သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုးကန္႔စစ္ဘုရင္ ဖုန္ၾကားရွင္


ကိုးကန္႔တပ္ဖြဲ႔တည္ေထာင္သူ ဦးဖုန္က်ားရွင္ရဲ႕ စ်ာပနအခမ္းအနား (ဓာတ္ပံု - The Kokang FB)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကိုးကန္႔ေဒသေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ ေဖေဖၚဝါရီလ (၁၆) ရက္ေန႔မွာ ကြယ္လြန္သြားေပမယ့္ စ်ာပနာအခမ္းအနားကိုေတာ့ မတ္လ (၂၉) ရက္ေန႔က်မွ က်င္းပပါတယ္။ အသက္ (၉၁) ႏွစ္မွာ ကြယ္လြန္သြားတဲ့ ကိုးကန္႔ေခါင္းေဆာင္ရဲ ႔ စ်ာပနကို မိုင္းလားမွာ အႀကီးအက်ယ္ (၃) ရက္ က်င္းပပါတယ္။ တရုတ္ကိုယ္စားလွယ္၊ ထိုင္းမိတ္ေဆြ၊ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ဧည့္ပရိသတ္ (၃၀၀၀) ေက်ာ္ တက္ေရာက္ေၾကာင္း သိရပါတယ္။ စစ္အင္အားေကာင္းတဲ့ ေျမာက္ပိုင္းမဟာမိတ္ေတြရဲ ႔ အရိွန္အဝါကို စစ္ေကာင္စီအပါအဝင္ လက္နက္ကိုင္အဖြဲ႔အစည္းမ်ဳိးစံုက အသိအမွတ္ျပဳတဲ့သေဘာ ျဖစ္ေနပါတယ္။

ျပည္တြင္းျပည္ပ သတင္းစာေတြမွာလည္း ဦးဖုန္ၾကားရွင္အေၾကာင္း ေဖာ္ျပၾကပါတယ္။ ကိုးကန္႔စစ္ဘုရင္ ျဖစ္တယ္လို႔ ရန္ကုန္ထုတ္ တရုတ္ဘာသာသတင္းစာက ဆိုပါတယ္။ ဗမာစစ္ဘုရင္ေဟာင္း အသက္ (၉၂) ႏွစ္အရြယ္ ဦးေနဝင္း ၂၀၀၂ မွာ ကြယ္လြန္ေတာ့ ျမန္မာ့စာနယ္ဇင္းမွာ သတင္းမေဖာ္ျပပါဘူး။ ေငြေပးရင္ ထည့္လို႔ရတဲ့ နာေရးေၾကာ္ျငာကိုသာ အစိုးရသတင္းစာေတြမွာ ေတြ႔ရပါတယ္။ ေနာက္လိုက္ေတြ အမ်ားႀကီးရိွေပမယ့္ အသုဘမသြားဖို႔ လံႈေဆာ္တာေၾကာင့္ တက္ေရာက္သူ (၃၀) သာ ရိွေၾကာင္း သိရပါတယ္။ ကြယ္လြန္သူကို အကဲျဖတ္သူက က်န္ရစ္တဲ့ ေနာင္လာေနာက္သားေတြသာ ျဖစ္ပါတယ္။

ဦးဖုန္ၾကားရွင္ဟာ လက္နက္ကိုင္လႈပ္ရွားမႈရဲ ႔ အတက္အက်ေတြကို ျဖတ္သန္းသြားခဲ့သူ ျဖစ္ပါတယ္။ ဗမာ့တပ္မေတာ္နဲ႔ ကိုးကန္႔တပ္တြင္း ပုန္ကန္သူေတြ ပူးတြဲတိုက္ခိုက္လို႔ ကိုးကန္႔က ထြက္ခြါသြားရတဲ့ ၂၀၀၉ ခုႏွစ္္မွာ တရုတ္သုေတသီ ‘လုယန္း’ က ဦးဖုန္ၾကားရွင္ကို ေတြ႔ဆံုေမးျမန္းခဲ့ပါတယ္။ သူ႔ဘဝမွာ အတက္ (၈) ခုနဲ႔ အက် (၇) ခုကို ရင္ဆိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အတက္အက်အားလံုးဟာ ကိုးကန္႔အေရးနဲ႔ ဆိုင္္ပါတယ္။ နဝတစစ္အစိုးရနဲ႔ ဆက္ဆံေရး အဆင္မေျပတာကို အတက္ (၈) မ်ဳိးထဲ ထည့္သြင္းထားပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြ စည္းလံုးညီညႊတ္မႈမရိွလို႔ စစ္အစိုးရနဲ႔ ေရရွည္ၿငိမ္းခ်မ္းေရး မလုပ္ႏိုင္တာလို႔ ဆုိပါတယ္။ ဒါေပမဲ့ ကိုးကန္႔တပ္ဖြဲ႔မွာ စည္းလံုးညီညြတ္မႈ မရိွလို႔ စစ္အစိုးရဘက္ ပါသြားသူေတြရိွတဲ့အတြက္ ဦးဖုန္ၾကားရွင္အဖြဲ႔ က်ဆံုးရတာကိုေတာ့ လုယန္းက မေဖာ္ျပပါဘူး။

ဦးဖုန္ၾကားရွင္ ကြယ္လြန္လို႔ ဝမ္းနည္းေၾကာင္း စစ္ေခါင္းေဆာင္နဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြက သဝဏ္လႊာ ေပးပို႔တာဟာ ကိုးကန္႔စစ္ဘုရင္ရဲ ႔ ၾသဇာအရိွန္အဝါကို ျပသရာ ေရာက္တယ္လို႔ အေမရိကန္ ၿငိမ္းခ်မ္းေရးသုေတသနဌာန USIP ညႊန္ၾကားေရးမွဴး Jason Tower က ဆိုပါတယ္။ စ်ာပနာအခမ္းအနားဟာ စစ္ေကာင္စီဆန္႔က်င္တဲ့ စစ္ေခါင္းေဆာင္ေတြ စုေဝးတဲ့ေနရာလည္း ျဖစ္သြားပါတယ္။ စစ္အစိုးရေတြဟာ ဦးဖုန္ၾကားရွင္မွာ တရုတ္ေက်ာေထာက္ေနာက္ခံ ရိွတာကို ဝါဒျဖန္႔တိုက္ခိုက္ၿပီး ဗမာလူထုကို စည္းရံုးသြမ္းသြင္းေလ့ ရိွတယ္လို႔ ထိုင္ဝမ္ႏိုင္ငံ ဆြန္ယက္စင္တကၠသိုလ္ ပါေမာကၡ Simon Shen က ေျပာတာကို Nikkei Asia စာေစာင္မွာ ေဖာ္ျပပါတယ္။ မူးယစ္ေဆးနဲ႔ ရန္ပံုေငြရွာသူအျဖစ္ နာမည္ဆိုး ထြက္ခဲ့တဲ့ ဦးဖုန္ၾကားရွင္ကို ရိုေသေလးစားတဲ့ တိုင္းရင္းသားေခါင္းေဆာင္ေတြလည္း ရိွပါတယ္။

တပ္သား (၂၆) ေယာက္နဲ႔ ေသနတ္ (၁) လက္သာရိွတဲ့ ရခိုင္တပ္ကို ပထမဦးဆံုး လက္နက္ေထာက္ပံ့သူဟာ ဦးဖုန္ၾကားရွင္ ျဖစ္ေၾကာင္း၊ စ်ပနာအခမ္းအနား တက္ေရာက္ခဲ့တဲ့ ရခိုင္တပ္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္က ေျပာပါတယ္။ ဦးဖုန္ၾကားရွင္ေပးတဲ့ ေသနတ္အလက္ (၁၀၀) နဲ႔ RPG ႏွစ္လက္ကိုင္ၿပီး ရခိုင္ျပည္နယ္ကို ထိုးေဖာက္ဝင္ေရာက္လာႏုိင္တာဟာ ရခိုင္ေတာ္လွန္ေရးမွာ အလြန္အေရးပါတဲ့ျဖစ္ရပ္ပဲလို႔ ေျပာပါတယ္။ သူတုိ႔အုပ္စုဟာ ဦးဖုန္ၾကားရွင္ရဲ ႔ ကူညီမႈေၾကာင့္ အင္အားေသာင္းခ်ီရိွတဲ့ ရခိုင္တပ္ေတာ္အျဖစ္ အသြင္းေျပာင္းႏိုင္တာျဖစ္လို႔ ကိုးကန္႔ေခါင္းေဆာင္ႀကီး ပါဝင္တဲ့ အခန္းႀကီးမားတာကို ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္က မွတ္တမ္းတင္သြားတာ ျဖစ္ပါတယ္။ နယ္ေျမအလြန္ကြာေဝးေပမယ့္ ကိုးကန္႔နဲ႔ ရခိုင္တပ္ေတာ္တို႔မွာ နက္ရိွဳင္းတဲ့ ဆက္ဆံေရး ရိွတာကို ျပခ်င္လို႔ စ်ာပနကို လာရတာလို႔ ဆုိပါတယ္။

တိုင္းရင္းသား စည္းလံုးညီညႊတ္ေရးကို တန္းဖုိးထားတဲ့ ဦးဖုန္ၾကားရွင္ဟာ သူ႔ဇာတီေျမကို ကိုးကန္႔ေဒသမွာေတာင္ စည္းလံုးညီညႊတ္ေအာင္ မလုပ္ႏုိင္တာကို ေတြ႔ရပါတယ္။ ဗကပ ကြန္ျမဴနစ္လက္ေအာက္ကထြက္ၿပီး ၁၉၈၉ မွာ ကိုးကန္႔တပ္ဖြဲ႔လို႔ လူသိမ်ားတဲ့ ျမန္မာ့အမ်ဳိးသား ဒီမိုကရက္တစ္တပ္မေတာ္ MNDAA ကို တည္ေထာင္လိုက္ေပမယ့္ တပ္ထဲမွာ အကြဲအၿပဲျဖစ္တဲ့ဒဏ္ကို အခုထိ ခံေနရတုန္းပါ။ ၁၉၉၂ တပ္တြင္းပဋိပကၡမွာ ယန္းမိုလ်န္ အႏိုင္ရလို႔ ဦးဖုန္ၾကားရွင္ ကိုးကန္႔က ခဏထြက္ခြါသြားရပါတယ္။ ပယ္ေဆာက္ခ်ိန္ရဲ ႔ ကူညီမႈေၾကာင့္ ၁၉၉၄ မွာ ဦးဖုန္ၾကားရွင္ ကိုးကန္႔ကို ျပန္လည္ဝင္ေရာက္ႏုိင္ပါတယ္။

၂၀၀၉ ေရာက္ေတာ့ စစ္အစိုးရက ပယ္ေဆာက္ခ်ိိန္ကို စည္းရံုးသိမ္းသြင္းၿပီး ကိုးကန္႔တပ္ကို တိုက္ထုုတ္ပါတယ္။ ဦးဖုန္ၾကားရွင္ဟာ သားမက္ျဖစ္သူ ဦးစိုင္းလင္း ထိန္းခ်ဳပ္ထားတဲ့ မိုင္းလားမွာ ခုိုလံႈၿပီး အနားယူသြားပါတယ္။ ဒါေပမဲ့ သားျဖစ္သူ ဦးေဆာင္တဲ့ ကိုးကန္႔တပ္ဖြဲ႔က ၂၀၁၅ မွာ အလံုးအရင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ၿပီး၊ ကိုးကန္႔ေျမာက္ဘက္စြန္းမွာ ေျခကုတ္ျပန္လည္ရရိွဖို႔ ႀကိဳးပမ္းပါတယ္။ ဒါေပမဲ့ ပယ္ေဆာက္ခ်ိန္နဲ႔ စစ္အစိုးရ ပူးတြဲတည္ေထာင္ထားတဲ့ ကိုးကန္႔နယ္ျခားေစာင့္တပ္ဟာ ေလာက္ကိုင္မွာ အေျခစိုက္တာမို႔ ဦးဖုန္ၾကားရွင္ရဲ ႔ ေနာက္လိုက္ေတြဟာ နယ္စပ္မွာ စခန္းခ်ႏိုင္ဖို႔ ႀကိဳးပမ္းေနရဆဲ ျဖစ္ပံုရပါတယ္။

==Unicode===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကိုးကန့်ဒေသခေါင်းဆောင် ဦးဖုန်ကြားရှင် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့မှာ ကွယ်လွန်သွားပေမယ့် ဈာပနာအခမ်းအနားကိုတော့ မတ်လ (၂၉) ရက်နေ့ကျမှ ကျင်းပပါတယ်။ အသက် (၉၁) နှစ်မှာ ကွယ်လွန်သွားတဲ့ ကိုးကန့်ခေါင်းဆောင်ရဲ့ ဈာပနကို မိုင်းလားမှာ အကြီးအကျယ် (၃) ရက် ကျင်းပပါတယ်။ တရုတ်ကိုယ်စားလှယ်၊ ထိုင်းမိတ်ဆွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဧည့်ပရိသတ် (၃၀၀၀) ကျော် တက်ရောက်ကြောင်း သိရပါတယ်။ စစ်အင်အားကောင်းတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ အရှိန်အဝါကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံက အသိအမှတ်ပြုတဲ့သဘော ဖြစ်နေပါတယ်။

ပြည်တွင်းပြည်ပ သတင်းစာတွေမှာလည်း ဦးဖုန်ကြားရှင်အကြောင်း ဖော်ပြကြပါတယ်။ ကိုးကန့်စစ်ဘုရင် ဖြစ်တယ်လို့ ရန်ကုန်ထုတ် တရုတ်ဘာသာသတင်းစာက ဆိုပါတယ်။ ဗမာစစ်ဘုရင်ဟောင်း အသက် (၉၂) နှစ်အရွယ် ဦးနေဝင်း ၂၀၀၂ မှာ ကွယ်လွန်တော့ မြန်မာ့စာနယ်ဇင်းမှာ သတင်းမဖော်ပြပါဘူး။ ငွေပေးရင် ထည့်လို့ရတဲ့ နာရေးကြော်ငြာကိုသာ အစိုးရသတင်းစာတွေမှာ တွေ့ရပါတယ်။ နောက်လိုက်တွေ အများကြီးရှိပေမယ့် အသုဘမသွားဖို့ လှုံဆော်တာကြောင့် တက်ရောက်သူ (၃၀) သာ ရှိကြောင်း သိရပါတယ်။ ကွယ်လွန်သူကို အကဲဖြတ်သူက ကျန်ရစ်တဲ့ နောင်လာနောက်သားတွေသာ ဖြစ်ပါတယ်။

ဦးဖုန်ကြားရှင်ဟာ လက်နက်ကိုင်လှုပ်ရှားမှုရဲ့ အတက်အကျတွေကို ဖြတ်သန်းသွားခဲ့သူ ဖြစ်ပါတယ်။ ဗမာ့တပ်မတော်နဲ့ ကိုးကန့်တပ်တွင်း ပုန်ကန်သူတွေ ပူးတွဲတိုက်ခိုက်လို့ ကိုးကန့်က ထွက်ခွါသွားရတဲ့ ၂၀၀၉ ခုနှစ်မှာ တရုတ်သုတေသီ ‘လုယန်း’ က ဦးဖုန်ကြားရှင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူ့ဘဝမှာ အတက် (၈) ခုနဲ့ အကျ (၇) ခုကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အတက်အကျအားလုံးဟာ ကိုးကန့်အရေးနဲ့ ဆိုင်ပါတယ်။ နဝတစစ်အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေတာကို အတက် (၈) မျိုးထဲ ထည့်သွင်းထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ စည်းလုံးညီညွှတ်မှုမရှိလို့ စစ်အစိုးရနဲ့ ရေရှည်ငြိမ်းချမ်းရေး မလုပ်နိုင်တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့မှာ စည်းလုံးညီညွတ်မှု မရှိလို့ စစ်အစိုးရဘက် ပါသွားသူတွေရှိတဲ့အတွက် ဦးဖုန်ကြားရှင်အဖွဲ့ ကျဆုံးရတာကိုတော့ လုယန်းက မဖော်ပြပါဘူး။

ဦးဖုန်ကြားရှင် ကွယ်လွန်လို့ ဝမ်းနည်းကြောင်း စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက သဝဏ်လွှာ ပေးပို့တာဟာ ကိုးကန့်စစ်ဘုရင်ရဲ့ သြဇာအရှိန်အဝါကို ပြသရာ ရောက်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးသုတေသနဌာန USIP ညွှန်ကြားရေးမှူး Jason Tower က ဆိုပါတယ်။ ဈာပနာအခမ်းအနားဟာ စစ်ကောင်စီဆန့်ကျင်တဲ့ စစ်ခေါင်းဆောင်တွေ စုဝေးတဲ့နေရာလည်း ဖြစ်သွားပါတယ်။ စစ်အစိုးရတွေဟာ ဦးဖုန်ကြားရှင်မှာ တရုတ်ကျောထောက်နောက်ခံ ရှိတာကို ဝါဒဖြန့်တိုက်ခိုက်ပြီး ဗမာလူထုကို စည်းရုံးသွမ်းသွင်းလေ့ ရှိတယ်လို့ ထိုင်ဝမ်နိုင်ငံ ဆွန်ယက်စင်တက္ကသိုလ် ပါမောက္ခ Simon Shen က ပြောတာကို Nikkei Asia စာစောင်မှာ ဖော်ပြပါတယ်။ မူးယစ်ဆေးနဲ့ ရန်ပုံငွေရှာသူအဖြစ် နာမည်ဆိုး ထွက်ခဲ့တဲ့ ဦးဖုန်ကြားရှင်ကို ရိုသေလေးစားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ရှိပါတယ်။

တပ်သား (၂၆) ယောက်နဲ့ သေနတ် (၁) လက်သာရှိတဲ့ ရခိုင်တပ်ကို ပထမဦးဆုံး လက်နက်ထောက်ပံ့သူဟာ ဦးဖုန်ကြားရှင် ဖြစ်ကြောင်း၊ ဈပနာအခမ်းအနား တက်ရောက်ခဲ့တဲ့ ရခိုင်တပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ဦးဖုန်ကြားရှင်ပေးတဲ့ သေနတ်အလက် (၁၀၀) နဲ့ RPG နှစ်လက်ကိုင်ပြီး ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်လာနိုင်တာဟာ ရခိုင်တော်လှန်ရေးမှာ အလွန်အရေးပါတဲ့ဖြစ်ရပ်ပဲလို့ ပြောပါတယ်။ သူတို့အုပ်စုဟာ ဦးဖုန်ကြားရှင်ရဲ့ ကူညီမှုကြောင့် အင်အားသောင်းချီရှိတဲ့ ရခိုင်တပ်တော်အဖြစ် အသွင်းပြောင်းနိုင်တာဖြစ်လို့ ကိုးကန့်ခေါင်းဆောင်ကြီး ပါဝင်တဲ့ အခန်းကြီးမားတာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မှတ်တမ်းတင်သွားတာ ဖြစ်ပါတယ်။ နယ်မြေအလွန်ကွာဝေးပေမယ့် ကိုးကန့်နဲ့ ရခိုင်တပ်တော်တို့မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတာကို ပြချင်လို့ ဈာပနကို လာရတာလို့ ဆိုပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို တန်းဖိုးထားတဲ့ ဦးဖုန်ကြားရှင်ဟာ သူ့ဇာတီမြေကို ကိုးကန့်ဒေသမှာတောင် စည်းလုံးညီညွှတ်အောင် မလုပ်နိုင်တာကို တွေ့ရပါတယ်။ ဗကပ ကွန်မြူနစ်လက်အောက်ကထွက်ပြီး ၁၉၈၉ မှာ ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်တပ်မတော် MNDAA ကို တည်ထောင်လိုက်ပေမယ့် တပ်ထဲမှာ အကွဲအပြဲဖြစ်တဲ့ဒဏ်ကို အခုထိ ခံနေရတုန်းပါ။ ၁၉၉၂ တပ်တွင်းပဋိပက္ခမှာ ယန်းမိုလျန် အနိုင်ရလို့ ဦးဖုန်ကြားရှင် ကိုးကန့်က ခဏထွက်ခွါသွားရပါတယ်။ ပယ်ဆောက်ချိန်ရဲ့ ကူညီမှုကြောင့် ၁၉၉၄ မှာ ဦးဖုန်ကြားရှင် ကိုးကန့်ကို ပြန်လည်ဝင်ရောက်နိုင်ပါတယ်။

၂၀၀၉ ရောက်တော့ စစ်အစိုးရက ပယ်ဆောက်ချိန်ကို စည်းရုံးသိမ်းသွင်းပြီး ကိုးကန့်တပ်ကို တိုက်ထုတ်ပါတယ်။ ဦးဖုန်ကြားရှင်ဟာ သားမက်ဖြစ်သူ ဦးစိုင်းလင်း ထိန်းချုပ်ထားတဲ့ မိုင်းလားမှာ ခိုလှုံပြီး အနားယူသွားပါတယ်။ ဒါပေမဲ့ သားဖြစ်သူ ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့က ၂၀၁၅ မှာ အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး၊ ကိုးကန့်မြောက်ဘက်စွန်းမှာ ခြေကုတ်ပြန်လည်ရရှိဖို့ ကြိုးပမ်းပါတယ်။ ဒါပေမဲ့ ပယ်ဆောက်ချိန်နဲ့ စစ်အစိုးရ ပူးတွဲတည်ထောင်ထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ဟာ လောက်ကိုင်မှာ အခြေစိုက်တာမို့ ဦးဖုန်ကြားရှင်ရဲ့ နောက်လိုက်တွေဟာ နယ်စပ်မှာ စခန်းချနိုင်ဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပုံရပါတယ်။

XS
SM
MD
LG