သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္စိမ္းနဲ႔ လက္နက္ကိုင္ ပဋိပကၡ


Global Witness's Jade report

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျမန္မာျပည္က ေက်ာက္စိမ္းလုပ္ငန္းကို Global Witness အဖြဲ႔က အေသအခ်ာ ေလ့လာစံုစမ္းၿပီး စာတမ္းေတြ ေရးလာတာ ႏွစ္အေတာ္ၾကာေနပါၿပီ။ ေက်ာက္စိမ္းလုပ္ငန္းကို ႏုိင္ငံေတာ္လွ်ဳိ ႔ဝွက္ခ်က္အျဖစ္ သတ္မွတ္ၿပီး၊ ကိုယ္က်ဳိးရွာပံုကို ေဖာ္ျပတဲ့ အစီရင္ခံစာ ၂၀၁၅ မွာ ထုတ္ေဝတဲ့အခ်ိန္ကစၿပီး ေက်ာက္စိမ္းအေၾကာင္းေျပာရင္ Global Witness ရဲ ႔ သုေတသနပါမွ ျပည့္စံုသလို ျဖစ္ေနပါတယ္။ ၂၀၁၇ မွာ 'ေက်ာက္စိမ္းနဲ႔ ဗိုလ္ခ်ဳပ္ႀကီးမ်ား' ဆိုတဲ့ စာတမ္းကို ထုတ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဇြန္လမွာေတာ့ Jade & Conflict ေက်ာက္စိမ္းနဲ႔ ပဋိပကၡဆိုတဲ့ စာတမ္းကို ထုတ္ေဝလိုက္ပါတယ္။

ေက်ာက္စိမ္းက ရန္ပံုေငြရေနတဲ့ လက္နက္ကိုင္အဖြဲ႔ေတြထဲမွာ တပ္မေတာ္က ေရွ ႔ဆံုးက ပါဝင္ၿပီး၊ KIA/KIO ကခ်င္တပ္ဖြဲ႔၊ 'ဝ'တပ္ဖြဲ႔၊ MNDAA ကိုးကန္႔တပ္ဖြဲ႔၊ AA ရခိုင္တပ္ေတာ္၊ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္အခ်ဳိ ႔လည္း အနည္းနဲ႔အမ်ား ပါဝင္တယ္လို႔ ဆိုပါတယ္။ ဦးသိန္းစိန္အစိုးရနဲ႔ NLD အစိုးရလက္ထက္မွာ ျပဳျပင္ေရးလုပ္ဖုိ႔ ႀကိဳးစားေပမယ့္ ေက်ာက္စိမ္းက႑ကို ဒီလက္နက္ကိုင္အဖြဲ႔ေတြကပဲ ႀကီးစိုးေနတယ္လို႔ ဆိုပါတယ္။ ၂၀၁၆ မွာ NLD အစိုးရက ေက်ာက္စိမ္းလိုင္စင္သစ္ ရပ္ဆိုင္းခ်ိန္ကစၿပီး နားလည္မႈနဲ႔ ေက်ာက္စိမ္းထုတ္ယူတာဟာ စစ္ေကာင္စီလက္ထက္မွာ ပိုၿပီးဆိုးဝါးလာပါတယ္။

ေျမျပင္မွာ စစ္ခင္းေနတဲ့ လက္နက္ကိုင္ေတြဟာ ေက်ာက္စိမ္းလုပ္ငန္းမွာေတာ့ ပူးေပါင္းေဆာင္ရြက္ေနတာ ေတြ႔ရတယ္လို႔ ဆုိပါတယ္။ ေက်ာက္စိမ္းေျမမွာ ေငြေၾကးရွာေဖြေရးဟာ အားလံုးရဲ ႔ ရည္မွန္းခ်က္ ျဖစ္လာပါတယ္။ တပ္မေတာ္၊ KIA, 'ဝ'တပ္ဖြဲ႔နဲ႔ ဆက္စပ္ေနတဲ့ ကုမၸဏီေတြဟာ တရုတ္ျပည္ကို ေက်ာက္စိမ္းေမွာင္ခို တင္ပို႔ရာမွာ ပူးေပါင္းေဆာင္ရြက္တာ ေတြ႔ရိွတယ္လို႔ Global Witness အဖြဲ႔က ဆိုပါတယ္။ ေဒၚလာသန္းေပါင္း ေထာင္ခ်ီတဲ့လုပ္ငန္းျဖစ္လို႔ တပ္မေတာ္နဲ႔ KIA တို႔က ဖားကန္႔မွာ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲေနထိုင္ၾကတယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ရဲ ႔ ဖားကန္႔အေျခစိုက္ တပ္မ (၁၀၁) တပ္မမွဴးနဲ႔ KIA တပ္ရင္း (၆) ရဲ ႔ တပ္မွဴးဟာ တိုက္ရိုက္ဖုန္း အဆက္အသြယ္လုပ္ၿပီး ေက်ာက္စိမ္းကိစၥေတြကို ညိွႏိႈင္းတယ္လို႔ ဆိုပါတယ္။ UWSA ဝတပ္ဖြဲ႔ရဲ ႔ ကုမၸဏီေတြနဲ႔ KIA တပ္ရင္း (၆) ဆက္ဆံေရးေကာင္းမြန္တာကို ေဒသခံ ကခ်င္ေတြကေတာင္ မေက်မနပ္ ျဖစ္ၾကတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ေက်ာက္စိမ္းလုပ္ငန္း ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ပတ္သက္ၿပီး KIA နဲ႔ ဆက္သြယ္ေမးျမန္းတဲ့အခါမွာ KIA ဟာ တပ္မေတာ္နဲ႔ေရာ ဝတပ္ဖြဲ႔နဲ႔ေရာ ပူးေပါင္းေဆာင္ရြက္မႈ မရိွဘူးလို႔ ေျဖပါတယ္။ KIA တပ္ရင္း (၆) နဲ႔ တပ္မေတာ္တပ္မ (၁၀၁) အၾကားမွာ တုိက္ရိုက္ဆက္သြယ္တာ မရိွဘူးလို႔ ဆုိပါတယ္။ တပ္မေတာ္ကိုယ္စားလွယ္ကေတာ့ Global Witness ရဲ ႔ စြပ္စြဲခ်က္ကို တုံ႔ျပန္မႈ မရိွပါဘူး။ ဒါေပမဲ့ ေက်ာက္စိမ္းလုပ္ငန္းမွာ အဓိက အက်ဳိးခံစားရသူဟာ ေဒသခံတပ္မေတာ္ တပ္မွဴးေတြ၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ အစိုးရအရာရိွ၊ ရဲတပ္ဖြဲ႔၊ လက္နက္ကိုင္တပ္ဖြဲ႔နဲ႔ ေဒသခံေလာပန္းေတြ ျဖစ္တယ္လို႔ ဆုိပါတယ္။

စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္း တျပည္လံုးမွာ ေပၚေပါက္လာတဲ့ ေႏြဦးေတာ္လွန္ေရး အရိွန္အဟုန္ဟာ ေက်ာက္စိမ္းေျမအထိ ေရာက္ရိွလာပါတယ္။ ၁၉၉၀ ျပည့္လြန္ကတည္းက ဖားကန္႔ကို ထိန္းခ်ဳပ္ထားခဲ့တဲ့ တပ္မေတာ္ဟာ KIA က ျပန္လည္ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတာကို ရင္ဆိုင္လာဖြယ္ ရိွပါတယ္။ ဖားကန္႔ေဒသနဲ႔ အနီးတဝိုက္မွာ တိုက္ပြဲေတြ ျပန္ျဖစ္လာပါတယ္။ နယ္စပ္ကစခန္းေတြ KIA လက္ထဲ ျပန္ေရာက္သြားပါတယ္။ စစ္အာဏာသိမ္းခ်ိန္ကစၿပီး ေက်ာက္စိမ္းထုတ္ယူမႈ ေႏွးေကြးလာတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ေက်ာက္စိမ္းဟာ KIA ရဲ ႔ အႀကီးမားဆံုးဝင္ေငြနဲ႔ အသံုးစရိတ္ကို ထုတ္ျပန္တာမ်ဳိး မရိွေပမဲ့ လိုင္ဇာနဲ႔ မိုင္ဂ်ာယန္က ဒုကၡသည္ေတြကို ေစာင့္ေရွာက္ရာမွာ သံုးတယ္လို႔ ဆိုပါတယ္။

ေက်ာက္စိမ္းရန္ပံုေငြေၾကာင့္ ေန႔ခ်င္းညခ်င္း ႀကီးထြားလာတဲ့ ရခိုင္တပ္ဖြဲ႔ဟာ ကခ်င္ျပည္နယ္မွာ ေမြးဖြားတဲ့ လက္နက္ကိုင္အဖြဲ႔ ျဖစ္ပါတယ္။ KIA ဌာနခ်ဳပ္ရိွတဲ့ လိုင္ဇာေဒသမွာ စခန္းဖြင့္ခြင့္ေပးၿပီး ရခိုင္လူငယ္ေတြကို စစ္သင္တန္း ပို႔ခ်ပါတယ္။ ၂၀၀၉ မွာ ရခိုင္တပ္ကို တည္ေထာင္တာမို႔ ၂၀၁၁ မွာ တပ္မေတာ္နဲ႔ စစ္ျပန္ျဖစ္တဲ့အခါ AA ရခိုင္တပ္ဟာ KIA ကို ကူညီေနပါၿပီ။ ေက်ာက္စိမ္းကုန္သြယ္ေရးမွာ ပြဲစားလုပ္ၿပီး ေက်ာက္ကုန္သည္ေတြကို အခြန္ေကာက္ခံတဲ့နည္းနဲ႔ ရခိုင္တပ္က ရန္ပံုေငြ ရွာတယ္လို႔ ဆိုပါတယ္။ ႏုိင္ငံျခားမွာ အလုပ္လုပ္ေနတဲ့ ရခိုင္ေတြကလည္း AA ကို ေထာက္ပံ့ၾကပါတယ္။

MNDAA ကိုးကန္႔တပ္ဖြဲ႔ကေတာ့ ဦးဖုန္ၾကားရွင္လက္ထက္ကတည္းက ခမ္းတီးေက်ာက္စိမ္းနယ္ေျမမွာ ကုမၸဏီ တည္ေထာင္ခြင့္ရခဲ့တယ္လို႔ Global Witness အဖြဲ႔က ဆုိပါတယ္။ ေက်ာက္စိမ္းဝင္ေငြနဲ႔ လက္နက္ကိုင္တပ္ဖြဲ႔ေတြဟာ ဆက္စပ္ေနတာမို႔ စစ္ေကာင္စီနဲ႔ KIA တို႔ရဲ ႔ ပဋိပကၡဟာ ဖားကန္႔ေဒသရဲ ႔ လိပ္ခဲတည္းလည္းအေျခအေနကို အမ်ားႀကီးေျပာင္းလဲေစႏိုင္တယ္လို႔ Global Witness က သံုးသပ္ထားပါတယ္။ ေလာေလာဆယ္မွာေတာ့ တိုက္ပြဲေတြ ရိွေနေပမယ့္ ေက်ာက္စိမ္းတူးေဖာ္မႈကေတာ့ ရပ္ဆိုင္းသြားပံု မရေၾကာင္း တင္ျပလိုက္ရပါတယ္။

==== Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်က ကျောက်စိမ်းလုပ်ငန်းကို Global Witness အဖွဲ့က အသေအချာ လေ့လာစုံစမ်းပြီး စာတမ်းတွေ ရေးလာတာ နှစ်အတော်ကြာနေပါပြီ။ ကျောက်စိမ်းလုပ်ငန်းကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး၊ ကိုယ်ကျိုးရှာပုံကို ဖော်ပြတဲ့ အစီရင်ခံစာ ၂၀၁၅ မှာ ထုတ်ဝေတဲ့အချိန်ကစပြီး ကျောက်စိမ်းအကြောင်းပြောရင် Global Witness ရဲ့ သုတေသနပါမှ ပြည့်စုံသလို ဖြစ်နေပါတယ်။ ၂၀၁၇ မှာ 'ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်ကြီးများ' ဆိုတဲ့ စာတမ်းကို ထုတ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လမှာတော့ Jade & Conflict ကျောက်စိမ်းနဲ့ ပဋိပက္ခဆိုတဲ့ စာတမ်းကို ထုတ်ဝေလိုက်ပါတယ်။

ကျောက်စိမ်းက ရန်ပုံငွေရနေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ တပ်မတော်က ရှေ့ဆုံးက ပါဝင်ပြီး၊ KIA/KIO ကချင်တပ်ဖွဲ့၊ 'ဝ'တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ရခိုင်တပ်တော်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အချို့လည်း အနည်းနဲ့အများ ပါဝင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ ပြုပြင်ရေးလုပ်ဖို့ ကြိုးစားပေမယ့် ကျောက်စိမ်းကဏ္ဍကို ဒီလက်နက်ကိုင်အဖွဲ့တွေကပဲ ကြီးစိုးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ မှာ NLD အစိုးရက ကျောက်စိမ်းလိုင်စင်သစ် ရပ်ဆိုင်းချိန်ကစပြီး နားလည်မှုနဲ့ ကျောက်စိမ်းထုတ်ယူတာဟာ စစ်ကောင်စီလက်ထက်မှာ ပိုပြီးဆိုးဝါးလာပါတယ်။

မြေပြင်မှာ စစ်ခင်းနေတဲ့ လက်နက်ကိုင်တွေဟာ ကျောက်စိမ်းလုပ်ငန်းမှာတော့ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းမြေမှာ ငွေကြေးရှာဖွေရေးဟာ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်လာပါတယ်။ တပ်မတော်၊ KIA, 'ဝ'တပ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ တရုတ်ပြည်ကို ကျောက်စိမ်းမှောင်ခို တင်ပို့ရာမှာ ပူးပေါင်းဆောင်ရွက်တာ တွေ့ရှိတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ ဒေါ်လာသန်းပေါင်း ထောင်ချီတဲ့လုပ်ငန်းဖြစ်လို့ တပ်မတော်နဲ့ KIA တို့က ဖားကန့်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ ဖားကန့်အခြေစိုက် တပ်မ (၁၀၁) တပ်မမှူးနဲ့ KIA တပ်ရင်း (၆) ရဲ့ တပ်မှူးဟာ တိုက်ရိုက်ဖုန်း အဆက်အသွယ်လုပ်ပြီး ကျောက်စိမ်းကိစ္စတွေကို ညှိနှိုင်းတယ်လို့ ဆိုပါတယ်။ UWSA ဝတပ်ဖွဲ့ရဲ့ ကုမ္ပဏီတွေနဲ့ KIA တပ်ရင်း (၆) ဆက်ဆံရေးကောင်းမွန်တာကို ဒေသခံ ကချင်တွေကတောင် မကျေမနပ် ဖြစ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ကျောက်စိမ်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး KIA နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ KIA ဟာ တပ်မတော်နဲ့ရော ဝတပ်ဖွဲ့နဲ့ရော ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ဖြေပါတယ်။ KIA တပ်ရင်း (၆) နဲ့ တပ်မတော်တပ်မ (၁၀၁) အကြားမှာ တိုက်ရိုက်ဆက်သွယ်တာ မရှိဘူးလို့ ဆိုပါတယ်။ တပ်မတော်ကိုယ်စားလှယ်ကတော့ Global Witness ရဲ့ စွပ်စွဲချက်ကို တုံ့ပြန်မှု မရှိပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းလုပ်ငန်းမှာ အဓိက အကျိုးခံစားရသူဟာ ဒေသခံတပ်မတော် တပ်မှူးတွေ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အစိုးရအရာရှိ၊ ရဲတပ်ဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဒေသခံလောပန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တပြည်လုံးမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ဟာ ကျောက်စိမ်းမြေအထိ ရောက်ရှိလာပါတယ်။ ၁၉၉၀ ပြည့်လွန်ကတည်းက ဖားကန့်ကို ထိန်းချုပ်ထားခဲ့တဲ့ တပ်မတော်ဟာ KIA က ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းတာကို ရင်ဆိုင်လာဖွယ် ရှိပါတယ်။ ဖားကန့်ဒေသနဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ နယ်စပ်ကစခန်းတွေ KIA လက်ထဲ ပြန်ရောက်သွားပါတယ်။ စစ်အာဏာသိမ်းချိန်ကစပြီး ကျောက်စိမ်းထုတ်ယူမှု နှေးကွေးလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းဟာ KIA ရဲ့ အကြီးမားဆုံးဝင်ငွေနဲ့ အသုံးစရိတ်ကို ထုတ်ပြန်တာမျိုး မရှိပေမဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်က ဒုက္ခသည်တွေကို စောင့်ရှောက်ရာမှာ သုံးတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းရန်ပုံငွေကြောင့် နေ့ချင်းညချင်း ကြီးထွားလာတဲ့ ရခိုင်တပ်ဖွဲ့ဟာ ကချင်ပြည်နယ်မှာ မွေးဖွားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာဒေသမှာ စခန်းဖွင့်ခွင့်ပေးပြီး ရခိုင်လူငယ်တွေကို စစ်သင်တန်း ပို့ချပါတယ်။ ၂၀၀၉ မှာ ရခိုင်တပ်ကို တည်ထောင်တာမို့ ၂၀၁၁ မှာ တပ်မတော်နဲ့ စစ်ပြန်ဖြစ်တဲ့အခါ AA ရခိုင်တပ်ဟာ KIA ကို ကူညီနေပါပြီ။ ကျောက်စိမ်းကုန်သွယ်ရေးမှာ ပွဲစားလုပ်ပြီး ကျောက်ကုန်သည်တွေကို အခွန်ကောက်ခံတဲ့နည်းနဲ့ ရခိုင်တပ်က ရန်ပုံငွေ ရှာတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ရခိုင်တွေကလည်း AA ကို ထောက်ပံ့ကြပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ ဦးဖုန်ကြားရှင်လက်ထက်ကတည်းက ခမ်းတီးကျောက်စိမ်းနယ်မြေမှာ ကုမ္ပဏီ တည်ထောင်ခွင့်ရခဲ့တယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ ကျောက်စိမ်းဝင်ငွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆက်စပ်နေတာမို့ စစ်ကောင်စီနဲ့ KIA တို့ရဲ့ ပဋိပက္ခဟာ ဖားကန့်ဒေသရဲ့ လိပ်ခဲတည်းလည်းအခြေအနေကို အများကြီးပြောင်းလဲစေနိုင်တယ်လို့ Global Witness က သုံးသပ်ထားပါတယ်။ လောလောဆယ်မှာတော့ တိုက်ပွဲတွေ ရှိနေပေမယ့် ကျောက်စိမ်းတူးဖော်မှုကတော့ ရပ်ဆိုင်းသွားပုံ မရကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG