သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူျပည္သား ဒုကၡသည္မ်ား


တောတောင်ထဲထွက်ပြေးနေကြတဲ့ ကနီဒေသခံရွာသားများ

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

မိုးရာသီမွာ စစ္ေရွာင္ဒုကၡသည္ေတြနဲ႔ စစ္ေဘးဒုကၡသည္ေတြဟာ ပိုၿပီးဒုကၡ ေရာက္ေနၾကပါတယ္။ ေနေရးထိုင္ေရး အခက္အခဲေတြ ရိွလာၿပီး၊ ငွက္ဖ်ားေရာဂါနဲ႔ အျခားေရာဂါေတြကို စတင္ခံစားလာရတဲ့ အခ်ိန္အခါ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒုကၡသည္ဦးေရဟာ အၿမဲတမ္း တိုးပြားေနပါတယ္။ အရင္က ဒုကၡသည္မရိွတဲ့၊ စစ္ကိုင္းနဲ႔ မေကြးတိုင္းမွာ စစ္ေကာင္စီတပ္ရဲ ႔ သတ္ျဖတ္မီးရိွဳ ႔မႈေၾကာင့္ ဒုကၡေရာက္သူဦးေရ မ်ားျပားလာပါတယ္။ အာဏာသိမ္းခ်ိန္ကစၿပီး ဧၿပီလကုန္အထိ တျပည္လံုးမွာ စစ္ေကာင္စီတပ္က မီးရိွဳ ႔ဖ်က္ဆီးခဲ့တဲ့ ေနအိမ္ေပါင္း (၁၁၄၀၀) ရိွတယ္လို႔ ခန္႔မွန္းၾကပါတယ္။

စစ္ကိုင္းတိုင္းတခုတည္းမွာတင္ ေနအိမ္ေပါင္း (၇၅၀၀) ေက်ာ္ မီးရိွဳ ႔ဖ်က္ဆီးခံရပါတယ္။ တခ်ဳိ ႔ေနရာေတြမွာ စစ္ေကာင္စီတပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတဲ့အတြက္ မိုးသည္းထန္ၿပီး ေမွာင္ေနခ်ိန္မွာ ေနရပ္ကို စြန္႔ခြါၾကရတယ္လို႔ ေမလ (၁၀) ရက္ေန႔ထုတ္ 'လူထုေႏြဦး' မွာ ေဖာ္ျပပါတယ္။ ေဒသခံေတြက ျပန္တိုက္လို႔ မီးရိွဳ ႔တဲ့ စစ္ေကာင္စီတပ္မွာ ေသဆံုးတာေတြ ရိွေပမဲ့ မီးရိွဳ ႔ခံရတဲ့ အိုးအိမ္ေတြက ပိုမ်ားေနပါတယ္။ ဒါေပမဲ့ စစ္ကိုင္းလူထုနဲ႔ ေတာ္လွန္ေရးတပ္ဖြဲ႔ေတြဟာ စိတ္ဓါတ္ခိုင္မာ ျပင္းထန္တာမို႔ စစ္ေကာင္စီရဲ ႔ အေနာ္ရထား စစ္ဆင္ေရးကို တံု႔ျပန္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ကုလသမဂၢဒုကၡသည္ေရးရာရံုး UNHCR ရဲ ႔ ဧၿပီလ (၆) ရက္ေန႔ သတင္းစဥ္မွာ တႏွစ္ေက်ာ္ကာလအတြင္း အုိးမဲ့အိမ္မဲ့ ျဖစ္သြားရတဲ့ ျပည္သူျပည္သား ဒုကၡသည္မ်ားစာရင္းကို ေဖာ္ျပထားပါတယ္။ အုိးအိမ္ပ်က္စီးသြားရသူဦးေရမွာ စစ္ကိုင္းတိုင္းက (၂၂၇,၃၀၀) အမ်ားဆံုးျဖစ္ၿပီး၊ ကယား (ကရင္နီ) ျပည္နယ္က (၉၂,၆၀၀) ဒုတိယအမ်ားဆံုး ျဖစ္ေနပါတယ္။ ကရင္ျပည္နယ္က (၇၄,၀၀၀) တတိယအမ်ားဆံုး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းရွမ္းက (၅၈,၂၀၀) စတုတၳ၊ မေကြးတုိင္းက (၄၅,၀၀၀) ပဥၥမ အမ်ားဆံုး ျဖစ္ေနပါတယ္။ အိုးအိမ္မဲ့ျဖစ္သူ ဦးေရက တေသာင္းေအာက္မွာရိွတဲ့ ေဒသေတြကေတာ့ မြန္ျပည္နယ္၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔ ျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ကေန အိႏိၵယမွာ ခိုလံႈသူဦးေရ (၃၆,၃၀၀) ရိွၿပီး၊ ထိုင္းႏုိင္ငံမွာ ခိုလံႈသူကေတာ့ (၂၀၀၀) ခန္႔သာ ရိွတယ္လို႔ ခန္႔မွန္းပါတယ္။ ဒါေပမဲ့ ထိုင္း-ျမန္မာနယ္စပ္က ဒုကၡသည္စခန္း (၈) ခုမွာလည္း ခိုလံႈေနၾကသူေတြ ရိွေနပါတယ္။

ျမန္မာတျပည္လံုးမွာ လြန္ခဲ့တဲ့ ဧၿပီလ (၁၁) ရက္အထိ အိုးမဲ့အိမ္မဲ့ ျဖစ္သြားသူေပါင္း (၉၁၂,၇၀၀) ရိွတယ္လို႔ ကုလသမဂၢဒုကၡသည္ရံုးက ခန္႔မွန္းပါတယ္။ ဒီအထဲမွာ ေဖေဖၚဝါရီလ (၁) ရက္္ေန႔ စစ္အာဏာသိမ္းၿပီးမွ အိုးအိမ္မဲ့ ျဖစ္သြားသူက (၅၆၀,၀၀၀) ရိွပါတယ္။ အေရွ ႔ေတာင္ပိုင္းျဖစ္တဲ့ ကယား၊ ကရင္၊ မြန္နဲ႔ တနသၤာရီမွာ အိုးအိမ္မဲ့ျဖစ္သူ (၂၃၄,၆၀၀) ရိွၿပီး၊ အေနာက္ေျမာက္ေဒသ စစ္ကိုင္းတုိင္းမွာ ႏွစ္သိန္းေက်ာ္ အိုးအိမ္မဲ့ ျဖစ္သြားပါတယ္။ စစ္ကိုင္းတိုင္းမွာ အိုးအိမ္မဲ့ ျဖစ္သြားသူေတြဟာ တရြာဝင္တရြာထြက္ လွည့္လည္တိမ္းေရွာင္ရိွသလို ရပ္ေဝးေဒသကို ထြက္ခြါသူလည္း မ်ားျပားလာေၾကာင္း ေမလ (၁၃) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ စိုက္ပ်ဳိးေရးနဲ႔ အျခားလုပ္ငန္းေတြ ရပ္တန္႔ေနပါတယ္။

ဒါေပမဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညိွႏိႈင္းေရးရံုး OCHA ရဲ ႔ ေမလ (၆) ရက္ေန႔ထုတ္ စာရင္းမွာေတာ့ ဒုကၡသည္ဦးေရ တိုးပြားေနတာ ေတြ႔ႏိုင္ပါတယ္။ စစ္ကိုင္းတိုင္းမွာ ေနရပ္ကို စြန္႔ခြါရသူ (၂၄၀,၆၀၀) ရိွလာၿပီး၊ မေကြးတုိင္းမွာ (၅၀,၅၀၀) ဦး၊ ခ်င္းျပည္နယ္မွာ (၃၆, ၃၀၀) ဦး ရိွလာပါတယ္။ ျမန္မာတျပည္လံုးမွာ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီ လိုအပ္ေနသူ (၁၄) သန္းေက်ာ္ ရိွေနေပမယ့္ ကုလသမဂၢအဖြဲ႔အေနနဲ႔ (၆) သန္းေက်ာ္ကိုသာ အကူအညီေပးဖို႔ ရည္မွန္းထားပါတယ္။ ဒီႏွစ္ ပထမ (၃) လအထိ လူဦးေရ (၂) သန္းခြဲကိုသာ ကူညီႏိုင္တယ္လို႔ ဆိုပါတယ္။ ျမန္မာျပည္ရဲ ႔ လူသားခ်င္းစာနာမႈ ရန္ပံုေငြ လိုအပ္မႈဟာ ေဒၚလာ (၈၂၆) သန္း ျဖစ္ေပမယ့္ သန္း (၃၀) ေက်ာ္သာ ရေသးတယ္လို႔ ေဖာ္ျပပါတယ္။ ရိကၡာလိုအပ္သူ (၁၃) သန္းေက်ာ္ ရိွေပမဲ့ (၂) သန္းေက်ာ္ကိုသာ ေထာက္ပံ့ႏိုင္တာ ေတြ႔ရပါတယ္။

အမ်ဳိးသားညီညႊတ္ေရးအစိုးရ NUG ကလည္း လြန္ခဲ့တဲ့ ဧၿပီလအတြင္းမွာ လူသားခ်င္းစာနာမႈ အကူအညီ၊ က်ပ္သန္းတရာေက်ာ္ ေထာက္ပံ့ခဲ့တယ္လို႔ မၾကာမီ သတင္းထုတ္ျပန္ပါတယ္။ စစ္ေဘးေရွာင္ဒုကၡသည္ေတြ၊ ေတာ္လွန္ေရးမွာ ထိခိုက္ဒဏ္ရာ ရရိွသူေတြနဲ႔ က်ဆံုးသြားသူေတြရဲ ႔ မိသားစုေတြကို ေထာက္ပံ့တယ္လို႔ ဆိုပါတယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ေနသူေတြကိုလည္း ကူညီပံ့ပိုးေပးတယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီတပ္က အမ်ဳိးမ်ဳိးအတားအဆီးေတြ လုပ္ေနတဲ့ၾကားက မိတ္ဖက္အဖြဲ႔ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ျပည္သူဆီ အေရာက္ပို႔ေပးတာ ျဖစ္ပါတယ္။

ႏုိင္ငံျခားက အလွဴေငြထည့္ဖို႔ ကတိျပဳထားတဲ့အတိုင္း အျပည့္အဝရတဲ့ ႏိုင္ငံဆိုတာ မရိွေသးပါဘူး။ UNHCR ရံုးက ဒီႏွစ္အတြင္း ေဒၚလာ (၅၇) သန္း လိုအပ္တယ္လို႔ သတ္မွတ္ထားတာမွာ (၃၃) ရာခိုင္ႏႈန္းရၿပီလို႔ ေမလ (၁၀) ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။ အမ်ားဆံုး ေထာက္ပံ့သူဟာ ဂ်ပန္ျဖစ္ၿပီး၊ အေမရိကန္က ဒုတိယ အမ်ားဆံုးပါ။ ျမန္မာျပည္က UNHCR ဒုကၡသည္ရံုးဟာ ဒုကၡသည္ တသန္းႏွစ္သိန္းေက်ာ္ကို ကူညီေထာက္ပံ့ေနပါတယ္။ ဒါေပမဲ့ လံုေလာက္တာ မဟုတ္လို႔ ျပည္တြင္းျပည္ပက ျမန္မာျပည္သူျပည္သားေတြရဲ ႔ အလွဴေငြဟာ ေသေရးရွင္ေရး အလြန္အေရးႀကီးေနေၾကာင္း တင္ျပလိုက္ရပါတယ္။

==Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မိုးရာသီမှာ စစ်ရှောင်ဒုက္ခသည်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပိုပြီးဒုက္ခ ရောက်နေကြပါတယ်။ နေရေးထိုင်ရေး အခက်အခဲတွေ ရှိလာပြီး၊ ငှက်ဖျားရောဂါနဲ့ အခြားရောဂါတွေကို စတင်ခံစားလာရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်ဦးရေဟာ အမြဲတမ်း တိုးပွားနေပါတယ်။ အရင်က ဒုက္ခသည်မရှိတဲ့၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မီးရှို့မှုကြောင့် ဒုက္ခရောက်သူဦးရေ များပြားလာပါတယ်။ အာဏာသိမ်းချိန်ကစပြီး ဧပြီလကုန်အထိ တပြည်လုံးမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၁၄၀၀) ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

စစ်ကိုင်းတိုင်းတခုတည်းမှာတင် နေအိမ်ပေါင်း (၇၅၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပါတယ်။ တချို့နေရာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် မိုးသည်းထန်ပြီး မှောင်နေချိန်မှာ နေရပ်ကို စွန့်ခွါကြရတယ်လို့ မေလ (၁၀) ရက်နေ့ထုတ် 'လူထုနွေဦး' မှာ ဖော်ပြပါတယ်။ ဒေသခံတွေက ပြန်တိုက်လို့ မီးရှို့တဲ့ စစ်ကောင်စီတပ်မှာ သေဆုံးတာတွေ ရှိပေမဲ့ မီးရှို့ခံရတဲ့ အိုးအိမ်တွေက ပိုများနေပါတယ်။ ဒါပေမဲ့ စစ်ကိုင်းလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စိတ်ဓါတ်ခိုင်မာ ပြင်းထန်တာမို့ စစ်ကောင်စီရဲ့ အနော်ရထား စစ်ဆင်ရေးကို တုံ့ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်ရေးရာရုံး UNHCR ရဲ့ ဧပြီလ (၆) ရက်နေ့ သတင်းစဉ်မှာ တနှစ်ကျော်ကာလအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူပြည်သား ဒုက္ခသည်များစာရင်းကို ဖော်ပြထားပါတယ်။ အိုးအိမ်ပျက်စီးသွားရသူဦးရေမှာ စစ်ကိုင်းတိုင်းက (၂၂၇,၃၀၀) အများဆုံးဖြစ်ပြီး၊ ကယား (ကရင်နီ) ပြည်နယ်က (၉၂,၆၀၀) ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ကရင်ပြည်နယ်က (၇၄,၀၀၀) တတိယအများဆုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းက (၅၈,၂၀၀) စတုတ္ထ၊ မကွေးတိုင်းက (၄၅,၀၀၀) ပဉ္စမ အများဆုံး ဖြစ်နေပါတယ်။ အိုးအိမ်မဲ့ဖြစ်သူ ဦးရေက တသောင်းအောက်မှာရှိတဲ့ ဒေသတွေကတော့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကနေ အိန္ဒိယမှာ ခိုလှုံသူဦးရေ (၃၆,၃၀၀) ရှိပြီး၊ ထိုင်းနိုင်ငံမှာ ခိုလှုံသူကတော့ (၂၀၀၀) ခန့်သာ ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း (၈) ခုမှာလည်း ခိုလှုံနေကြသူတွေ ရှိနေပါတယ်။

မြန်မာတပြည်လုံးမှာ လွန်ခဲ့တဲ့ ဧပြီလ (၁၁) ရက်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူပေါင်း (၉၁၂,၇၀၀) ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ရုံးက ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးမှ အိုးအိမ်မဲ့ ဖြစ်သွားသူက (၅၆၀,၀၀၀) ရှိပါတယ်။ အရှေ့တောင်ပိုင်းဖြစ်တဲ့ ကယား၊ ကရင်၊ မွန်နဲ့ တနင်္သာရီမှာ အိုးအိမ်မဲ့ဖြစ်သူ (၂၃၄,၆၀၀) ရှိပြီး၊ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းမှာ နှစ်သိန်းကျော် အိုးအိမ်မဲ့ ဖြစ်သွားပါတယ်။ စစ်ကိုင်းတိုင်းမှာ အိုးအိမ်မဲ့ ဖြစ်သွားသူတွေဟာ တရွာဝင်တရွာထွက် လှည့်လည်တိမ်းရှောင်ရှိသလို ရပ်ဝေးဒေသကို ထွက်ခွါသူလည်း များပြားလာကြောင်း မေလ (၁၃) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ စိုက်ပျိုးရေးနဲ့ အခြားလုပ်ငန်းတွေ ရပ်တန့်နေပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရဲ့ မေလ (၆) ရက်နေ့ထုတ် စာရင်းမှာတော့ ဒုက္ခသည်ဦးရေ တိုးပွားနေတာ တွေ့နိုင်ပါတယ်။ စစ်ကိုင်းတိုင်းမှာ နေရပ်ကို စွန့်ခွါရသူ (၂၄၀,၆၀၀) ရှိလာပြီး၊ မကွေးတိုင်းမှာ (၅၀,၅၀၀) ဦး၊ ချင်းပြည်နယ်မှာ (၃၆, ၃၀၀) ဦး ရှိလာပါတယ်။ မြန်မာတပြည်လုံးမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေသူ (၁၄) သန်းကျော် ရှိနေပေမယ့် ကုလသမဂ္ဂအဖွဲ့အနေနဲ့ (၆) သန်းကျော်ကိုသာ အကူအညီပေးဖို့ ရည်မှန်းထားပါတယ်။ ဒီနှစ် ပထမ (၃) လအထိ လူဦးရေ (၂) သန်းခွဲကိုသာ ကူညီနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်ရဲ့ လူသားချင်းစာနာမှု ရန်ပုံငွေ လိုအပ်မှုဟာ ဒေါ်လာ (၈၂၆) သန်း ဖြစ်ပေမယ့် သန်း (၃၀) ကျော်သာ ရသေးတယ်လို့ ဖော်ပြပါတယ်။ ရိက္ခာလိုအပ်သူ (၁၃) သန်းကျော် ရှိပေမဲ့ (၂) သန်းကျော်ကိုသာ ထောက်ပံ့နိုင်တာ တွေ့ရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကလည်း လွန်ခဲ့တဲ့ ဧပြီလအတွင်းမှာ လူသားချင်းစာနာမှု အကူအညီ၊ ကျပ်သန်းတရာကျော် ထောက်ပံ့ခဲ့တယ်လို့ မကြာမီ သတင်းထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ တော်လှန်ရေးမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့တယ်လို့ ဆိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကိုလည်း ကူညီပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က အမျိုးမျိုးအတားအဆီးတွေ လုပ်နေတဲ့ကြားက မိတ်ဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူဆီ အရောက်ပို့ပေးတာ ဖြစ်ပါတယ်။

နိုင်ငံခြားက အလှူငွေထည့်ဖို့ ကတိပြုထားတဲ့အတိုင်း အပြည့်အဝရတဲ့ နိုင်ငံဆိုတာ မရှိသေးပါဘူး။ UNHCR ရုံးက ဒီနှစ်အတွင်း ဒေါ်လာ (၅၇) သန်း လိုအပ်တယ်လို့ သတ်မှတ်ထားတာမှာ (၃၃) ရာခိုင်နှုန်းရပြီလို့ မေလ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ အများဆုံး ထောက်ပံ့သူဟာ ဂျပန်ဖြစ်ပြီး၊ အမေရိကန်က ဒုတိယ အများဆုံးပါ။ မြန်မာပြည်က UNHCR ဒုက္ခသည်ရုံးဟာ ဒုက္ခသည် တသန်းနှစ်သိန်းကျော်ကို ကူညီထောက်ပံ့နေပါတယ်။ ဒါပေမဲ့ လုံလောက်တာ မဟုတ်လို့ ပြည်တွင်းပြည်ပက မြန်မာပြည်သူပြည်သားတွေရဲ့ အလှူငွေဟာ သေရေးရှင်ရေး အလွန်အရေးကြီးနေကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG