သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

'ဝ' ျပည္နယ္ဆိုတာ ဘာလဲ


ဝေဒသၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္အခမ္းအနား သတင္းဓာတ္ပံုမ်ား။ (ဓာတ္ပံု - ခ်ယ္ရီေျမ-ရွမ္းေျမာက္)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

‘ဝ’တပ္ဖြဲ႔နဲ႔ ဗမာ့တပ္မေတာ္ အပစ္အခတ္ ရပ္စဲထားတာ အႏွစ္ (၃၀) ေက်ာ္ လာပါၿပီ။ ဒီကာလအတြင္း ‘ဝ’တပ္ဖြဲ႔ဟာ စစ္အင္အားအႀကီးဆံုး တိုင္းရင္းသားအုပ္စု ျဖစ္လာၿပီး၊ ဗိုလ္သင္တန္းေက်ာင္းနဲ႔ ေကဒါသင္တန္းေက်ာင္းေတြေတာင္ ရိွလာပါတယ္။ ထိုင္း-ျမန္မာနယ္စပ္မွာလည္း ‘ဝ’တပ္ဖြဲ႔ရဲ ႔ တိုးခ်ဲ ႔နယ္ေျမ ရိွပါတယ္။ တရုတ္ျပည္တြင္းစစ္မွာ ရွံဳးနိမ့္သြားတဲ့ ကူမင္တန္ တရုတ္ျဖဴတပ္ရင္းအခ်ဳိ ႔ ရွမ္းျပည္နယ္ ‘ဝ’ေဒသကို ၁၉၅၀ ျပည့္လြန္ အေစာပိုင္းမွာ ဝင္ေရာက္အေျခစိုက္က ‘ဝ’တပ္ မရိွေသးပါဘူး။ ၁၉၆၀ ျပည့္လြန္မွာ တရုတ္ျဖဴတပ္ အႏိုင္က်င့္တာကို ခုခံတဲ့ လယ္သမားေျပာက္က်ားေတြ ေပၚလာပါတယ္။

‘ဝ’ေဒသကို ဗမာျပည္ကြန္ျမဴနစ္ (ဗကပ) ဝင္လာေတာ့မွ ဗကပတပ္ထဲ ေဒသခံ ‘ဝ’ေတြ ပါဝင္လာပါတယ္။ ‘ဗကပ’ဟာ လယ္သမားေျပာက္က်ားအဖြဲ႔ ေခါင္းေဆာင္ေတြကတဆင့္ ‘ဝ’လူထုကို စည္းရံုးသိမ္းသြင္းႏုိင္တဲ့အတြက္ ရဲရင့္ၿပီး တိုက္ရည္ခိုက္ရည္ရိွတဲ့ ‘ဝ’တပ္ဖြဲ႔ ေပၚထြက္လာေၾကာင္း သိရပါတယ္။ အဲဒီကတည္းက ေပါက္ယိုခ်မ္း နဲ႔ ေက်ာက္ညီလိုင္ဟာ ထင္ရွားတဲ့ ေခါင္းေဆာင္ေတြ ျဖစ္လာပါတယ္။ ဗကပကို ပုန္ကန္တဲ့အခါမွာ ‘ဝ’တပ္ဖြဲ႔၊ ကိုးကန္႔တပ္ဖြဲ႔၊ မိုင္းလာတပ္ဖြဲ႔၊ NDA ကခ်င္တပ္ဖြဲ႔ စတဲ့ သီးျခားတပ္ဖြဲ႔ေတြ ေပၚလာပါတယ္။ ဒီအထဲမွာ ‘ဝ’တပ္ဟာ ထိုင္း-ျမန္မာ နယ္စပ္အထိ နယ္ခ်ဲ ႔လာပါတယ္။

မူးယစ္ေဆးေမွာင္ခိုလမ္းေၾကာင္းေတြ ရိွတဲ့ ရွမ္း-ထိုင္းနယ္စပ္ကို ဗကပတပ္ေတြ ေရာက္ရိွတဲ့အခါမွာ ဘိန္းဘုရင္ခြန္ဆာရဲ ႔ ေမာ္ထိုင္းတပ္နဲ႔ ၿပိဳင္ဘက္ ျဖစ္လာပါတယ္။ ဗကပ ၿပိဳကြဲတဲ့အခါ ခြန္ဆာ့တပ္က ဗကပ ေျခကုတ္စခန္းေတြကို တိုက္ခိုက္ပါတယ္။ ဗကပနဲ႔ တရုတ္ကြန္ျမဴနစ္ လက္ေအာက္မွာ အႏွစ္ (၂၀) ေက်ာ္ ေနခဲ့တဲ့ ‘ဝ’ေတြဟာ ခြန္ဆာ့တပ္ကို တန္ျပန္တိုက္ခိုက္ရင္း စစ္အင္အားေကာင္းေအာင္ ႀကိဳးပမ္းပါတယ္။ ‘ဝ’တပ္ဖြဲ႔ဟာ အတင္းအၾကပ္စစ္သား စုေဆာင္းပါတယ္။ မိသားစုတစုမွာ သားတေယာက္ တပ္ထဲဝင္ရပါတယ္။ ဘဝရပ္တည္ေရးအတြက္ တပ္ထဲဝင္သူလည္း ရိွပါတယ္။ ‘ဝ’ၾသဇာနယ္ေျမ ခ်ဲ ႔ထြင္ရာမွာ ‘ဝ’စစ္သည္ေတြက အဓိကက်ပါတယ္။ ‘ဝ’တပ္က ဦးေဆာင္ၿပီး ၁၉၉၀ ျပည့္လြန္ အေစာပိုင္းမွာ ‘ဝ’ျပည္သူ အမ်ားအျပား ထိုင္းနယ္စပ္ကို ေရႊ ႔ေျပာင္းၾကပါတယ္။

ဘိန္းဘုရင္ခြန္ဆာရဲ ႔ ေမာ္ထိုင္းတပ္ကို တိုက္ခိုက္ဖို႔ ‘ဝ’တပ္ေတြ နယ္ေျပာင္းတာကို နဝတစစ္အစိုးရကလည္း သေဘာတူပါတယ္။ ခြန္ဆာလက္နက္ခ်တဲ့အခါမွာ လက္နက္မခ်သူေတြဟာ ယြက္စစ္ ဦးေဆာင္တဲ့ RCSS ရွမ္းျပည္ ျပန္လည္တည္ေထာင္ေရးတပ္ ျဖစ္လာပါတယ္။ ထိုင္းနယ္စပ္ကို ေရႊ ႔ေျပာင္းသြားတဲ့ ‘ဝ’တပ္ေတြဟာ မိုင္းဆက္ခရိုင္မွာ အေျခစိုက္ၿပီး မိုင္းဆက္ၿမိဳ ႔ အေရွ ႔အေနာက္နဲ႔ ေတာင္ပိုင္းေဒသေတြကို ခ်ဳပ္ကိုင္ထားပါတယ္။ မိုင္းကန္၊ မိုင္းယြန္း၊ ေဟြေအာ၊ ဝမ္ဟုန္၊ မိုင္းကၽြတ္နဲ႔ ခိုင္လံု စတဲ့ ၿမိဳ ႔နယ္ (၆) ခုကို ‘ဝ’နယ္ေျမအျဖစ္ သတ္မွတ္ပါတယ္။ အေရွ ႔ဘက္စြန္း မိုင္းကန္ၿမိဳ ႔နယ္ဟာ တာခ်ီလိတ္နဲ႔ နီးကပ္ၿပီး၊ အေနာက္ဘက္က ခိုင္လံုဟာ RCSS ရွမ္းျပည္ျပန္လည္တည္ေထာင္ေရးတပ္ နယ္ေျမနဲ႔ နီးကပ္ပါတယ္။ ဒါေပမဲ့ ‘ဝ’ေတြ ေတာင္းဆိုေနတဲ့ ျပည္နယ္ထဲမွာ မိုင္းဆတ္နယ္ေျမ ပါမပါေတာ့ မသိႏိုင္ေသးပါဘူး။

‘ဝ’တပ္လက္ေအာက္ခံ ခိုင္လံုၿမိဳ ႔နယ္ရဲ ႔ အေနာက္ဘက္မွာ RCSS ရွမ္းထူေထာင္ေရးတပ္ဖြဲ႔ရဲ ႔ လြယ္တိုင္းလွ်ံ ဌာနခ်ဳပ္ ရိွပါတယ္။ ‘ဝ’တပ္ဖြဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေတာင္ပိုင္းနယ္ေျမကို အမွတ္ (၁၇၁) စစ္ေဒသလို႔ သတ္မွတ္ထားေပမယ့္ ေျမာက္ပိုင္း ‘ဝ’ရဲ ႔ ပန္ဆန္းေဒသလို တသီးတျခား တည္ရိွေနတာ မဟုတ္ပါ။ မုိင္းဆတ္ခရိုင္ရဲ ႔ အေရွ ႔အေနာက္နဲ႔ ေတာင္ပိုင္း ထိုင္းနယ္စပ္အၾကားမွာ ‘ဝ’တပ္ေတြ အေျခစိုက္ေပမယ့္ အျခားေနရာေဒသေတြမွာ စစ္ေကာင္စီတပ္၊ နယ္ျခားေစာင့္တပ္နဲ႔ RCSS ရွမ္းထူေထာင္ေရးတပ္ စတာေတြကလည္း စခန္းခ်ထားပါတယ္။ ဥပမာ ေတာင္ပိုင္း ‘ဝ’ရဲ ႔ စစ္ေဒသ (၁၇၁) အေနာက္ဘက္စြန္းမွာရိွတဲ့ ခိုင္လံုၿမိဳ ႔နယ္ဟာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ရဲ ႔ လြယ္တိုင္းလ်န္ဌာနခ်ဳပ္နဲ႔ နယ္ေျမခ်င္း ထိဆက္ေနတာေၾကာင့္ အခ်ိန္မေရြး တုိက္ပြဲျဖစ္ႏိုင္တယ္လို႔ သံုးသပ္ၾကပါတယ္။

ေတာင္ပိုင္း ‘ဝ’စစ္ဌာနခ်ဳပ္ကေတာ့ မိုင္းကၽြတ္ၿမိဳ ႔နယ္ ပံုပါက်င္မွာ အေျခစိုက္ထားတဲ့အတြက္ ထိုင္းႏုိင္ငံနဲ႔ နီးကပ္ပါတယ္။ တကယ္ေတာ့ ေတာင္ပိုင္း ‘ဝ’နယ္ေျမတခုလံုးဟာ ထိုင္းႏုိင္ငံနဲ႔ နယ္ခ်င္းဆက္စပ္ေနပါတယ္။ ‘ဝ’စစ္ေဒသ (၁၇၁) မွာ တပ္မဟာ (၅) ခုနဲ႔ အင္အားတေသာင္းေက်ာ္ရိွၿပီး စစ္လက္နက္မ်ဳိးစံုကို ကိုင္ေဆာင္ၿပီး စစ္ေရးျပတတ္ပါတယ္။ ေတာင္ပိုင္း ‘ဝ’တပ္ကလည္း မူးယစ္ေဆး တိုက္ဖ်က္ေရးအဖြဲ႔ကို ဖြဲ႔စည္းထားၿပီး မူးယစ္ေဆး မီးရိွဳ ႔ဖ်က္ဆီးတဲ့ အခမ္းအနားကို ပံုပါက်င္မွာ က်င္းပေလ့ ရိွပါတယ္။ RC ရွမ္းထူေထာင္ေရးတပ္ကသာ ဘိန္းစိုက္တာလို႔ Facebook Wa Channel မွာ ေဖာ္ျပပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း လိြဳင္လင္ခရိုင္ ပင္လံုၿမိဳ ႔နယ္က RC ရွမ္းထူေထာင္ေရးတပ္စခန္းကို ‘ဝ’ ပါဝင္တဲ့ မဟာမိတ္တပ္ဖြဲ႔က မတ္လဆန္းပိုင္းမွာ ဝင္ေရာက္တုိက္ခိုက္ၿပီး ဘိန္းခင္းေတြကို ဖ်က္ဆီးတယ္လို႔ ဆိုပါတယ္။ RC ရွမ္းထူေထာင္ေရးတပ္ဖြဲ႔က ႏွစ္ရွည္လမ်ား သိမ္းပိုက္ထားတဲ့ နယ္ေျမကို ေတာင္ပိုင္းမဟာမိတ္တပ္ဖြဲ႔က တိုက္ခိုက္သိမ္းပိုက္ေၾကာင္း မတ္လ (၅) ရက္ေန႔ထုတ္ Wa Channel မွာ ေဖာ္ျပထားပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ‘ဝ’တပ္ဖြဲ႔ဟာ စစ္ေရးျပပြဲေလာက္သာ လုပ္ျပေနေပမယ့္ ေတာင္ပိုင္းအေျခစိုက္ ‘ဝ’တပ္ဖြဲ႔ကေတာ့ ၾသဇာနယ္ေျမ ခ်ဲ ႔ထြင္ေနပံု ရပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

‘ဝ’တပ်ဖွဲ့နဲ့ ဗမာ့တပ်မတော် အပစ်အခတ် ရပ်စဲထားတာ အနှစ် (၃၀) ကျော် လာပါပြီ။ ဒီကာလအတွင်း ‘ဝ’တပ်ဖွဲ့ဟာ စစ်အင်အားအကြီးဆုံး တိုင်းရင်းသားအုပ်စု ဖြစ်လာပြီး၊ ဗိုလ်သင်တန်းကျောင်းနဲ့ ကေဒါသင်တန်းကျောင်းတွေတောင် ရှိလာပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာလည်း ‘ဝ’တပ်ဖွဲ့ရဲ့ တိုးချဲ့နယ်မြေ ရှိပါတယ်။ တရုတ်ပြည်တွင်းစစ်မှာ ရှုံးနိမ့်သွားတဲ့ ကူမင်တန် တရုတ်ဖြူတပ်ရင်းအချို့ ရှမ်းပြည်နယ် ‘ဝ’ဒေသကို ၁၉၅၀ ပြည့်လွန် အစောပိုင်းမှာ ဝင်ရောက်အခြေစိုက်က ‘ဝ’တပ် မရှိသေးပါဘူး။ ၁၉၆၀ ပြည့်လွန်မှာ တရုတ်ဖြူတပ် အနိုင်ကျင့်တာကို ခုခံတဲ့ လယ်သမားပြောက်ကျားတွေ ပေါ်လာပါတယ်။

‘ဝ’ဒေသကို ဗမာပြည်ကွန်မြူနစ် (ဗကပ) ဝင်လာတော့မှ ဗကပတပ်ထဲ ဒေသခံ ‘ဝ’တွေ ပါဝင်လာပါတယ်။ ‘ဗကပ’ဟာ လယ်သမားပြောက်ကျားအဖွဲ့ ခေါင်းဆောင်တွေကတဆင့် ‘ဝ’လူထုကို စည်းရုံးသိမ်းသွင်းနိုင်တဲ့အတွက် ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ ‘ဝ’တပ်ဖွဲ့ ပေါ်ထွက်လာကြောင်း သိရပါတယ်။ အဲဒီကတည်းက ပေါက်ယိုချမ်း နဲ့ ကျောက်ညီလိုင်ဟာ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။ ဗကပကို ပုန်ကန်တဲ့အခါမှာ ‘ဝ’တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ မိုင်းလာတပ်ဖွဲ့၊ NDA ကချင်တပ်ဖွဲ့ စတဲ့ သီးခြားတပ်ဖွဲ့တွေ ပေါ်လာပါတယ်။ ဒီအထဲမှာ ‘ဝ’တပ်ဟာ ထိုင်း-မြန်မာ နယ်စပ်အထိ နယ်ချဲ့လာပါတယ်။

မူးယစ်ဆေးမှောင်ခိုလမ်းကြောင်းတွေ ရှိတဲ့ ရှမ်း-ထိုင်းနယ်စပ်ကို ဗကပတပ်တွေ ရောက်ရှိတဲ့အခါမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ မော်ထိုင်းတပ်နဲ့ ပြိုင်ဘက် ဖြစ်လာပါတယ်။ ဗကပ ပြိုကွဲတဲ့အခါ ခွန်ဆာ့တပ်က ဗကပ ခြေကုတ်စခန်းတွေကို တိုက်ခိုက်ပါတယ်။ ဗကပနဲ့ တရုတ်ကွန်မြူနစ် လက်အောက်မှာ အနှစ် (၂၀) ကျော် နေခဲ့တဲ့ ‘ဝ’တွေဟာ ခွန်ဆာ့တပ်ကို တန်ပြန်တိုက်ခိုက်ရင်း စစ်အင်အားကောင်းအောင် ကြိုးပမ်းပါတယ်။ ‘ဝ’တပ်ဖွဲ့ဟာ အတင်းအကြပ်စစ်သား စုဆောင်းပါတယ်။ မိသားစုတစုမှာ သားတယောက် တပ်ထဲဝင်ရပါတယ်။ ဘဝရပ်တည်ရေးအတွက် တပ်ထဲဝင်သူလည်း ရှိပါတယ်။ ‘ဝ’သြဇာနယ်မြေ ချဲ့ထွင်ရာမှာ ‘ဝ’စစ်သည်တွေက အဓိကကျပါတယ်။ ‘ဝ’တပ်က ဦးဆောင်ပြီး ၁၉၉၀ ပြည့်လွန် အစောပိုင်းမှာ ‘ဝ’ပြည်သူ အများအပြား ထိုင်းနယ်စပ်ကို ရွှေ့ပြောင်းကြပါတယ်။

ဘိန်းဘုရင်ခွန်ဆာရဲ့ မော်ထိုင်းတပ်ကို တိုက်ခိုက်ဖို့ ‘ဝ’တပ်တွေ နယ်ပြောင်းတာကို နဝတစစ်အစိုးရကလည်း သဘောတူပါတယ်။ ခွန်ဆာလက်နက်ချတဲ့အခါမှာ လက်နက်မချသူတွေဟာ ယွက်စစ် ဦးဆောင်တဲ့ RCSS ရှမ်းပြည် ပြန်လည်တည်ထောင်ရေးတပ် ဖြစ်လာပါတယ်။ ထိုင်းနယ်စပ်ကို ရွှေ့ပြောင်းသွားတဲ့ ‘ဝ’တပ်တွေဟာ မိုင်းဆက်ခရိုင်မှာ အခြေစိုက်ပြီး မိုင်းဆက်မြို့ အရှေ့အနောက်နဲ့ တောင်ပိုင်းဒေသတွေကို ချုပ်ကိုင်ထားပါတယ်။ မိုင်းကန်၊ မိုင်းယွန်း၊ ဟွေအော၊ ဝမ်ဟုန်၊ မိုင်းကျွတ်နဲ့ ခိုင်လုံ စတဲ့ မြို့နယ် (၆) ခုကို ‘ဝ’နယ်မြေအဖြစ် သတ်မှတ်ပါတယ်။ အရှေ့ဘက်စွန်း မိုင်းကန်မြို့နယ်ဟာ တာချီလိတ်နဲ့ နီးကပ်ပြီး၊ အနောက်ဘက်က ခိုင်လုံဟာ RCSS ရှမ်းပြည်ပြန်လည်တည်ထောင်ရေးတပ် နယ်မြေနဲ့ နီးကပ်ပါတယ်။ ဒါပေမဲ့ ‘ဝ’တွေ တောင်းဆိုနေတဲ့ ပြည်နယ်ထဲမှာ မိုင်းဆတ်နယ်မြေ ပါမပါတော့ မသိနိုင်သေးပါဘူး။

‘ဝ’တပ်လက်အောက်ခံ ခိုင်လုံမြို့နယ်ရဲ့ အနောက်ဘက်မှာ RCSS ရှမ်းထူထောင်ရေးတပ်ဖွဲ့ရဲ့ လွယ်တိုင်းလျှံ ဌာနချုပ် ရှိပါတယ်။ ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းနယ်မြေကို အမှတ် (၁၇၁) စစ်ဒေသလို့ သတ်မှတ်ထားပေမယ့် မြောက်ပိုင်း ‘ဝ’ရဲ့ ပန်ဆန်းဒေသလို တသီးတခြား တည်ရှိနေတာ မဟုတ်ပါ။ မိုင်းဆတ်ခရိုင်ရဲ့ အရှေ့အနောက်နဲ့ တောင်ပိုင်း ထိုင်းနယ်စပ်အကြားမှာ ‘ဝ’တပ်တွေ အခြေစိုက်ပေမယ့် အခြားနေရာဒေသတွေမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ RCSS ရှမ်းထူထောင်ရေးတပ် စတာတွေကလည်း စခန်းချထားပါတယ်။ ဥပမာ တောင်ပိုင်း ‘ဝ’ရဲ့ စစ်ဒေသ (၁၇၁) အနောက်ဘက်စွန်းမှာရှိတဲ့ ခိုင်လုံမြို့နယ်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ လွယ်တိုင်းလျန်ဌာနချုပ်နဲ့ နယ်မြေချင်း ထိဆက်နေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တောင်ပိုင်း ‘ဝ’စစ်ဌာနချုပ်ကတော့ မိုင်းကျွတ်မြို့နယ် ပုံပါကျင်မှာ အခြေစိုက်ထားတဲ့အတွက် ထိုင်းနိုင်ငံနဲ့ နီးကပ်ပါတယ်။ တကယ်တော့ တောင်ပိုင်း ‘ဝ’နယ်မြေတခုလုံးဟာ ထိုင်းနိုင်ငံနဲ့ နယ်ချင်းဆက်စပ်နေပါတယ်။ ‘ဝ’စစ်ဒေသ (၁၇၁) မှာ တပ်မဟာ (၅) ခုနဲ့ အင်အားတသောင်းကျော်ရှိပြီး စစ်လက်နက်မျိုးစုံကို ကိုင်ဆောင်ပြီး စစ်ရေးပြတတ်ပါတယ်။ တောင်ပိုင်း ‘ဝ’တပ်ကလည်း မူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး မူးယစ်ဆေး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ပုံပါကျင်မှာ ကျင်းပလေ့ ရှိပါတယ်။ RC ရှမ်းထူထောင်ရေးတပ်ကသာ ဘိန်းစိုက်တာလို့ Facebook Wa Channel မှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်က RC ရှမ်းထူထောင်ရေးတပ်စခန်းကို ‘ဝ’ ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့က မတ်လဆန်းပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ပြီး ဘိန်းခင်းတွေကို ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ RC ရှမ်းထူထောင်ရေးတပ်ဖွဲ့က နှစ်ရှည်လများ သိမ်းပိုက်ထားတဲ့ နယ်မြေကို တောင်ပိုင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကြောင်း မတ်လ (၅) ရက်နေ့ထုတ် Wa Channel မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ‘ဝ’တပ်ဖွဲ့ဟာ စစ်ရေးပြပွဲလောက်သာ လုပ်ပြနေပေမယ့် တောင်ပိုင်းအခြေစိုက် ‘ဝ’တပ်ဖွဲ့ကတော့ သြဇာနယ်မြေ ချဲ့ထွင်နေပုံ ရပါတယ်။

XS
SM
MD
LG