သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
ရုရှား-မြန်မာဆက်ဆံရေး အတိမ်အနက် နှင့် ဂယက်
MYANMAR-RUSSIA-DIPLOMACY
===Unicode ====
မြန်မာနိုင်ငံမှာ စစ်တပ်ကောင်စီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတို့ အားပြိုင်ပွဲမှာ ရုရှားကြောင့် စစ်ကောင်ဘက်ကို ပိုမို အလေးသာသွားနိုင်ပါသလား ဒါမှမဟုတ် စစ်အေးကာလတုန်းက တချို့နိုင်ငံတွေ ကြုံခဲ့ရသလို Proxy War ခေါ် ကြားလူထားတိုက်တဲ့ စစ်ပွဲရဲ့စစ်မြေပြင် ဖြစ်လာနိုင်ပါသလား။ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးသုံးသပ်သူ ပါမောက္ခ မီမီဝင်းဘာ့ခ် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒေါက်တာမီမီဝင်းဘာ့ခ် … ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ရုရှားနဲ့ မြန်မာနိုင်ငံ အထူးသဖြင့် ရုရှားနဲ့ စစ်ကောင်စီတို့ ပိုမိုနီးးစပ်လာတဲ့ကိစ္စ။ ဒီလိုနီးစပ်မှုဟာ မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်းမှာ ဘယ်လိုရိုက်ခတ်မှုတွေ ရှိနိုင်သလဲဆိုတာကို ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။
ဖြေ ။ ။ ဒီနေ့ ကျမပြောပြမယ့် အချက်အလက်တွေကတော့ ကျမအနေနဲ့ ပုဂ္ဂိုလ်တဦး၊ ပညာရှင်တဦးရဲ့ အနေနဲ့ ပြောပြတာပါ။ ကျမရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်အနေနဲ့ ပြောတာမဟုတ်ပါဘူး။ US Department of Defense ကိုယ်စားလှယ်အဖြစ်နဲ့ ပြောတာမဟုတ်ပါဘူး။
မေး ။ ။ ပထမဦးဆုံးကတော့ ရုရှားက မြန်မာနိုင်ငံနဲ့ ပိုမိုနီးကပ်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို ကြည့်ကြရအောင်ပါ။ ရုရှားဆီက အကူအညီတွေ ပိုရလာတဲ့အတွက် စစ်ကောင်စီအနေနဲ့ ပိုမိုအင်အားကောင်းသွားမလား။ သူတို့ကို ခုခံတွန်းလှန်နေသူတွေပေါ် အနိုင်ရဖို့အတွက် အလားအလာ ပိုများသွားပြီလားဆိုတာကို ပထမဦးဆုံး သုံးသပ်ပေးပါ။
ဖြေ ။ ။ အခုအချိန်မှာ ရုရှားက မြန်မာနိုင်ငံကို သူတို့မှာ ရှိနေတဲ့ used equipment သုံးထားပြီးတဲ့ လက်နက်ဟောင်းတွေကို ပြန်ပြီးတော့ ရောင်းဖို့အတွက် မြန်မာက သူတို့ရဲ့ ဈေးကွက်။ အဲဒီအတွက်ကြောင့် လုပ်နေတာ။ နောက်တခုကြတော့ သူတို့က ယူကရိန်းကို သွားပြီးတော့ တိုက်ခိုက်တဲ့အခါမှာ နိုင်ငံတကာကနေ Sanction တွေ လုပ်ထားကြတယ်။ UN ထဲမှာ မဲလိုလာကြပြီ။ ထောက်ခံတဲ့ နိုင်ငံတွေ သိပ်မရှိတော့တဲ့အခါကြတော့ မြန်မာနိုင်ငံကို စစ်ကောင်စီရဲ့ ထောက်ခံမှုကိုရဖို့ လုပ်တာပါ။ ဒါပေမဲ့ အကယ်၍ မြန်မာစစ်တပ်က မဝယ်နိုင်တော့ဘူးဆိုရင်တော့ သူတို့ရောင်းမှာ မဟုတ်တော့ဘူး။ သူတို့က ဒီလက်နက်တွေကို အလကားပေးနေတာ မဟုတ်ဘူး။ သူတို့က ရောင်းနေတာ။
မေး ။ ။ ဒီနေရာမှာ ရုရှားဘက်က သူတို့အကျိုးစီးပွားပေါ့။ ဆိုတော့ မြန်မာနိုင်ငံ စစ်ကောင်စီအတွက်ကော ဒီလိုဆက်ဆံလုပ်နေတာ အကျိုးမရှိဘူးလား။
ဖြေ ။ ။ သူတို့ဝယ်နိုင်သမျှ ကာလပတ်လုံးတော့ နည်းနည်းသူတို့ရဲ့ ပံ့ပိုးမှု ရတာပေါ့။ ဒါပေမဲ့ တနေ့မပေးနိုင်တော့ဘူးဆိုရင်တော့ ရုရှားက အလကားလာပေးမှာ မဟုတ်ဘူး။ ရုရှားတို့က မြန်မာနိုင်ငံကို ဂုတ်သွေးစုပ်နေတာ။ သွေးကုန်သွားရင်တော့ ဒီအတိုင်း ပစ်သွားမှာပေါ့။
မေး ။ ။ အခုလောလောဆယ် မကြာသေးခင်ကပဲ မြန်မာနိုင်ငံဟာ ရုရှားဆီကနေ ရေနံဝယ်မယ်။ မြန်မာနိုင်ငံမှလည်း လောင်စာအခက်အခဲက အများကြီးရင်ဆိုင်နေရတဲ့ အချိန် ဖြစ်ပါတယ်။ ရုရှားဆီက လောင်စာတွေ၊ ဓါတ်ဆီတွေ ဝယ်ယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ လုပ်ငန်းတွေအတွက် မီးလင်းလာမယ်။ ပြည်သူတွေအတွက်ကော တနည်းအားဖြင့် အကျိုးလာမယ်ဆိုရင်ကော မှားမလား။
ဖြေ ။ ။ အဲဒါကတော့ စစ်တပ်က ဝယ်လာတဲ့ ဆီတွေကိုတော့ သူတို့ပိုင်သူတို့ပဲ ပြန်သုံးမလား။ ပြည်သူလူထုကို ဝေချပြီးတော့ သုံးမလားဆိုတာကိုတော့ ကျမ မသိဘူး။ အကယ်၍ ပြည်သူလူထုက ဒီဆီဝယ်လာတဲ့ဟာကို မသုံးရဘူးဆိုရင် ပြည်သူလူထုအတွက် အလကားပါပဲ။
မေး ။ ။ နောက်တခုက စစ်ကောင်စီရဲ့ လက်နက်တွေကို ရတယ်ဆိုကြပါစို့ - ပိုက်ဆံရှိတုန်း ပေးနိုင်လို့။ အဲဒီလက်နက်တွေကြောင့် စစ်ကောင်စီက သူတို့ကို ခုခံတိုက်ခိုက်နေတဲ့ အင်အားစုတွေအပေါ် စစ်ရေးအားဖြင့် အသားစီးရလာနိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျမအမြဲတမ်းပြောတယ် - စစ်တိုက်တယ် နိုင်တယ်၊ မနိုင်ဘူးဆိုတာက ဗျူဟာနဲ့ပိုပြီးတော့ သက်ဆိုင်တယ်။ Fire power လက်နက်အင်အားက (၂၅) ရာခိုင်နှုန်း၊ ဗျူဟာကောင်းလို့ရှိရင် (၇၅) ရာခိုင်နှုန်းလောက် ရှိတယ်။ ဆိုတော့ ကျမအစောကြီးကတည်းက ပြောထားတယ်။ သူတို့ဗျူဟာက လုပ်တတ်တာက တမျိုးပဲ - ပြည်သူလူထုကို အကြမ်းဖက် ဒီလိုမျိုး ရက်ရက်စက်စက် လုပ်တာပဲရှိတယ်။ သူတို့ ဒီလိုမျိုး ပြည်သူလူထုကို ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း လုပ်လေ၊ ပြည်သူလူထုကို ဓါးပြတိုက်လေလေ၊ စိတ်ဆင်းရဲအောင်လုပ်လေလေ သူတို့ရဲ့ဘက်ကို ပြည်သူလူထုရဲ့ Heart and Mind - ရင်ထဲစိတ်ထဲကနေ ထောက်ခံနေမှာ မဟုတ်ဘူး။ ဆိုတော့ ဘယ်လောက်ပဲ လက်နက်တွေ ရှိနေပါစေ၊ ဗျူဟာမကောင်းလို့ရှိရင် ဘယ်လိုမှ မနိုင်နိုင်ဘူး။
မေး ။ ။ ပြည်တွင်းနဲ့ ပတ်သက်တဲ့ ဂယက်ရိုက်မှုကို ပြောတဲ့နေရာမှာ မီမီ အရင်ကပြောခဲ့တဲ့စကားကို သတိရမိပါတယ်။ ဆရာမတယောက်အနေနဲ့ ဒီမိုကရေစီ တောင်းဆိုပြီး တိုက်ပွဲဝင်နေကြတဲ့ဘက်ကိုရော ဘယ်လောက်အမှတ်ပေးသလဲဆိုတော့၊ အဲဒီတုန်းက ပြောခဲ့တာက B or B+ ပေးတယ်ဆိုတော့ အခု အမှတ်ပြန်ပေးကြည့်ပါအုံး ဘယ်လောက်ပေးချင်ပါသလဲ။
ဖြေ ။ ။ ပြည်သူလူထုဘက်က သူတို့က ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်လို့ရှိရင် သူတို့အတွက် ပိုရမယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ဘက်က လုပ်နေတဲ့နည်းတွေက မအောင်မြင်နိုင်တဲ့ ဗျူဟာတွေ သုံးထားတယ်။ အဲဒီလိုပြောလို့ရတယ်။ ဆိုတော့ Political Prisoners နိုင်ငံရေးအကျဉ်းသား လေးယောက်ကို သတ်လိုက်တဲ့အခါမှာ ပြည်သူလူထုက ပိုပြီးတော့ နာကျည်လာတယ်။ ဒီနာကျည်မှုက အမြဲတမ်း ရှိနေတယ်။ ဒီနာကျည်မှုကို အသုံးချပြီးတော့ အခုအချိန်ထိ လုပ်နေတုန်းပဲ၊ လုပ်နိုင်နေတုန်းပဲဆိုတော့ သူတို့ရဲ့ Persistence မဆုတ်မနစ်ကြိုးပမ်းမှုက အရမ်းကြီးမားတယ်လို့ ပြောနိုင်တယ်။ မဆုတ်မနစ် ကြိုးပမ်းမှုကို ကျမအနေနဲ့ A ပေးလို့ရတယ်။
မေး ။ ။ အခုအခါမှာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ရုရှားအတွက် ခြေကုပ်စခန်းတခု ဖြစ်လာနိုင်မယ်ဆိုတော့ ဒီနေရာမှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကိုလည်း ထွက်ပေါက်လည်းဖြစ်နေတယ်ဆိုတော့ တရုတ်ရဲ့ သဘောထား ဘယ်လိုဖြစ်လာနိုင်မယ် ထင်ပါသလဲ။ လုံးဝကျေနပ်ပါ့မလား။
ဖြေ ။ ။ အခုဆိုရင် Proxy War - ကြားခံထားတိုက်တဲ့စစ်ပွဲ က မြန်မာနိုင်ငံမှာ ဖြစ်နေတယ်။ အဲဒီကြားခံစစ်ပွဲက ရုရှားနဲ့ တရုတ်နဲ့ကြားထဲမှာ - ဒီဘက် စစ်တပ်ဘက်မှာ ကိုးဆယ်ရာခိုင်နှုန်းကျော်ကျော် သူတို့ရဲ့စစ်လက်နက်တွေက ရုရှားဘက်ကလာတာ။ ဟိုဘက် EAO တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကြတော့ တရုတ်ဘက်ကလာတာ။ တကယ်ကြည့်လိုက်လို့ရှိရင် မြန်မာနိုင်ငံမှာ တယောက်နဲ့တယောက် သတ်နေတဲ့ဟာက တရုတ်နဲ့ ရုရှားတို့ရဲ့ လက်နက်တွေနဲ့ ဖြစ်တယ်။ အဲဒါကို ပြန်သုံးသပ်လို့ရှိရင် တရုတ်နဲ့ ရုရှားတို့က မြန်မာနိုင်ငံမှာ Proxy War အနေနဲ့ တိုက်ခိုက်နေကြတယ်လို့ ပြောလို့ရတယ်။ သူတို့ရဲ့ လက်နက်တွေကို သုံးနေတာ။
မေး ။ ။ ဒါပေမဲ့ တချို့ကပြောကြတာက တရုတ်နဲ့ ရုရှားတို့ကိုတဘက်၊ နောက်ပြီးတော့ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကို တဘက်ထားပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်က တရုတ်နဲ့ ရုရှားဘက်က ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေက အမေရိကန်နဲ့ အနောက်နိုင်ငံတွေဘက်ကဆိုတဲ့ Proxy War က အဲဒီပုံစံမျိုး စစ်အေးကာလတုန်းကလို ဖြစ်ပြီးတော့ တရုတ်၊ ရုရှားဘက်၊ အမေရိကန် အနောက်အုပ်စုဘက် အဲဒီလိုနှစ်ခြမ်းကွဲပြီးတော့ ဖြစ်နိုင်တဲ့ Proxy War မျိုးလို့ တချို့က သုံးသပ်ရေးသားကြတာကို တွေ့ရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုသုံးသပ်လိုပါလဲ။
ဖြေ ။ ။ အဲဒီမှာဆိုရင် အမေရိကန်ရဲ့ လက်နက်တွေက ဘယ်မှာလဲ။ Proxy War လို့ ပြောလိုက်လို့ရှိရင် ကျမ အခုနပြောသလိုပါပဲ အမေရိကန်ဘက်က သေနတ်တွေ ဘာမှမရှိဘူး။ သူတို့ပြောတဲ့ Proxy War ဆိုတာက misinformation မမှန်တဲ့သတင်း ဖြစ်တယ်။ တရုတ်ရဲ့ misinformation လို့ ပြောနိုင်တယ်။ အမေရိကန်တွေ ကူညီပါတယ်။ ဒါပေမဲ့ ကူညီဟာက များသောအားဖြင့် Humanitarian Assistance ဒုက္ခသည်တွေကို ကူညီတာတွေ၊ သံတမန်ရေး ဆက်ဆံမှုတွေ - ဒီမိုကရေစီကို ကူညီပေးတာ။ တကယ်စစ်တိုက်နေတာ Proxy War ကြတော့ လက်နက်တွေကိုကြည့်လိုက်ရင် တရုတ်နဲ့ ရုရှားတို့ရဲ့ လက်နက်တွေက မြန်မာနိုင်ငံမှာဝင်ပြီးတော့ ချနေကြတာ။
မေး ။ ။ အမေရိကန်က လူသားချင်းစာနာတဲ့ အကူအညီတွေသာ ပေးနေတယ်။ အားပေးစကားတွေ ပြောနေတယ်။ လက်နက်မထောက်ပံ့ဘူးလို့ ပြောတယ်။ အခုအခါမှာ USIP က Scot Marciel မြန်မာနိုင်ငံမှာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအပါအဝင် တချို့ကပြောကြတယ်။ ခုခံတွန်းလှန်နေသူတွေ အောင်ပွဲရအောင် ကူညီဖို့လိုပြီဆိုပြီးတော့ တိုက်တွန်းနေကြတာ ရှိပါတယ်။ အဲဒီကိစ္စ ဘယ်လောက်အထိ ထိရောက်နိုင်ပါသလဲ။ အဲဒီလို ကူညီသင့်တယ်လို့ ဒေါက်တာမီမီဝင်ဘာ့ခ်အနေနဲ့ ထင်ပါသလား။
ဖြေ ။ ။ အဲဒီကူညီဖို့ဆိုတာတွေက ဝါရှင်တန်တို့ ဘာတို့မှာ အများကြီးဆွေးနွေးမှုတွေ လုပ်နေကြတယ်ဆိုတော့ ဖြစ်မလာ၊ ဖြစ်လာမလားဆိုတာတော့ ကျမ မသိဘူး။ ဒါပေမဲ့ အခုဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသား လေးယောက်ကို သတ်ဖြတ်လိုက်ပြီးကတည်းက အဲဒီကိစ္စက ပိုပြီးတော့ အသံကျယ်လာတယ်။ ပိုပြီးတော့ များလာတယ်။ သံအမတ် Vicky Bowman ကိုလည်း ထောင်ချတယ်ဆိုတာကိုလည်း ကျမ ကြားတယ်။
မေး ။ ။ ထောင်တော့မချဘူး ဖမ်းဆီးလိုက်တာ။
ဖြေ ။ ။ ဖမ်းဆီးလိုက်တယ်လို့ကြားတယ်။ အဲဒါတွေက အနောက်နိုင်ငံတွေမှာ ပိုပြီးတော့ ဆွေးနွေးမှုတွေ ပိုများလာတယ်။ အရင်တုန်းကတော့ သူတို့တွေက ယူကရိန်းအတွက် အာရုံစိုက်ပြီးတော့ လုပ်နေတာ၊ အခုကြတော့ မြန်မာနိုင်ငံဘက်ကို ပြန်ပြီးတော့ အာရုံပြန်စိုက်လာကြတယ်။
မေး ။ ။ အဲဒီတော့ နောက်ဆုံးအနေနဲ့ မေးရရင် မြန်မာနိုင်ငံ စစ်ကောင်စီဘက်က ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ ပိုများလာရင် ဒီဘက်က ဝင်ရောက်စွတ်ဖက်ရေး Think Tank မူဝါဒလေ့လာရေးအဖွဲ့တွေက အကြံဉာဏ်ပေးတဲ့အတိုင်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးပေါ့။
ဖြေ ။ ။ ဒီဥစ္စာက Double Negative ကြီး။
မေး ။ ။ ဖြစ်လာနိုင်တယ်ပေါ့။
ဖြေ ။ ။ Think Tank တွေ ပြောတဲ့ဟာကို Lawmakers - ဥပဒေရေးဆွဲသူတွေ၊ အစိုးရဘက်ကလူတွေက ဖတ်တယ်။ သူတို့ဖတ်တဲ့ဟာတွေကို များသောအားဖြင့် သူတို့တွေရဲ့ ပေါ်လစီထဲ ထည့်သွင်းတတ်ကြတယ်။ အဲဒီလိုမျိုး လုပ်တတ်တယ်။ ဆိုတော့ အခုတလောမှာ Think Tank တွေ ပိုများများ အကြံပြုတိုက်တွန်းပြောလာတဲ့အခါကြတော့ အဲဒီပေါ်လစီသမားတွေအတွက် influence လွှမ်းမိုးမှု ရှိလာနိုင်တယ်လို့ ပြောနိုင်တယ်။
XS
SM
MD
LG