သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နားလည္မႈဆိုတဲ့ ဆက္ဆံေရးဓေလ့


Agriculture product donation Covid-19 period ( Credit: Kyaw Thu )

ပဋိပကၡနဲ႔ အက်ပ္အတည္းကာလေတြကို မၾကာခဏ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္မွာ ဘဝရပ္တည္ေရးအတြက္ နားလည္မႈရွိဖို႔ လိုပါတယ္။ ပိတ္ပင္တားျမစ္မႈကို ေရွာင္ရွားၿပီး အလုပ္ျဖစ္ေအာင္ နားလည္မႈယူတာဟာ ျမန္မာေတြအတြက္ ႐ိုးေနၿပီ ျဖစ္ေပမယ့္ ႏိုင္ငံျခားသားအတြက္ေတာ့ အထူးအဆန္း ျဖစ္ေနပါတယ္။ ဒါေၾကာင့္ နားလည္မႈအေၾကာင္း ကြင္းဆင္းသုေတသနလုပ္ခဲ့သူ အမ်ိဳးသမီးပညာရွင္ (၂) ဦးက မၾကာမီက စာတမ္းထုတ္ေဝပါတယ္။ Australia ႏိုင္ငံသူ Jayde Lin Roberts နဲ႔ Sweden ႏိုင္ငံသူ Elizabeth Lugbil Rhoads တို႔ ပူးတြဲေရးသားထားတဲ့ စာတမ္း ျဖစ္ပါတယ္။

စစ္အာဏာသိမ္းၿပီး မၾကာမီ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈ ျဖစ္လာတဲ့အခါ သပိတ္ေမွာက္ဝန္ထမ္းေတြအတြက္ 'ပိုရင္လႉ၊ လိုရင္ယူ' ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ျပည္သူလူထုက ေထာက္ပံ့ၾကပါတယ္။ ျပည္သူရဲ႕ မိသားစုစိတ္ဓါတ္ကို ျပသလိုက္တာပါပဲ။ စစ္တပ္အုပ္ခ်ဳပ္မႈေအာက္မွာ အႏွစ္ (၆၀) ေလာက္ ေနခဲ့ရတဲ့ ျပည္သူလူထုက ေထာက္ပံ့ၾကပါတယ္။ ျပည္သူရဲ႕ မိသားစုစိတ္ဓါတ္ကို ျပသလိုက္တာပါပဲ။ စစ္တပ္အုပ္ခ်ဳပ္မႈေအာက္မွာ အႏွစ္ (၆၀) ေလာက္ ေနခဲ့ရတဲ့ ျပည္သူလူထုဟာ နားလည္မႈယူၿပီး အစိုးရယႏၲရားနဲ႔ တတ္ႏိုင္သမွ် ကင္းရွင္းေအာင္ေနၾကပါတယ္။ ျမန္မာတ႐ုတ္ကျပားဟာ နားလည္မႈယူႏိုင္လို႔ သူတို႔အဖြဲ႕အစည္းကို တည္ေဆာက္ႏိုင္တာ ျဖစ္ပါတယ္တဲ့။ အိမ္ရာေဈးကြက္ဟာလည္း နားလည္မႈရယူႏိုင္လို႔ ရပ္တည္ႏိုင္တာ ျဖစ္ပါတယ္။

နားလည္မႈသေဘာတရားကို သိႏိုင္ေအာင္ ၂၀၀၇ နဲ႔ ၂၀၂၀ အၾကားမွာ ငါးႏွစ္ေလာက္ ကြင္းဆင္းသုေတသန လုပ္ရတယ္လို႔ ဆိုပါတယ္။ တဦးခ်င္းဆက္ဆံမႈကစၿပီး လူမ်ားစုဆက္ဆံေရးအထိ နားလည္မႈယူႏိုင္တဲ့အတြက္ လူမႈေရး၊ ႏိုင္ငံေရး ျခားနားမႈကို ေရရွည္ေပါင္းသင္းႏိုင္ပါတယ္။ ကိုယ္ခ်င္းစာနာစိတ္ရွိတာဟာလည္း နားလည္မႈတမ်ိဳးပဲလို႔ ဆိုပါတယ္။ ဒါေပမဲ့ အစိုးရအရာထမ္းနဲ႔ နားလည္မႈယူရာမွာ ေငြေၾကးပါဝင္ေနပါတယ္။ တ႐ုတ္ဓေလ့ထုံးစံမွာ အျပန္အလွန္အက်ိဳးျပဳတာဟာ နားလည္မႈနဲ႔ဆင္တယ္လို႔ ဆိုပါတယ္။ ျပည္သူအခ်င္းခ်င္း ဆက္ဆံရာမွာ သုံးတဲ့နားလည္မႈ၊ စီးပြားေရးမွာသုံးတဲ့ နားလည္မႈ၊ အစိုးရနဲ႔ ဆက္ဆံတဲ့အခါ သုံးတဲ့နားလည္မႈရွိၿပီး သုံးမ်ိဳးခြဲျခားၿပီး တင္ျပထားပါတယ္။

အိမ္နီးခ်င္းေတြ တဦးနဲ႔တဦး ကူညီ႐ိုင္းပင္းတာဟာ ျပည္သူရဲ႕ အေျခခံနားလည္သေဘာလို႔ ဆိုပါတယ္။ ခင္မင္ရင္းႏွီးမႈနဲ႔ ယုံၾကည္မႈကို အေျခခံတဲ့ အျပန္အလွန္ အက်ိဳးျပဳတဲ့ဓေလ့ ျဖစ္ပါတယ္။ တ႐ုတ္လို 'ဂြမ္ရွိ' လို႔ေခၚတဲ့ အျပန္အလွန္အက်ိဳးျပဳမႈတဲ့ လူမႈဆက္ဆံေရးနဲ႔ ခပ္ဆင္ဆင္တူပါတယ္။ ဒီအဆင့္မွာ ေငြေၾကးပါဝင္တာနည္းပါတယ္။ ဘာသာေရးကိစၥေတြမွာ အလႉေငြထည့္ၿပီး ဆက္ဆံေရးေကာင္းေအာင္ လုပ္တာမ်ိဳးေတြ ရွိပါတယ္။ ျမန္မာျပည္လို မၾကာခဏ ႏိုင္ငံေရးအုံႂကြမႈျဖစ္တဲ့ေနရာမွာ အစိုးရအေနနဲ႔ ထိထိေရာက္ေရာက္ မလုပ္ႏိုင္တာေတြ အမ်ားႀကီးရွိပါတယ္။ လက္ေတြ႕အေျခအေနကိုလိုက္ၿပီး လုပ္ရတဲ့ကိစၥေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာ ကိုလိုနီေခတ္ ျမန္မာျပည္မွာ ႏိုင္ငံျခားသားပိုင္ တိုက္တာအိမ္ရာေတြ ရွိပါတယ္။ လြတ္လပ္ေရးရတဲ့အခါ အိမ္ရာပိုင္ဆိုင္မႈမွာ ျပႆနာေတြ ရႈပ္ေထြးလာပါတယ္။

၁၉၄၇ ဥပေဒအရ ႏိုင္ငံျခားသားမွတ္ပုံတင္ကိုင္သူဟာ အိမ္ရာေရာင္းဝယ္ခြင့္ မရွိပါဘူး။ ဒါေပမဲ့ နားလည္မႈနဲ႔ ေရာင္းဝယ္ေနတာ ယေန႔အထိ ရွိေနဆဲ ျဖစ္ပါတယ္။ တိုက္တာအိမ္ရာရဲ႕ မူလပိုင္ရွင္အမည္ကို မေျပာင္းဘဲ နားလည္မႈနဲ႔ အေရာင္းအဝယ္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ အစိုးရတိုက္ခန္းကိုလည္း ဒီနည္းနဲ႔ ေရာင္းဝယ္ေနၾကပါတယ္။ နားလည္မႈနဲ႔ ဝယ္ထားတဲ့ တိုက္ခန္းကေန ဝယ္သူကို ႏွင္ထုတ္ပိုင္ခြင့္ မရွိေအာင္၊ ဥပေဒနဲ႔ အကာအကြယ္ ေပးထားပါတယ္။ ဥပေဒေၾကာင္းဘက္က ၾကည့္မယ္ဆိုရင္ ဝယ္ခြင့္မရွိတဲ့ပစၥည္းကို ဝယ္တာဟာ တရားမဝင္ပါဘူး။ ဒါေပမဲ့ လက္ေတြ႕အေျခအေနနဲ႔ ျပဌာန္းထားတဲ့ ဥပေဒ ဖီလာကန႔္လန္ျဖစ္ေနတာကို အဆင္ေျပေအာင္ နားလည္မႈကိုသုံးၿပီး ေရာင္းဝယ္ၾကတာပါ။ တရားဥပေဒအရ ဝယ္ခြင့္မရွိသူကို နားလည္မႈနဲ႔ ဝယ္ခြင့္ေပးလိုက္တာ ျဖစ္ပါတယ္။

အစိုးရယႏၲရားနဲ႔ ဆက္ဆံရာမွာ နားလည္မႈ ယူတယ္ဆိုတာကေတာ့ သက္ဆိုင္ရာအာဏာပိုင္ကို လာဘ္ေပးၿပီး အခြင့္အေရးရယူတာ ျဖစ္ပါတယ္။ အာဏာသိမ္းစစ္ေကာင္စီဟာ ေနရာတိုင္းကို ထိန္းခ်ဳပ္ႏိုင္တာ မဟုတ္တဲ့အတြက္ ေနရာအေတာ္မ်ားမ်ားမွာ အလုပ္ျဖစ္ေအာင္ နားလည္မႈယူရပါတယ္။ လူထုကေအာက္ေျခမွာ နားလည္မႈယူၿပီး ခ႐ိုနီသူေဌးႀကီးေတြကေတာ့ ေခါင္းေဆာင္ပိုင္းနဲ႔ နားလည္မႈယူၾကပါတယ္။ 'ေျမၿမိဳ၍ လူမ်ိဳးမျပဳတ္ - လူၿမိဳမွ လူမ်ိဳးျပဳုတ္မည္' ဆိုတဲ့ လူမ်ိဳးေရးေဆာင္ပုဒ္ကို ျပသထားတဲ့ လူဝင္မႈႀကီးၾကပ္ေရးဌာနဟာ ႏိုင္ငံသားစီစစ္ေရးလက္မွတ္ ထုတ္ေပးႏိုင္ပါတယ္။

ဒီလက္မွတ္ရွိမွ အလုပ္ျဖစ္သလို ဒီလက္မွတ္ရဖို႔ကလည္း ခက္ခဲပါတယ္။ ဒါေၾကာင့္ လာဘ္ေပးလာဘ္ယူ အမ်ားဆုံး အစိုးရဌာန ျဖစ္လာပါတယ္။ ႏိုင္ငံသားစီစစ္ေရး မွတ္ပုံတင္ေလွ်ာက္တဲ့အခ်ိန္ဟာ အႏွစ္ (၂၀) ေလာက္အထိ ၾကာတတ္တာမို႔ ဒီအေတာအတြင္း နားလည္မႈယူတာဟာ ေငြညႇစ္ခံရတဲ့ သေဘာမ်ိဳး ျဖစ္ေနပါတယ္။ လုပ္ငန္းပြင့္လင္းျမင္သာဖို႔ ေတာင္းဆိုေနတဲ့ေခတ္သစ္မွာ နားလည္မႈရဖို႔ လာဘ္ထိုးေနရပါတယ္။ စစ္ေကာင္စီက ျပည္သူ႔ဝန္ေဆာင္လုပ္ငန္းကို ဦးစားမေပးဘဲ က်န္းမာေရးလုပ္သားကို အေရးယူေနခ်ိန္မွာ ျပည္သူလူထုဟာ နားလည္မႈနဲ႔ ဆက္လက္ရွင္သန္ေနရပါတယ္။

=== Unicode ====

ပဋိပက္ခနဲ့ အကျပ်အတည်းကာလတွေကို မကြာခဏ ရင်ဆိုင်နေရတဲ့ မြန်မာပြည်မှာ ဘဝရပ်တည်ရေးအတွက် နားလည်မှုရှိဖို့ လိုပါတယ်။ ပိတ်ပင်တားမြစ်မှုကို ရှောင်ရှားပြီး အလုပ်ဖြစ်အောင် နားလည်မှုယူတာဟာ မြန်မာတွေအတွက် ရိုးနေပြီ ဖြစ်ပေမယ့် နိုင်ငံခြားသားအတွက်တော့ အထူးအဆန်း ဖြစ်နေပါတယ်။ ဒါကြောင့် နားလည်မှုအကြောင်း ကွင်းဆင်းသုတေသနလုပ်ခဲ့သူ အမျိုးသမီးပညာရှင် (၂) ဦးက မကြာမီက စာတမ်းထုတ်ဝေပါတယ်။ Australia နိုင်ငံသူ Jayde Lin Roberts နဲ့ Sweden နိုင်ငံသူ Elizabeth Lugbil Rhoads တို့ ပူးတွဲရေးသားထားတဲ့ စာတမ်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး မကြာမီ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှု ဖြစ်လာတဲ့အခါ သပိတ်မှောက်ဝန်ထမ်းတွေအတွက် 'ပိုရင်လှူ၊ လိုရင်ယူ' ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူလူထုက ထောက်ပံ့ကြပါတယ်။ ပြည်သူရဲ့ မိသားစုစိတ်ဓါတ်ကို ပြသလိုက်တာပါပဲ။ စစ်တပ်အုပ်ချုပ်မှုအောက်မှာ အနှစ် (၆၀) လောက် နေခဲ့ရတဲ့ ပြည်သူလူထုက ထောက်ပံ့ကြပါတယ်။ ပြည်သူရဲ့ မိသားစုစိတ်ဓါတ်ကို ပြသလိုက်တာပါပဲ။ စစ်တပ်အုပ်ချုပ်မှုအောက်မှာ အနှစ် (၆၀) လောက် နေခဲ့ရတဲ့ ပြည်သူလူထုဟာ နားလည်မှုယူပြီး အစိုးရယန္တရားနဲ့ တတ်နိုင်သမျှ ကင်းရှင်းအောင်နေကြပါတယ်။ မြန်မာတရုတ်ကပြားဟာ နားလည်မှုယူနိုင်လို့ သူတို့အဖွဲ့အစည်းကို တည်ဆောက်နိုင်တာ ဖြစ်ပါတယ်တဲ့။ အိမ်ရာဈေးကွက်ဟာလည်း နားလည်မှုရယူနိုင်လို့ ရပ်တည်နိုင်တာ ဖြစ်ပါတယ်။

နားလည်မှုသဘောတရားကို သိနိုင်အောင် ၂၀၀၇ နဲ့ ၂၀၂၀ အကြားမှာ ငါးနှစ်လောက် ကွင်းဆင်းသုတေသန လုပ်ရတယ်လို့ ဆိုပါတယ်။ တဦးချင်းဆက်ဆံမှုကစပြီး လူများစုဆက်ဆံရေးအထိ နားလည်မှုယူနိုင်တဲ့အတွက် လူမှုရေး၊ နိုင်ငံရေး ခြားနားမှုကို ရေရှည်ပေါင်းသင်းနိုင်ပါတယ်။ ကိုယ်ချင်းစာနာစိတ်ရှိတာဟာလည်း နားလည်မှုတမျိုးပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ အစိုးရအရာထမ်းနဲ့ နားလည်မှုယူရာမှာ ငွေကြေးပါဝင်နေပါတယ်။ တရုတ်ဓလေ့ထုံးစံမှာ အပြန်အလှန်အကျိုးပြုတာဟာ နားလည်မှုနဲ့ဆင်တယ်လို့ ဆိုပါတယ်။ ပြည်သူအချင်းချင်း ဆက်ဆံရာမှာ သုံးတဲ့နားလည်မှု၊ စီးပွားရေးမှာသုံးတဲ့ နားလည်မှု၊ အစိုးရနဲ့ ဆက်ဆံတဲ့အခါ သုံးတဲ့နားလည်မှုရှိပြီး သုံးမျိုးခွဲခြားပြီး တင်ပြထားပါတယ်။

အိမ်နီးချင်းတွေ တဦးနဲ့တဦး ကူညီရိုင်းပင်းတာဟာ ပြည်သူရဲ့ အခြေခံနားလည်သဘောလို့ ဆိုပါတယ်။ ခင်မင်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို အခြေခံတဲ့ အပြန်အလှန် အကျိုးပြုတဲ့ဓလေ့ ဖြစ်ပါတယ်။ တရုတ်လို 'ဂွမ်ရှိ' လို့ခေါ်တဲ့ အပြန်အလှန်အကျိုးပြုမှုတဲ့ လူမှုဆက်ဆံရေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီအဆင့်မှာ ငွေကြေးပါဝင်တာနည်းပါတယ်။ ဘာသာရေးကိစ္စတွေမှာ အလှူငွေထည့်ပြီး ဆက်ဆံရေးကောင်းအောင် လုပ်တာမျိုးတွေ ရှိပါတယ်။ မြန်မာပြည်လို မကြာခဏ နိုင်ငံရေးအုံကြွမှုဖြစ်တဲ့နေရာမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ လက်တွေ့အခြေအနေကိုလိုက်ပြီး လုပ်ရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဥပမာ ကိုလိုနီခေတ် မြန်မာပြည်မှာ နိုင်ငံခြားသားပိုင် တိုက်တာအိမ်ရာတွေ ရှိပါတယ်။ လွတ်လပ်ရေးရတဲ့အခါ အိမ်ရာပိုင်ဆိုင်မှုမှာ ပြဿနာတွေ ရှုပ်ထွေးလာပါတယ်။

၁၉၄၇ ဥပဒေအရ နိုင်ငံခြားသားမှတ်ပုံတင်ကိုင်သူဟာ အိမ်ရာရောင်းဝယ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ နားလည်မှုနဲ့ ရောင်းဝယ်နေတာ ယနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တိုက်တာအိမ်ရာရဲ့ မူလပိုင်ရှင်အမည်ကို မပြောင်းဘဲ နားလည်မှုနဲ့ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အစိုးရတိုက်ခန်းကိုလည်း ဒီနည်းနဲ့ ရောင်းဝယ်နေကြပါတယ်။ နားလည်မှုနဲ့ ဝယ်ထားတဲ့ တိုက်ခန်းကနေ ဝယ်သူကို နှင်ထုတ်ပိုင်ခွင့် မရှိအောင်၊ ဥပဒေနဲ့ အကာအကွယ် ပေးထားပါတယ်။ ဥပဒေကြောင်းဘက်က ကြည့်မယ်ဆိုရင် ဝယ်ခွင့်မရှိတဲ့ပစ္စည်းကို ဝယ်တာဟာ တရားမဝင်ပါဘူး။ ဒါပေမဲ့ လက်တွေ့အခြေအနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေ ဖီလာကန့်လန်ဖြစ်နေတာကို အဆင်ပြေအောင် နားလည်မှုကိုသုံးပြီး ရောင်းဝယ်ကြတာပါ။ တရားဥပဒေအရ ဝယ်ခွင့်မရှိသူကို နားလည်မှုနဲ့ ဝယ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အစိုးရယန္တရားနဲ့ ဆက်ဆံရာမှာ နားလည်မှု ယူတယ်ဆိုတာကတော့ သက်ဆိုင်ရာအာဏာပိုင်ကို လာဘ်ပေးပြီး အခွင့်အရေးရယူတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ နေရာတိုင်းကို ထိန်းချုပ်နိုင်တာ မဟုတ်တဲ့အတွက် နေရာအတော်များများမှာ အလုပ်ဖြစ်အောင် နားလည်မှုယူရပါတယ်။ လူထုကအောက်ခြေမှာ နားလည်မှုယူပြီး ခရိုနီသူဌေးကြီးတွေကတော့ ခေါင်းဆောင်ပိုင်းနဲ့ နားလည်မှုယူကြပါတယ်။ 'မြေမြို၍ လူမျိုးမပြုတ် - လူမြိုမှ လူမျိုးပြုုတ်မည်' ဆိုတဲ့ လူမျိုးရေးဆောင်ပုဒ်ကို ပြသထားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ နိုင်ငံသားစီစစ်ရေးလက်မှတ် ထုတ်ပေးနိုင်ပါတယ်။

ဒီလက်မှတ်ရှိမှ အလုပ်ဖြစ်သလို ဒီလက်မှတ်ရဖို့ကလည်း ခက်ခဲပါတယ်။ ဒါကြောင့် လာဘ်ပေးလာဘ်ယူ အများဆုံး အစိုးရဌာန ဖြစ်လာပါတယ်။ နိုင်ငံသားစီစစ်ရေး မှတ်ပုံတင်လျှောက်တဲ့အချိန်ဟာ အနှစ် (၂၀) လောက်အထိ ကြာတတ်တာမို့ ဒီအတောအတွင်း နားလည်မှုယူတာဟာ ငွေညှစ်ခံရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ လုပ်ငန်းပွင့်လင်းမြင်သာဖို့ တောင်းဆိုနေတဲ့ခေတ်သစ်မှာ နားလည်မှုရဖို့ လာဘ်ထိုးနေရပါတယ်။ စစ်ကောင်စီက ပြည်သူ့ဝန်ဆောင်လုပ်ငန်းကို ဦးစားမပေးဘဲ ကျန်းမာရေးလုပ်သားကို အရေးယူနေချိန်မှာ ပြည်သူလူထုဟာ နားလည်မှုနဲ့ ဆက်လက်ရှင်သန်နေရပါတယ်။

XS
SM
MD
LG