သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မ်ဳိးဆက္သစ္ရဲ ႔ လြတ္ေျမာက္ေရးစစ္


Protest at Kyi Myin Dine

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းမႈေၾကာင့္ ေပၚထြက္လာတဲ့ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ အဓိကပါဝင္ေနတဲ့ မ်ဳိးဆက္သစ္ (GenerationZ) အေၾကာင္း ျပည္တြင္းျပည္ပမွာ အမ်ဳိးမ်ုိးေရးသားၾကပါတယ္။ တူညီတဲ့ခ်က္က ျမန္မာျပည္ရဲ ႔ အနာဂတ္ဟာ မ်ဳိးဆက္သစ္ေတြအေပၚမွာ မူတည္တယ္ဆိုတဲ့ သံုးသပ္ခ်က္ပဲ ျဖစ္ပါတယ္။ ဒီေနရာမွာ စစ္အာဏာမသိမ္းမီ (၂) ႏွစ္ေလာက္က ထုတ္ေဝထားတဲ့ မ်ဳိးဆက္သစ္စစ္တမ္းအေၾကာင္း ေျပာပါရေစ။ MSR – Myanmar Survey Research က ၂၀၁၉ ေမလ (၈) ရက္ေန႔မွာ ထုတ္ေဝထားတဲ့ စစ္တမ္း ျဖစ္ပါတယ္။ မ်ဳိးဆက္သစ္ကိုေလ့လာတဲ့ ပထမဆံုးစစ္တမ္းပါ။

အသက္ (၁၅) ႏွစ္နဲ႔ (၃၀) ၾကားအရြယ္ဟာ မ်ဳိးဆက္သစ္ (GenerationZ) မွာ ပါဝင္တယ္လို႔ ဆုိပါတယ္။ ျမန္မာ့လူဦးေရ တဝက္ေက်ာ္သာ မ်ဳိးဆက္သစ္ေတြျဖစ္လို႔ သူတုိ႔ဟာ တိုင္းျပည္ကို ေျပာင္းလဲေအာင္လုပ္ႏုိင္သူေတြ ျဖစ္တယ္လို႔ MSR စစ္တမ္းက ဆိုပါတယ္။ ဒါေပမဲ့ မိဘနဲ႔ လူမႈအသိုက္အဝန္းရဲ ႔ ထိန္းခ်ဳပ္မႈေၾကာင့္ မ်ဳိးဆက္သစ္ေတြဟာ သူတုိ႔လိုခ်င္တဲ့ စြမ္းရည္ကိုရေအာင္ ႀကိဳးပမ္းရာမွာ အကန္႔အသတ္ ရိွေနတယ္လို႔ သံုးသပ္ပါတယ္။ ဦးသိန္းစိန္နဲ႔ NLD အစိုးရလက္ထက္မွာ ျပဳျပင္ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာတာဟာ မ်ဳိးဆက္သစ္ကို အခ်ိန္တိုအတြင္း ေခတ္မီေအာင္ လုပ္ေပးလိုက္သလို ျဖစ္သြားပါတယ္။

ဆက္သြယ္ေရးအတတ္ပညာ ကၽြမ္းက်င္တဲ့ မ်ဳိးဆက္သစ္နဲ႔ မ်ဳိးဆက္ေဟာင္းမိဘအၾကားမွာ ကြာဟမႈေတြလည္း ႀကီးမားလာပါတယ္။ တိုးတက္ေျပာင္းလဲမႈ ျမန္ဆန္လို႔ စိတ္ဓါတ္တက္ၾကြသူေတြ မ်ားလာေပမယ့္ ေခတ္နဲ႔အမီ မလိုက္ႏိုင္မွာ စိုးရိမ္သူက (၇၀) ရာခိုင္ႏႈန္း ရိွတယ္လို႔ MSR စစ္တမ္းက ဆိုပါတယ္။ လူမႈစီးပြားေရး အဆင့္အတန္း ျမင့္လာေအာင္ ႀကိဳးပမ္းရင္း လမ္းေပ်ာက္သလို ခံစားမိတဲ့ လူငယ္က (၄၇) ရာခိုင္ႏႈန္း ရိွပါတယ္။ ဒါေပမဲ့ အမ်ားစုဟာ ဘဝေမွ်ာ္လင့္ခ်က္ ႀကီးမားၾကပါတယ္။ အတတ္ပညာသစ္၊ အေတြးအေခၚသစ္နဲ႔အညီ လုပ္ႏုိင္ဖို႔ အေရးႀကီးတယ္လို႔ ယံုၾကည္တဲ့ မ်ဳိးဆက္သစ္က (၈၀) ရာခိုင္ႏႈန္းနီးပါး ရိွပါတယ္။ သစ္ဆန္းတဲ့ အေတြးအေခၚ အယူအဆမ်ားေၾကာင့္ ၾသဇာတိကၠမ ရိွသူေတြကို ၾကည္ညိဳေလးစားသူက (၆၅) ရာခိုင္ႏႈန္းရိွၿပီး၊ ႏိုင္ငံေရးသမားကို ယံုၾကည္သူက (၃၀) ရာခိုင္ႏႈန္းသာ ရိွပါတယ္။

လူမႈကြန္ရက္ Facebook မွာ မ်က္ေမွာက္ေခတ္ ျပႆနာကို ေဆြးေႏြးသူေတြဟာ လူငယ္ေတြအေပၚ ၾသဇာေညာင္းလာတာ ေတြ႔ရတယ္လို႔ MSR စစ္တမ္းမွာ ေဖာ္ျပပါတယ္။ ဘဝရည္မွန္းခ်က္ ႀကီးမားတဲ့ မ်ဳိးဆက္သစ္ေတြဟာ စစ္အာဏာသိမ္းမႈကို အျပတ္အသတ္ ဆန္႔က်င္ၾကပါတယ္။ အေမရိကန္ပါေမာကၡေတြျဖစ္တဲ့ Ingrid Jordt, Taraphi Than နဲ႔ ျမန္မာျပည္အေျခစိုက္ Sue Ye Lin တို႔ကလည္း မ်ဳိးဆက္သစ္အေၾကာင္း မႏွစ္က စာတမ္းထုတ္ေဝထားပါတယ္။ ၂၀၂၁ ေဖေဖၚဝါရီ (၅) ရက္မွာ ဖြဲ႔စည္းခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္ (၁၅) ဦးဟာ မ်ဳိးဆက္သစ္ရဲ ႔ ရည္မွန္းခ်က္ေတြကို ကိုယ္စားျပဳတယ္လို႔ ဆိုပါတယ္။ အေစာပို္င္းမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လႊတ္ေတာ္အမတ္ေတြ လႊတ္ေပးဖို႔ ေတာင္းဆိုတာမ်ဳိး ရိွခဲ့ေပမယ့္ ေနာက္ပိုင္းမွာ စစ္တပ္ႀကီးစိုးမႈ နိဂံုးခ်ဳပ္ေရးကိုသာ အာရံုစိုက္လာၾကပါတယ္။

စစ္အာဏာရွင္ ဆန္႔က်င္ေရးမွာ ပါဝင္ၾကတဲ့ မ်ဳိးဆက္သစ္ေတြ တုိးပြားလာတဲ့အခါမွာေတာ့ ၂၀၀၈ အေျခခံဥပေဒက ဖန္တီးထားတဲ့ စစ္သား၊ အရပ္သား ပူးတြဲအစိုးရစနစ္ကို လက္မခံေတာ့ပါဘူး။ ျမန္မာျပည္သူျပည္သားေတြအားလံုး ပါဝင္တဲ့ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ကိုသာ ရည္မွန္းလာၾကပါတယ္။ စစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရးကို ဦးတည္ၿပီး ျမန္မာလူမ်ဳိးစုနဲ႔ တိုင္းရင္းသားလူနည္းစု စည္းလံုးညီညႊတ္ဖို႔ မ်ဳိးဆက္သစ္ေတြက လိုလားပါတယ္။ သက္ႀကီးရြယ္အို ႀကီးစိုးမႈ၊ ဗမာ့ယဥ္ေက်းမႈ၊ အမိန္႔နာခံမႈစတဲ့ ဓေလ့ထံုးစံေတြကို ေဝဖန္တဲ့ မ်ဳိးဆက္သစ္ေတြဟာ ႏုိင္ငံေရးမွာသာ ေတာ္လွန္္ေရးလုပ္ေနတာ မဟုတ္ေတာ့ဘဲ၊ ယဥ္ေက်းမႈမွာပါ ေတာ္လွန္ေရးလုပ္သလို ျဖစ္လာတယ္လို႔ Ingrid Jordt တို႔အဖြဲ႔က သံုးသပ္ပါတယ္။ မ်ဳိးဆက္သစ္ရဲ ႔ ကန္႔ကြက္ဆႏၵျပပြဲေတြဟာလည္း ေရွးတုန္းကလို ေရႊတိဂံုေစတီမွာ အေျခမစိုက္ေတာ့ပါဘူး။

စစ္အာဏာမသိမ္းမီက မ်ဳိးဆက္သစ္ထဲမွာ ႏုိင္ငံေရး စိတ္မဝင္စားသူ အမ်ားႀကီးရိွပါတယ္။ သူတုိ႔ မဲေပးခ်င္တဲ့သူ မရိွလို႔ မဲမေပးဖို႔ ဆံုးျဖတ္ၾကသူေတြလည္း ရိွပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းတဲ့အခါမွာ တိုင္းျပည္ၿငိမ္းခ်မ္းသာယာေရးကို ဖ်က္ဆီးေနတာ စစ္တပ္ျဖစ္တယ္ဆိုတာကို မ်ဳိးဆက္သစ္ေတြ သေဘာေပါက္သြားၾကပါတယ္။ စစ္အာဏာရွင္ တိုက္ဖ်က္ေရးကို စလုပ္တဲ့ မ်ဳိးဆက္သစ္ေတြ ေခါင္းေဆာင္မႈမွာ ပါဝင္ရမယ္လို႔ သုေတသီ ေစာကပိ က Just Security စာေစာင္မွာ သံုးသပ္ထားပါတယ္။ စစ္တပ္ရဲ ႔ ရက္စက္ၾကမ္းၾကဳတ္မႈကို လူငယ္ေတြ နားလည္သေဘာေပါက္သြားၾကပါတယ္။

ဒါေၾကာင့္ စစ္တပ္ေခါင္းေဆာင္တဲ့ ႏုိင္ငံေရးစနစ္ကို လံုးဝလက္မံၾကေတာ့ပါဘူး။ ဖယ္ဒရယ္ျပည္ေထာင္စုစနစ္နဲ႔ လိုအပ္လာရင္ ဖယ္ဒရယ္တပ္မႀကီး တည္ေထာင္ဖို႔အထိ မ်ဳိးဆက္သစ္ေတြက ရည္မွန္းၾကပါတယ္။ ျမန္မာျပည္ဟာ ၁၉၄၈ ကတည္းက လြတ္လပ္ေရးရေပမယ့္ စစ္တပ္ႀကီးစိုးတဲ့ သံသရာကေန မထြက္ႏုိင္ဘဲ ျဖစ္ေနပါတယ္။ စစ္တပ္ႀကီးစိုးမႈ သံသရာက ရုန္းထြက္ၿပီး၊ ဖယ္ဒရယ္ႏုိင္ငံေတာ္ကို တည္ေဆာက္ဖုိ႔ မ်ဳိးဆက္သစ္ေတြ သႏိၷ႒ာန္ခ်ထားတာဟာ တိုင္းသူျပည္သားေတြအတြက္ ေကာင္းမြန္တဲ့ အလားအလာျဖစ္တယ္လို႔ ေစာကပိ က သံုးသပ္ထားတာကို တင္ျပလိုက္ပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိကပါဝင်နေတဲ့ မျိုးဆက်သစ် (GenerationZ) အကြောင်း ပြည်တွင်းပြည်ပမှာ အမျိုးမျိုးရေးသားကြပါတယ်။ တူညီတဲ့ချက်က မြန်မာပြည်ရဲ့ အနာဂတ်ဟာ မျိုးဆက်သစ်တွေအပေါ်မှာ မူတည်တယ်ဆိုတဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်အာဏာမသိမ်းမီ (၂) နှစ်လောက်က ထုတ်ဝေထားတဲ့ မျိုးဆက်သစ်စစ်တမ်းအကြောင်း ပြောပါရစေ။ MSR – Myanmar Survey Research က ၂၀၁၉ မေလ (၈) ရက်နေ့မှာ ထုတ်ဝေထားတဲ့ စစ်တမ်း ဖြစ်ပါတယ်။ မျိုးဆက်သစ်ကိုလေ့လာတဲ့ ပထမဆုံးစစ်တမ်းပါ။

အသက် (၁၅) နှစ်နဲ့ (၃၀) ကြားအရွယ်ဟာ မျိုးဆက်သစ် (GenerationZ) မှာ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာ့လူဦးရေ တဝက်ကျော်သာ မျိုးဆက်သစ်တွေဖြစ်လို့ သူတို့ဟာ တိုင်းပြည်ကို ပြောင်းလဲအောင်လုပ်နိုင်သူတွေ ဖြစ်တယ်လို့ MSR စစ်တမ်းက ဆိုပါတယ်။ ဒါပေမဲ့ မိဘနဲ့ လူမှုအသိုက်အဝန်းရဲ့ ထိန်းချုပ်မှုကြောင့် မျိုးဆက်သစ်တွေဟာ သူတို့လိုချင်တဲ့ စွမ်းရည်ကိုရအောင် ကြိုးပမ်းရာမှာ အကန့်အသတ် ရှိနေတယ်လို့ သုံးသပ်ပါတယ်။ ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ မျိုးဆက်သစ်ကို အချိန်တိုအတွင်း ခေတ်မီအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပါတယ်။

ဆက်သွယ်ရေးအတတ်ပညာ ကျွမ်းကျင်တဲ့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းမိဘအကြားမှာ ကွာဟမှုတွေလည်း ကြီးမားလာပါတယ်။ တိုးတက်ပြောင်းလဲမှု မြန်ဆန်လို့ စိတ်ဓါတ်တက်ကြွသူတွေ များလာပေမယ့် ခေတ်နဲ့အမီ မလိုက်နိုင်မှာ စိုးရိမ်သူက (၇၀) ရာခိုင်နှုန်း ရှိတယ်လို့ MSR စစ်တမ်းက ဆိုပါတယ်။ လူမှုစီးပွားရေး အဆင့်အတန်း မြင့်လာအောင် ကြိုးပမ်းရင်း လမ်းပျောက်သလို ခံစားမိတဲ့ လူငယ်က (၄၇) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ အများစုဟာ ဘဝမျှော်လင့်ချက် ကြီးမားကြပါတယ်။ အတတ်ပညာသစ်၊ အတွေးအခေါ်သစ်နဲ့အညီ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်တဲ့ မျိုးဆက်သစ်က (၈၀) ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ သစ်ဆန်းတဲ့ အတွေးအခေါ် အယူအဆများကြောင့် သြဇာတိက္ကမ ရှိသူတွေကို ကြည်ညိုလေးစားသူက (၆၅) ရာခိုင်နှုန်းရှိပြီး၊ နိုင်ငံရေးသမားကို ယုံကြည်သူက (၃၀) ရာခိုင်နှုန်းသာ ရှိပါတယ်။

လူမှုကွန်ရက် Facebook မှာ မျက်မှောက်ခေတ် ပြဿနာကို ဆွေးနွေးသူတွေဟာ လူငယ်တွေအပေါ် သြဇာညောင်းလာတာ တွေ့ရတယ်လို့ MSR စစ်တမ်းမှာ ဖော်ပြပါတယ်။ ဘဝရည်မှန်းချက် ကြီးမားတဲ့ မျိုးဆက်သစ်တွေဟာ စစ်အာဏာသိမ်းမှုကို အပြတ်အသတ် ဆန့်ကျင်ကြပါတယ်။ အမေရိကန်ပါမောက္ခတွေဖြစ်တဲ့ Ingrid Jordt, Taraphi Than နဲ့ မြန်မာပြည်အခြေစိုက် Sue Ye Lin တို့ကလည်း မျိုးဆက်သစ်အကြောင်း မနှစ်က စာတမ်းထုတ်ဝေထားပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီ (၅) ရက်မှာ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီဝင် (၁၅) ဦးဟာ မျိုးဆက်သစ်ရဲ့ ရည်မှန်းချက်တွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ်တွေ လွှတ်ပေးဖို့ တောင်းဆိုတာမျိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ကြီးစိုးမှု နိဂုံးချုပ်ရေးကိုသာ အာရုံစိုက်လာကြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ကြတဲ့ မျိုးဆက်သစ်တွေ တိုးပွားလာတဲ့အခါမှာတော့ ၂၀၀၈ အခြေခံဥပဒေက ဖန်တီးထားတဲ့ စစ်သား၊ အရပ်သား ပူးတွဲအစိုးရစနစ်ကို လက်မခံတော့ပါဘူး။ မြန်မာပြည်သူပြည်သားတွေအားလုံး ပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကိုသာ ရည်မှန်းလာကြပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ဦးတည်ပြီး မြန်မာလူမျိုးစုနဲ့ တိုင်းရင်းသားလူနည်းစု စည်းလုံးညီညွှတ်ဖို့ မျိုးဆက်သစ်တွေက လိုလားပါတယ်။ သက်ကြီးရွယ်အို ကြီးစိုးမှု၊ ဗမာ့ယဉ်ကျေးမှု၊ အမိန့်နာခံမှုစတဲ့ ဓလေ့ထုံးစံတွေကို ဝေဖန်တဲ့ မျိုးဆက်သစ်တွေဟာ နိုင်ငံရေးမှာသာ တော်လှန်ရေးလုပ်နေတာ မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှုမှာပါ တော်လှန်ရေးလုပ်သလို ဖြစ်လာတယ်လို့ Ingrid Jordt တို့အဖွဲ့က သုံးသပ်ပါတယ်။ မျိုးဆက်သစ်ရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေဟာလည်း ရှေးတုန်းကလို ရွှေတိဂုံစေတီမှာ အခြေမစိုက်တော့ပါဘူး။

စစ်အာဏာမသိမ်းမီက မျိုးဆက်သစ်ထဲမှာ နိုင်ငံရေး စိတ်မဝင်စားသူ အများကြီးရှိပါတယ်။ သူတို့ မဲပေးချင်တဲ့သူ မရှိလို့ မဲမပေးဖို့ ဆုံးဖြတ်ကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းတဲ့အခါမှာ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို ဖျက်ဆီးနေတာ စစ်တပ်ဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်တွေ သဘောပေါက်သွားကြပါတယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေးကို စလုပ်တဲ့ မျိုးဆက်သစ်တွေ ခေါင်းဆောင်မှုမှာ ပါဝင်ရမယ်လို့ သုတေသီ စောကပိ က Just Security စာစောင်မှာ သုံးသပ်ထားပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူငယ်တွေ နားလည်သဘောပေါက်သွားကြပါတယ်။

ဒါကြောင့် စစ်တပ်ခေါင်းဆောင်တဲ့ နိုင်ငံရေးစနစ်ကို လုံးဝလက်မံကြတော့ပါဘူး။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ လိုအပ်လာရင် ဖယ်ဒရယ်တပ်မကြီး တည်ထောင်ဖို့အထိ မျိုးဆက်သစ်တွေက ရည်မှန်းကြပါတယ်။ မြန်မာပြည်ဟာ ၁၉၄၈ ကတည်းက လွတ်လပ်ရေးရပေမယ့် စစ်တပ်ကြီးစိုးတဲ့ သံသရာကနေ မထွက်နိုင်ဘဲ ဖြစ်နေပါတယ်။ စစ်တပ်ကြီးစိုးမှု သံသရာက ရုန်းထွက်ပြီး၊ ဖယ်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ဖို့ မျိုးဆက်သစ်တွေ သန္နိဋ္ဌာန်ချထားတာဟာ တိုင်းသူပြည်သားတွေအတွက် ကောင်းမွန်တဲ့ အလားအလာဖြစ်တယ်လို့ စောကပိ က သုံးသပ်ထားတာကို တင်ပြလိုက်ပါတယ်။

XS
SM
MD
LG