သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူ႔စစ္အမည္ခံ ပ်ဴေစာထီး


ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျပည္သူလူထုက ခုခံတိုက္ခိုက္တာကို မႏွိမ္နင္းႏိုင္ရင္ ျပည္သူ႔အခ်ိဳ႕ကို လက္နက္တပ္ဆင္းၿပီး အခ်င္းခ်င္းတိုက္ခိုက္ႏိုင္တဲ့ နည္းဗ်ဴဟာကို ၁၉၄၉ ကစၿပီး ဗမာအစိုးရအဆက္ဆက္ က်င့္သုံးခဲ့ပါတယ္။ ဒီနည္းနဲ႔ သက္ဆိုးရွည္ခဲ့တဲ့ အစဥ္အလာေၾကာင့္ စစ္ေကာင္စီကလည္း ျပည္သူကို လက္နက္တပ္ဆင္ၿပီး အခ်င္းခ်င္းတိုက္ခိုက္ေအာင္ ႀကိဳးပမ္းလာပုံရပါတယ္။ လြတ္လပ္ေရးရၿပီး တႏွစ္အတြင္းမွာ တပ္မေတာ္ဟာ အစိတ္စိတ္အမႊာမႊာ ကြဲေနပါၿပီ။ ကြန္ျမဴနစ္၊ ျပည္သူ႔ရဲေဘာ္နဲ႔ ကရင္သူပုန္တို႔ရဲ႕ ထိုးစစ္ေတြေၾကာင့္ ဖဆပလအစိုးရဟာ ျဖစ္သလို စုထားသူေတြကို (၂) နာရီ သင္တန္းေပးၿပီး စစ္တိုက္ခိုင္းခဲ့ရပါတယ္။

ဒါေၾကာင့္ စစ္တြင္းကာလမွာ သိကြၽမ္းခဲ့တဲ့ ေဒသခံလက္နက္ကိုင္ေတြကို ျပန္လည္ဆက္သြယ္ၿပီး အစိုးရဘက္မွာ လူမ်ားလာေအာင္ စည္း႐ုံးရပါတယ္။ အရည္အခ်င္းမမီလို႔ ေခတ္သစ္တပ္မေတာ္ထဲ ဝင္ခြင့္မရတဲ့ ရဲေဘာ္ေဟာင္း၊ အလုပ္လက္မဲ့နဲ႔ လူဆိုးဓါးျပေတြကို လက္နက္ေပးၿပီး စစ္ဝန္ထမ္းတပ္ကို ဖြဲ႕စည္းပါတယ္။ လူဆိုးလူမိုက္ ဒုစ႐ိုက္ေတြပါဝင္တဲ့ ဖဆပလရဲ႕ ဝန္ထမ္းတပ္ဟာ အပုပ္အသိုးေတြကို စုစည္းထားတဲ့ မိလႅာအိုးႀကီးနဲ႔ တူတယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဟာင္းေအာင္ႀကီးက သုေတသီ ေမရီကယ္လဟန္ကို ၁၉၉၃ က ေျပာဖူးပါတယ္။ မိလႅာအိုးႀကီးနဲ႔ အေပါက္ခံရတဲ့ ေတာ္လွန္ေရးဟာ အရွိန္ေသသြားပါတယ္။

ပုန္ကန္မႈ အရွိန္ေသသြားတဲ့အခါမွာ အာဏာရဖဆပလအဖြဲ႕ဟာ အေျခခံလူထုအဖြဲ႕အစည္းေတြကို ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းပါတယ္။ အဲဒီအခါမွာ ဗိုလ္မႉးခ်ဳပ္ေအာင္ႀကီးေျပာတဲ့ စစ္ဝန္ထမ္းမိလႅာအိုးႀကီးဟာ ၁၉၅၆ ခုႏွစ္မွာ ပ်ဴေစာထီးဆိုတဲ့ အမည္သစ္နဲ႔ ထြက္ေပၚလာပါတယ္။ သူပုန္ႏွိမ္နင္းေရး ဦးစားေပးၿပီး အလ်င္အျမန္ စစ္သားစုေဆာင္းတာေၾကာင့္ အက်င့္ပ်က္ သူခိုးဂ်ပိုးေတြ တပ္မေတာ္ထဲ ေရာက္လာပုံကို ၁၉၅၀ ဇူလိုင္လထုတ္ စစ္႐ုံးအထူးအမိန႔္မွာ ေဖာ္ျပထားပါတယ္။ အဲဒီကတည္းက စစ္နယ္ေျမမွာ အဖိုးတန္းပစၥည္း သိမ္းယူတာေတြ၊ ဘိန္းေမွာင္ခိုနဲ႔ ပူးေပါင္းတာေတြ၊ မတရားလုပ္တာေတြ ရွိလာပါတယ္။ ဒါေၾကာင့္ ပုန္ကန္မႈအားနည္းၿပီး အရွိန္ေသသြားတာဟာ တပ္မေတာ္ရဲ႕ အရည္အခ်င္းေၾကာင့္ မဟုတ္ဘဲ၊ သူပုန္ဘက္က ညံ့ဖ်င္းလိုသာ ျဖစ္ဖြယ္ရွိတယ္လို႔ ေမရီကယ္လဟန္က သုံးသပ္ပါတယ္။

ဒီလိုနာမည္ပ်က္ရွိခဲ့လို႔ ပ်ဴေစာထီးဆိုတဲ့အမည္ကို စစ္ေကာင္စီက မသုံးတာ ျဖစ္ပုံရပါတယ္။ ဒါေပမဲ့ ပ်ဴေစာထီးဟာ လူတိုင္းသိတဲ့ လွ်ိဳ႕ဝွက္ခ်က္လို ျဖစ္ေနပါတယ္။ စစ္အာဏာသိမ္းၿပီး မၾကာမီ မတ္လ (၅) ရက္ေန႔မွာ ပ်ဴေစာထီးအဖြဲ႕ကို မႏၲေလးမွာ လွ်ိဳ႕ဝွက္ဖြဲ႕စည္းလိုက္တယ္လို႔ ပ်ဴေစာထီး (ဗဟို) က ထုတ္ျပန္ေၾကညာေၾကာင္း ၂၀၂၁ စက္တင္ဘာလ (၂၅) ရက္ေန႔ထုတ္ ဘီဘီစီသတင္းေဆာင္းပါးမွာ ေဖာ္ျပပါတယ္။ ပ်ဴေစာထီးအမ်ားစုဟာ စစ္မႈထမ္းေဟာင္းမ်ားနဲ႔ မဘသမ်ား ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ သတင္းေထာက္လွမ္းေရးဟာ ပ်ဴေစာထီးရဲ႕ အဓိကလုပ္ငန္းတခု ျဖစ္လာပါတယ္။ ပ်ဴေစာထီးကို သတ္ျဖတ္တဲ့သတင္းနဲ႔ ပ်ဴေစာထီးက သတ္ျဖတ္တဲ့သတင္းေတြကို လူမႈကြန္ရက္မွာ မၾကာခဏ ေတြ႕ရပါတယ္။ ႀကံ့ဖြံ႕ပါတီကလည္း ပ်ဴေစာထီးနဲ႔ လုံးဝပတ္သက္ျခင္း မရွိဘူးလို႔ အတိအလင္း ေၾကညာထားပါတယ္။

ဒါေပမဲ့ စစ္ေကာင္စီက ဖြဲ႕စည္းထားတဲ့ ျပည္သူ႔စစ္နဲ႔ ပ်ဴေစာထီးဟာ အေျခခံသဘာဝျခင္း တူညီတာမို႔ သံတူေၾကာင္းကြဲ ျဖစ္ေနပါတယ္။ ျပည္သူ႔စစ္ (၇၇) ဖြဲ႕ကို လက္နက္ (၂၀၀၀) ေက်ာ္ တပ္ဆင္ေပးထားတယ္လို႔ စစ္ေကာင္စီခန႔္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္က ေနျပည္ေတာ္အစည္းအေဝးမွာ တင္ျပတယ္လို႔ သတင္းထြက္လာတာကို ဧၿပီလ (၂၈) ရက္ေန႔ထုတ္ Myanmar Now မွာ ေဖာ္ျပပါတယ္။ စစ္ေကာင္စီရဲ႕ ျပည္သူစစ္ကို ပ်ဴေစာထီးအျဖစ္ လူသိမ်ားပါတယ္။ စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ေမွာ္ေတာ႐ြာက ဦးဝါသဝဆိုတဲ့ဘုန္းႀကီး ပ်ဴေစာထီးကို ဦးေဆာင္ေနေၾကာင္း ဇြန္လ (၂၈) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက စတင္ဖြဲ႕စည္းကာ အင္အား (၄၀၀၀) ေလာက္ ရွိေနၿပီလို႔ သိရပါတယ္။ ဒါေပမဲ့ ပ်ဴေစာထီး ျဖစ္မွန္းမသိေအာင္ေနဖို႔ ၫႊန္ၾကားထားတယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းမွာ ပ်ဴေစာထီးကို စစ္သင္တန္းေပးၿပီး စစ္ေကာင္စီတပ္နဲ႔အတူ လိုက္ခိုင္းတာေတြ ရွိလာပါတယ္။ ပ်ဴေစာထီးကို လက္နက္ေပးၿပီး ျပည္သူ႔စစ္ လုပ္ႏိုင္တဲ့သေဘာပါ။ ေႏြဦးေတာ္လွန္ေရးကို ျပည္သူ႔အင္အားသုံးၿပီး တုံ႔ျပန္တိုက္ခိုက္သြားမယ္လို႔ လြန္ခဲ့တဲ့ ဧၿပီလ (၂၇) ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီျပန္ၾကားေရး ဒုဝန္ႀကီးက ေျပာပါတယ္။ ျပည္သူပါဝင္တဲ့ ျပည္သူ႔လုံၿခဳံေရးစနစ္ကို အေထာက္အပံ့ပစၥည္း အျပည့္အစုံနဲ႔ အေကာင္အထည္ေဖာ္မယ္လို႔ ဆိုပါတယ္။ ပ်ဴေစာထီးကို လက္နက္တပ္ဆင္ၿပီး လုံၿခဳံေရးတပ္အေနနဲ႔ စစ္တိုက္ခိုင္းတဲ့သေဘာမ်ိဳး ျဖစ္ေနပါတယ္။

ပ်ဴေစာထီးဟာ စစ္ေကာင္စီရဲ႕ ေဒါက္တိုင္တခု ျဖစ္တယ္လို႔ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရက ဆိုပါတယ္။ ဒါေၾကာင့္ သတင္းရယူၿပီး ဆႏၵျပတဲ့ ပ်ဴေစာထီးနဲ႔ လက္နက္ကိုင္ ပ်ဴေစာထီးဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ရွိလာျပန္ပါတယ္။ ႐ြာမီးရႈိ႕ၿပီး အၾကမ္းဖက္တဲ့ေနရာမွာ လက္နက္ကိုင္ပ်ဴေစာထီး ပါဝင္လာပါတယ္။ ခိုင္းတာလုပ္တဲ့အတြက္ စစ္ေကာင္စီက ဆုလာဘ္ ခ်ီးျမင့္တာမ်ိဳးလည္း မၾကာခဏ လုပ္ပါတယ္။ လြန္ခဲ့တဲ့လကပဲ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္မွာ စစ္တပ္က သိမ္းယူထားတဲ့ ဆိုင္ကယ္အစီး (၁၃၀) ကို ျပည္သူ႔စစ္အမည္ခံ ပ်ဴေစာထီးေတြကို ေပးကမ္းေၾကာင္း သတင္းေဖာ္ျပၾကပါတယ္။

=== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပြည်သူလူထုက ခုခံတိုက်ခိုက်တာကို မနှိမ်နင်းနိုင်ရင် ပြည်သူ့အချို့ကို လက်နက်တပ်ဆင်းပြီး အချင်းချင်းတိုက်ခိုက်နိုင်တဲ့ နည်းဗျူဟာကို ၁၉၄၉ ကစပြီး ဗမာအစိုးရအဆက်ဆက် ကျင့်သုံးခဲ့ပါတယ်။ ဒီနည်းနဲ့ သက်ဆိုးရှည်ခဲ့တဲ့ အစဉ်အလာကြောင့် စစ်ကောင်စီကလည်း ပြည်သူကို လက်နက်တပ်ဆင်ပြီး အချင်းချင်းတိုက်ခိုက်အောင် ကြိုးပမ်းလာပုံရပါတယ်။ လွတ်လပ်ရေးရပြီး တနှစ်အတွင်းမှာ တပ်မတော်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေပါပြီ။ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်နဲ့ ကရင်သူပုန်တို့ရဲ့ ထိုးစစ်တွေကြောင့် ဖဆပလအစိုးရဟာ ဖြစ်သလို စုထားသူတွေကို (၂) နာရီ သင်တန်းပေးပြီး စစ်တိုက်ခိုင်းခဲ့ရပါတယ်။

ဒါကြောင့် စစ်တွင်းကာလမှာ သိကျွမ်းခဲ့တဲ့ ဒေသခံလက်နက်ကိုင်တွေကို ပြန်လည်ဆက်သွယ်ပြီး အစိုးရဘက်မှာ လူများလာအောင် စည်းရုံးရပါတယ်။ အရည်အချင်းမမီလို့ ခေတ်သစ်တပ်မတော်ထဲ ဝင်ခွင့်မရတဲ့ ရဲဘော်ဟောင်း၊ အလုပ်လက်မဲ့နဲ့ လူဆိုးဓါးပြတွေကို လက်နက်ပေးပြီး စစ်ဝန်ထမ်းတပ်ကို ဖွဲ့စည်းပါတယ်။ လူဆိုးလူမိုက် ဒုစရိုက်တွေပါဝင်တဲ့ ဖဆပလရဲ့ ဝန်ထမ်းတပ်ဟာ အပုပ်အသိုးတွေကို စုစည်းထားတဲ့ မိလ္လာအိုးကြီးနဲ့ တူတယ်လို့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက သုတေသီ မေရီကယ်လဟန်ကို ၁၉၉၃ က ပြောဖူးပါတယ်။ မိလ္လာအိုးကြီးနဲ့ အပေါက်ခံရတဲ့ တော်လှန်ရေးဟာ အရှိန်သေသွားပါတယ်။

ပုန်ကန်မှု အရှိန်သေသွားတဲ့အခါမှာ အာဏာရဖဆပလအဖွဲ့ဟာ အခြေခံလူထုအဖွဲ့အစည်းတွေကို ဖွဲ့စည်းဖို့ ကြိုးပမ်းပါတယ်။ အဲဒီအခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးပြောတဲ့ စစ်ဝန်ထမ်းမိလ္လာအိုးကြီးဟာ ၁၉၅၆ ခုနှစ်မှာ ပျူစောထီးဆိုတဲ့ အမည်သစ်နဲ့ ထွက်ပေါ်လာပါတယ်။ သူပုန်နှိမ်နင်းရေး ဦးစားပေးပြီး အလျင်အမြန် စစ်သားစုဆောင်းတာကြောင့် အကျင့်ပျက် သူခိုးဂျပိုးတွေ တပ်မတော်ထဲ ရောက်လာပုံကို ၁၉၅၀ ဇူလိုင်လထုတ် စစ်ရုံးအထူးအမိန့်မှာ ဖော်ပြထားပါတယ်။ အဲဒီကတည်းက စစ်နယ်မြေမှာ အဖိုးတန်းပစ္စည်း သိမ်းယူတာတွေ၊ ဘိန်းမှောင်ခိုနဲ့ ပူးပေါင်းတာတွေ၊ မတရားလုပ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် ပုန်ကန်မှုအားနည်းပြီး အရှိန်သေသွားတာဟာ တပ်မတော်ရဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ သူပုန်ဘက်က ညံ့ဖျင်းလိုသာ ဖြစ်ဖွယ်ရှိတယ်လို့ မေရီကယ်လဟန်က သုံးသပ်ပါတယ်။

ဒီလိုနာမည်ပျက်ရှိခဲ့လို့ ပျူစောထီးဆိုတဲ့အမည်ကို စစ်ကောင်စီက မသုံးတာ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ပျူစောထီးဟာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်လို ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းပြီး မကြာမီ မတ်လ (၅) ရက်နေ့မှာ ပျူစောထီးအဖွဲ့ကို မန္တလေးမှာ လျှို့ဝှက်ဖွဲ့စည်းလိုက်တယ်လို့ ပျူစောထီး (ဗဟို) က ထုတ်ပြန်ကြေညာကြောင်း ၂၀၂၁ စက်တင်ဘာလ (၂၅) ရက်နေ့ထုတ် ဘီဘီစီသတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ ပျူစောထီးအများစုဟာ စစ်မှုထမ်းဟောင်းများနဲ့ မဘသများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သတင်းထောက်လှမ်းရေးဟာ ပျူစောထီးရဲ့ အဓိကလုပ်ငန်းတခု ဖြစ်လာပါတယ်။ ပျူစောထီးကို သတ်ဖြတ်တဲ့သတင်းနဲ့ ပျူစောထီးက သတ်ဖြတ်တဲ့သတင်းတွေကို လူမှုကွန်ရက်မှာ မကြာခဏ တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီကလည်း ပျူစောထီးနဲ့ လုံးဝပတ်သက်ခြင်း မရှိဘူးလို့ အတိအလင်း ကြေညာထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်နဲ့ ပျူစောထီးဟာ အခြေခံသဘာဝခြင်း တူညီတာမို့ သံတူကြောင်းကွဲ ဖြစ်နေပါတယ်။ ပြည်သူ့စစ် (၇၇) ဖွဲ့ကို လက်နက် (၂၀၀၀) ကျော် တပ်ဆင်ပေးထားတယ်လို့ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က နေပြည်တော်အစည်းအဝေးမှာ တင်ပြတယ်လို့ သတင်းထွက်လာတာကို ဧပြီလ (၂၈) ရက်နေ့ထုတ် Myanmar Now မှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူစစ်ကို ပျူစောထီးအဖြစ် လူသိများပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တောရွာက ဦးဝါသဝဆိုတဲ့ဘုန်းကြီး ပျူစောထီးကို ဦးဆောင်နေကြောင်း ဇွန်လ (၂၈) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းကာ အင်အား (၄၀၀၀) လောက် ရှိနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ပျူစောထီး ဖြစ်မှန်းမသိအောင်နေဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပျူစောထီးကို စစ်သင်တန်းပေးပြီး စစ်ကောင်စီတပ်နဲ့အတူ လိုက်ခိုင်းတာတွေ ရှိလာပါတယ်။ ပျူစောထီးကို လက်နက်ပေးပြီး ပြည်သူ့စစ် လုပ်နိုင်တဲ့သဘောပါ။ နွေဦးတော်လှန်ရေးကို ပြည်သူ့အင်အားသုံးပြီး တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ လွန်ခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ပျူစောထီးကို လက်နက်တပ်ဆင်ပြီး လုံခြုံရေးတပ်အနေနဲ့ စစ်တိုက်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။

ပျူစောထီးဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခု ဖြစ်တယ်လို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရက ဆိုပါတယ်။ ဒါကြောင့် သတင်းရယူပြီး ဆန္ဒပြတဲ့ ပျူစောထီးနဲ့ လက်နက်ကိုင် ပျူစောထီးဆိုပြီး နှစ်မျိုးနှစ်စား ရှိလာပြန်ပါတယ်။ ရွာမီးရှို့ပြီး အကြမ်းဖက်တဲ့နေရာမှာ လက်နက်ကိုင်ပျူစောထီး ပါဝင်လာပါတယ်။ ခိုင်းတာလုပ်တဲ့အတွက် စစ်ကောင်စီက ဆုလာဘ် ချီးမြင့်တာမျိုးလည်း မကြာခဏ လုပ်ပါတယ်။ လွန်ခဲ့တဲ့လကပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်တပ်က သိမ်းယူထားတဲ့ ဆိုင်ကယ်အစီး (၁၃၀) ကို ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေကို ပေးကမ်းကြောင်း သတင်းဖော်ပြကြပါတယ်။

XS
SM
MD
LG