သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုးကန႔္ေဒသဆိုတာဘာလဲ


Laukkai, capital of Myanmar's Kokang region

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ (၃၀) ရက္ ေန႔စြဲနဲ႔ ထုတ္ေဝတဲ့ ‘ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ’ ဆိုတဲ့ စာအုပ္မွာ ကိုးကန႔္ရဲ႕ အဓိပၸါယ္ကို ရွင္းျပထားပါတယ္။ တ႐ုတ္စကား (果敢) မွာ ‘ကိုး’ ဟာ ‘စိမ္းလန္းမႈ’ ျဖစ္ၿပီး၊ ‘ကန႔္’ ဟာ ‘ရဲရင့္မႈ’ ျဖစ္တာမို႔ ရဲရင့္သူေတြ ေနထိုင္ရာ စိမ္းလန္းတဲ့ေဒသလို႔ အဓိပၸါယ္ရပါတယ္။ ရွမ္းစကားမွာေတာ့ ‘ေကာက္ကန႔္’ လို႔ ေခၚပါတယ္။ ေကာက္ဟာ နံပါတ္ (၉) ျဖစ္ၿပီး၊ ကန႔္ဟာ အုပ္ခ်ဳပ္သူျဖစ္လို႔ သူႀကီး (၉) ဦး အုပ္ခ်ဳပ္တဲ့ေဒသ ျဖစ္ပါတယ္။ အထက္ျမန္မာျပည္ကို အဂၤလိပ္သိမ္းခ်ိန္မွာ ကိုးကန႔္ေဒသကို သိႏၷီေစာ္ဘြားက အုပ္ခ်ဳပ္ပါတယ္။

ဒါေၾကာင့္ ကိုးကန႔္ေဒသမွာ ကိုးကန႔္လူမ်ိဳးအေျခစိုက္လာတာ အႏွစ္သုံးရာေက်ာ္ပါၿပီ။ တ႐ုတ္စာေပနဲ႔ ယဥ္ေက်းမႈကို အေျခခံၿပီး၊ ရွင္သန္လာတဲ့ေဒသ ျဖစ္ပါတယ္။ အခုေခတ္မွာ ကိုးကန႔္ေဒသကိုၿမိဳ႕နယ္ (၂) နယ္ ခြဲထားပါတယ္။ ေတာင္ပိုင္းကို ေလာက္ကိုင္ၿမိဳ႕နယ္အျဖစ္ သတ္မွတ္ၿပီး ေျမာက္ပိုင္းကို ကုန္းၾကမ္းၿမိဳ႕နယ္အျဖစ္ သတ္မွတ္ပါတယ္။ ကိုးကန႔္ေဒသ အေရွ႕ပိုင္းဟာ ယူနန္ျပည္နယ္နဲ႔ ထိစပ္ေနၿပီး အေနာက္ဘက္မွာ မူဆယ္နဲ႔ ကြတ္ခိုင္ၿမိဳ႕နယ္ တည္ရွိပါတယ္။ ေတာင္ကုန္းေတာင္တန္းနဲ႔ လွ်ိဳေျမႇာင္ေခ်ာင္းေျမာင္းေပါၿပီး ေျမျပန႔္ဆိုတာ မရွိသေလာက္နည္းပါးတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ယဥ္ေက်းမႈ လႊမ္းမိုးတာမို႔ တ႐ုတ္ယြမ္ေငြနဲ႔ တ႐ုတ္ဖုန္းလိုင္းကိုသုံးၿပီး တ႐ုတ္တီဗြီကိုၾကည့္တဲ့ တ႐ုတ္စကားေျပာတဲ့ ကိုးကန႔္သားေတြကို ‘ခင္မ်ားတို႔ဟာ တ႐ုတ္ႏိုင္ငံသား မဟုတ္ဘူး၊ ျမန္မာႏိုင္ငံသားျဖစ္တယ္လို႔’ လို႔ တ႐ုတ္လို ရွင္းျပရတာဟာ အေတာ္ခက္ခဲတဲ့အလုပ္ပဲလို႔ ေလာက္ကိုင္အမတ္ ေျပာတာကို Frontier Myanmar (23 May 2020) စာေစာင္မွာ နႏၵဆိုသူက ေရးသားထားပါတယ္။ ေလာက္ကိုင္လႊတ္ေတာ္ကိုယ္စားလွယ္ (၄) ဦးစလုံးဟာ ႀကံ့ဖြံ႕ပါတီဝင္ ျဖစ္ပါတယ္။ ေလာက္ကိုင္လူဦးေရ ရွစ္ေသာင္းနီးပါးရွိတဲ့အထဲမွာ ကိုးကန႔္သား (၇၁) ရာခိုင္ႏႈန္း၊ ဗမာ (၁၅) ရာခိုင္ႏႈန္း၊ ရွမ္း (၁၂) ရာခိုင္ႏႈန္း ရွိပါတယ္။ ကုန္းၾကမ္းလူဦးေရ ေလးေသာင္းေက်ာ္မွာေတာ့ ကိုးကန႔္သား (၇၆) ရာခိုင္ႏႈန္း၊ ပေလာင္ (၂၁) ရာခိုင္ႏႈန္း၊ ‘ဝ’ က တစ္ရာခိုင္ႏႈန္းေက်ာ္သာရွိၿပီး ဗမာလူဦးေရးက (၁၅၀) ေလာက္သာ ရွိပါတယ္။

ကိုးကန႔္နဲ႔ ဆက္စပ္ေနတဲ့ ‘ဝ’ ေဒသနဲ႔ မိုင္းလားေဒသမွာလည္း တ႐ုတ္ယြမ္ေငြကိုသာ သုံးၾကပါတယ္။ ေလာက္ကိုင္နဲ႔ ကုန္းၾကမ္းၿမိဳ႕နယ္ (၂) ခုေပါင္းမွ လူဦးေရတသိန္းႏွစ္ေသာင္းေက်ာ္ရွိၿပီး ကိုးကန႔္သားက အမ်ားစု ျဖစ္ပါတယ္။ ေလာက္ကိုင္မွာ ဗမာတေသာင္းေလာက္သာရွိၿပီး ဗမာေတြေနတဲ့လမ္းကို ဗမာတန္းလို႔ေခၚေၾကာင္း နႏၵရဲ႕ ေဆာင္းပါးမွာ ေဖာ္ျပပါတယ္။ တ႐ုတ္စာနဲ႔ ေရးထားတဲ့ ဆိုင္းဘုတ္ေတြမွာ သတ္ပုံအမွားနဲ႔ ေရးထားတဲ့ ျမန္မာစာလုံးကို ေတြ႕ႏိုင္ပါတယ္တဲ့။ ဒါေပမဲ့ ကစီးႏိုးမွာ ေလာင္ကစားဖို႔ ယူနန္ဘက္ကလာတဲ့ တ႐ုတ္ဦးေရက ဗမာဦးေရထက္ သုံးေလးဆေလာက္ ပိုမ်ားေနပါတယ္။ ၂၀၀၈ အေျခခံဥပေဒအရ ကိုးကန႔္နယ္ေျမဟာ ကိုးကန႔္အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္လာပါတယ္။

ဗကပ - ဗမာျပည္ကြန္ျမဴနစ္ပါတီက ခြဲထြက္ခဲ့တဲ့ ဦးဖုန္ၾကားရွင္ဟာ ၁၉၈၉ မွာ ျမန္မာအမ်ိဳးသားအမွန္တရားနဲ႔ မွ်တမႈပါတီနဲ႔ ပါတီရဲ႕လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္တပ္ဖြဲ႕ MNDAA ကို တည္ေထာင္ပါတယ္။ လက္နက္ကိုင္လႈပ္ရွားမႈက ပိုမ်ားတဲ့အတြက္ MNDAA ကိုးကန႔္တပ္ဖြဲ႕ကိုသာ လူသိမ်ားပါတယ္။ စစ္အစိုးရနဲ႔ လက္တြဲၿပီး MNDAA ကို ပုန္ကန္တဲ့ ေဘေစာခ်ိန္အဖြဲ႕ကေတာ့ နယ္ျခားေစာင့္တပ္ ျဖစ္သြားပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီနဲ႔ ကိုးကန႔္နယ္ျခားေစာင့္တပ္ကတဘက္၊ MNDAA ကိုးကန႔္တပ္ဖြဲ႕ကတဘက္ စစ္ခင္းေနၾကတာ ျဖစ္ပါတယ္။ ဒါေပမဲ့ မဟာဗ်ဴဟာက်တဲ့ မူဆယ္ခ႐ိုင္၊ မုံးကိုၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ျဖစ္တာမ်ားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေႏွာင္းပိုင္းက မုံးကိုးလြင္ျပင္မွာ တိုက္ပြဲေပါင္း (၃၀၀) ေလာက္ ျဖစ္ပြားခဲ့တယ္လို႔ ကိုးကန႔္တပ္ဖြဲ႕ ျပန္ၾကားေရးမႉးကေျပာေၾကာင္း ဒီဇင္ဘာလ (၂၃) ရက္ေန႔ထုတ္ RFA သတင္းမွာ အေသးစိတ္ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ အႏွစ္ (၆၀) ေလာက္က စခဲ့တဲ့ ကိုးကန႔္ျပည္သူ႔စစ္ဓေလ့ကို စစ္ေကာင္စီက ဆက္လက္ထိန္းသိမ္းထားပုံ ရပါတယ္။ အဲဒီတုန္းကေတာ့ ဘိန္းဘုရင္လို႔ နာမည္ရတဲ့ ေလာ္စစ္ဟန္ ဦးေဆာင္တဲ့ ကာကြယ္ေရးအဖြဲ႕ဟာ တပ္မေတာ္နဲ႔ လက္တြဲၿပီး၊ ကိုးကန႔္ေဒသကို ႀကီးစိုးခဲ့ပါတယ္။ အခုေတာ့ သူတို႔ေနရာကို နယ္ျခားေစာင့္တပ္နဲ႔ စစ္ေကာင္စီတပ္ေတြ ေရာက္လာပါတယ္။ ကိုးကန႔္ကာကြယ္ေရး ေလာ္စစ္ဟန္ဟာ စစ္အစိုးရအဆက္ဆက္ရဲ႕ မဟာမိတ္ႀကီး ျဖစ္လာၿပီး Asia World ကုမၸဏီကို တည္ေထာင္ပါတယ္။ အခုေတာ့ အခ်မ္းသာဆုံးကုမၸဏီ ျဖစ္လာၿပီး ေနျပည္ေတာ္ တည္ေဆာက္ေရးမွာလည္း ပါဝင္ပါတယ္။

၂၀၁၃ ခုႏွစ္ အသက္ (၈၀) အ႐ြယ္မွာ ေလာ္စစ္ဟန္ ကြယ္လြန္ေတာ့ အသုဘအခမ္းအနား အႀကီးအက်ယ္က်င္းပၿပီး ထိပ္တန္းစစ္အရာရွိအခ်ိဳ႕ တက္ေရာက္ၾကပါတယ္။ ေလာ္စစ္ဟန္ရဲ႕သား Steven Law ဟာ သမၼတဦးသိန္းစိန္ရဲ႕ တ႐ုတ္ျပည္ခရီးမွာ စကားျပန္အျဖစ္ လိုက္ပါရသူ ျဖစ္ပါတယ္။ ဒုစ႐ိုက္လုပ္ငန္းမ်ားေၾကာင့္ ႀကီးပြားခ်မ္းသာလာတဲ့ သာဓက ျဖစ္ပါတယ္။ ကိုးကန႔္ကာကြယ္ေရးဟာ စစ္အစိုးရနဲ႔ လက္တြဲတဲ့အတြက္ ဘိန္းေမွာင္ခိုဘဝကေန အခ်မ္းသာဆုံးပုဂၢိဳလ္ ျဖစ္လာတာဟာ ကိုးကန႔္နယ္ျခားေစာင့္ေတြအတြက္ အားက်စရာ အတုယူစရာ ျဖစ္ေနပုံရပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ‘ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ဆိုတဲ့ စာအုပ်မှာ ကိုးကန့်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြထားပါတယ်။ တရုတ်စကား (果敢) မှာ ‘ကိုး’ ဟာ ‘စိမ်းလန်းမှု’ ဖြစ်ပြီး၊ ‘ကန့်’ ဟာ ‘ရဲရင့်မှု’ ဖြစ်တာမို့ ရဲရင့်သူတွေ နေထိုင်ရာ စိမ်းလန်းတဲ့ဒေသလို့ အဓိပ္ပါယ်ရပါတယ်။ ရှမ်းစကားမှာတော့ ‘ကောက်ကန့်’ လို့ ခေါ်ပါတယ်။ ကောက်ဟာ နံပါတ် (၉) ဖြစ်ပြီး၊ ကန့်ဟာ အုပ်ချုပ်သူဖြစ်လို့ သူကြီး (၉) ဦး အုပ်ချုပ်တဲ့ဒေသ ဖြစ်ပါတယ်။ အထက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းချိန်မှာ ကိုးကန့်ဒေသကို သိန္နီစော်ဘွားက အုပ်ချုပ်ပါတယ်။

ဒါကြောင့် ကိုးကန့်ဒေသမှာ ကိုးကန့်လူမျိုးအခြေစိုက်လာတာ အနှစ်သုံးရာကျော်ပါပြီ။ တရုတ်စာပေနဲ့ ယဉ်ကျေးမှုကို အခြေခံပြီး၊ ရှင်သန်လာတဲ့ဒေသ ဖြစ်ပါတယ်။ အခုခေတ်မှာ ကိုးကန့်ဒေသကိုမြို့နယ် (၂) နယ် ခွဲထားပါတယ်။ တောင်ပိုင်းကို လောက်ကိုင်မြို့နယ်အဖြစ် သတ်မှတ်ပြီး မြောက်ပိုင်းကို ကုန်းကြမ်းမြို့နယ်အဖြစ် သတ်မှတ်ပါတယ်။ ကိုးကန့်ဒေသ အရှေ့ပိုင်းဟာ ယူနန်ပြည်နယ်နဲ့ ထိစပ်နေပြီး အနောက်ဘက်မှာ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ် တည်ရှိပါတယ်။ တောင်ကုန်းတောင်တန်းနဲ့ လျှိုမြှောင်ချောင်းမြောင်းပေါပြီး မြေပြန့်ဆိုတာ မရှိသလောက်နည်းပါးတယ်လို့ ဆိုပါတယ်။

တရုတ်ယဉ်ကျေးမှု လွှမ်းမိုးတာမို့ တရုတ်ယွမ်ငွေနဲ့ တရုတ်ဖုန်းလိုင်းကိုသုံးပြီး တရုတ်တီဗွီကိုကြည့်တဲ့ တရုတ်စကားပြောတဲ့ ကိုးကန့်သားတွေကို ‘ခင်များတို့ဟာ တရုတ်နိုင်ငံသား မဟုတ်ဘူး၊ မြန်မာနိုင်ငံသားဖြစ်တယ်လို့’ လို့ တရုတ်လို ရှင်းပြရတာဟာ အတော်ခက်ခဲတဲ့အလုပ်ပဲလို့ လောက်ကိုင်အမတ် ပြောတာကို Frontier Myanmar (23 May 2020) စာစောင်မှာ နန္ဒဆိုသူက ရေးသားထားပါတယ်။ လောက်ကိုင်လွှတ်တော်ကိုယ်စားလှယ် (၄) ဦးစလုံးဟာ ကြံ့ဖွံ့ပါတီဝင် ဖြစ်ပါတယ်။ လောက်ကိုင်လူဦးရေ ရှစ်သောင်းနီးပါးရှိတဲ့အထဲမှာ ကိုးကန့်သား (၇၁) ရာခိုင်နှုန်း၊ ဗမာ (၁၅) ရာခိုင်နှုန်း၊ ရှမ်း (၁၂) ရာခိုင်နှုန်း ရှိပါတယ်။ ကုန်းကြမ်းလူဦးရေ လေးသောင်းကျော်မှာတော့ ကိုးကန့်သား (၇၆) ရာခိုင်နှုန်း၊ ပလောင် (၂၁) ရာခိုင်နှုန်း၊ ‘ဝ’ က တစ်ရာခိုင်နှုန်းကျော်သာရှိပြီး ဗမာလူဦးရေးက (၁၅၀) လောက်သာ ရှိပါတယ်။

ကိုးကန့်နဲ့ ဆက်စပ်နေတဲ့ ‘ဝ’ ဒေသနဲ့ မိုင်းလားဒေသမှာလည်း တရုတ်ယွမ်ငွေကိုသာ သုံးကြပါတယ်။ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် (၂) ခုပေါင်းမှ လူဦးရေတသိန်းနှစ်သောင်းကျော်ရှိပြီး ကိုးကန့်သားက အများစု ဖြစ်ပါတယ်။ လောက်ကိုင်မှာ ဗမာတသောင်းလောက်သာရှိပြီး ဗမာတွေနေတဲ့လမ်းကို ဗမာတန်းလို့ခေါ်ကြောင်း နန္ဒရဲ့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ တရုတ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေမှာ သတ်ပုံအမှားနဲ့ ရေးထားတဲ့ မြန်မာစာလုံးကို တွေ့နိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကစီးနိုးမှာ လောင်ကစားဖို့ ယူနန်ဘက်ကလာတဲ့ တရုတ်ဦးရေက ဗမာဦးရေထက် သုံးလေးဆလောက် ပိုများနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့်နယ်မြေဟာ ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာပါတယ်။

ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၁၉၈၉ မှာ မြန်မာအမျိုးသားအမှန်တရားနဲ့ မျှတမှုပါတီနဲ့ ပါတီရဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ကို တည်ထောင်ပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုက ပိုများတဲ့အတွက် MNDAA ကိုးကန့်တပ်ဖွဲ့ကိုသာ လူသိများပါတယ်။ စစ်အစိုးရနဲ့ လက်တွဲပြီး MNDAA ကို ပုန်ကန်တဲ့ ဘေစောချိန်အဖွဲ့ကတော့ နယ်ခြားစောင့်တပ် ဖြစ်သွားပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ကတဘက်၊ MNDAA ကိုးကန့်တပ်ဖွဲ့ကတဘက် စစ်ခင်းနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာဗျူဟာကျတဲ့ မူဆယ်ခရိုင်၊ မုံးကိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်တာများပါတယ်။ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက မုံးကိုးလွင်ပြင်မှာ တိုက်ပွဲပေါင်း (၃၀၀) လောက် ဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးမှူးကပြောကြောင်း ဒီဇင်ဘာလ (၂၃) ရက်နေ့ထုတ် RFA သတင်းမှာ အသေးစိတ်ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ အနှစ် (၆၀) လောက်က စခဲ့တဲ့ ကိုးကန့်ပြည်သူ့စစ်ဓလေ့ကို စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားပုံ ရပါတယ်။ အဲဒီတုန်းကတော့ ဘိန်းဘုရင်လို့ နာမည်ရတဲ့ လော်စစ်ဟန် ဦးဆောင်တဲ့ ကာကွယ်ရေးအဖွဲ့ဟာ တပ်မတော်နဲ့ လက်တွဲပြီး၊ ကိုးကန့်ဒေသကို ကြီးစိုးခဲ့ပါတယ်။ အခုတော့ သူတို့နေရာကို နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်တွေ ရောက်လာပါတယ်။ ကိုးကန့်ကာကွယ်ရေး လော်စစ်ဟန်ဟာ စစ်အစိုးရအဆက်ဆက်ရဲ့ မဟာမိတ်ကြီး ဖြစ်လာပြီး Asia World ကုမ္ပဏီကို တည်ထောင်ပါတယ်။ အခုတော့ အချမ်းသာဆုံးကုမ္ပဏီ ဖြစ်လာပြီး နေပြည်တော် တည်ဆောက်ရေးမှာလည်း ပါဝင်ပါတယ်။

၂၀၁၃ ခုနှစ် အသက် (၈၀) အရွယ်မှာ လော်စစ်ဟန် ကွယ်လွန်တော့ အသုဘအခမ်းအနား အကြီးအကျယ်ကျင်းပပြီး ထိပ်တန်းစစ်အရာရှိအချို့ တက်ရောက်ကြပါတယ်။ လော်စစ်ဟန်ရဲ့သား Steven Law ဟာ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးမှာ စကားပြန်အဖြစ် လိုက်ပါရသူ ဖြစ်ပါတယ်။ ဒုစရိုက်လုပ်ငန်းများကြောင့် ကြီးပွားချမ်းသာလာတဲ့ သာဓက ဖြစ်ပါတယ်။ ကိုးကန့်ကာကွယ်ရ

စစ်အစိုးရနဲ့ လက်တွဲတဲ့အတွက် ဘိန်းမှောင်ခိုဘဝကနေ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတာဟာ ကိုးကန့်နယ်ခြားစောင့်တွေအတွက် အားကျစရာ အတုယူစရာ ဖြစ်နေပုံရပါတယ်။

XS
SM
MD
LG