သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမရွားသတၱဳနဲ႔ ကခ်င္နယ္ျခားေစာင့္


FILE PHOTO: A labourer operates a bulldozer at a site of a rare earth metals mine at Nancheng county, Jiangxi province,China March 14, 2012. REUTERS/Stringer/File Photo CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကခ်င္ျပည္နယ္ အေရွ ႔ေျမာက္ဘက္ ခ်ီေဖြၿမိဳ ႔နယ္ ပန္ဝါေဒသက ေျမရွားသတၱဳရိုင္း တန္ခ်ိန္တသိန္းေလးေသာင္းေက်ာ္ကို ၂၀၁၇ ေမလက ၂၀၂၁ ၾသဂုတ္လအထိ တရုတ္ျပည္ကို တင္ပို႔ခဲ့ေၾကာင္း တရုတ္အေကာက္ခြန္စာရင္းအရ သိရတယ္လို႔ လြန္ခဲ့တဲ့ ဇန္နဝါရီလ (၁၇) ရက္ေန႔ထုတ္ Kachin Waves စာေစာင္မွာ ေဖာ္ျပပါတယ္။ အေမရိကန္ေဒၚလာသန္း (၁၁၀၀) ေက်ာ္ တန္းဖိုးရိွတာမို႔ ျမန္မာအစိုးရ ပညာေရးအသံုးစရိတ္ရဲ ႔ တဝက္ေက်ာ္ ျဖစ္ေနပါတယ္။ ေျမရွားလုပ္ငန္းကရတဲ့ အက်ဳိးအျမတ္ကိုေတာ့ တရုတ္ကုမၸဏီေတြနဲ႔ စစ္ေကာင္စီလက္ေအာက္ ကခ်င္နယ္ျခားေစာင့္တုိ႔က ရယူၾကပါတယ္။

ေျမရွားသတၱရိုင္း ထုတ္ယူတဲ့လုပ္ငန္းတခုမွာ အနည္းဆံုး အလုပ္သမား (၄၀) ေလာက္ လိုပါတယ္။ ဒီအထဲမွာ တရုတ္ (၁၅) ေယာက္ရိွၿပီး၊ က်န္လူေတြဟာ ျမန္မာအလုပ္သမား ျဖစ္ပါတယ္။ ျမန္မာအလုပ္သမားတဦးကို ယြမ္ေငြ (၄၅၀၀) သို႔မဟုတ္ က်ပ္ေငြ (၁၂) သိန္း လခေပးတာမို႔ ေျမရွားသတၱဳလုပ္ငန္းမွာ အလုပ္လုပ္ခ်င္သူေတြ မ်ားပါတယ္။ ေျမရွားလုပ္ငန္းမွာ အလုပ္လုပ္ခ်င္သူေတြဟာ ခ်ီေဖြၿမိဳ ႔စစ္ေဆးေရးဂိတ္မွာ ေစာင့္ရေၾကာင္း ဇန္နဝါရီ (၁၄) ရက္ေန႔ထုတ္ Peace Monitor စာေစာင္မွာ ေဖာ္ျပပါတယ္။ ပန္ဝါကို သြားခ်င္သူေတြမ်ားေနတဲ့အတြက္ တပတ္မွာ လူ (၁၂၀) သာ ခ်ီေဖြ (၄) မိုင္ဂိတ္က သြားခြင့္ျပဳပါတယ္။

ေျမရွားသတၱဳရိုင္း ထုတ္ယူတဲ့ေနရာဟာ ‘ဇခုန္တိန္႔ယိန္း’ ခ်ဳပ္ကိုင္တဲ့ ကခ်င္နယ္ျခားေစာင့္တပ္ရဲ ႔ အထူးေဒသ (၁) ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ေျမရွားလုပ္ငန္းဟာ အတားအဆီးမရိွ တိုးပြားလာပါတယ္။ ေျမရွားသတၱဳရိုင္း ထုတ္ယူတဲ့အဆင့္တိုင္းမွာ သဘာဝပတ္ဝန္းက်င္ ပ်က္စီးရပါတယ္။ ပထမဦးစြာ ေတာရိုင္းၿပီး၊ အနက္ေပ (၃၀) ေက်ာ္အထိ က်င္းတူးရပါတယ္။ ေနာက္ေတာ့ က်င္းထဲကို အက္ဆစ္နဲ႔ အျခားဓါတ္ေဆးရည္ေတြ ေလာင္းထည့္ပါတယ္။ ဓါတ္ျပဳၿပီး ထြက္လာတဲ့ ႏို႔ႏွစ္ေရာင္အရည္ကို ပိုက္နဲ႔စုပ္ယူၿပီး ေျမရွားရည္ သိုေလွာင္ကန္ထဲ ထည့္ထားပါတယ္။ ေရမစိမ့္ေအာင္ မိုးကာဖ်င္ခင္းထားတဲ့ သိုေလွာင္ကန္မွာ ေျမရွားရည္ အနည္ထိုင္တဲ့အခါ အေပၚယံေရၾကည္ကိုပိုက္နဲ႔ စုပ္ထုတ္ၿပီး အနည္ကို အေျခာက္ခံပါတယ္။ ေျခာက္သြားတဲ့အနည္ဟာ ေလးလံတဲ့ ေျမရွားသတၱဳရိုင္းပါ။

ဇခုန္တိန္႔ယိန္း ေခါင္းေဆာင္တဲ့ ကခ်င္နယ္ျခားေစာင့္ ခ်ဳပ္ကိုင္တဲ့ ပန္ဝါေဒသမွာ ေျမရွားထုတ္မႈ အမ်ားဆံုး ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ေလာက္ကစၿပီး ေျမရွားလုပ္ငန္း တုိးပြားလာတာမို႔ ေကာင္ကင္ၿဂိဳလ္တု ဓါတ္ပံုကိုၾကည့္ရင္ ေျမရွားရည္ သိုေလွာင္ကန္တရာေလာက္ ေတြ႔ႏုိင္တယ္လို႔ လြန္ခဲ့တဲ့ ၾသဂုတ္လ (၃) ရက္ထုတ္ Frontier Myanmar စာေစာင္မွာ ေဖာ္ျပပါတယ္။ KIO ထိန္းခ်ဳပ္တဲ့ မဲဂ်ာယန္ေဒသမွာေတာ့ ေျမရွားရည္ သိုေလွာင္ကန္ေတြရိွတဲ့ေနရာ (၄) ေနရာကိုသာ ေတြ႔ရတယ္လို႔ ေဖာ္ျပပါတယ္။ ေျမရွားသတၱဳရိုင္းကို တရုတ္ေတြ စိတ္တိုင္းက် ထုတ္ယူေနတာ ထင္ရွားပါတယ္။ အခုဆိုရင္ ပန္ဝါမွာ ေျမရွားတူးယူဖို႔ေနရာ ကုန္ခါနီး ျဖစ္လာတဲ့အတြက္ ခ်ီေဖြနဲ႔ ေဆာ့ေလာ္ဘက္အထိ ေျမရွားလုပ္ကြက္ေတြ ေရာက္လာႏိုင္လို႔ သဘာဝပတ္ဝန္းက်င္ ပ်က္စီးၿပီး စိုက္ပ်ဳိးေရးမလုပ္ႏုိင္မွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

ပန္ဝါၿမိဳ ႔မွာ ကခ်င္နယ္ျခားေစာင့္တပ္ရဲ ႔ ဌာနခ်ဳပ္ အေျခစိုက္ပါတယ္။ ေမချမစ္ကမ္းေပၚမွာ တည္ရိွတဲ့ ခ်ီေဖြၿမိဳ ႔ကေန မုိင္ (၄၀) ေလာက္ ကြာေဝးပါတယ္။ ေဆာင္းရာသီမွာ ႏွင္းထူထပ္ၿပီး ေရခဲတဲ့ေဒသပါ။ ကခ်င္မ်ဳိးႏြယ္စုျဖစ္တဲ့ လာခ်ိတ္၊ ေလာ္ေဝၚ၊ ေငါ့ခ်န္းနဲ႔ လီဆူး အမ်ားဆံုးေနထိုင္တဲ့ ေတာင္ေပၚၿမိဳ ႔ေလး ျဖစ္ပါတယ္။ ယူနန္ျပည္နယ္၊ ခ်ီေဖြၿမိဳ ႔နယ္၊ ဝိုင္းေမာ္ၿမိဳ ႔နယ္ေတြနဲ႔ ပန္ဝါဟာ ထိစပ္ေနပါတယ္။ နယ္ျခားေစာင့္တပ္ (၁၀၀၁) ဟာ ခ်ီေဖြၿမိဳ ႔အေရွ ႔ဘက္ ေဝၚခ်ဳံးေဒသ ဖိေမာ္ေက်းရြာအနီးမွာ စခန္းခ်ပါတယ္။ ပန္ဝါေဒသ လွျပည္ေက်းရြာအနီးမွာ (၁၀၀၂) နယ္ျခားတပ္ရိွၿပီး၊ ခ်ီေဖြၿမိဳ ႔နယ္ ကန္ပိုင္တီးေဒသ ဂမ္ခြန္းေက်းရြာအနီးမွာ တပ္အမွတ္ (၁၀၀၃) အေျခစိုက္ပါတယ္။ ဇခုန္တိန္႔ယိန္းနဲ႔ သူ႔မိသားစုဝင္ေတြ တည္ေထာင္ထားတဲ့ သတၱဳတြင္းလုပ္ငန္းေတြကပဲ ေျမရွားသတၱဳလုပ္ငန္းကို လက္ဝါးႀကီးအုပ္ထားပါတယ္။

လြန္ခဲ့တဲ့ (၃၅) နွစ္က တရုတ္ျပည္မွာ ေစ်းကြက္စနစ္ စတင္က်င့္သံုးစဥ္က ကမာၻ႔စီးပြားေရးမွာ ေျမရွားသတၱဳဟာ အလြန္အေရးပါလာလိမ့္မယ္လို႔ ေခါင္းေဆာင္ႀကီး ‘ဒန္ေရွာင္ပင္’ က ေျပာဖူးပါတယ္။ အခုေတာ့ ေခတ္မီစစ္သံုးနဲ႔ အရပ္သံုးပစၥည္း ထုတ္လုပ္ရာမွာ ေျမရွားသတၱဳဟာ မပါမျဖစ္တဲ့ အေျခအေနကို ေရာက္လာပါတယ္။ ဒါေပမဲ့ ေျမရွားသတၱဳရိုင္း ထုတ္လုပ္ရာမွာ သဘာဝပတ္ဝန္းက်င္ ပ်က္စီးလာတဲ့အတြက္ ၂၀၁၀ ျပည္႔လြန္ႏွစ္ေတြမွာ တရုတ္အစိုးရ စည္းကမ္းနည္းလမ္းေတြ တင္းက်ပ္လာပါတယ္။ တရုတ္ႏုိင္ငံ ဂ်န္ရိွျပည္နယ္တခုလံုးမွာ ေျမရွားသတၱဳလုပ္ငန္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ေရေျမညစ္ညမ္းမႈကို သန္႔စင္ရင္ ေဒၚလာသန္းေပါင္း (၅၅၀၀) ေက်ာ္ ကုန္က်မယ္လို႔ တရုတ္အစိုးရက ခန္႔မွန္းပါတယ္။

စစ္ေကာင္စီအာဏာမသိမ္းမီ (၂၀၂၀) မွာ ကခ်င္ျပည္နယ္က ေျမရွားသတၱဳတန္ခ်ိန္ (၃၅၅၀၀) တင္သြင္းတယ္လို႔ တရုတ္ေကာက္ခြန္ စာရင္းမွာ ေတြ႔ရေၾကာင္း ေမလ (၄) ရက္ေန႔ထုတ္ Asia Times မွာ မႏွစ္က ေဖာ္ျပပါတယ္။ တရုတ္ျပည္ကို တင္သြင္းတဲ့ ေျမရွားသတၱဳ အေကာက္ခြန္မွတ္တမ္းမွာ ျမန္မာျပည္က တင္သြင္းတဲ့ပမာဏ (၇၅) ရာခိုင္ႏႈန္းဟာ အမ်ားဆံုးပါ။ မေလးရွားက (၁၇) ရာခိုင္ႏႈန္း၊ ဗိယက္နမ္က (၅) ရာခိုင္ႏႈန္း တင္သြင္းပါတယ္။ ကမာၻ႔ထုတ္လုပ္မႈမွာ (၄၀) ရာခိုင္ႏႈန္းဟာ ျမန္မာျပည္က ျဖစ္ေပမယ့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီိးတဲ့ အတုိင္းအတာကို မသိႏိုင္ေသးေၾကာင္း တင္ျပလိုက္ပါတယ္။

=== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကချင်ပြည်နယ် အရှေ့မြောက်ဘက် ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုရိုင်း တန်ချိန်တသိန်းလေးသောင်းကျော်ကို ၂၀၁၇ မေလက ၂၀၂၁ သြဂုတ်လအထိ တရုတ်ပြည်ကို တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်စာရင်းအရ သိရတယ်လို့ လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ထုတ် Kachin Waves စာစောင်မှာ ဖော်ပြပါတယ်။ အမေရိကန်ဒေါ်လာသန်း (၁၁၀၀) ကျော် တန်းဖိုးရှိတာမို့ မြန်မာအစိုးရ ပညာရေးအသုံးစရိတ်ရဲ့ တဝက်ကျော် ဖြစ်နေပါတယ်။ မြေရှားလုပ်ငန်းကရတဲ့ အကျိုးအမြတ်ကိုတော့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီလက်အောက် ကချင်နယ်ခြားစောင့်တို့က ရယူကြပါတယ်။

မြေရှားသတ္တရိုင်း ထုတ်ယူတဲ့လုပ်ငန်းတခုမှာ အနည်းဆုံး အလုပ်သမား (၄၀) လောက် လိုပါတယ်။ ဒီအထဲမှာ တရုတ် (၁၅) ယောက်ရှိပြီး၊ ကျန်လူတွေဟာ မြန်မာအလုပ်သမား ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတဦးကို ယွမ်ငွေ (၄၅၀၀) သို့မဟုတ် ကျပ်ငွေ (၁၂) သိန်း လခပေးတာမို့ မြေရှားသတ္တုလုပ်ငန်းမှာ အလုပ်လုပ်ချင်သူတွေ များပါတယ်။ မြေရှားလုပ်ငန်းမှာ အလုပ်လုပ်ချင်သူတွေဟာ ချီဖွေမြို့စစ်ဆေးရေးဂိတ်မှာ စောင့်ရကြောင်း ဇန်နဝါရီ (၁၄) ရက်နေ့ထုတ် Peace Monitor စာစောင်မှာ ဖော်ပြပါတယ်။ ပန်ဝါကို သွားချင်သူတွေများနေတဲ့အတွက် တပတ်မှာ လူ (၁၂၀) သာ ချီဖွေ (၄) မိုင်ဂိတ်က သွားခွင့်ပြုပါတယ်။

မြေရှားသတ္တုရိုင်း ထုတ်ယူတဲ့နေရာဟာ ‘ဇခုန်တိန့်ယိန်း’ ချုပ်ကိုင်တဲ့ ကချင်နယ်ခြားစောင့်တပ်ရဲ့ အထူးဒေသ (၁) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြေရှားလုပ်ငန်းဟာ အတားအဆီးမရှိ တိုးပွားလာပါတယ်။ မြေရှားသတ္တုရိုင်း ထုတ်ယူတဲ့အဆင့်တိုင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးရပါတယ်။ ပထမဦးစွာ တောရိုင်းပြီး၊ အနက်ပေ (၃၀) ကျော်အထိ ကျင်းတူးရပါတယ်။ နောက်တော့ ကျင်းထဲကို အက်ဆစ်နဲ့ အခြားဓါတ်ဆေးရည်တွေ လောင်းထည့်ပါတယ်။ ဓါတ်ပြုပြီး ထွက်လာတဲ့ နို့နှစ်ရောင်အရည်ကို ပိုက်နဲ့စုပ်ယူပြီး မြေရှားရည် သိုလှောင်ကန်ထဲ ထည့်ထားပါတယ်။ ရေမစိမ့်အောင် မိုးကာဖျင်ခင်းထားတဲ့ သိုလှောင်ကန်မှာ မြေရှားရည် အနည်ထိုင်တဲ့အခါ အပေါ်ယံရေကြည်ကိုပိုက်နဲ့ စုပ်ထုတ်ပြီး အနည်ကို အခြောက်ခံပါတယ်။ ခြောက်သွားတဲ့အနည်ဟာ လေးလံတဲ့ မြေရှားသတ္တုရိုင်းပါ။

ဇခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင်နယ်ခြားစောင့် ချုပ်ကိုင်တဲ့ ပန်ဝါဒေသမှာ မြေရှားထုတ်မှု အများဆုံး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်လောက်ကစပြီး မြေရှားလုပ်ငန်း တိုးပွားလာတာမို့ ကောင်ကင်ဂြိုလ်တု ဓါတ်ပုံကိုကြည့်ရင် မြေရှားရည် သိုလှောင်ကန်တရာလောက် တွေ့နိုင်တယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လ (၃) ရက်ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။ KIO ထိန်းချုပ်တဲ့ မဲဂျာယန်ဒေသမှာတော့ မြေရှားရည် သိုလှောင်ကန်တွေရှိတဲ့နေရာ (၄) နေရာကိုသာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ မြေရှားသတ္တုရိုင်းကို တရုတ်တွေ စိတ်တိုင်းကျ ထုတ်ယူနေတာ ထင်ရှားပါတယ်။ အခုဆိုရင် ပန်ဝါမှာ မြေရှားတူးယူဖို့နေရာ ကုန်ခါနီး ဖြစ်လာတဲ့အတွက် ချီဖွေနဲ့ ဆော့လော်ဘက်အထိ မြေရှားလုပ်ကွက်တွေ ရောက်လာနိုင်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး စိုက်ပျိုးရေးမလုပ်နိုင်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပန်ဝါမြို့မှာ ကချင်နယ်ခြားစောင့်တပ်ရဲ့ ဌာနချုပ် အခြေစိုက်ပါတယ်။ မေခမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ချီဖွေမြို့ကနေ မိုင် (၄၀) လောက် ကွာဝေးပါတယ်။ ဆောင်းရာသီမှာ နှင်းထူထပ်ပြီး ရေခဲတဲ့ဒေသပါ။ ကချင်မျိုးနွယ်စုဖြစ်တဲ့ လာချိတ်၊ လော်ဝေါ်၊ ငေါ့ချန်းနဲ့ လီဆူး အများဆုံးနေထိုင်တဲ့ တောင်ပေါ်မြို့လေး ဖြစ်ပါတယ်။ ယူနန်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်တွေနဲ့ ပန်ဝါဟာ ထိစပ်နေပါတယ်။ နယ်ခြားစောင့်တပ် (၁၀၀၁) ဟာ ချီဖွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖိမော်ကျေးရွာအနီးမှာ စခန်းချပါတယ်။ ပန်ဝါဒေသ လှပြည်ကျေးရွာအနီးမှာ (၁၀၀၂) နယ်ခြားတပ်ရှိပြီး၊ ချီဖွေမြို့နယ် ကန်ပိုင်တီးဒေသ ဂမ်ခွန်းကျေးရွာအနီးမှာ တပ်အမှတ် (၁၀၀၃) အခြေစိုက်ပါတယ်။ ဇခုန်တိန့်ယိန်းနဲ့ သူ့မိသားစုဝင်တွေ တည်ထောင်ထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေကပဲ မြေရှားသတ္တုလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားပါတယ်။

လွန်ခဲ့တဲ့ (၃၅) နှစ်က တရုတ်ပြည်မှာ ဈက်စနစ် စတင်ကျင့်သုံးစဉ်က ကမ္ဘာ့စီးပွားရေးမှာ မြေရှားသတ္တုဟာ အလွန်အရေးပါလာလိမ့်မယ်လို့ ခေါင်းဆောင်ကြီး ‘ဒန်ရှောင်ပင်’ က ပြောဖူးပါတယ်။ အခုတော့ ခေတ်မီစစ်သုံးနဲ့ အရပ်သုံးပစ္စည်း ထုတ်လုပ်ရာမှာ မြေရှားသတ္တုဟာ မပါမဖြစ်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမဲ့ မြေရှားသတ္တုရိုင်း ထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတဲ့အတွက် ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ တရုတ်အစိုးရ စည်းကမ်းနည်းလမ်းတွေ တင်းကျပ်လာပါတယ်။ တရုတ်နိုင်ငံ ဂျန်ရှိပြည်နယ်တခုလုံးမှာ မြေရှားသတ္တုလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ ရေမြေညစ်ညမ်းမှုကို သန့်စင်ရင် ဒေါ်လာသန်းပေါင်း (၅၅၀၀) ကျော် ကုန်ကျမယ်လို့ တရုတ်အစိုးရက ခန့်မှန်းပါတယ်။

စစ်ကောင်စီအာဏာမသိမ်းမီ (၂၀၂၀) မှာ ကချင်ပြည်နယ်က မြေရှားသတ္တုတန်ချိန် (၃၅၅၀၀) တင်သွင်းတယ်လို့ တရုတ်ကောက်ခွန် စာရင်းမှာ တွေ့ရကြောင်း မေလ (၄) ရက်နေ့ထုတ် Asia Times မှာ မနှစ်က ဖော်ပြပါတယ်။ တရုတ်ပြည်ကို တင်သွင်းတဲ့ မြေရှားသတ္တု အကောက်ခွန်မှတ်တမ်းမှာ မြန်မာပြည်က တင်သွင်းတဲ့ပမာဏ (၇၅) ရာခိုင်နှုန်းဟာ အများဆုံးပါ။ မလေးရှားက (၁၇) ရာခိုင်နှုန်း၊ ဗိယက်နမ်က (၅) ရာခိုင်နှုန်း တင်သွင်းပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုမှာ (၄၀) ရာခိုင်နှုန်းဟာ မြန်မာပြည်က ဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ အတိုင်းအတာကို မသိနိုင်သေးကြောင်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG