ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ လက်ရှိမှာ တိုးတက်နေပြီး လာမယ့်နှစ်နှစ်အတွင်း ဆက်ပြီး တိုးတက်မယ့် အလားအလာတွေရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ဒါပေမဲ့လည်း တိုးတက်မှုကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိနေပြီး မူဝါဒချမှတ်သူတွေ အနေနဲ့ လက်ရှိအချိန်ကောင်းကို အသုံးချပြီးတော့ လုပ်ဆောင်သင့်တာတွေကို ချမှတ် လုပ်ဆောင် ကြဖို့ IMF က တိုက်တွန်းထားပါတယ်။
ကမ္ဘာ့စီးပွားရေး အလားအလာနဲ့ပတ်သက်ပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက စုစည်း တင်ဆက်ထားပါတယ်။