သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ကိုးကန္႔နယ္ျခားေစာင့္


KoKang Army

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ ဧၿပီလ (၁၃) ရက္ သႀကၤန္အႀကိဳေန႔က ကိုးကန္႔ေဒသၿမိဳ ႔ေတာ္ ေလာက္ကိုင္ကို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေရာက္ရိွလာေၾကာင္း ေဒသခံေတြက ေျပာတာကို ဧရာဝတီတိုင္းမ္က ဧၿပီလ (၁၆) ရက္ေန႔က သတင္းေပးပို႔ပါတယ္။ စစ္ေကာင္စီရဲ ႔ သႀကၤန္အႀကိဳပြဲေတြအေၾကာင္း သတင္းေဖာ္ျပရာမွာ တပ္ခ်ဳပ္မင္းေအာင္လိႈင္ရဲ ႔ ကိုးကန္႔ခရီး မပါဘူးလို႔ ဆိုပါတယ္။ ဧၿပီလ (၁၈) ရက္ေန႔ထုတ္ မဇၥ်ိမသတင္းမွာလည္း စစ္ေကာင္စီဥကၠ႒ရဲ ႔ ကိုးကန္႔ခရီးစဥ္အေၾကာင္း ေဖာ္ျပပါတယ္။ ဒီလို တိတ္တဆိတ္ ခရီးသြားရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အမ်ဳိးမ်ဳိးေျပာဆိုေနၾကတာ ေတြ႔ရပါတယ္။

၂၀၀၉ မွာ ဖုန္ၾကားရွင္ဂိုဏ္းကို ကိုးကန္႔ေဒသက တိုက္ထုတ္ၿပီး၊ ေဘေစာခ်ိန္ (ပက္ေစာက္ခ်ိန္) နဲ႔ ပူးေပါင္းကာ နယ္ျခားေစာင့္တပ္ ဖြဲ႔လိုက္ကတည္းက ကိုးကန္႔ေဒသဟာ စစ္တပ္အတြက္ အေရးပါလာပါတယ္။ စစ္တပ္က အာဏာသိမ္းျပန္တဲ့အခါမွာ ပိုၿပီးေတာ့ အေရးပါလာပံုရပါတယ္။ လြန္ခဲ့တဲ့ ဒီဇင္ဘာလကလည္း ကိုးကန္႔နယ္ျခားေစာင့္တပ္ တည္ေထာင္ရာမွာ ပါဝင္သူတဦးျဖစ္တဲ့ လီက်ိန္းခ်န္ (လူးဂ်န္႔ေရွာင္) ကို စစ္ေကာင္စီဥကၠ႒က အဂၢမဟာသီရိသုဓမၼမဏိေဇာတဘြဲ႔ ခ်ီးျမွင့္ခဲ့ေၾကာင္း USIP သုေတသနဌာနက Priscilla Clapp နဲ႔ Jason Tower တို႔ရဲ ႔ မတ္လ (၇) ရက္ေန႔ထုတ္ စာတမ္းမွာ ေဖာ္ျပထားပါတယ္။

ကိုးကန္႔ေဒသကို အုပ္ခ်ဳပ္ေနတဲ့ ေဘ (ေဘေစာခ်ိန္)၊ လီ (လီက်ိန္းခ်န္)၊ ေဝ (ေဝေရွာက္ရင္) စတဲ့ ေဘလီေဝအုပ္စုဟာ စစ္ေကာင္စီရဲ ႔ ရန္ပံုေငြ ရင္းျမစ္တခု ျဖစ္တယ္လို႔ USIP စာတမ္းမွာ ေဖာ္ျပပါတယ္။ နယ္ျခားေစာင့္တပ္ဟာ လုပ္ပိုင္ခြင့္ကို အခြင့္ေကာင္းယူၿပီး စီးပြားေရးလုပ္ငန္းမ်ဳိးစံု လုပ္ကိုင္ပါတယ္။ ေလာက္ကိုင္ကို ကစီးႏိုးၿမိဳ ႔ေတာ္အျဖစ္ အသြင္ေျပာင္းလိုက္သူဟာ လီက်ိန္းခ်န္ပါ။ ကခ်င္ျပည္နယ္မွာ ေက်ာက္စိမ္း (၂) တြင္း၊ တရုတ္ျပည္မွာ ေက်ာက္စိမ္းစက္ရံု၊ စစ္ကိုင္းမွာ ေက်ာက္မီးေသြးတြင္း၊ ကိုးကန္႔မွာ ဘိလပ္ေျမစက္ရံု၊ လာရိွဳးမွာ ႀကံခင္း၊ မႏၱေလးၿမိဳ ႔သစ္စီမံကိန္း စသည္ျဖင့္ လုပ္ငန္းေပါင္း (၃၀) ေလာက္ လီက်ိန္ခ်န္က လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ စစ္ေကာင္စီအလိုေတာ္ရိ ဘာသာေရးအသင္းကို မႏွစ္က က်ပ္ေငြသန္း (၂၀၀၀) လွဴဒါန္းႏုိင္ခဲ့တယ္လို႔ USIP စာတမ္းမွာ ေဖာ္ျပပါတယ္။

ကိုးကန္႔နယ္ျခားေစာင့္တပ္ဟာ စစ္ေကာင္စီကို ေငြေၾကးေထာက္ပံ့တဲ့အျပင္ အျခားနည္းလမ္းနဲ႔လည္း အကူအညီေပးပါတယ္။ ေႏြဦးေတာ္လွန္ေရးကို အၾကမ္းဖက္မႈဆိုၿပီး တိုက္ခိုက္ႏိွမ္နင္းတာမ်ဳိးကို ကိုးကန္႔နယ္ျခားေစာင့္ ရဲတပ္က လုပ္တတ္ပါတယ္။ ကိုးကန္႔နယ္ျခားေစာင့္ေတြဟာ ႀကံ့ဖြံ႔ပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္လည္း လႈပ္ရွားပါတယ္။ စစ္ေကာင္စီ က်င္းပေပးမယ္ဆိုတဲ့ ေရြးေကာက္ပြဲကို ကိုးကန္႔ႀကံ့ဖြံ႔ပါတီက ေထာက္ခံပြဲေတြ လုပ္ျပပါတယ္။ ကိုးကန္႔အုပ္ခ်ဳပ္ေရးအဖြဲ႔မွာ ပါဝင္သူေတြဟာ ယူနန္နဲ႔ စီးပြားေရးအဆင္ေျပဖို႔ကိုသာ အဓိက ဦးစားေပးၾကပါတယ္။ တရုတ္ျပည္က လာေရာက္လည္ပတ္သူေတြ ေလာင္းကစားလုပ္ႏုိင္ေအာင္ ကိုးကန္႔ေခါင္းေဆာင္ေတြက စီစဥ္ေပးပါတယ္။

လီက်ိန္းခ်န္မိသားစုပိုင္တဲ့ Fully Light ကစီးႏိုး၊ ေဘေစာခ်ိန္မိသားစုပိုင္တဲ့ ‘ေဘရွမ္း’ ကစီးႏိုး နဲ႔ ေဝေရွာက္ရင္မိသားစုပိုင္တဲ့ ‘ဟန္လီ’ ကစီးႏိုး စတဲ့ ကစားဝိုင္းေတြကို ေလာက္ကိုင္မွာ လူသိမ်ားပါတယ္။ လီက်ိန္းခ်န္မိသားစုရဲ ႔ ကစီးႏိုးေလာင္းကစားဝိုင္းေတြဟာ ကရင္ျပည္နယ္နဲ႔ ကေမာၻဒီးယားႏုိင္ငံမွာလည္း စီးပြားရွာၾကပါတယ္။ တရုတ္လူဆိုးဂိုဏ္းေတြနဲ႔ ပတ္သက္တယ္ဆိုတဲ့ Gobo East ကစီးႏိုးဟာ တရုတ္ျပည္သံုး ေငြစနစ္ကိုသာအသံုးျပဳၿပီး အြန္လိုင္းကေန ေလာင္းကစားႏိုင္ေအာင္ လုပ္ထားတယ္လို႔ USIP စာတမ္းမွာ ေဖာ္ျပပါတယ္။ တရုတ္ျပည္သားေတြ ကိုးကန္႔ကိုလာၾကဖို႔ ျဖားေယာင္းေသြးေဆာင္တဲ့ Tik Tok Account အေၾကာင္း ေဖေဖၚဝါရီလ အေစာပိုင္းမွာ တရုတ္သတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ ကိုးကန္႔နဲ႔ တရုတ္လူဆိုးေတြ ပူးတြဲတီထြင္တဲ့ အႀကံအစည္းပါ။ ေဒသခံ အေခ်ာအလွေတြနဲ႔ အိမ္ေထာင္ျပဳဖို႔ စိတ္ကူးၿပီး လုပ္ခအမ်ားႀကီးရတဲ့ ကစီးႏိုးေတြမွာ တရုတ္ေတြ အလုပ္လုပ္ၾကပါတယ္။

ကိုးကန္႔နယ္ျခားေစာင့္တပ္ေတြဟာ တရုတ္ဘက္မွာေရာ ျမန္မာဘက္မွာေရာ အစြမ္းကုန္အျမတ္ရဖို႔သာ ႀကိဳးပမ္းေနၾကပါတယ္။ Covid ေရာဂါတိုက္ဖ်က္ေရး၊ ကုန္သြယ္မႈျမွင့္တင္ေရး၊ စစ္ေကာင္စီနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရး စတာေတြ လုပ္ေနပါတယ္။ တခ်ိန္တည္းမွာ တရုတ္ျပည္သားေတြကို ေခါင္းပံုျဖတ္တဲ့ ရာဇဝတ္မႈကြန္ရက္နဲ႔ စီးပြားရွာေနတာဟာ တရုတ္အစိုးရကို မထီမဲ့ျမင္ လုပ္ရာေရာက္ေနပါတယ္။ တရုတ္စီမံကိန္း ျမန္မာျပည္မွာ အေကာင္အထည္ေဖာ္ဖို႔အတြက္ ကိုးကန္႔က လုပ္ရပ္ကို တရုတ္ လ်စ္လ်ဴရွဴတာဟာ စစ္ေကာင္စီကို ကူညီရာေရာက္တယ္လို႔ USIP စာတမ္းမွာ သံုးသပ္ထားပါတယ္။

ျပည္သူ႔ေႏြဦးအေရးေတာ္ပံုကို တိုက္ဖ်က္ေခ်မႈန္းဖို႔ စစ္ေကာင္စီက ႀကိဳးပမ္းရာမွာ ကိုးကန္႔နယ္ျခားေစာင့္တပ္ဟာ အက်ဳိးအျမတ္ ခံစားေနရတာ ထင္ရွားတယ္လို႔ ဆိုပါတယ္။ ကိုးကန္႔ကစီးႏိုးနဲ႔ ဟိုတယ္လုပ္ငန္းမွာ ရာဇဝတ္မႈ အမ်ားဆံုး ျဖစ္ပြားပါတယ္။ ၂၀၁၀ ကစတဲ့ နယ္စပ္ရာဇဝတ္မႈ (၁၃၀၀) ေက်ာ္ကို တရုတ္တရားရံုးက စစ္ေဆးခဲ့တယ္လို႔ USIP စာတမ္းမွာ ေဖာ္ျပပါတယ္။ မူးယစ္ေဆးမႈ၊ ေလာင္ကစားမႈ၊ ေမွာင္ခိုလုပ္မႈ၊ ျပန္ေပးမႈ စတာေတြဟာ ေဘေစာခ်ိန္နဲ႔ ေဝေရွာက္ရင္ မိသားစုေတြ ပိုင္ဆိုင္တဲ့ ကုမၸဏီေတြနဲ႔ ဆက္စပ္ေနတယ္လို႔ USIP စာတမ္းမွာ ေဖာ္ျပထားပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ဧပြီလ (၁၃) ရက် သင်္ကြန်အကြိုနေ့က ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိလာကြောင်း ဒေသခံတွေက ပြောတာကို ဧရာဝတီတိုင်းမ်က ဧပြီလ (၁၆) ရက်နေ့က သတင်းပေးပို့ပါတယ်။ စစ်ကောင်စီရဲ့ သင်္ကြန်အကြိုပွဲတွေအကြောင်း သတင်းဖော်ပြရာမှာ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ ကိုးကန့်ခရီး မပါဘူးလို့ ဆိုပါတယ်။ ဧပြီလ (၁၈) ရက်နေ့ထုတ် မဇ္ဈိမသတင်းမှာလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ကိုးကန့်ခရီးစဉ်အကြောင်း ဖော်ပြပါတယ်။ ဒီလို တိတ်တဆိတ် ခရီးသွားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးပြောဆိုနေကြတာ တွေ့ရပါတယ်။

၂၀၀၉ မှာ ဖုန်ကြားရှင်ဂိုဏ်းကို ကိုးကန့်ဒေသက တိုက်ထုတ်ပြီး၊ ဘေစောချိန် (ပက်စောက်ချိန်) နဲ့ ပူးပေါင်းကာ နယ်ခြားစောင့်တပ် ဖွဲ့လိုက်ကတည်းက ကိုးကန့်ဒေသဟာ စစ်တပ်အတွက် အရေးပါလာပါတယ်။ စစ်တပ်က အာဏာသိမ်းပြန်တဲ့အခါမှာ ပိုပြီးတော့ အရေးပါလာပုံရပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလကလည်း ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်ရာမှာ ပါဝင်သူတဦးဖြစ်တဲ့ လီကျိန်းချန် (လူးဂျန့်ရှောင်) ကို စစ်ကောင်စီဥက္ကဋ္ဌက အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဘွဲ့ ချီးမြှင့်ခဲ့ကြောင်း USIP သုတေသနဌာနက Priscilla Clapp နဲ့ Jason Tower တို့ရဲ့ မတ်လ (၇) ရက်နေ့ထုတ် စာတမ်းမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသကို အုပ်ချုပ်နေတဲ့ ဘေ (ဘေစောချိန်)၊ လီ (လီကျိန်းချန်)၊ ဝေ (ဝေရှောက်ရင်) စတဲ့ ဘေလီဝေအုပ်စုဟာ စစ်ကောင်စီရဲ့ ရန်ပုံငွေ ရင်းမြစ်တခု ဖြစ်တယ်လို့ USIP စာတမ်းမှာ ဖော်ပြပါတယ်။ နယ်ခြားစောင့်တပ်ဟာ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ပါတယ်။ လောက်ကိုင်ကို ကစီးနိုးမြို့တော်အဖြစ် အသွင်ပြောင်းလိုက်သူဟာ လီကျိန်းချန်ပါ။ ကချင်ပြည်နယ်မှာ ကျောက်စိမ်း (၂) တွင်း၊ တရုတ်ပြည်မှာ ကျောက်စိမ်းစက်ရုံ၊ စစ်ကိုင်းမှာ ကျောက်မီးသွေးတွင်း၊ ကိုးကန့်မှာ ဘိလပ်မြေစက်ရုံ၊ လာရှိုးမှာ ကြံခင်း၊ မန္တလေးမြို့သစ်စီမံကိန်း စသည်ဖြင့် လုပ်ငန်းပေါင်း (၃၀) လောက် လီကျိန်ချန်က လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်ကောင်စီအလိုတော်ရိ ဘာသာရေးအသင်းကို မနှစ်က ကျပ်ငွေသန်း (၂၀၀၀) လှူဒါန်းနိုင်ခဲ့တယ်လို့ USIP စာတမ်းမှာ ဖော်ပြပါတယ်။

ကိုးကန့်နယ်ခြားစောင့်တပ်ဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တဲ့အပြင် အခြားနည်းလမ်းနဲ့လည်း အကူအညီပေးပါတယ်။ နွေဦးတော်လှန်ရေးကို အကြမ်းဖက်မှုဆိုပြီး တိုက်ခိုက်နှိမ်နင်းတာမျိုးကို ကိုးကန့်နယ်ခြားစောင့် ရဲတပ်က လုပ်တတ်ပါတယ်။ ကိုးကန့်နယ်ခြားစောင့်တွေဟာ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း လှုပ်ရှားပါတယ်။ စစ်ကောင်စီ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ကိုးကန့်ကြံ့ဖွံ့ပါတီက ထောက်ခံပွဲတွေ လုပ်ပြပါတယ်။ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူတွေဟာ ယူနန်နဲ့ စီးပွားရေးအဆင်ပြေဖို့ကိုသာ အဓိက ဦးစားပေးကြပါတယ်။ တရုတ်ပြည်က လာရောက်လည်ပတ်သူတွေ လောင်းကစားလုပ်နိုင်အောင် ကိုးကန့်ခေါင်းဆောင်တွေက စီစဉ်ပေးပါတယ်။

လီကျိန်းချန်မိသားစုပိုင်တဲ့ Fully Light ကစီးနိုး၊ ဘေစောချိန်မိသားစုပိုင်တဲ့ ‘ဘေရှမ်း’ ကစီးနိုး နဲ့ ဝေရှောက်ရင်မိသားစုပိုင်တဲ့ ‘ဟန်လီ’ ကစီးနိုး စတဲ့ ကစားဝိုင်းတွေကို လောက်ကိုင်မှာ လူသိများပါတယ်။ လီကျိန်းချန်မိသားစုရဲ့ ကစီးနိုးလောင်းကစားဝိုင်းတွေဟာ ကရင်ပြည်နယ်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာလည်း စီးပွားရှာကြပါတယ်။ တရုတ်လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ Gobo East ကစီးနိုးဟာ တရုတ်ပြည်သုံး ငွေစနစ်ကိုသာအသုံးပြုပြီး အွန်လိုင်းကနေ လောင်းကစားနိုင်အောင် လုပ်ထားတယ်လို့ USIP စာတမ်းမှာ ဖော်ပြပါတယ်။ တရုတ်ပြည်သားတွေ ကိုးကန့်ကိုလာကြဖို့ ဖြားယောင်းသွေးဆောင်တဲ့ Tik Tok Account အကြောင်း ဖေဖေါ်ဝါရီလ အစောပိုင်းမှာ တရုတ်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ကိုးကန့်နဲ့ တရုတ်လူဆိုးတွေ ပူးတွဲတီထွင်တဲ့ အကြံအစည်းပါ။ ဒေသခံ အချောအလှတွေနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးပြီး လုပ်ခအများကြီးရတဲ့ ကစီးနိုးတွေမှာ တရုတ်တွေ အလုပ်လုပ်ကြပါတယ်။

ကိုးကန့်နယ်ခြားစောင့်တပ်တွေဟာ တရုတ်ဘက်မှာရော မြန်မာဘက်မှာရော အစွမ်းကုန်အမြတ်ရဖို့သာ ကြိုးပမ်းနေကြပါတယ်။ Covid ရောဂါတိုက်ဖျက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ စစ်ကောင်စီနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စတာတွေ လုပ်နေပါတယ်။ တချိန်တည်းမှာ တရုတ်ပြည်သားတွေကို ခေါင်းပုံဖြတ်တဲ့ ရာဇဝတ်မှုကွန်ရက်နဲ့ စီးပွားရှာနေတာဟာ တရုတ်အစိုးရကို မထီမဲ့မြင် လုပ်ရာရောက်နေပါတယ်။ တရုတ်စီမံကိန်း မြန်မာပြည်မှာ အကောင်အထည်ဖော်ဖို့အတွက် ကိုးကန့်က လုပ်ရပ်ကို တရုတ် လျစ်လျူရှူတာဟာ စစ်ကောင်စီကို ကူညီရာရောက်တယ်လို့ USIP စာတမ်းမှာ သုံးသပ်ထားပါတယ်။

ပြည်သူ့နွေဦးအရေးတော်ပုံကို တိုက်ဖျက်ချေမှုန်းဖို့ စစ်ကောင်စီက ကြိုးပမ်းရာမှာ ကိုးကန့်နယ်ခြားစောင့်တပ်ဟာ အကျိုးအမြတ် ခံစားနေရတာ ထင်ရှားတယ်လို့ ဆိုပါတယ်။ ကိုးကန့်ကစီးနိုးနဲ့ ဟိုတယ်လုပ်ငန်းမှာ ရာဇဝတ်မှု အများဆုံး ဖြစ်ပွားပါတယ်။ ၂၀၁၀ ကစတဲ့ နယ်စပ်ရာဇဝတ်မှု (၁၃၀၀) ကျော်ကို တရုတ်တရားရုံးက စစ်ဆေးခဲ့တယ်လို့ USIP စာတမ်းမှာ ဖော်ပြပါတယ်။ မူးယစ်ဆေးမှု၊ လောင်ကစားမှု၊ မှောင်ခိုလုပ်မှု၊ ပြန်ပေးမှု စတာတွေဟာ ဘေစောချိန်နဲ့ ဝေရှောက်ရင် မိသားစုတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတယ်လို့ USIP စာတမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG