သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူ႔ခုခံစစ္နဲ႔ စစ္ေကာင္စီအရံတပ္မ်ား


မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ တပတ္ေက်ာ္ၾကာ စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းမႈ အတြင္း ေက်း႐ြာေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္းခဲ့ ( Photo : CJ )

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

အမ်ဳိးသားညီညြတ္ေရးအစိုးရဟာ တႏွစ္ကာလမွာ ျပည္သူ႔ကာကြယ္ေရးတပ္ရင္းတပ္ဖြဲ႔၊ PDF ေပါင္း (၂၅၇) ခုကိုု ဖြဲ႔စည္းႏုိင္ၿပီး၊ ၿမိဳ ႔နယ္ေပါင္း (၂၅၀) မွာ ေဒသခံကာကြယ္ေရးအဖြဲ႔ကို စနစ္တက် တည္ေထာင္ႏိုင္တယ္လို႔ မၾကာမီက ေၾကညာပါတယ္။ ေဒသခံၿမိဳ ႔ျပေျပာက္ၾကားတပ္ဖြဲ႔ (၄၀၀) ေက်ာ္နဲ႔လည္း ခ်ိတ္ဆက္ၿပီး တိုက္ပြဲဝင္ဖုိ႔ စီစဥ္ႏုိင္တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ေဖေဖၚဝါရီလထုတ္ အေမရိကန္ ၿငိမ္းခ်မ္းေရးဌာန၊ USIP ျမန္မာ့ေရးရာ ေလ့လာေရးအဖြဲ႔ အစီရင္ခံစာမွာေတာ့ PDF တပ္ဖြဲ႔ (၁၃၂) ဖြဲ႔ ရိွတယ္လို႔သာ ေဖာ္ျပပါတယ္။ အၿမဲတမ္း ေျပာင္းလဲတဲ့အေျခအေနကို ႏိုင္ငံျခားက ေလ့လာရာမွာ အခက္အခဲ ရိွပံုရပါတယ္။

ဒါေပမဲ့ USIP အစီရင္ခံစာရဲ ႔ ထူးျခားမႈကေတာ့ ေဒသလိုက္၊ PDF ခုခံစစ္အေရအတြက္ကို ေဖာ္ျပတာ ျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းမွာ PDF အမ်ားဆံုးရိွၿပီး၊ မေကြးက ဒုတိယ၊ မႏၱေလးနဲ႔ ခ်င္းျပည္နယ္ကေတာ့ တတိယအမ်ားဆံုး ျဖစ္ေနတာ ေတြ႔ရပါတယ္။ လက္ရိွအေျခအေနမွာ ဝင္ေရာက္ကူညီဖို႔ ခက္ခဲေပမယ့္ ႏိုင္ငံတကာရဲ ႔ လူသားခ်င္းစာနာေရး ကူညီေထာက္ပံ့မႈကို အေမရိကန္အစိုးရက ဦးေဆာင္သင့္တယ္လို႔လည္း USIP ေလ့လာေရးအဖြဲ႔က ေထာက္ခံတင္ျပထားပါတယ္။

စစ္ေကာင္စီတပ္နဲ႔ PDF တပ္ဖြဲ႔ေတြ တိုက္ပြဲျပင္းထန္တဲ့ စစ္ကိုင္းတိုင္းမွာ ေနရပ္ကိုစြန္႔ခြါရသူ (၂၄၀,၆၀၀) ရိွလာၿပီး၊ မေကြးတုိင္းမွာ (၅၀,၅၀၀) ဦး၊ ခ်င္းျပည္နယ္မွာ (၃၆,၃၀၀) ဦးရိွေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညိွႏိႈင္းေရးရံုး OCHA က ေမလ (၆) ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။ ဘာသာေရးအေဆာက္အဦးနဲ႔ မီးရိွဳ ႔ဖ်က္ဆီးခံရတဲ့အိမ္ေျခ အနည္းဆံုး (၈၈၉၀) လံုး ရိွတယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီ တက္လာၿပီးမွ တျပည္လံုးမွာ ေနရပ္ကိုစြန္႔ခြါသူဦးေရ (၅၇၈,၂၀၀) ရိွတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ၾကြက္မႏိုင္ က်ီမီးရိွဳ ႔ ဆိုသလို PDF တပ္ေတြကို မႏိွမ္နင္းႏိုင္တဲ့ စစ္ေကာင္စီတပ္ဟာ နီးစပ္ရာေက်းရြာေတြကို မီးရိွဳ ႔ဖ်က္ဆီးပါတယ္။ ဒီေနရာမွာ စစ္ေကာင္စီ ေထာက္ခံသူ ပ်ဴေစာထီးေတြလည္း ပါဝင္ေနပါတယ္။ ႀကံ့ဖြံ႔ပါတီဝင္၊ မဘသအဖြဲ႔ဝင္နဲ႔ စစ္မႈထမ္းေဟာင္း အမ်ားဆံုးပါဝင္တဲ့ ပ်ဴေစာထီးဟာ ျပည္သူ႔ပစၥည္း ဖ်က္ဆီးခြင့္နဲ႔ ျပည္သူကိုသတ္ျဖတ္ခြင့္ ရထားတဲ့အဖြဲ႔လို ျဖစ္ေနပါတယ္။

PDF ျပည္သူ႔ကာကြယ္ေရးတပ္ရဲ ႔ ထူးျခားခ်က္ကေတာ့ ေျမလတ္နဲ႔ အထက္အညာက ဗမာေတြ အမ်ားအျပား ပါဝင္လာတာ ျဖစ္ပါတယ္။ ယံုၾကည္ခ်က္နဲ႔ ခုခံတိုက္ခိုက္တဲ့အတြက္ စစ္ေကာင္စီတပ္မွာ အက်အရွံဳးမ်ားပါတယ္။ အေသအေပ်ာက္မ်ားတဲ့အခါ စစ္ေကာင္စီတပ္က တာေဝးပစ္လက္နက္ႀကီးနဲ႔ ေက်းရြာေတြကို ပစ္ခတ္တဲ့အျပင္ ေလေၾကာင္းကလည္း ဗံုးႀကဲၿပီးတံု႔ျပန္ပါတယ္။ အရင္က တိုင္းရင္းသားကသာ လက္နက္ကိုင္တာပါ။ စစ္အာဏာသိမ္းၿပီးမွ ဗမာလက္နက္ကိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ အလ်င္အျမန္ေပၚထြက္လာတာကို တအံ့တၾသ ျဖစ္ေနၾကပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ စစ္တပ္က ဖြဲ႔စည္းထားတဲ့ ျပည္သူ႔စစ္နဲ႔ နယ္ျခားေစာင့္တပ္အင္အားသံုးၿပီး တံု႔ျပန္ပါတယ္။ သူတို႔ထက္အဆင့္နိမ့္တဲ့ ပ်ဴေစာထီးနဲ႔ေသြးေသာက္လို အရပ္သားလူမိုက္အုပ္စုေတြကိုလည္း အသံုးျပဳပါတယ္။

ျမန္မာျပည္ဟာ လူမ်ဳိးစံုေနထိုင္တဲ့ေဒသျဖစ္လို႔ တိုင္းရင္းသားလက္နက္ကိုင္ ထိန္းခ်ဳပ္တဲ့ ျပည္နယ္ေတြမွာလည္း လက္နက္ကိုင္မ်ဳိးစံု ရိွပါတယ္။ တပ္သား (၁၀) ဦးက (၁၀၀) အထိရိွတဲ့ လက္နက္ကိုင္အဖြဲ႔ဟာ ျပည္သူ႔စစ္ ျဖစ္လာပါတယ္။ ျပည္သူ႔စစ္မွာ တပ္မေတာ္ရဲ ႔ ေထာက္ပံ့မႈမရေပမယ့္ စစ္ဆင္ေရးမွာ အကူအညီေပးရပါတယ္။ အမ်ားအားျဖင့္ တပ္မေတာ္နဲ႔ အပစ္ရပ္လုိက္လို႔ လုပ္ပိုင္ခြင့္ေတြ ရလာသူေတြ ျဖစ္ပါတယ္။ စစ္တပ္ကေလ့က်င့္ၿပီး လက္နက္ေပးထားတဲ့ ျပည္သူ႔စစ္လည္း ရိွပါတယ္။ ကခ်င္ျပည္နယ္၊ ပူတာအိုနဲ႔ ေခါင္လန္ဖူးက ရဝမ္ျပည္သူ႔စစ္နဲ႔ ဝိုင္းေမာ္ၿမိဳ ႔နယ္က လီစူးျပည္သူ႔စစ္ဟာ စစ္တပ္က ဖြဲ႔စည္းထားတဲအဖြဲ႔ေတြ ျဖစ္ပါတယ္။ လူနည္းစုေတြကို ျပည္သူစစ္အျဖစ္ အသြင္ေျပာင္းလိုက္တာပါ။ တာေလာႀကီးက ရွမ္းနီ (ေခၚ) ထိုင္းလိုင္ ျပည္သူ႔စစ္ဟာလည္း စစ္တပ္ရဲ ႔ ဖန္တီးမႈတခု ျဖစ္ပါတယ္။

ျပည္သူ႔စစ္မွာ အင္အားအမ်ဳိးမ်ဳိး ရိွပါတယ္။ စစ္သည္ တရာမျပည့္တဲ့အဖြဲ႔ ရိွသလို၊ ေလးငါးရာအထိရိွတဲ့ ျပည္သူ႔စစ္လည္း ရိွပါတယ္။ ဥပမာ ကြတ္ခိုင္က ေကာင္းခါးျပည္သူ႔စစ္ဆိုရင္ တပ္ဖြဲ႔ (၅) ဖြဲ႔ရိွၿပီး စုစုေပါင္းအင္အား (၃၀၀၀) ေလာက္ ရိွပါတယ္။ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ရဲ ႔ တပ္ရင္း (၄) က ေပါက္ဖြားလာတဲ့ ျပည္သူ႔စစ္ ျဖစ္ပါတယ္။ တပ္ရင္း (၄) ဟာ KIA က ခြဲထြက္ၿပီး၊ စစ္တပ္နဲ႔ အပစ္ရပ္တဲ့အခါမွာ ကခ်င္ကာကြယ္ေရးတပ္ KDA ျဖစ္လာပါတယ္။ ၂၀၁၀ ေရာက္ေတာ့ စစ္တပ္လက္ေအာက္ခံ ေကာင္းခါးျပည္သူ႔စစ္ ျဖစ္လာၿပီး၊ ကိုယ္နည္းကိုယ္ဟန္နဲ႔ ရန္ပံုေငြ ရွာၾကပါတယ္။

စစ္ကိုင္းတိုင္းေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္ေတာင္ပိုင္းမွာ ရွမ္းနီ (ေခၚ) ထုိင္းလိုင္လူမ်ဳိးစု သံုးသိန္းေလာက္ရိွၿပီး၊ ကခ်င္နဲ႔ ပဋိပကၡျဖစ္တဲ့ သမိုင္း ရိွပါတယ္။ ဒါကို အခြင့္ေကာင္းယူၿပီး စစ္တပ္က ရွမ္းနီျပည္သူ႔စစ္ ဖြဲ႔စည္းလိုကတာပါ။ ခြန္ဆာရဲ ႔တပ္ဖြဲ႔ အညံ့ခံတဲ့အခါမွာလည္း ျပည္သူ႔စစ္အမ်ားအျပား ေပၚထြက္လာပါတယ္။ ဒါေပမဲ့ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္ဟာ စစ္ေကာင္စီရဲ ႔ အရံတပ္ဖြဲ႔ေတြျဖစ္လို႔၊ PDF ျပည္သူ႔တပ္ဖြဲ႔နဲ႔ သဘာဝခ်င္း မတူပါဘူး။ ဒါေၾကာင့္ အရံတပ္ဖြဲ႔အျဖစ္ အသံုးေတာ္ခံတဲ့ တိုင္းရင္းသားတပ္ဖြဲ႔ေတြ အျမင္ေျပာင္းၿပီး၊ PDF ျပည္သူ႔တပ္နဲ႔ ပူးေပါင္းမလားဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

==Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရဟာ တနှစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့၊ PDF ပေါင်း (၂၅၇) ခုကို ဖွဲ့စည်းနိုင်ပြီး၊ မြို့နယ်ပေါင်း (၂၅၀) မှာ ဒေသခံကာကွယ်ရေးအဖွဲ့ကို စနစ်တကျ တည်ထောင်နိုင်တယ်လို့ မကြာမီက ကြေညာပါတယ်။ ဒေသခံမြို့ပြပြောက်ကြားတပ်ဖွဲ့ (၄၀၀) ကျော်နဲ့လည်း ချိတ်ဆက်ပြီး တိုက်ပွဲဝင်ဖို့ စီစဉ်နိုင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလထုတ် အမေရိကန် ငြိမ်းချမ်းရေးဌာန၊ USIP မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့ အစီရင်ခံစာမှာတော့ PDF တပ်ဖွဲ့ (၁၃၂) ဖွဲ့ ရှိတယ်လို့သာ ဖော်ပြပါတယ်။ အမြဲတမ်း ပြောင်းလဲတဲ့အခြေအနေကို နိုင်ငံခြားက လေ့လာရာမှာ အခက်အခဲ ရှိပုံရပါတယ်။

ဒါပေမဲ့ USIP အစီရင်ခံစာရဲ့ ထူးခြားမှုကတော့ ဒေသလိုက်၊ PDF ခုခံစစ်အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF အများဆုံးရှိပြီး၊ မကွေးက ဒုတိယ၊ မန္တလေးနဲ့ ချင်းပြည်နယ်ကတော့ တတိယအများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ ဝင်ရောက်ကူညီဖို့ ခက်ခဲပေမယ့် နိုင်ငံတကာရဲ့ လူသားချင်းစာနာရေး ကူညီထောက်ပံ့မှုကို အမေရိကန်အစိုးရက ဦးဆောင်သင့်တယ်လို့လည်း USIP လေ့လာရေးအဖွဲ့က ထောက်ခံတင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ နေရပ်ကိုစွန့်ခွါရသူ (၂၄၀,၆၀၀) ရှိလာပြီး၊ မကွေးတိုင်းမှာ (၅၀,၅၀၀) ဦး၊ ချင်းပြည်နယ်မှာ (၃၆,၃၀၀) ဦးရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က မေလ (၆) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဘာသာရေးအဆောက်အဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေ အနည်းဆုံး (၈၈၉၀) လုံး ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ တက်လာပြီးမှ တပြည်လုံးမှာ နေရပ်ကိုစွန့်ခွါသူဦးရေ (၅၇၈,၂၀၀) ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ကြွက်မနိုင် ကျီမီးရှို့ ဆိုသလို PDF တပ်တွေကို မနှိမ်နင်းနိုင်တဲ့ စစ်ကောင်စီတပ်ဟာ နီးစပ်ရာကျေးရွာတွေကို မီးရှို့ဖျက်ဆီးပါတယ်။ ဒီနေရာမှာ စစ်ကောင်စီ ထောက်ခံသူ ပျူစောထီးတွေလည်း ပါဝင်နေပါတယ်။ ကြံ့ဖွံ့ပါတီဝင်၊ မဘသအဖွဲ့ဝင်နဲ့ စစ်မှုထမ်းဟောင်း အများဆုံးပါဝင်တဲ့ ပျူစောထီးဟာ ပြည်သူ့ပစ္စည်း ဖျက်ဆီးခွင့်နဲ့ ပြည်သူကိုသတ်ဖြတ်ခွင့် ရထားတဲ့အဖွဲ့လို ဖြစ်နေပါတယ်။

PDF ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထူးခြားချက်ကတော့ မြေလတ်နဲ့ အထက်အညာက ဗမာတွေ အများအပြား ပါဝင်လာတာ ဖြစ်ပါတယ်။ ယုံကြည်ချက်နဲ့ ခုခံတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်မှာ အကျအရှုံးများပါတယ်။ အသေအပျောက်များတဲ့အခါ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်တဲ့အပြင် လေကြောင်းကလည်း ဗုံးကြဲပြီးတုံ့ပြန်ပါတယ်။ အရင်က တိုင်းရင်းသားကသာ လက်နက်ကိုင်တာပါ။ စစ်အာဏာသိမ်းပြီးမှ ဗမာလက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ အလျင်အမြန်ပေါ်ထွက်လာတာကို တအံ့တသြ ဖြစ်နေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အင်အားသုံးပြီး တုံ့ပြန်ပါတယ်။ သူတို့ထက်အဆင့်နိမ့်တဲ့ ပျူစောထီးနဲ့သွေးသောက်လို အရပ်သားလူမိုက်အုပ်စုတွေကိုလည်း အသုံးပြုပါတယ်။

မြန်မာပြည်ဟာ လူမျိုးစုံနေထိုင်တဲ့ဒေသဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့ ပြည်နယ်တွေမှာလည်း လက်နက်ကိုင်မျိုးစုံ ရှိပါတယ်။ တပ်သား (၁၀) ဦးက (၁၀၀) အထိရှိတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူ့စစ် ဖြစ်လာပါတယ်။ ပြည်သူ့စစ်မှာ တပ်မတော်ရဲ့ ထောက်ပံ့မှုမရပေမယ့် စစ်ဆင်ရေးမှာ အကူအညီပေးရပါတယ်။ အများအားဖြင့် တပ်မတော်နဲ့ အပစ်ရပ်လိုက်လို့ လုပ်ပိုင်ခွင့်တွေ ရလာသူတွေ ဖြစ်ပါတယ်။ စစ်တပ်ကလေ့ကျင့်ပြီး လက်နက်ပေးထားတဲ့ ပြည်သူ့စစ်လည်း ရှိပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုနဲ့ ခေါင်လန်ဖူးက ရဝမ်ပြည်သူ့စစ်နဲ့ ဝိုင်းမော်မြို့နယ်က လီစူးပြည်သူ့စစ်ဟာ စစ်တပ်က ဖွဲ့စည်းထားတဲအဖွဲ့တွေ ဖြစ်ပါတယ်။ လူနည်းစုတွေကို ပြည်သူစစ်အဖြစ် အသွင်ပြောင်းလိုက်တာပါ။ တာလောကြီးက ရှမ်းနီ (ခေါ်) ထိုင်းလိုင် ပြည်သူ့စစ်ဟာလည်း စစ်တပ်ရဲ့ ဖန်တီးမှုတခု ဖြစ်ပါတယ်။

ပြည်သူ့စစ်မှာ အင်အားအမျိုးမျိုး ရှိပါတယ်။ စစ်သည် တရာမပြည့်တဲ့အဖွဲ့ ရှိသလို၊ လေးငါးရာအထိရှိတဲ့ ပြည်သူ့စစ်လည်း ရှိပါတယ်။ ဥပမာ ကွတ်ခိုင်က ကောင်းခါးပြည်သူ့စစ်ဆိုရင် တပ်ဖွဲ့ (၅) ဖွဲ့ရှိပြီး စုစုပေါင်းအင်အား (၃၀၀၀) လောက် ရှိပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ တပ်ရင်း (၄) က ပေါက်ဖွားလာတဲ့ ပြည်သူ့စစ် ဖြစ်ပါတယ်။ တပ်ရင်း (၄) ဟာ KIA က ခွဲထွက်ပြီး၊ စစ်တပ်နဲ့ အပစ်ရပ်တဲ့အခါမှာ ကချင်ကာကွယ်ရေးတပ် KDA ဖြစ်လာပါတယ်။ ၂၀၁၀ ရောက်တော့ စစ်တပ်လက်အောက်ခံ ကောင်းခါးပြည်သူ့စစ် ဖြစ်လာပြီး၊ ကိုယ်နည်းကိုယ်ဟန်နဲ့ ရန်ပုံငွေ ရှာကြပါတယ်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်းမှာ ရှမ်းနီ (ခေါ်) ထိုင်းလိုင်လူမျိုးစု သုံးသိန်းလောက်ရှိပြီး၊ ကချင်နဲ့ ပဋိပက္ခဖြစ်တဲ့ သမိုင်း ရှိပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်တပ်က ရှမ်းနီပြည်သူ့စစ် ဖွဲ့စည်းလိုကတာပါ။ ခွန်ဆာရဲ့တပ်ဖွဲ့ အညံ့ခံတဲ့အခါမှာလည်း ပြည်သူ့စစ်အများအပြား ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာ စစ်ကောင်စီရဲ့ အရံတပ်ဖွဲ့တွေဖြစ်လို့၊ PDF ပြည်သူ့တပ်ဖွဲ့နဲ့ သဘာဝချင်း မတူပါဘူး။ ဒါကြောင့် အရံတပ်ဖွဲ့အဖြစ် အသုံးတော်ခံတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ အမြင်ပြောင်းပြီး၊ PDF ပြည်သူ့တပ်နဲ့ ပူးပေါင်းမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG