သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္နဲ႔ ၾကားပြဲစား ျပည္သူ႔စစ္မ်ား


Armed soldiers of the Border Guard Force (BGF).

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

နယ္စပ္ေဒသကို ခ်ဳပ္ကိုင္ႏုိင္ဖို႔အတြက္ အစိုးရတပ္ဟာ ေဒသခံေတြကို လက္နက္တပ္ဆင္ၿပီး ျပည္သူ႔စစ္အျဖစ္ အသံုးျပဳလာတာ အႏွစ္ (၆၀) ေက်ာ္လာပါၿပီ။ အခုလဲ ဒီနည္းကို သံုးေနတုန္းပါပဲ။ စစ္တပ္နဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြ ဆက္ဆံတဲ့အခါမွာ ေဒသခံျပည္သူစစ္ေတြကို ၾကားလူအျဖစ္သံုးတဲ့အတြက္ ၾကားပြဲစား ‘ေလာ္စစ္ဟန္’ က်ိက်ိတက္ ခ်မ္းသာလာပံုကို လူသိမ်ားပါတယ္။ ျပည္သူ႔စစ္ရဲ ႔ ၾကားပြဲစားအခန္းက႑ကို Patrick Meehan နဲ႔ Dan Seng Lawn တို႔က လြန္ခဲ့တဲ့ ေမလ (၁၃) ရက္ေန႔က စာတမ္းတေစာင္ ထုတ္ျပန္ထားပါတယ္။ ရွဳေဒါင့္တမ်ဳိးက သံုးသပ္ထားတာပါ။

လားရိွဳး၊ သီေပါ၊ ကြတ္ခိုင္၊ နမၼခမ္းနဲ႔ မူဆယ္ၿမိဳ ႔နယ္ေတြမွာ ၂၀၁၂ နဲ႔ ၂၀၁၉ အၾကား ကြင္းဆင္းေလ့လာၿပီး ေရးထားတာလို႔ ဆိုပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ စစ္တပ္က ဖန္တီးထားတဲ့ ျပည္သူ႔စစ္ေတြ စစ္တပ္ရဲ ႔ ၾကားခံပြဲစားအျဖစ္ ေဆာင္ရြက္ပံုကို တင္ျပထားပါတယ္။ လူမ်ဳိးဘာသာစကား ၾကားပြဲစားအျဖစ္ အသံုးျပဳတာလို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ စစ္အာဏာပိုင္နဲ႔ တုိင္းရင္းသားလက္နက္ကိုင္အၾကားမွာ ေစ့စပ္ညိွႏိႈင္းသူအျဖစ္ ျပည္သူ႔စစ္မွာလည္း လုပ္ပိုင္ခြင့္ရိွပါတယ္။

လြတ္လပ္ေရးရခ်ိန္ကစၿပီး ဗဟိုအစိုးရေတြဟာ နယ္စပ္ေဒသကို ထိထိေရာက္ေရာက္ ခ်ဳပ္ကိုင္ႏိုင္တာ မဟုတ္ပါဘူး။ တိုင္းရင္းသားစည္းလံုးေရးကို အေၾကာင္းျပၿပီး နယ္စပ္ေဒသကို ႀကီးစိုးဖုိ႔ စစ္တပ္က ႀကိဳးပမ္းတဲ့အတြက္ တိုင္းရင္းသားလက္နက္ကိုင္ လႈပ္ရွားမႈေတြ ေပၚထြက္လာပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္ေတာင္ပိုင္း တရုတ္-ျမန္မာနယ္စပ္ေဒသမွာ ၁၉၈၉ အထိ ဗကပကြန္ျမဴနစ္က ေနရာအေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ ဗကပ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေတြၾကား ၿပိဳင္ဆိုင္မႈနဲ႔ ပဋိပကၡေတြ ရိွလာပါတယ္။ ကာကြယ္ေရးအမည္ခံ ျပည္သူ႔စစ္ကို တပ္မေတာ္က ဖြဲ႔စည္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကာကြယ္ေရးအဖြဲ႔ မရိွေတာ့ေပမယ့္ ျပည္သူ႔စစ္ကေတာ့ ဆက္လက္တည္ရိွေနပါတယ္။ အထင္ရွားဆံုးဥပမာကေတာ့ ပန္းေဆးေက်ာ္ျမင့္ ဦးေဆာင္တဲ့ ျပည္သူ႔စစ္ ျဖစ္ပါတယ္။

ကြတ္ခိုင္က တီခြန္ျမတ္ကလည္း ဝါရင့္ျပည္သူ႔စစ္ ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။ မတူေနာ္ ဦးေဆာင္တဲ့ ေကာင္းခါျပည္သူ႔စစ္နဲ႔ တရုတ္ျမင့္လြင္ရဲ ႔ တာမိုညဲျပည္သူ႔စစ္ဟာလည္း ကြတ္ခိုင္မွာ ထင္ရွားပါတယ္။ မူဆယ္မွာ ျပည္သူ႔စစ္ အဖြဲ႔သံုးဖြဲ႔ ရိွပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ျပည္သူ႔စစ္ေတြဟာ ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္ရဲ ႔ ကြပ္ကဲမႈေအာက္မွာ လႈပ္ရွားၾကပါတယ္။ တိုင္းရင္းသားတပ္ဖြဲ႔နဲ႔ ေစ့စပ္ေဆြးေႏြးရာမွာ ဒီျပည္သူ႔စစ္ေတြကို စစ္တပ္က သံုးပါတယ္။ စစ္တပ္နဲ႔ တိုင္းရင္းသားအဖြဲ႔ေတြကို ျပည္သူ႔စစ္က အဆင္ေျပေအာင္ ဆက္ဆံၿပီး ရပ္တည္ၾကပါတယ္။ စစ္တပ္ကလည္း စီမံခ်က္နဲ႔ စစ္ဆင္ေရးေတြ အေကာင္အထည္ေဖာ္ရာမွာ ျပည္သူစစ္ကို လိုသလိုသံုးပါတယ္။

ေဒသခံျပည္သူ႔စစ္နဲ႔ တပ္မေတာ္ အေပးအယူလုပ္ရင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ မူးယစ္ေဆးလုပ္ငန္း ႀကီးထြားလာတာ ျဖစ္ပါတယ္။ ကိုယ္ထူကိုယ္ထ ရပ္တည္တဲ့ ျပည္သူ႔စစ္ႀကီးစိုးတဲ့ နယ္ေျမမွာ ဘိန္းျဖဴနဲ႔ စိတ္ၾကြေဆး အမ်ားအျပား ထုတ္လုပ္ပါတယ္။ ေကာင္းခါးျပည္သူ႔စစ္နယ္ေျမမွာ မူးယစ္ေဆး ေဒၚလာ (၁၀) သန္းဖိုး ၂၀၁၉ မွာ ဖမ္းမိတဲ့သတင္းကို လူသိမ်ားပါတယ္။ မူးယစ္ေဆး ထုတ္လုပ္မႈမွာ လက္လြန္ေျခလြန္ ျဖစ္လာရင္ စစ္တပ္က အေရးယူေလ့ ရိွပါတယ္။ မူးယစ္ေဆးဟာ တရားမဝင္တဲ့ လုပ္ငန္းျဖစ္တာေၾကာင့္ အခ်ိန္မေရြး အေရးယူခံရဖြယ္ ရိွပါတယ္။ ဒါေပမဲ့ အေရးမယူေသးသမွ် လုပ္ပိုင္ခြင့္ ရေနတဲ့အတြက္ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔စစ္ဟာ က်ားသနားမွ ႏြားခ်မ္းသာဆိုတဲ့ ဆက္ဆံေရးနဲ႔ ရပ္တည္ေနၾကပံု ရပါတယ္။ နားလည္မႈနဲ႔ စစ္တပ္က ခြင့္ျပဳထားသမွ် ျပည္သူ႔စစ္ ရွင္ေနတာ ေတြ႔ရပါတယ္။

အပစ္ရပ္ထားတဲ့ တရုတ္-ျမန္မာ နယ္စပ္က တိုင္းရင္းသားတပ္ဖြဲ႔ေတြနဲ႔ ဆက္ဆံရာမွာ စစ္တပ္ဟာ ေဒသခံျပည္သူ႔စစ္ကို ၾကားပြဲစားလို အသံုးျပဳပါတယ္။ စီပြားေရးလုပ္ခြင့္လည္း ေပးပါတယ္။ ဒါေပမဲ့ အလြန္အကၽြံ ျဖစ္လာတဲ့အခါမွာ စစ္တပ္က အေရးယူၿပီး မူးယစ္ေဆးကို လူဆိုးဂိုဏ္းက ထုတ္လုပ္ေၾကာင္း ဝါဒျဖန္႔ပါတယ္။ KIA တပ္ရင္း (၄) က ခြဲထြက္လာတဲ့တပ္ဖြဲ႔ဟာ စစ္တပ္နဲ႔ နားလည္မႈယူၿပီး ေကာင္းခါးျပည္သူ႔စစ္ကို ဖြဲ႔စည္းပါတယ္။ ဒါေပမဲ့ လက္မခံႏိုင္ေတာ့ဘူးလို႔ စစ္တပ္က ယူဆတဲ့အခါမွာ ေကာင္းခါးျပည္သူ႔စစ္ရဲ ႔ လက္နက္ပစၥည္းနဲ႔ မူးယစ္ေဆးေတြကို ၂၀၂၀ မွာ သိမ္းယူလိုက္ပါတယ္။

ေဒသခံျပည္သူ႔စစ္ကို ၾကားပြဲစားလုပ္ၿပီး စစ္တပ္က နယ္ေျမတည္ၿငိမ္းေရးလုပ္ဖို႔ ႀကိဳးပမ္းတဲ့ျဖစ္စဥ္မွာ ျပည္သူ႔စစ္ကလည္း သူ႔တပ္ဖြဲ႔ ရွင္သန္လာေအာင္္ ႀကိဳးစားပါတယ္။ ဒီေနရာမွာ မူးယစ္ေဆးလုပ္ငန္းက အေရးပါလာတာကို ေကာင္းခါးျပည္သူ႔စစ္က သက္ေသျပပါတယ္။ တခ်ဳိ ႔ဆိုရင္ မူးယစ္ေဆး ထုတ္လုပ္မႈကို တဘက္ကအားေပးၿပီး မူးယစ္ေဆးႏိွမ္နင္းေရး လုပ္ျပေလ့ရိွပါတယ္။ စစ္တပ္နဲ႔ နားလည္မႈယူၿပီး လက္နက္ကိုင္မႈနဲ႔ မူးယစ္ေဆးထုတ္လုပ္မႈကို ဘဝရပ္တည္ေရးအတြက္ လုပ္ကိုင္ေနတဲ့ ျပည္သူ႔စစ္ေတြဟာ ေႏြဦးေတာ္လွန္ေရး ပါဝင္လာႏိုင္ဖို႔ အလားအလာနည္းေၾကာင္း တင္ျပလိုက္ရပါတယ္။

===Unicode===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

နယ်စပ်ဒေသကို ချုပ်ကိုင်နိုင်ဖို့အတွက် အစိုးရတပ်ဟာ ဒေသခံတွေကို လက်နက်တပ်ဆင်ပြီး ပြည်သူ့စစ်အဖြစ် အသုံးပြုလာတာ အနှစ် (၆၀) ကျော်လာပါပြီ။ အခုလဲ ဒီနည်းကို သုံးနေတုန်းပါပဲ။ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်ဆံတဲ့အခါမှာ ဒေသခံပြည်သူစစ်တွေကို ကြားလူအဖြစ်သုံးတဲ့အတွက် ကြားပွဲစား ‘လော်စစ်ဟန်’ ကျိကျိတက် ချမ်းသာလာပုံကို လူသိများပါတယ်။ ပြည်သူ့စစ်ရဲ့ ကြားပွဲစားအခန်းကဏ္ဍကို Patrick Meehan နဲ့ Dan Seng Lawn တို့က လွန်ခဲ့တဲ့ မေလ (၁၃) ရက်နေ့က စာတမ်းတစောင် ထုတ်ပြန်ထားပါတယ်။ ရှုဒေါင့်တမျိုးက သုံးသပ်ထားတာပါ။

လားရှိုး၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မခမ်းနဲ့ မူဆယ်မြို့နယ်တွေမှာ ၂၀၁၂ နဲ့ ၂၀၁၉ အကြား ကွင်းဆင်းလေ့လာပြီး ရေးထားတာလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ဖန်တီးထားတဲ့ ပြည်သူ့စစ်တွေ စစ်တပ်ရဲ့ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပုံကို တင်ပြထားပါတယ်။ လူမျိုးဘာသာစကား ကြားပွဲစားအဖြစ် အသုံးပြုတာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ စစ်အာဏာပိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြားမှာ စေ့စပ်ညှိနှိုင်းသူအဖြစ် ပြည်သူ့စစ်မှာလည်း လုပ်ပိုင်ခွင့်ရှိပါတယ်။

လွတ်လပ်ရေးရချိန်ကစပြီး ဗဟိုအစိုးရတွေဟာ နယ်စပ်ဒေသကို ထိထိရောက်ရောက် ချုပ်ကိုင်နိုင်တာ မဟုတ်ပါဘူး။ တိုင်းရင်းသားစည်းလုံးရေးကို အကြောင်းပြပြီး နယ်စပ်ဒေသကို ကြီးစိုးဖို့ စစ်တပ်က ကြိုးပမ်းတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ ၁၉၈၉ အထိ ဗကပကွန်မြူနစ်က နေရာအတော်များများကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဗကပ၊ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား ပြိုင်ဆိုင်မှုနဲ့ ပဋိပက္ခတွေ ရှိလာပါတယ်။ ကာကွယ်ရေးအမည်ခံ ပြည်သူ့စစ်ကို တပ်မတော်က ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးအဖွဲ့ မရှိတော့ပေမယ့် ပြည်သူ့စစ်ကတော့ ဆက်လက်တည်ရှိနေပါတယ်။ အထင်ရှားဆုံးဥပမာကတော့ ပန်းဆေးကျော်မြင့် ဦးဆောင်တဲ့ ပြည်သူ့စစ် ဖြစ်ပါတယ်။

ကွတ်ခိုင်က တီခွန်မြတ်ကလည်း ဝါရင့်ပြည်သူ့စစ် ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတူနော် ဦးဆောင်တဲ့ ကောင်းခါပြည်သူ့စစ်နဲ့ တရုတ်မြင့်လွင်ရဲ့ တာမိုညဲပြည်သူ့စစ်ဟာလည်း ကွတ်ခိုင်မှာ ထင်ရှားပါတယ်။ မူဆယ်မှာ ပြည်သူ့စစ် အဖွဲ့သုံးဖွဲ့ ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူ့စစ်တွေဟာ မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ လှုပ်ရှားကြပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့နဲ့ စေ့စပ်ဆွေးနွေးရာမှာ ဒီပြည်သူ့စစ်တွေကို စစ်တပ်က သုံးပါတယ်။ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြည်သူ့စစ်က အဆင်ပြေအောင် ဆက်ဆံပြီး ရပ်တည်ကြပါတယ်။ စစ်တပ်ကလည်း စီမံချက်နဲ့ စစ်ဆင်ရေးတွေ အကောင်အထည်ဖော်ရာမှာ ပြည်သူစစ်ကို လိုသလိုသုံးပါတယ်။

ဒေသခံပြည်သူ့စစ်နဲ့ တပ်မတော် အပေးအယူလုပ်ရင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးလုပ်ငန်း ကြီးထွားလာတာ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ ရပ်တည်တဲ့ ပြည်သူ့စစ်ကြီးစိုးတဲ့ နယ်မြေမှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေး အများအပြား ထုတ်လုပ်ပါတယ်။ ကောင်းခါးပြည်သူ့စစ်နယ်မြေမှာ မူးယစ်ဆေး ဒေါ်လာ (၁၀) သန်းဖိုး ၂၀၁၉ မှာ ဖမ်းမိတဲ့သတင်းကို လူသိများပါတယ်။ မူးယစ်ဆေး ထုတ်လုပ်မှုမှာ လက်လွန်ခြေလွန် ဖြစ်လာရင် စစ်တပ်က အရေးယူလေ့ ရှိပါတယ်။ မူးယစ်ဆေးဟာ တရားမဝင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် အချိန်မရွေး အရေးယူခံရဖွယ် ရှိပါတယ်။ ဒါပေမဲ့ အရေးမယူသေးသမျှ လုပ်ပိုင်ခွင့် ရနေတဲ့အတွက် စစ်တပ်နဲ့ ဒေသခံ ပြည်သူ့စစ်ဟာ ကျားသနားမှ နွားချမ်းသာဆိုတဲ့ ဆက်ဆံရေးနဲ့ ရပ်တည်နေကြပုံ ရပါတယ်။ နားလည်မှုနဲ့ စစ်တပ်က ခွင့်ပြုထားသမျှ ပြည်သူ့စစ် ရှင်နေတာ တွေ့ရပါတယ်။

အပစ်ရပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ဆက်ဆံရာမှာ စစ်တပ်ဟာ ဒေသခံပြည်သူ့စစ်ကို ကြားပွဲစားလို အသုံးပြုပါတယ်။ စီပွားရေးလုပ်ခွင့်လည်း ပေးပါတယ်။ ဒါပေမဲ့ အလွန်အကျွံ ဖြစ်လာတဲ့အခါမှာ စစ်တပ်က အရေးယူပြီး မူးယစ်ဆေးကို လူဆိုးဂိုဏ်းက ထုတ်လုပ်ကြောင်း ဝါဒဖြန့်ပါတယ်။ KIA တပ်ရင်း (၄) က ခွဲထွက်လာတဲ့တပ်ဖွဲ့ဟာ စစ်တပ်နဲ့ နားလည်မှုယူပြီး ကောင်းခါးပြည်သူ့စစ်ကို ဖွဲ့စည်းပါတယ်။ ဒါပေမဲ့ လက်မခံနိုင်တော့ဘူးလို့ စစ်တပ်က ယူဆတဲ့အခါမှာ ကောင်းခါးပြည်သူ့စစ်ရဲ့ လက်နက်ပစ္စည်းနဲ့ မူးယစ်ဆေးတွေကို ၂၀၂၀ မှာ သိမ်းယူလိုက်ပါတယ်။

ဒေသခံပြည်သူ့စစ်ကို ကြားပွဲစားလုပ်ပြီး စစ်တပ်က နယ်မြေတည်ငြိမ်းရေးလုပ်ဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်မှာ ပြည်သူ့စစ်ကလည်း သူ့တပ်ဖွဲ့ ရှင်သန်လာအောင် ကြိုးစားပါတယ်။ ဒီနေရာမှာ မူးယစ်ဆေးလုပ်ငန်းက အရေးပါလာတာကို ကောင်းခါးပြည်သူ့စစ်က သက်သေပြပါတယ်။ တချို့ဆိုရင် မူးယစ်ဆေး ထုတ်လုပ်မှုကို တဘက်ကအားပေးပြီး မူးယစ်ဆေးနှိမ်နင်းရေး လုပ်ပြလေ့ရှိပါတယ်။ စစ်တပ်နဲ့ နားလည်မှုယူပြီး လက်နက်ကိုင်မှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှုကို ဘဝရပ်တည်ရေးအတွက် လုပ်ကိုင်နေတဲ့ ပြည်သူ့စစ်တွေဟာ နွေဦးတော်လှန်ရေး ပါဝင်လာနိုင်ဖို့ အလားအလာနည်းကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG