သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူ႔အင္အားဖြံ႔ၿဖိဳးေရး


ျပည္သူ႔အင္အားဖြံ႔ၿဖိဳးေရး
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

အလွန်အမင်း ဆင်းရဲမှုပပျောက်ရေးနဲ့ အမြဲတမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပြည်သားတွေမှာ စွမ်းအားရှိဖို့ လိုပါတယ်။ ဒါကို လူအရင်းအနှီး Human Capital လို့လည်း ခေါ်ပါတယ်။ ဒီအထဲမှာ ဘဝတလျှောက်လုံး စုဆောင်းရရှိလာတဲ့ အသိဉာဏ်ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေး ပါဝင်ပါတယ်။ လူအရင်းအနှီး ကောင်းရင်ကောင်းသလို ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အဟာရရရှိမှု၊ ကျန်းမာရေးကောင်းမှု၊ ပညာရေးအဆင့်အတန်းနဲ့ ကျွမ်းကျင်မှုဟာ လူအရင်းအနှီးတွေ ဖြစ်တာမို့ ဒီအခြေအနေတွေကိုကြည့်ရင် ပြည်သူ့အင်အားကို ခန့်မှန်းနိုင်ပါတယ်။

မြန်မာပြည်ရဲ့ လူအရင်းအနှီးအခြေအနေအရ ဒီကနေ မွေးဖွားတဲ့ ကလေးတယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာ သူ့မှာ ရှိနိုင်တဲ့စွမ်းအားရဲ့ (၄၇) ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ အားနည်းတဲ့အတွက် လူအရင်အနှီးမှာ အားနည်းရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကို စံချိန်မီအောင် လုပ်ပေးနိုင်ရင် လူသားတဦးစီရဲ့ အသားတင်ထုတ်လုပ်မှုဟာ (၂) ဆ တက်လာမယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက မကြာမီကထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ခံအစိုးရတွေ တက်လာတဲ့အခါ ကျန်းမာရေးနဲ့ ပညာရေးမှာ ရင်းနှီးမြုပ်နံှမှု တိုးပွားလာပါတယ်။

ဒါပေမဲ့ လူမှာ ရင်းနှီးတယ်ဆိုတာ “အခုရေတွင်းတူး အခုရေကြည်သောက်” လို့ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် ပြည်သူ့အင်အားဖွံ့ဖြိုးတိုးတက်မှုဟာ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ အလုပ်သမားလောကမှာ ကျွမ်းကျင်မှုအဆင့်ဟာ အနိမ့်ဆုံး ဖြစ်နေပါတယ်။ လောလောဆယ် တိုးတက်တာလေး အရှိန်မသေစေဖို့နဲ့ အားလုံးပါဝင်လာနိုင်ရေးအတွက် လူအရင်းအနှီးမြုပ်နံှဖို့ အချိန်ရောက်နေပါပြီ။ ဒါကို မလုပ်နိုင်လို့ ထွက်ပေါ်လာတဲ့ ဆိုးကျိုးကို နောင်လာနောင်သား မျိုးဆက်သစ်တွေ ခံစားကြရပါလိမ့်မယ်။ မွေးဖွားစဉ်ကစပြီး အဟာရချို့တဲ့မှုဒဏ်ကို ခံရတာ ဖြစ်ပါတယ်။ ကလေး (၁) ထောင်မွေးရင် (၆၂) ယောက် သေဆုံးတဲ့နှုန်းဟာ အာရှဒေသမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ (၅) နှစ်အောက်ကလေး (၃) ဦးမှာ (၁) ဦးဟာ မကြီးထွားနိုင်ဘဲ ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေး၊ အဟာရနဲ့ ပညာရေးမှာ ရင်းနှီးမြုပ်နံှဖို့ အရေးကြီးပါတယ်။

မြန်မာပြည်သားတဦးရဲ့ သက်တမ်းဟာ (၆၆) နှစ်ဖြစ်ပြီး ဗိယက်နမ်နိုင်ငံသားရဲ့ သက်တမ်းက (၇၅) နှစ် ဖြစ်ပါတယ်။ မြန်မာပြည်သားဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးဘက်မှာ ချို့တဲ့နေတာ ထင်ရှားပါတယ်။ အသက် (၆) နှစ် ကလေးတွေကို လေ့လာတဲ့အခါမှာ (၁၆) ရာခိုင်နှုန်းလောက်ကသာ သတ်မှတ်ထားတဲ့ အဟာရနဲ့ နို့ရည်သောက်သုံးမှုကို ရရှိတယ်လို့ ဆိုပါတယ်။ မိခင်နို့ရည်သောက်သုံးမှုအဆင့်ကနေ အစာစားတဲ့အဆင့်ကို ကူးပြောင်းရာမှာ အသိဉာဏ်နည်းတဲ့အတွက် အစဉ်အလာအတိုင်းသာ လုပ်ကြပါတယ်။ အသားနဲ့ငါးစားတဲ့ကလေးက လူနည်းစု ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရိက္ခာလုံလောက်တယ်ဆိုပေမယ့် ဆင်းရဲသားမိသားစုတွေဟာ အဟာရရှိတဲ့ အစားအစာကို လက်လှမ်မမီကြပါဘူး။ ဆင်းရဲသားစားသုံးတဲ့ရိက္ခာဟာ လူချမ်းသာတွေ စားသုံးတဲ့ရိက္ခာလောက် အရည်အသွေး မကောင်းပါဘူး။

ရောဂါဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်လာရတဲ့ကလေးတွေဟာ ကျန်းမာရေးချို့တဲ့ပြီး မကြီးထွားနိုင်ဘဲ ဖြစ်နေရပါတယ်။ ရေကောင်းရေသန့်ရရှိရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဟာ ခက်ခဲနေတုန်း ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ အသုံးစရိတ် နည်းပါးလာတာကြောင့် မိသားစုတွေအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှု လုပ်မပေးနိုင်ပါဘူး။ ၂၀၁၀ မှာ အစိုးရအသုံးစရိတ် (၁) ရာခိုင်နှုန်းကိုသာ ကျန်းမာရေးကဏ္ဍမှာ သုံးပါတယ်။ ၂၀၁၅ ရောက်တော့ (၄) ရာခိုင်နှုန်းအထိ တိုးသုံးလာပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသကြရတဲ့အတွက် ကျန်းမာရေးစရိတ်ကြောင့် ပိုပြီးဆင်းရဲသွားကြသူတွေ ရှိပါတယ်။ ၂၀၁၅ မှာ ဆေးကုသမှုကြောင့် ဆင်းရဲသွားရသူ (၂) သန်းနီးပါး ရှိပါတယ်။ အခြေခံကုသမှု အခမဲ့ရရှိရေးကို အကောင်အထည်ဖော်နေပေမယ့် သိပ်ပြီးခရီးရောက်ပုံ မရသေးဘူးလို့ ဆိုပါတယ်။

လူအရင်းအနှီးမှာ အရေးကြီးတဲ့ အခြေခံတခုဖြစ်တဲ့ ပညာရေးစရိတ်ဟာ ရွေးကောက်ပွဲ အစိုးရလက်ထက် (၂၀၁၃) ကစပြီး (၅) ဆ တိုးလာတာကို တွေ့ရပါတယ်။ (၂၀၁၇) အစိုးရအသုံးစရိတ်မှာ (၈) ရာခိုင်နှုန်းဟာ ပညာရေးစရိတ် ဖြစ်ပါတယ်။ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၂) ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ နည်းပါးနေပါသေးတယ်။ ဥပမာ ဗိယက်နမ်ရဲ့ ပညာရေးစရိတ်ဟာ (၂၀၁၂) ကတည်းက တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၈) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ပါတယ်။ ဗိယက်နမ် (၂) နိုင်ငံ ကွဲနေချိန်မှာ မြောက်ဗိယက်နမ်ကျောင်းသားတွေကို ရထားနဲ့အပြည့်တင်ပြီး ရုရှားကို ပညာတော်သင် စေလွှတ်ခဲ့တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားပုံ ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ကရင်၊ ကယား၊ မွန်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ ဒေသခံအသင်းအဖွဲ့တွေကပဲ ကျန်းမာရေးနဲ့ ပညာရေးကို တာဝန်ယူကြတာ များပါတယ်။ အရှေ့တောင်ဒေသမှာ လူဦးရေး (၅) သိန်းလောက်ကို တိုင်းရင်းသားကျန်းမာရေးလုပ်သား (၄၀၀၀) လောက်က ကြည့်ရှုစောင့်ရှောက်ပါတယ်။ အခြေခံ ကာကွယ်ရေးလုပ်ငန်းတွေလောက်ပဲ လုပ်နိုင်ပါတယ်။ နိုင်ငံသားတိုင်း ကျန်းမာရေးနဲ့ ပညာရေးအခြေခံကို ရရှိနိုင်ဖို့ အချိန်အတော်ကြာဦးမှာ ဖြစ်ပါတယ်။

==ZawGyi===

အလြန္အမင္း ဆင္းရဲမႈပေပ်ာက္ေရးနဲ႔ အၿမဲတမ္း စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ျပည္သူျပည္သားေတြမွာ စြမ္းအားရိွဖို႔ လိုပါတယ္။ ဒါကို လူအရင္းအႏီွး Human Capital လို႔လည္း ေခၚပါတယ္။ ဒီအထဲမွာ ဘဝတေလွ်ာက္လံုး စုေဆာင္းရရိွလာတဲ့ အသိဥာဏ္ဗဟုသုတ၊ ကၽြမ္းက်င္မႈနဲ႔ က်န္းမာေရး ပါဝင္ပါတယ္။ လူအရင္းအႏီွး ေကာင္းရင္ေကာင္းသလို ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။ အဟာရရရိွမႈ၊ က်န္းမာေရးေကာင္းမႈ၊ ပညာေရးအဆင့္အတန္းနဲ႔ ကၽြမ္းက်င္မႈဟာ လူအရင္းအႏီွးေတြ ျဖစ္တာမို႔ ဒီအေျခအေနေတြကိုၾကည့္ရင္ ျပည္သူ႔အင္အားကို ခန္႔မွန္းႏိုင္ပါတယ္။

ျမန္မာျပည္ရဲ ႔ လူအရင္းအႏီွးအေျခအေနအရ ဒီကေန ေမြးဖြားတဲ့ ကေလးတေယာက္ဟာ အရြယ္ေရာက္လာတဲ့အခါမွာ သူ႔မွာ ရိွႏိုင္တဲ့စြမ္းအားရဲ ႔ (၄၇) ရာခိုင္ႏႈန္္းကိုသာ အသံုးျပဳႏုိင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ က်န္းမာေရးနဲ႔ ပညာေရးမွာ အားနည္းတဲ့အတြက္ လူအရင္အႏီွးမွာ အားနည္းရပါတယ္။ ပညာေရးနဲ႔ က်န္းမာေရးကို စံခ်ိန္မီေအာင္ လုပ္ေပးႏိုင္ရင္ လူသားတဦးစီရဲ ႔ အသားတင္ထုတ္လုပ္မႈဟာ (၂) ဆ တက္လာမယ္လို႔ ကမာၻ႔ဘဏ္အုပ္စုက မၾကာမီကထုတ္ေဝတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ေရြးေကာက္ခံအစိုးရေတြ တက္လာတဲ့အခါ က်န္းမာေရးနဲ႔ ပညာေရးမွာ ရင္းႏီွးျမဳပ္ႏံွမႈ တိုးပြားလာပါတယ္။

ဒါေပမဲ့ လူမွာ ရင္းႏီွးတယ္ဆိုတာ “အခုေရတြင္းတူး အခုေရၾကည္ေသာက္” လို႔ရတဲ့ကိစၥ မဟုတ္တဲ့အတြက္ ျပည္သူ႔အင္အားဖြံ႔ၿဖိဳးတိုးတက္မႈဟာ နိမ့္က်ေနဆဲ ျဖစ္ပါတယ္။ အလုပ္သမားေလာကမွာ ကၽြမ္းက်င္မႈအဆင့္ဟာ အနိမ့္ဆံုး ျဖစ္ေနပါတယ္။ ေလာေလာဆယ္ တိုးတက္တာေလး အရိွန္မေသေစဖို႔နဲ႔ အားလံုးပါဝင္လာႏိုင္ေရးအတြက္ လူအရင္းအႏီွးျမဳပ္ႏံွဖို႔ အခ်ိန္ေရာက္ေနပါၿပီ။ ဒါကို မလုပ္ႏိုင္လို႔ ထြက္ေပၚလာတဲ့ ဆိုးက်ဳိးကို ေနာင္လာေနာင္သား မ်ဳိးဆက္သစ္ေတြ ခံစားၾကရပါလိမ့္မယ္။ ေမြးဖြားစဥ္ကစၿပီး အဟာရခ်ဳိ ႔တဲ့မႈဒဏ္ကို ခံရတာ ျဖစ္ပါတယ္။ ကေလး (၁) ေထာင္ေမြးရင္ (၆၂) ေယာက္ ေသဆံုးတဲ့ႏႈန္းဟာ အာရွေဒသမွာ အျမင့္ဆံုး ျဖစ္ပါတယ္။ (၅) ႏွစ္ေအာက္ကေလး (၃) ဦးမွာ (၁) ဦးဟာ မႀကီးထြားႏိုင္ဘဲ ျဖစ္ေနပါတယ္။ ကိုယ္ဝန္ေဆာင္က်န္းမာေရး၊ အဟာရနဲ႔ ပညာေရးမွာ ရင္းႏီွးျမဳပ္ႏံွဖို႔ အေရးႀကီးပါတယ္။

ျမန္မာျပည္သားတဦးရဲ ႔ သက္တမ္းဟာ (၆၆) ႏွစ္ျဖစ္ၿပီး ဗိယက္နမ္ႏိုင္ငံသားရဲ ႔ သက္တမ္းက (၇၅) ႏွစ္ ျဖစ္ပါတယ္။ ျမန္မာျပည္သားဟာ ငယ္စဥ္ကတည္းက က်န္းမာေရးဘက္မွာ ခ်ဳိ ႔တဲ့ေနတာ ထင္ရွားပါတယ္။ အသက္ (၆) ႏွစ္ ကေလးေတြကို ေလ့လာတဲ့အခါမွာ (၁၆) ရာခိုင္ႏႈန္းေလာက္ကသာ သတ္မွတ္ထားတဲ့ အဟာရနဲ႔ ႏို႔ရည္ေသာက္သံုးမႈကို ရရိွတယ္လို႔ ဆိုပါတယ္။ မိခင္ႏို႔ရည္ေသာက္သံုးမႈအဆင့္ကေန အစာစားတဲ့အဆင့္ကို ကူးေျပာင္းရာမွာ အသိဥာဏ္နည္းတဲ့အတြက္ အစဥ္အလာအတိုင္းသာ လုပ္ၾကပါတယ္။ အသားနဲ႔ငါးစားတဲ့ကေလးက လူနည္းစု ျဖစ္ပါတယ္။ ျမန္မာျပည္မွာ ရိကၡာလံုေလာက္တယ္ဆိုေပမယ့္ ဆင္းရဲသားမိသားစုေတြဟာ အဟာရရိွတဲ့ အစားအစာကို လက္လွမ္မမီၾကပါဘူး။ ဆင္းရဲသားစားသံုးတဲ့ရိကၡာဟာ လူခ်မ္းသာေတြ စားသံုးတဲ့ရိကၡာေလာက္ အရည္အေသြး မေကာင္းပါဘူး။

ေရာဂါျဖစ္ႏိုင္တဲ့ ပတ္ဝန္းက်င္မွာ ေနထိုင္လာရတဲ့ကေလးေတြဟာ က်န္းမာေရးခ်ဳိ ႔တဲ့ၿပီး မႀကီးထြားႏိုင္ဘဲ ျဖစ္ေနရပါတယ္။ ေရေကာင္းေရသန္႔ရရိွေရးနဲ႔ ပတ္ဝန္းက်င္သန္႔ရွင္းေရးဟာ ခက္ခဲေနတုန္း ျဖစ္ပါတယ္။ က်န္းမာေရးက႑မွာ ႏွစ္္ေပါင္းမ်ားစြာ အသံုးစရိတ္ နည္းပါးလာတာေၾကာင့္ မိသားစုေတြအတြက္ အေျခခံက်န္းမာေရးဝန္ေဆာင္မႈ လုပ္မေပးႏိုင္ပါဘူး။ ၂၀၁၀ မွာ အစိုးရအသံုးစရိတ္ (၁) ရာခိုင္ႏႈန္းကိုသာ က်န္းမာေရးက႑မွာ သံုးပါတယ္။ ၂၀၁၅ ေရာက္ေတာ့ (၄) ရာခိုင္ႏႈန္းအထိ တိုးသံုးလာပါတယ္။ ကိုယ့္စရိတ္နဲ႔ကိုယ္ ေဆးကုသၾကရတဲ့အတြက္ က်န္းမာေရးစရိတ္ေၾကာင့္ ပိုၿပီးဆင္းရဲသြားၾကသူေတြ ရိွပါတယ္။ ၂၀၁၅ မွာ ေဆးကုသမႈေၾကာင့္ ဆင္းရဲသြားရသူ (၂) သန္းနီးပါး ရိွပါတယ္။ အေျခခံကုသမႈ အခမဲ့ရရိွေရးကို အေကာင္အထည္ေဖာ္ေနေပမယ့္ သိပ္ၿပီးခရီးေရာက္ပံု မရေသးဘူးလုိ႔ ဆိုပါတယ္။

လူအရင္းအႏီွးမွာ အေရးႀကီးတဲ့ အေျခခံတခုျဖစ္တဲ့ ပညာေရးစရိတ္ဟာ ေရြးေကာက္ပြဲ အစိုးရလက္ထက္ (၂၀၁၃) ကစၿပီး (၅) ဆ တိုးလာတာကို ေတြ႔ရပါတယ္။ (၂၀၁၇) အစိုးရအသံုးစရိတ္မွာ (၈) ရာခိုင္ႏႈန္းဟာ ပညာေရးစရိတ္ ျဖစ္ပါတယ္။ တိုင္းျပည္အသားတင္ထုတ္လုပ္မႈရဲ ႔ (၂) ရာခိုင္ႏႈန္းေက်ာ္ ရိွပါတယ္။ ဒါေပမဲ့ အာဆီယံႏုိင္ငံေတြနဲ႔ ယွဥ္လုိက္ရင္ေတာ့ နည္းပါးေနပါေသးတယ္။ ဥပမာ ဗိယက္နမ္ရဲ ႔ ပညာေရးစရိတ္ဟာ (၂၀၁၂) ကတည္းက တိုင္းျပည္အသားတင္ထုတ္လုပ္မႈရဲ ႔ (၈) ရာခိုင္ႏႈန္း ရိွေနၿပီ ျဖစ္ပါတယ္။ ဗိယက္နမ္ (၂) ႏိုင္ငံ ကြဲေနခ်ိန္မွာ ေျမာက္ဗိယက္နမ္ေက်ာင္းသားေတြကို ရထားနဲ႔အျပည့္တင္ၿပီး ရုရွားကို ပညာေတာ္သင္ ေစလႊတ္ခဲ့တဲ့ အစဥ္အလာကို ဆက္လက္ထိန္းသိမ္းထားပံု ရပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရိွတဲ့ ကရင္၊ ကယား၊ မြန္၊ ရွမ္းနဲ႔ ကခ်င္ျပည္နယ္ေတြမွာေတာ့ ေဒသခံအသင္းအဖြဲ႔ေတြကပဲ က်န္းမာေရးနဲ႔ ပညာေရးကို တာဝန္ယူၾကတာ မ်ားပါတယ္။ အေရွ ႔ေတာင္ေဒသမွာ လူဦးေရး (၅) သိန္းေလာက္ကို တိုင္းရင္းသားက်န္းမာေရးလုပ္သား (၄၀၀၀) ေလာက္က ၾကည့္ရႈေစာင့္ေရွာက္ပါတယ္။ အေျခခံ ကာကြယ္ေရးလုပ္ငန္းေတြေလာက္ပဲ လုပ္ႏုိင္ပါတယ္။ ႏိုင္ငံသားတိုင္း က်န္းမာေရးနဲ႔ ပညာေရးအေျခခံကို ရရိွႏုိင္ဖို႔ အခ်ိန္အေတာ္ၾကာဦးမွာ ျဖစ္ပါတယ္။

XS
SM
MD
LG