သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ-ရုရွားဟာ ရာသက္ပန္မိတ္ေဆြလား


စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ႏွင့္ ေတြ႕ဆုံ။

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ ၾသဂုတ္လအေစာပိုင္းက ရုရွားႏုိင္ငံျခားေရးဝန္ႀကီး ေနျပည္ေတာ္ကို ေရာက္လာတဲ့အခါမွာ ရုရွားနဲ႔ ျမန္မာဟာ ရာသက္ပန္မိတ္ေဆြနဲ႔ ရာသက္ပန္မဟာမိတ္ ျဖစ္တယ္လို႔ တပ္ခ်ဳပ္မင္းေအာင္လိႈင္က ေျပာပါတယ္။ ရုရွားႏုိင္ငံျခားေရးဝန္ႀကီးကလည္း စစ္ေကာင္စီရဲ ႔ လုပ္ရပ္ေတြကို ေထာက္ခံအားေပးတယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီမပါတဲ့ အာဆီယံႏုိင္ငံျခားေရးအစည္းအေဝး၊ ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပေနတုန္းမွာ ရုရွားႏိုင္ငံျခားေရးဝန္ႀကီး ေရာက္လာတာဟာ စစ္ေကာင္စီအတြက္ အားေဆးတခြက္ ျဖစ္ေနပါတယ္။ ရုရွားဆီက စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ စစ္ေရး အကူအညီေတြ ရႏုိင္ပါတယ္။

တပ္ခ်ဳပ္မင္းေအာင္လိႈင္ ရုရွားကိုသြားတာ တလမျပည့္ခင္မွာ ရုရွားႏိုင္ငံျခားေရးဝန္ႀကီး ေရာက္လာတာပါ။ မၾကာမီ ရုရွားေရနံကို တင္သြင္းေတာ့မွာ ျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲေၾကာင့္ ရုရွားဟာ လက္နက္ေရာင္းဖို႔ ခက္သြားႏိုင္ေပမဲ့ ေရနံေစ်းကြက္အသစ္ေလး ရရိွသြားပါတယ္။ တကယ္ေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ လက္ထက္ကတည္းက စစ္အစိုးရေတြဟာ တရုတ္ကိုအားကိုးၿပီး ရုရွားနဲ႔ ဆက္ဆံေရးျမွင့္တင္ပါတယ္။ စစ္ဗိုလ္ေတြကို တရုတ္နဲ႔ ရုရွားတို႔မွာ သင္တန္းတက္ၾကပါတယ္။

ေခတ္မီစစ္လက္နက္မ်ဳိးစံုရိွရင္ အၿမဲတမ္းတပန္းသာေနမယ္လုိ႔ စစ္တပ္က ယူဆထားတာမို႔ လက္နက္ပစၥည္း ဝယ္ယူတဲ့တိုင္းျပည္ကို စစ္သင္တန္းသား အမ်ားအျပား ေစလႊတ္ပါတယ္။ လြတ္လပ္ေရးရခ်ိန္ကစၿပီး ၁၉၆၂ ခုႏွစ္ စစ္အာဏာသိမ္းခ်ိန္အထိ (၁၄) ႏွစ္ကာလမွာ စစ္မႈထမ္း (၂၀၀၀) နီးပါး ႏုိင္ငံျခားမွာ သင္တန္းတက္ၾကပါတယ္။ ၁၉၆၃ ကေန ၁၉၈၈ အထိ မဆလအစိုးရေခတ္ (၂၅) ႏွစ္မွာ စစ္မႈထမ္း ငါးရာေက်ာ္သာ ႏုိင္ငံျခားသင္တန္း တက္ႏိုင္ပါတယ္။ နဝတစစ္အစိုးရေခတ္ ၁၉၉၀ ကေန ၂၀၀၀ အထိ (၁၀) ႏွစ္ကာလမွာ စစ္မႈထမ္း (၁၀၀၀) နီးပါး ႏုိင္ငံျခားမွာ သင္တန္းတက္ပါတယ္။ ဒီအထဲမွာ (၆၀၀) ေက်ာ္က တရုတ္ျပည္သြားၾကၿပီး က်န္လူေတြဟာ အိႏိၵယ၊ ပါကစၥတန္၊ စကၤာပူနဲ႔ ယူဂိုစလားဗီးယားတို႔ကို သြားရပါတယ္။ ရုရွားသြားသူက (၃၀) ေက်ာ္သာ ရိွပါတယ္။ အခုေတာ့ ရုရွားသင္တန္းဆင္း စစ္ဗိုလ္ (၇၀၀၀) ေလာက္ ရိွေနပါၿပီ။ တရုတ္စစ္ပစၥည္း အဝယ္မ်ားခ်ိန္မွာ တရုတ္ျပည္မွာ သင္တန္းတက္သူ မ်ားပါတယ္။

တရုတ္ႀကီးစိုးမႈကို တန္ျပန္ဖုိ႔ ဗိယက္နမ္က ရုရွားနဲ႔ လက္တြဲခဲ့တဲ့ အစဥ္အလာကို စစ္ေကာင္စီက လိုက္လုပ္ေနပံုရတယ္လို႔ သံုးသပ္တာမ်ဳိးလည္း ရိွပါတယ္။ ရုရွားကေတာ့ ျမန္မာနဲ႔ ဗိယက္နမ္ေၾကာင့္ တရုတ္နဲ႔ ဆက္ဆံေရး ပ်က္မွာကို လိုလားမွာ မဟုတ္ပါဘူး။ လိုခ်င္တာ ရႏိုင္ဖို႔အတြက္ ယူကရိန္းစစ္ပြဲမွာ ရုရွားကို စစ္ေကာင္စီက အျပည့္အဝ ေထာက္ခံပါတယ္။ ဒါေပမဲ့ ယူကရိန္းစစ္ပြဲေၾကာင့္ ရုရွားဟာ သူထုတ္လုပ္ခဲ့တဲ့ လက္နက္ပစၥည္းေတြကို အရင္လို ေရာင္းခ်ႏိုင္မွာ မဟုတ္ေတာ့ဘူးလို႔ ICG -International Crisis Group ရဲ ႔ ၾသဂုတ္လ (၄) ရက္ေန႔ထုတ္ သံုးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ယူကရိန္းစစ္ပြဲမွာ ဆံုးရွံဳးပ်က္စီးသြားတဲ့ စစ္လက္နက္ပစၥည္းေတြကို အစားထိုးႏုိင္ဖို႔ကိစၥဟာ ရုရွားရဲ ႔ ပထမဦးစားေပး ျဖစ္လာတာဟာ လက္နက္ပစၥည္းဝယ္ဖို႔သာ အာရံုစိုက္ေနတဲ့ စစ္ေကာင္စီအတြက္ ဆံုးရွံဳးမႈပဲ ျဖစ္ပါတယ္။

စစ္ေကာင္စီလိုခ်င္တဲ့ ေခတ္မီေလေၾကာင္း စစ္ဆင္ေရးပစၥည္းေတြကို ေပးႏိုင္မယ့္အခြင့္အလမ္း ရုရွားမွာ နည္းပါးသြားၿပီလို႔ ICG က သံုးသပ္ပါတယ္။ ရုရွားလုပ္သမွ်ကို ေထာက္ခံလိုက္ရင္ လိုခ်င္တာ ရႏိုင္တယ္လို႔ ယူဆပံုရတဲ့ စစ္ေကာင္စီဟာ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ ျဖစ္ေနပါတယ္။ ယူကရိန္းရဲ ႔ ျပင္းထန္တဲ့ခံစစ္ကို ႀကံဳေတြ႔ေနရတဲ့ ရုရွားဟာ စစ္အင္အားမွာေရာ ၾသဇာအရိွန္အဝါမွာေရာ က်ဆင္းဖို႔ အလားအလာ ရိွပါတယ္။ စစ္ေကာင္စီကို ေထာက္ခံတာ ေရတိုအက်ဳုိးအျမတ္ရဖို႔သာ ျဖစ္ပါတယ္။ ရုရွားစစ္တကၠသိုလ္က တပ္ခ်ဳပ္ကို ဂုဏ္ထူးေဆာင္ပါေမာကၡဘြဲ႔ ေပးတာဟာ ဝါဒျဖန္႔စည္းရံုးေရးသေဘာသာ ျဖစ္ပါတယ္။ ျမန္မာ့အေျခအေန ေျပာင္းလဲလို႔ ျဖစ္ေပၚလာမယ့္ အက်ဳိးဆက္ကို ေဝးလံတဲ့ ရုရွားက ခံစားရမွာ မဟုတ္ဘဲ၊ အိမ္နီးခ်င္းတရုတ္ကသာ ခံစားရပါလိမ့္မယ္လို႔ သံုးသပ္သူမ်ားလည္း ရိွပါတယ္။

ဒါေပမဲ့ ၾသဂုတ္လ (၂၅) ရက္ေန႔ထုတ္ United States Peace Institute (USPI) စာတမ္းမွာေတာ့ ရုရွားဝင္လာတာဟာ တရုတ္အတြက္ ပိုၿပီးေတာင္ အက်ဳိးရိွတယ္လို႔ ပညာရွင္ (၄) ဦးက သံုးသပ္ပါတယ္။ စစ္ေကာင္စီအာဏာသိမ္းကတည္းက တရုတ္-ျမန္မာ ကုန္သည္ႀကီးမ်ားအသင္း (၄) သင္း တည္ေထာင္ႏိုင္တာကိုၾကည့္ရင္ စစ္ေကာင္စီကို ေထာက္ခံအားေပးေနတာ သိသာပါတယ္။ ရုရွားကို မဆက္ဆံဘဲ ေနႏိုင္ေပမဲ့၊ တရုတ္ကိုေတာ့ မဆက္ဆံလို႔ မရပါဘူး။ အာဆီယံနဲ႔ အေရွ ႔အာရွေဒသဟာ တရုတ္ယဥ္ေက်းမႈ လႊမ္းမိုးရာေဒသ ျဖစ္ပါတယ္။ ႏွစ္ေပါင္းေထာင္ခ်ီၿပီး တရုတ္နဲ႔ ဆက္ဆံလာတဲ့ အစဥ္အလာ ရိွပါတယ္။

ရုရွားဝင္လာတာကို တရုတ္ မမႈပါဘူး။ ရုရွား၊ အိႏိၵယနဲ႔ အာဆီယံႏုိုင္ငံေတြရဲ ႔ အျပဳအမႈဟာ တရုတ္ရဲ ႔ ရပ္တည္ခ်က္ကို ပိုၿပီးခိုင္မာလာေအာင္ လုပ္သလို ျဖစ္ေနတယ္လို႔ USIP ပညာရွင္ (၄) ဦးက ဆိုပါတယ္။ စစ္ေကာင္စီအုပ္စုကေတာ့ ရုရွားနဲ႔ တရုတ္ႏုိင္ငံျခားေရးလမ္းစဥ္ကို ေထာက္ခံတဲ့နည္းလမ္းသာ ရိွပါေတာ့တယ္။ စစ္ေကာင္စီရဲ ႔ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး တရုတ္မွာ တာဝန္ရိွတယ္လို႔ ႏိုင္ငံတကာအသိုက္အဝန္းက ယူဆေနခ်ိန္မွာ ရုရွားဝင္ေရာက္လာတာဟာ တရုတ္ကို အသက္ရွဳေခ်ာင္ေစတယ္လို႔လည္း သံုးသပ္ၾကပါတယ္။

==== Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ သြဂုတ်လအစောပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်လာတဲ့အခါမှာ ရုရှားနဲ့ မြန်မာဟာ ရာသက်ပန်မိတ်ဆွေနဲ့ ရာသက်ပန်မဟာမိတ် ဖြစ်တယ်လို့ တပ်ချုပ်မင်းအောင်လှိုင်က ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။ စစ်ကောင်စီမပါတဲ့ အာဆီယံနိုင်ငံခြားရေးအစည်းအဝေး၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတုန်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရောက်လာတာဟာ စစ်ကောင်စီအတွက် အားဆေးတခွက် ဖြစ်နေပါတယ်။ ရုရှားဆီက စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေး အကူအညီတွေ ရနိုင်ပါတယ်။

တပ်ချုပ်မင်းအောင်လှိုင် ရုရှားကိုသွားတာ တလမပြည့်ခင်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရောက်လာတာပါ။ မကြာမီ ရုရှားရေနံကို တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ လက်နက်ရောင်းဖို့ ခက်သွားနိုင်ပေမဲ့ ရေနံဈေးကွက်အသစ်လေး ရရှိသွားပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက စစ်အစိုးရတွေဟာ တရုတ်ကိုအားကိုးပြီး ရုရှားနဲ့ ဆက်ဆံရေးမြှင့်တင်ပါတယ်။ စစ်ဗိုလ်တွေကို တရုတ်နဲ့ ရုရှားတို့မှာ သင်တန်းတက်ကြပါတယ်။

ခေတ်မီစစ်လက်နက်မျိုးစုံရှိရင် အမြဲတမ်းတပန်းသာနေမယ်လို့ စစ်တပ်က ယူဆထားတာမို့ လက်နက်ပစ္စည်း ဝယ်ယူတဲ့တိုင်းပြည်ကို စစ်သင်တန်းသား အများအပြား စေလွှတ်ပါတယ်။ လွတ်လပ်ရေးရချိန်ကစပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်အထိ (၁၄) နှစ်ကာလမှာ စစ်မှုထမ်း (၂၀၀၀) နီးပါး နိုင်ငံခြားမှာ သင်တန်းတက်ကြပါတယ်။ ၁၉၆၃ ကနေ ၁၉၈၈ အထိ မဆလအစိုးရခေတ် (၂၅) နှစ်မှာ စစ်မှုထမ်း ငါးရာကျော်သာ နိုင်ငံခြားသင်တန်း တက်နိုင်ပါတယ်။ နဝတစစ်အစိုးရခေတ် ၁၉၉၀ ကနေ ၂၀၀၀ အထိ (၁၀) နှစ်ကာလမှာ စစ်မှုထမ်း (၁၀၀၀) နီးပါး နိုင်ငံခြားမှာ သင်တန်းတက်ပါတယ်။ ဒီအထဲမှာ (၆၀၀) ကျော်က တရုတ်ပြည်သွားကြပြီး ကျန်လူတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ စင်္ကာပူနဲ့ ယူဂိုစလားဗီးယားတို့ကို သွားရပါတယ်။ ရုရှားသွားသူက (၃၀) ကျော်သာ ရှိပါတယ်။ အခုတော့ ရုရှားသင်တန်းဆင်း စစ်ဗိုလ် (၇၀၀၀) လောက် ရှိနေပါပြီ။ တရုတ်စစ်ပစ္စည်း အဝယ်များချိန်မှာ တရုတ်ပြည်မှာ သင်တန်းတက်သူ များပါတယ်။

တရုတ်ကြီးစိုးမှုကို တန်ပြန်ဖို့ ဗိယက်နမ်က ရုရှားနဲ့ လက်တွဲခဲ့တဲ့ အစဉ်အလာကို စစ်ကောင်စီက လိုက်လုပ်နေပုံရတယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ ရုရှားကတော့ မြန်မာနဲ့ ဗိယက်နမ်ကြောင့် တရုတ်နဲ့ ဆက်ဆံရေး ပျက်မှာကို လိုလားမှာ မဟုတ်ပါဘူး။ လိုချင်တာ ရနိုင်ဖို့အတွက် ယူကရိန်းစစ်ပွဲမှာ ရုရှားကို စစ်ကောင်စီက အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ သူထုတ်လုပ်ခဲ့တဲ့ လက်နက်ပစ္စည်းတွေကို အရင်လို ရောင်းချနိုင်မှာ မဟုတ်တော့ဘူးလို့ ICG -International Crisis Group ရဲ့ သြဂုတ်လ (၄) ရက်နေ့ထုတ် သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲမှာ ဆုံးရှုံးပျက်စီးသွားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အစားထိုးနိုင်ဖို့ကိစ္စဟာ ရုရှားရဲ့ ပထမဦးစားပေး ဖြစ်လာတာဟာ လက်နက်ပစ္စည်းဝယ်ဖို့သာ အာရုံစိုက်နေတဲ့ စစ်ကောင်စီအတွက် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

စစ်ကောင်စီလိုချင်တဲ့ ခေတ်မီလေကြောင်း စစ်ဆင်ရေးပစ္စည်းတွေကို ပေးနိုင်မယ့်အခွင့်အလမ်း ရုရှားမှာ နည်းပါးသွားပြီလို့ ICG က သုံးသပ်ပါတယ်။ ရုရှားလုပ်သမျှကို ထောက်ခံလိုက်ရင် လိုချင်တာ ရနိုင်တယ်လို့ ယူဆပုံရတဲ့ စစ်ကောင်စီဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေပါတယ်။ ယူကရိန်းရဲ့ ပြင်းထန်တဲ့ခံစစ်ကို ကြုံတွေ့နေရတဲ့ ရုရှားဟာ စစ်အင်အားမှာရော သြဇာအရှိန်အဝါမှာရော ကျဆင်းဖို့ အလားအလာ ရှိပါတယ်။ စစ်ကောင်စီကို ထောက်ခံတာ ရေတိုအကျိုုးအမြတ်ရဖို့သာ ဖြစ်ပါတယ်။ ရုရှားစစ်တက္ကသိုလ်က တပ်ချုပ်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးတာဟာ ဝါဒဖြန့်စည်းရုံးရေးသဘောသာ ဖြစ်ပါတယ်။ မြန်မာ့အခြေအနေ ပြောင်းလဲလို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ဝေးလံတဲ့ ရုရှားက ခံစားရမှာ မဟုတ်ဘဲ၊ အိမ်နီးချင်းတရုတ်ကသာ ခံစားရပါလိမ့်မယ်လို့ သုံးသပ်သူများလည်း ရှိပါတယ်။

ဒါပေမဲ့ သြဂုတ်လ (၂၅) ရက်နေ့ထုတ် United States Peace Institute (USPI) စာတမ်းမှာတော့ ရုရှားဝင်လာတာဟာ တရုတ်အတွက် ပိုပြီးတောင် အကျိုးရှိတယ်လို့ ပညာရှင် (၄) ဦးက သုံးသပ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းကတည်းက တရုတ်-မြန်မာ ကုန်သည်ကြီးများအသင်း (၄) သင်း တည်ထောင်နိုင်တာကိုကြည့်ရင် စစ်ကောင်စီကို ထောက်ခံအားပေးနေတာ သိသာပါတယ်။ ရုရှားကို မဆက်ဆံဘဲ နေနိုင်ပေမဲ့၊ တရုတ်ကိုတော့ မဆက်ဆံလို့ မရပါဘူး။ အာဆီယံနဲ့ အရှေ့အာရှဒေသဟာ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးရာဒေသ ဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီး တရုတ်နဲ့ ဆက်ဆံလာတဲ့ အစဉ်အလာ ရှိပါတယ်။

ရုရှားဝင်လာတာကို တရုတ် မမှုပါဘူး။ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေရဲ့ အပြုအမှုဟာ တရုတ်ရဲ့ ရပ်တည်ချက်ကို ပိုပြီးခိုင်မာလာအောင် လုပ်သလို ဖြစ်နေတယ်လို့ USIP ပညာရှင် (၄) ဦးက ဆိုပါတယ်။ စစ်ကောင်စီအုပ်စုကတော့ ရုရှားနဲ့ တရုတ်နိုင်ငံခြားရေးလမ်းစဉ်ကို ထောက်ခံတဲ့နည်းလမ်းသာ ရှိပါတော့တယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာအသိုက်အဝန်းက ယူဆနေချိန်မှာ ရုရှားဝင်ရောက်လာတာဟာ တရုတ်ကို အသက်ရှုချောင်စေတယ်လို့လည်း သုံးသပ်ကြပါတယ်။

XS
SM
MD
LG