန်မာပြည်မှာတော့ ဒေသခံခေါင်းဆောင်၊ စစ်ဗိုလ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တရုတ်လုပ်ငန်းရှင်စတဲ့ ပုဂ္ဂိုလ်တွေဟာ မူးယစ်ဆေးဈေးကွက်မှာ ရန်ပုံငွေ ရှာကြပါတယ်။ စစ်ခေါင်းဆောင်တွေ အာဏာတည်မြဲရေးကို ပံ့ပိုးကူညီတဲ့ မူးယစ်ဆေးမှောင်ခိုဟာ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်လာပါတယ်။ စစ်တပ်ရဲ့ပါတီ ရန်ပုံငွေရှာရာမှာလည်း ဘိန်းမှောင်ခိုဟာ တတပ်တအား ပါဝင်နေပါတယ်။ စစ်အုပ်စုနဲ့ အဆင်ပြေတဲ့ မူးယစ်ဆေးလုပ်ငန်းရှင်တွေ ဈေးကွက်စီးပွားရေးမှာ အခိုင်အမာနေရာယူထားကြပြီး တဖြည်းဖြည်းနဲ့ နိုင်ငံခြားကပါ အသိအမှတ်ပြုရတဲ့အဖြစ်ကို ရောက်ရှိလာကြပါတယ်။ ဥပမာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ကွယ်လွန်သူဘိန်းဘုရင် လောစစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ဟာ Asia World ကုမ္ပဏီပိုင်ရှင်ပါ။ နေပြည်တော် တည်ဆောက်ရေးမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အစိုးရဆီက အသုံးစရိတ်ရပြီး ကိုယ်ပိုင်လုပ်ငန်းတွေလည်းရှိတဲ့ စစ်တပ်မှာ ရန်ပုံငွေ အများဆုံး ရှိပါတယ်။ ဒါကြောင့် စစ်တပ်ရန်ပုံငွေရှာတဲ့ လုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လှုံဆောင်နေကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဒေသခံတွေကရော၊ NUG အစိုးရကရော တတ်နိုင်သ၍ ရန်ပုံငွေ ထောက်ပို့ကြပါတယ်။ သူတို့ကို တန်ပြန်ဖို့အတွက် စစ်ကောင်စီက ပျူစောထီးအမည်ခံ ပြည်သူ့စစ်တွေ ဖွဲ့ပါတယ်။ ကြံ့ဖွံ့ပါတီ အားကောင်းရာ အရပ်မှာဖွဲ့တာမို့ ကြံ့ဖွံ့ပြည်သူစစ်ပါ။

ပျူစောထီးဟာ စစ်ကောင်စီတပ်ရဲ့ ထောက်ပံ့ကြေးရတာ မဟုတ်ပေမယ့် အခြားပြည်သူ့စစ်တွေလိုပဲ လုပ်ပိုင်ခွင့်ရကြပါတယ်။ ရွာသူရွာသားတွေကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ပြီး ဥစ္စာပစ္စည်းလုယက်တာဟာ ပျူစောထီးရဲ့ ရန်ပုံငွေရှာနည်း ဖြစ်ပါတယ်။ ပျူစောထီးကို စစ်သင်တန်းပေးပြီး လက်နက်ထုတ်ပေးထားတာမို့ လက်နက်မဲ့ကျေးရွာတွေကို လုယက်ပြီး မီးရှို့ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို သတင်းပေးဒလန် လုပ်သူတွေဟာ လက်နက်ကိုင်ပြီး ပြည်သူလူထုကို အကြမ်းဖက်လုယက် တိုက်ခိုက်ကြတဲ့ ပျူစောထီး ဖြစ်လာကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG