သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပတ္ဂ်ာဆန္ အမ်ဳိးသားေရးလႈပ္ရွားမႈ


Opium Eradication

ႏွစ္ေပါင္းမ်ားစြာ ျပည္တြင္းစစ္ ျဖစ္ပြားတဲ့ ႏိုင္ငံေတြမွာ ဗဟိုအစိုးရဟာ ေနရာတိုင္းကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရိွပါဘူး။ ေတာ္လွန္ေရးဆင္ႏြဲေနတဲ့ ေဒသခံလက္နက္ကိုင္ေတြက ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြလည္း အမ်ားႀကီး ရိွပါတယ္။ ၿဗိတိန္ႏိုင္ငံ Sussex တကၠသိုလ္ပါေမာကၡ Dr. David Brenner နဲ႔ Goldsmith တကၠသိုလ္က Dr. Martina Tazzioli ရဲ ႔ သုေတသနစာတမ္းကို မၾကာမီက ထုတ္ေဝတဲ့ International Studies Quarterly စာေစာင္မွာ ေတြ႔ရပါတယ္။ Defending Society, Building the Nation ဆိုတဲ့ စာတမ္းပါ။ ေဒသခံအဖြဲ႔အစည္းေတြ ျပည္သူ႔အက်ဳိးျပဳလုပ္ငန္းနဲ႔ လူ႔အဖြဲ႔အစည္းကို ကာကြယ္ပုကို ေရးထားပါတယ္။

လက္နက္ကိုင္ တုိက္ပြဲေတြ ျဖစ္ပြားေနတဲ့ၾကားက ကခ်င္လူ႔အဖြဲ႔အစည္း ဆက္လက္ရွင္သန္ေရးကို ဦးတည္ၿပီး လႈပ္ရွားေနတဲ့ ပတ္ဂ်ာဆန္ မူးယစ္ေဆးတိုက္ဖ်က္ေရးအေၾကာင္း ေရးသားထားပါတယ္။ (၆) ႏွစ္ကာလအတြင္း ျပဳလုပ္ထားတဲ့ ကြင္းဆင္းသုေတသနေတြကို အေျခခံၿပီး ေရးသားထားတာလို႔ ဆိုပါတယ္။ ကြင္းဆင္းသုေတသန ခရီးထြက္ခ်ိန္ဟာ (၁) လကေန (၉) လအထိ ရိွပါတယ္။ ကခ်င္ျပည္နယ္က မူးယစ္ေဆး တိုက္ဖ်က္ေရးဟာ အဖြဲ႔မ်ဳိးစံုပါဝင္တဲ့ အမ်ဳိးသားေရး လႈပ္ရွားမႈ ျဖစ္လာပံုကို သံုးသပ္ထားပါတယ္။

ကရင္၊ ကရင္နီ၊ မြန္နဲ႔ ရွမ္းျပည္နယ္မွာ နယ္လွည့္ေဆးအဖြဲ႔ (၉၃) ဖြဲ႔နဲ႔ ေဆးေပးခန္း (၁၄၀) ေက်ာ္ရိွၿပီး၊ လူေပါင္း (၆) သိန္းေက်ာ္ကို က်န္းမာေရးလုပ္သား (၃၀၀၀) ေလာက္က ၾကည့္ရ၊ ကုသ ေပးေနပါတယ္။ ဒီက်န္းမာေရး လုပ္သားေတြဟာ အစိုးရနဲ႔ေရာ ႏိုင္ငံျခားအဖြဲ႔နဲ႔ေရာ ဆက္ဆံရပါတယ္။ ႏုိင္ငံျခားအကူအညီမရေအာင္ စစ္တပ္ပိတ္ဆို႔တာမ်ဳိးေတြ ရိွတဲ့အတြက္ ဘာသာေရးအဖြဲ႔အစည္းေတြရဲ ႔ အကူအညီကို ရယူၾကပါတယ္။ ကခ်င္အမ်ဳိးသားေရးမွာ လက္နက္ကိုင္တပ္ဖြဲ႔အျပင္၊ အျခားလႈပ္ရွားမႈေတြ အမ်ားႀကီးပါဝင္ပါတယ္။ KBC ကခ်င္ခရစ္ယာန္အသင္းနဲ ကခ်င္ေက်ာင္းသားအဖြဲ႔အစည္းေတြကလည္း အမ်ဳိးသားေရးအတြက္ ႀကိဳးပမ္းၾကပါတယ္။ ကခ်င္မူးယစ္ေဆး တုိက္ဖ်က္ေရး လႈပ္ရွားမႈဟာ အမ်ဳိးသားေရး ျဖစ္ပါတယ္။ စစ္အစိုးရရဲ ႔ မူးယစ္ေဆး ႏိွပ္နင္းေရးစီမံကိန္း မေအာင္ျမင္တဲ့အတြက္ အစိုးရခ်ဳပ္ကိုင္တဲ့ နယ္ေျမေတြမွာပါ၊ မူးယစ္ေဆး တိုက္ဖ်က္ေရး လုပ္ရမယ္လို႔ ၂၀၁၀ မွာ KIO က ေၾကညာထားပါတယ္။

KIO ရဲ ႔ လူငယ္ဖြံ႔ၿဖိဳးေရးစီမံကိန္းမွာ လူငယ္ေတြပါဝင္မႈ နည္းပါးၿပီး ေဆးစြဲတဲ့ လူငယ္မ်ားလာေအာင္ မူးယစ္ေဆးတိုက္ဖ်က္မႈကို စစ္အစိုးရက တမင္ဆိုင္းငံ့ခဲ့တာလို႔ ဆုိပါတယ္။ စစ္အစိုးရနဲ႔ (၁၇) ႏွစ္ အပစ္ရပ္ၿပီးမွ ၂၀၁၀ မွာ ျပန္လည္ပစ္ခတ္ပါတယ္။ စစ္အစိုးရ လက္ေအာက္ခံနယ္ေျမမွာ KIO က မူးယစ္ေဆး တုိက္ဖ်က္ေရး စလုပ္ပါတယ္။ ဒါေပမဲ့ ပတ္ဂ်ာဆန္း မူးယစ္ေဆး တိုက္ဖ်က္ေရးကို ၂၀၁၄ ေရာက္မွ စတင္အေကာင္အထည္ ေဖာ္ႏိုင္ပါတယ္။ အခုေတာ့ အမ်ဳိးသားလႈပ္ရွားမႈ ျဖစ္ေနပါၿပီ။ ပတ္ဂ်ာဆန္း လႈပ္ရွားမႈဟာ ကခ်င္အဖြဲ႔အစည္း ျပန္လည္ထူေထာင္ေရးမွာ အဓိကပါဝင္ေနပါတယ္။ ကိုဗစ္ေရာဂါေၾကာင့္ (၂) ႏွစ္ ရပ္နားေနခဲ့ရၿပီးမွ လြန္ခဲ့တဲ့ ဧၿပီလမွာ ျပန္လည္လႈပ္ရွားလာတာ ေတြ႔ရပါတယ္။

ပတ္ဂ်ာဆန္ကို KIO ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔နဲ႔ KBC ကခ်င္ခရစ္ယာန္အသင္းတို႔က ေထာက္ခံပါတယ္။ ပတ္ဂ်ာဆန္ လႈပ္ရွားမႈဟာ ကခ်င္အဖြဲ႔အစည္းေတြရဲ ႔ ၾသဇာအရိွန္အဝါကို ပိုမိုႀကီးမားလာေစတယ္လို႔ ဆိုပါတယ္။ မူးယစ္ေဆးဝါးဟာ စားသံုးသူတဦးခ်င္းကို ဒုကၡေပးရံုတင္မကဘဲ ကခ်င္လူ႔အဖြဲ႔အစည္းတခုလံုးကိုပါ အႏၱရာယ္ျပဳလာပါတယ္။ ကခ်င္လူငယ္ကို အညြန္႔တံုးေစတဲ့အတြက္ အက်င့္စာရိတၱ ပ်က္ျပားတဲ့ လူ႔ေဘာင္ကို ဖန္တီးသလို ျဖစ္ေနပါတယ္။ ေကာင္းတဲ့ကခ်င္ဟာ မူးယစ္ေဆး မစားသံုးပါ။ က်န္းမာသန္စြမ္းသူမို႔ ပညာတတ္နဲ႔ စစ္သည္ေတာ္ ျဖစ္ႏုိင္ၿပီး၊ ေတာ္လွန္ေရးကို ဦးေဆာင္ႏုိင္ပါလိမ့္မယ္။ ဒီလို ရည္မွန္းခ်က္ရိွတဲ့ ပတ္ဂ်ာဆန္ မူးယစ္ေဆး တိုက္ဖ်က္ေရး လႈပ္ရွားမႈဟာ ကခ်င္အမ်ဳိးသားေရး သိကၡာျပန္လည္ထိန္းသိမ္းရာမွာ အေရးပါလာပါတယ္။ ကခ်င္ျပည္ထူေထာင္ေရးကို ဦးတည္တဲ့ ေရွးလႈပ္ရွားမႈေတြကို ေရာင္ျပန္ဟပ္သလို ျဖစ္လာတာမို႔ ပိုမိုေလးနက္လာပါတယ္။

ဒါေၾကာင့္မို႔ ပတ္ဂ်ာဆန္ကို KIO ဦးေဆာင္တဲ့ လႈပ္ရွားမႈလို႔ မေျပာႏိုင္္ပါဘူး။ KIO နဲ႔ KBC ကခ်င္ Baptist အဖြဲ႔ဟာ ပတ္ဂ်ာဆန္ကို ေငြေၾကးေထာက္ပံ့တဲ့အျပင္ ကခ်င္ျပည္နယ္ တခြင္လံုးမွာ လႈပ္ရွားႏိုင္ဖို႔အတြက္ အကူအညီေပးၾကပါတယ္။ ဒါေၾကာင့္ ပတ္ဂ်ာဆန္ မူးယစ္ေဆးတိုက္ဖ်က္ေရးဟာ စည္းလံုးညီညႊတ္တဲ့ ကခ်င္လႈပ္ရွားမႈ ျဖစ္လာပါတယ္။ အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္မ်ဳိးစံု ပါဝင္လႈပ္ရွားၾကပါတယ္။ မူးယစ္ေဆးအႏၱရာယ္ ရင္ဆိုင္ေနရတဲ့ ကခ်င္လူ႔အဖြဲ႔အစည္းကို ကာကြယ္တဲ့ အမ်ဳိးသားလႈပ္ရွားမႈအျဖစ္လည္း ရွဳျမင္ၾကပါတယ္။ ကခ်င္လူ႔ေဘာင္ ရွင္သန္တိုးတက္ေရးကို ဦးတည္ပါတယ္။

ပတ္ဂ်ာဆန္ေကာ္မတီရဲ ႔ လမ္းညႊန္မႈအတိုင္း လုပ္ကိုင္ေနတဲ့ ေဆးစြဲမႈ ကုသေရးစခန္းေပါင္း (၇၀) ေက်ာ္ ရိွေနပါၿပီ။ ကိုယ္စိတ္ႏွစ္ပါး က်န္းမာဖို႔ အဓိကထားတဲ့ ကုသေရးနည္းလမ္း ျဖစ္ပါတယ္။ အက်င့္စာရိတၱ ေကာင္းမြန္ၿပီး က်န္းမာသန္စြမ္းတဲ့ လူငယ္ေတြ ျဖစ္လာေအာင္လုပ္တဲ့ အစီအစဥ္ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ ကခ်င္လူ႔ေဘာင္ ဆက္လက္ရွင္သန္္ေရးအတြက္ ကိုယ္က်င့္တရား ေကာင္းမြန္ေရးဟာ အဓိကက်ေၾကာင္း ပညာေပးတဲ့ က်န္းမာေရးလုပ္ငန္း ျဖစ္တယ္လို႔ Dr. David Brenner နဲ႔ Dr. Martina Tazzioli တို႔က သံုးသပ္ထားတာကို အက်ဥ္းခ်ဳံးတင္ျပလိုက္ရပါတယ္။

=== Unicode ===

နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်ပွားတဲ့ နိုင်ငံတွေမှာ ဗဟိုအစိုးရဟာ နေရာတိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ တော်လှန်ရေးဆင်နွဲနေတဲ့ ဒေသခံလက်နက်ကိုင်တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေလည်း အများကြီး ရှိပါတယ်။ ဗြိတိန်နိုင်ငံ Sussex တက္ကသိုလ်ပါမောက္ခ Dr. David Brenner နဲ့ Goldsmith တက္ကသိုလ်က Dr. Martina Tazzioli ရဲ့ သုတေသနစာတမ်းကို မကြာမီက ထုတ်ဝေတဲ့ International Studies Quarterly စာစောင်မှာ တွေ့ရပါတယ်။ Defending Society, Building the Nation ဆိုတဲ့ စာတမ်းပါ။ ဒေသခံအဖွဲ့အစည်းတွေ ပြည်သူ့အကျိုးပြုလုပ်ငန်းနဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်ပုကို ရေးထားပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားက ကချင်လူ့အဖွဲ့အစည်း ဆက်လက်ရှင်သန်ရေးကို ဦးတည်ပြီး လှုပ်ရှားနေတဲ့ ပတ်ဂျာဆန် မူးယစ်ဆေးတိုက်ဖျက်ရေးအကြောင်း ရေးသားထားပါတယ်။ (၆) နှစ်ကာလအတွင်း ပြုလုပ်ထားတဲ့ ကွင်းဆင်းသုတေသနတွေကို အခြေခံပြီး ရေးသားထားတာလို့ ဆိုပါတယ်။ ကွင်းဆင်းသုတေသန ခရီးထွက်ချိန်ဟာ (၁) လကနေ (၉) လအထိ ရှိပါတယ်။ ကချင်ပြည်နယ်က မူးယစ်ဆေး တိုက်ဖျက်ရေးဟာ အဖွဲ့မျိုးစုံပါဝင်တဲ့ အမျိုးသားရေး လှုပ်ရှားမှု ဖြစ်လာပုံကို သုံးသပ်ထားပါတယ်။

ကရင်၊ ကရင်နီ၊ မွန်နဲ့ ရှမ်းပြည်နယ်မှာ နယ်လှည့်ဆေးအဖွဲ့ (၉၃) ဖွဲ့နဲ့ ဆေးပေးခန်း (၁၄၀) ကျော်ရှိပြီး၊ လူပေါင်း (၆) သိန်းကျော်ကို ကျန်းမာရေးလုပ်သား (၃၀၀၀) လောက်က ကြည့်ရ၊ ကုသ ပေးနေပါတယ်။ ဒီကျန်းမာရေး လုပ်သားတွေဟာ အစိုးရနဲ့ရော နိုင်ငံခြားအဖွဲ့နဲ့ရော ဆက်ဆံရပါတယ်။ နိုင်ငံခြားအကူအညီမရအောင် စစ်တပ်ပိတ်ဆို့တာမျိုးတွေ ရှိတဲ့အတွက် ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူကြပါတယ်။ ကချင်အမျိုးသားရေးမှာ လက်နက်ကိုင်တပ်ဖွဲ့အပြင်၊ အခြားလှုပ်ရှားမှုတွေ အများကြီးပါဝင်ပါတယ်။ KBC ကချင်ခရစ်ယာန်အသင်းနဲ ကချင်ကျောင်းသားအဖွဲ့အစည်းတွေကလည်း အမျိုးသားရေးအတွက် ကြိုးပမ်းကြပါတယ်။ ကချင်မူးယစ်ဆေး တိုက်ဖျက်ရေး လှုပ်ရှားမှုဟာ အမျိုးသားရေး ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မူးယစ်ဆေး နှိပ်နင်းရေးစီမံကိန်း မအောင်မြင်တဲ့အတွက် အစိုးရချုပ်ကိုင်တဲ့ နယ်မြေတွေမှာပါ၊ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ရမယ်လို့ ၂၀၁၀ မှာ KIO က ကြေညာထားပါတယ်။

KIO ရဲ့ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းမှာ လူငယ်တွေပါဝင်မှု နည်းပါးပြီး ဆေးစွဲတဲ့ လူငယ်များလာအောင် မူးယစ်ဆေးတိုက်ဖျက်မှုကို စစ်အစိုးရက တမင်ဆိုင်းငံ့ခဲ့တာလို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ (၁၇) နှစ် အပစ်ရပ်ပြီးမှ ၂၀၁၀ မှာ ပြန်လည်ပစ်ခတ်ပါတယ်။ စစ်အစိုးရ လက်အောက်ခံနယ်မြေမှာ KIO က မူးယစ်ဆေး တိုက်ဖျက်ရေး စလုပ်ပါတယ်။ ဒါပေမဲ့ ပတ်ဂျာဆန်း မူးယစ်ဆေး တိုက်ဖျက်ရေးကို ၂၀၁၄ ရောက်မှ စတင်အကောင်အထည် ဖော်နိုင်ပါတယ်။ အခုတော့ အမျိုးသားလှုပ်ရှားမှု ဖြစ်နေပါပြီ။ ပတ်ဂျာဆန်း လှုပ်ရှားမှုဟာ ကချင်အဖွဲ့အစည်း ပြန်လည်ထူထောင်ရေးမှာ အဓိကပါဝင်နေပါတယ်။ ကိုဗစ်ရောဂါကြောင့် (၂) နှစ် ရပ်နားနေခဲ့ရပြီးမှ လွန်ခဲ့တဲ့ ဧပြီလမှာ ပြန်လည်လှုပ်ရှားလာတာ တွေ့ရပါတယ်။

ပတ်ဂျာဆန်ကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ KBC ကချင်ခရစ်ယာန်အသင်းတို့က ထောက်ခံပါတယ်။ ပတ်ဂျာဆန် လှုပ်ရှားမှုဟာ ကချင်အဖွဲ့အစည်းတွေရဲ့ သြဇာအရှိန်အဝါကို ပိုမိုကြီးမားလာစေတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးဟာ စားသုံးသူတဦးချင်းကို ဒုက္ခပေးရုံတင်မကဘဲ ကချင်လူ့အဖွဲ့အစည်းတခုလုံးကိုပါ အန္တရာယ်ပြုလာပါတယ်။ ကချင်လူငယ်ကို အညွန့်တုံးစေတဲ့အတွက် အကျင့်စာရိတ္တ ပျက်ပြားတဲ့ လူ့ဘောင်ကို ဖန်တီးသလို ဖြစ်နေပါတယ်။ ကောင်းတဲ့ကချင်ဟာ မူးယစ်ဆေး မစားသုံးပါ။ ကျန်းမာသန်စွမ်းသူမို့ ပညာတတ်နဲ့ စစ်သည်တော် ဖြစ်နိုင်ပြီး၊ တော်လှန်ရေးကို ဦးဆောင်နိုင်ပါလိမ့်မယ်။ ဒီလို ရည်မှန်းချက်ရှိတဲ့ ပတ်ဂျာဆန် မူးယစ်ဆေး တိုက်ဖျက်ရေး လှုပ်ရှားမှုဟာ ကချင်အမျိုးသားရေး သိက္ခာပြန်လည်ထိန်းသိမ်းရာမှာ အရေးပါလာပါတယ်။ ကချင်ပြည်ထူထောင်ရေးကို ဦးတည်တဲ့ ရှေးလှုပ်ရှားမှုတွေကို ရောင်ပြန်ဟပ်သလို ဖြစ်လာတာမို့ ပိုမိုလေးနက်လာပါတယ်။

ဒါကြောင့်မို့ ပတ်ဂျာဆန်ကို KIO ဦးဆောင်တဲ့ လှုပ်ရှားမှုလို့ မပြောနိုင်ပါဘူး။ KIO နဲ့ KBC ကချင် Baptist အဖွဲ့ဟာ ပတ်ဂျာဆန်ကို ငွေကြေးထောက်ပံ့တဲ့အပြင် ကချင်ပြည်နယ် တခွင်လုံးမှာ လှုပ်ရှားနိုင်ဖို့အတွက် အကူအညီပေးကြပါတယ်။ ဒါကြောင့် ပတ်ဂျာဆန် မူးယစ်ဆေးတိုက်ဖျက်ရေးဟာ စည်းလုံးညီညွှတ်တဲ့ ကချင်လှုပ်ရှားမှု ဖြစ်လာပါတယ်။ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်မျိုးစုံ ပါဝင်လှုပ်ရှားကြပါတယ်။ မူးယစ်ဆေးအန္တရာယ် ရင်ဆိုင်နေရတဲ့ ကချင်လူ့အဖွဲ့အစည်းကို ကာကွယ်တဲ့ အမျိုးသားလှုပ်ရှားမှုအဖြစ်လည်း ရှုမြင်ကြပါတယ်။ ကချင်လူ့ဘောင် ရှင်သန်တိုးတက်ရေးကို ဦးတည်ပါတယ်။

ပတ်ဂျာဆန်ကော်မတီရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ကိုင်နေတဲ့ ဆေးစွဲမှု ကုသရေးစခန်းပေါင်း (၇၀) ကျော် ရှိနေပါပြီ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့ အဓိကထားတဲ့ ကုသရေးနည်းလမ်း ဖြစ်ပါတယ်။ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ ဖြစ်လာအောင်လုပ်တဲ့ အစီအစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်လူ့ဘောင် ဆက်လက်ရှင်သန်ရေးအတွက် ကိုယ်ကျင့်တရား ကောင်းမွန်ရေးဟာ အဓိကကျကြောင်း ပညာပေးတဲ့ ကျန်းမာရေးလုပ်ငန်း ဖြစ်တယ်လို့ Dr. David Brenner နဲ့ Dr. Martina Tazzioli တို့က သုံးသပ်ထားတာကို အကျဉ်းချုံးတင်ပြလိုက်ရပါတယ်။

XS
SM
MD
LG