သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာ ေျပလည္ေရး တ႐ုတ္ ဘာလုပ္ေပးႏိုင္မလဲ


နယ္စပ္ကုန္သြယ္ေရးအခ်က္အျခာက်တဲ့ မူဆယ္ၿမိဳ႕ ျမင္ကြင္း

ျမန္မာႏိုင္ငံအတြက္ အေရးအႀကီးဆုံး အိမ္နီးေပါက္ေဖာ္ႏိုင္ငံႀကီးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ လက္ရွိမွာ ျဖစ္ေနတဲ့ ျမန္မာ့အေျခအေနကို ေက်နပ္ေနပါသလား။ ဒီအတိုင္းဆိုရင္ သူတို႔ရဲ႕ စီးပြားေရး အက်ိဳးစီးပြား၊ မဟာဗ်ဴဟာ အက်ိဳးစီးပြားေတြကို ေရွ႕တိုးလုပ္ေဆာင္တဲ့ အေျခအေနေကာ ရွိပါရဲ႕လား။ ေရွ႕တိုးရခက္ေနတယ္ဆိုရင္ ဘာေၾကာင့္ ဦးေဆာင္ဦး႐ြက္မျပဳဘဲ၊ အာဆီယံကို ေရွ႕တန္းတင္ေနရပါသလဲ။ တ႐ုတ္-ျမန္မာဆက္ဆံေရး ကြၽမ္းက်င္သူ ေဒါက္တာေဒၚလွေက်ာ္ေဇာနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခုျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္ႏိုင္ငံရဲ ႔ အျမင္က ဘယ္လိုရိွပါသလဲ။ ေလာေလာဆယ္ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို သူက အေကာင္းဘက္ကို ေရြ ႔လာၿပီလို႔ ျမင္ပါသလား။ သို႔တည္းမဟုတ္ ဆုတ္ယုတ္က်ဆင္းေနဆဲလို႔ပဲ သူတုိ႔ သံုးသပ္ပါသလား။

ေျဖ ။ ။ တရုတ္ဘက္ကေတာ့ ေျပာေနတဲ့ စကားတခြန္းေတာ့ ရိွတယ္။ ဗမာျပည္မွာ ျဖစ္ေနတဲ့ စစ္မက္ေတြ၊ ျပည္တြင္းစစ္ႀကီးကို မရပ္ႏိုင္လို႔ရိွရင္ ဗမာျပည္ႀကီးဟာ က်ရွံဳးႏိုင္ငံ ျဖစ္သြားမယ္။ သူတႏိုင္ငံထဲ က်ရွံဳးမွာ မဟုတ္ဘူး။ က်န္တဲ့ႏိုင္ငံေတြကိုပဲ ဆြဲေခၚသြားႏုိင္တယ္။ ဒါေၾကာင့္မို႔ ဒီလိုျဖစ္သြားေအာင္ ဒီတုိင္းျပည္အေပၚ ေစတနာရိွတဲ့ အဖြဲ႔အစည္းေတြ၊ ႏုိင္ငံေတြ၊ ကုလသမဂၢလို၊ အာဆီယံလိုမ်ဳိးေတြနဲ႔ အိမ္နီးနားခ်င္းေတြဆို သူတုိ႔ တရုတ္ႏိုင္ငံ၊ အိႏိၵယႏုိင္ငံေတြက ပူးေပါင္းေျဖရွင္းေပးသင့္တယ္ဆုိုတာကို အေစာႀကီးကတည္းက ေရးေနခဲ့တယ္။ China Gate မွာ သူတို႔ Opinions ေဆာင္းပါးေတြ ေတာ္ေတာ္မ်ားမ်ားေရးတယ္။ တပ္နဲ႔ကေတာ့ တုိင္းျပည္ဟာ က်ရွံဳးႏုိင္ငံ ျဖစ္လိမ့္မယ္ဆိုတာကို သူတုုိ႔ ေတာ္ေတာ္သိပံုရတယ္။ ဒါေပမဲ့ က်မၾကည့္တာ ဒီလိုျဖစ္တယ္ - တရုတ္ျပည္အေနနဲ႔ တကမာၻလံုးကို ဆက္ဆံတဲ့အခါမွာ ဆက္ဆံရတဲ့ ႏုိင္ငံေတြ ေတာ္ေတာ္မ်ားမ်ားမွာလဲ ဗမာျပည္လုိပဲ အစစအရာရာ ခၽြတ္ၿခံဳက်ေနတဲ့ ႏိုင္ငံေတြလည္း အမ်ားႀကီးရိွေနေတာ့ သူဘက္ကေတာ့ ျမင္ေတာ့ျမင္ေနပံုရတယ္။ ဒါေပမဲ့ ခ်ဥ္းကပ္တဲ့ေနရာမွာေတာ့ တျခားႏုိင္ငံေတြနဲ႔ မတူ ျဖစ္ေနတယ္။

ေမး ။ ။ အဲဒီခ်ဥ္းကပ္ပံုကို ၾကည့္ခ်င္လို႔ပါ။ ျမန္မာႏုိင္ငံဟာ တရုတ္ႏိုင္ငံအတြက္ အေတာ္ေလးအေရးႀကီးတဲ့ ႏိုင္ငံလို႔ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ တျခားႏုိင္ငံေတြနဲ႔စာရင္ - အိမ္နီးခ်င္းလည္း ျဖစ္တယ္။ နယ္စပ္ကလည္း အင္မတန္ရွည္လ်ားတယ္။ ျမန္မာႏိုင္ငံတြင္းမွာ တရုတ္ရဲ ႔ အက်ဳိးစီးပြား၊ စီးပြားေရးမဟာဗ်ဴဟာလည္း အမ်ားႀကီးရိွတယ္ဆိုေတာ့ ဒီလိုျမန္မာႏိုင္ငံရဲ ႔ အေျခအေန သိပ္မေကာင္းဘူးလို႔ သူတုိ႔ျမင္တယ္ဆိုရင္ သူတုိ႔ခ်ဥ္းကပ္ပံုက ပိုၿပီးေတာ့ တက္ၾကြတဲ့ ခ်ဥ္းကပ္မႈမ်ဳိး မျဖစ္သင့္ဘူးလား။ အခုေတာ့ တရုတ္က ပိုၿပီးေတာ့ Pro-active မျဖစ္ဘူး။ အာဆီယံတို႔ရဲ ႔ ေနာက္ကပဲ ေလာေလာဆယ္ လိုက္ေနတဲ့သေဘာပဲ ေတြ႔ရပါတယ္။

ေျဖ ။ ။ က်မတို႔ ဗမာတျပည္လံုးကို ၾကည့္တဲ့အခါမွာ ဟုတ္တယ္။ သိပ္ၿပီးေတာ့ တက္ၾကြတဲ့အခန္းက မပါဘဲနဲ႔ အာဆီယံေနာက္ကပဲ ပါေနတဲ့ပံု ရိွတယ္။ ဒါေပမဲ့ သူ႔မွာ သီးျခားအကန္႔အသတ္နဲ႔ ဆက္ဆံေနတာေတြ ရိွတယ္။ ဥပမာအားျဖင့္ သူနဲ႔ နယ္ခ်င္းဆက္ေနတဲ့ ေဒသေတြ။ ဥပမာ - ဝေဒသ၊ မိုင္းလားေဒသ ရိွတယ္။ အခုေနာက္ပိုင္းဆို KIA တို႔နဲ႔လည္း ေတာ္ေတာ္ဆက္ဆံတာကို ေတြ႔ရတယ္။ အဲဒီေဒသေတြမွာေတာ့ သူက တကယ့္ကို လက္ဦးမႈရိွရိွ တက္တက္ၾကြၾကြနဲ႔ လုပ္ကိုင္ေနတာကို ေတြ႔ရတယ္။ ဥပမာ ဝပဲျဖစ္ျဖစ္၊ မုိင္းလားပဲျဖစ္ျဖစ္ စီးပြားေရးအရ တည္ေဆာက္ေပးတာ၊ ဘက္ေပါင္းစံုကေန လုပ္ေပးေနတာ က်န္းမာေရးပဲျဖစ္ျဖစ္၊ ပညာေရးပဲျဖစ္ျဖစ္ အကုန္လုပ္ေပးေနတာ က်မ စဥ္းစားေနတာ ဒီလိုတခုရိွတယ္။ သူက ဝေဒသနဲ႔ မုိင္းလားေဒသကို ဗမာျပည္ရဲ ႔ စမ္းသပ္ကြက္ကေလးအျဖစ္နဲ႔ သူတည္ေဆာက္ေနတယ္လို႔ က်မျမင္တယ္။ အဲဒီ ဝေဒသနဲ႔ မိုင္းလားေဒသတို႔မွာ ဒီေလာက္ေခတ္ေနာက္က်တဲ့ ေဒသႀကီးဟာ ၿငိမ္းခ်မ္းေရးရလို႔ရိွရင္ ေဒသဖြ႔ံၿဖိဳးတိုးတက္ေရးကို လုပ္ႏုိင္တယ္။ လူေတြရဲ ႔ ေနထိုင္းစားေသာက္မႈေတြ၊ ပိုၿပီးေတာ့ တိုးတက္လာႏုိင္တယ္။ အဲဒါကို ျပသဖုိ႔အတြက္ စမ္းသပ္ကြက္အေနနဲ႔ အဲဒီေဒသေတြကို တည္ေဆာက္ေပးေနတယ္လို႔ က်မထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ကိုဗစ္ကာလအတြင္းမွာ ဝေဒသနဲ႔ မိုင္းလားေဒသေတြကို သူတုိ႔ေဆးအဖြဲ႔ေတြလာတာ မျပတ္ဘူး။ ေတာင္ေပၚက တုိင္းရင္းသားလူထုေတြရဲ ႔ အရပ္ေတြအထိ သူတုိ႔သြားၿပီးေတာ့ ကာကြယ္ေဆးထိုးေပးတာ အမ်ားႀကီးပါပဲ သူတို႔လုပ္ႏိုင္သမွ် လုပ္ေနခဲ့တယ္။


ေမး ။ ။ ဒါက သူတို႔နဲ႔ နယ္ခ်င္းကပ္ေနတဲ့ ေဒသေတြ။ သူတို႔ဘက္မွာ ကပ္ေရာဂါေတြ ဘာေတြ အဲဒီေဒသမွာ ျဖစ္လာခဲ့ရင္လဲ သူတုိ႔ဘက္ကိုလည္း ကူးစက္မွာ ေၾကာက္လို႔၊ သူတို႔အက်ဳိးစီးပြားနဲ႔လဲ ဆက္စပ္ေနတယ္ဆိုေတာ့၊ အဲဒီေဒသနဲ႔ပဲ ဆက္စပ္ၿပီးေျပာရင္ အဲဒီေဒသေတြရဲ ႔ ႏုိင္ငံေရးစနစ္ဟာ ဖက္ဒရယ္တင္မကဘူး၊ ကိုယ္ပိုင္စစ္တပ္နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အျပည့္အဝရေနၿပီးေတာ့ ကြန္ဖရက္ဒစ္သေဘာေတာင္ ျဖစ္ေနတယ္ဆိုၿပီးေတာ့ က်န္တဲ့တုိင္းရင္းသားတခ်ဳိ ႔ကလည္း အဲဒီနမူနာကိုယူခ်င္လာတဲ့ သေဘာလဲ ရိွပါတယ္။ ႏုိင္ငံေရးအားျဖင့္ တရုတ္္ႏုိင္ငံအေနနဲ႔ ဘယ္လိုမ်ား ျမင္ထားပါသလဲ။ ျမန္မာႏုိင္ငံက တုိင္းရင္းသားေတြရဲ ႔ စည္းလံုးညီညႊတ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔ ဘယ္လိုမ်ား စဥ္းစားထားပါသလဲ။ သူတို႔ေတြးေခၚေမွ်ာ္ျမင္ပံုက။ အခု ၿငိမ္းခ်မ္းေရးကိစၥမွာ စစ္ေကာင္စီက ေခၚေနတယ္။ အဲဒီကိစၥမွာ သူတို႔ ဘယ္လိုပံုစံမ်ဳိးနဲ႔ ပံ့ပိုးေပးႏုိင္မယ္လို႔ ယူဆပါသလဲ။

ေျဖ ။ ။ တရုတ္ရဲ ႔ ေပၚလစီေတြက သူတုိ႔က အေဝးႀကီးကိုၾကည့္ၿပီးေတာ့ စဥ္းစားတာ။ ဥပမာ သူတုိ႔ရဲ ႔ ထိုင္းဝမ္ကိစၥ၊ ေဟာင္ေကာင္ကိစၥေတြကိုပဲၾကည့္၊ ဘယ္ေတာ့မွ အေလာတႀကီး ဘာတခုမွ မလုပ္ဘူး။ အရွည္ႀကီး ေျဖးေျဖးေဆးေဆးနဲ႔ တိုးလုပ္တဲ့ လကၡဏာေတြ ရိွတယ္။ အဲဒီေတာ့ က်မတုိ႔ နယ္စပ္တေလွ်ာက္မွာလဲ ဒီလိုနည္းနဲ႔ပဲ တျဖည္းျဖည္းတိုးဖို႔ စဥ္းစားပံု ရပါတယ္။ အဲဒီေတာ့ ဗမာျပည္က သူ႔အတြက္ အမ်ားႀကီးထိခိုက္နစ္နာတယ္ဆိုတာ အမွန္ပါ။ ဥပမာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းဘက္ကို ရထားလမ္းေဖာက္ဖို႔ဆိုတာကို အေစာႀကီးကတည္းက စီစဥ္ထားတာ။ ဒါေပမဲ့ စစ္တပ္ကပဲ ေပးမလုပ္ခဲ့ဘူး။ ဘာေၾကာင့္ ေပးမလုပ္ဘူးဆိုေတာ့ ဒီေဒသေတြမွာ ရထားလမ္းေတြ ေဖာက္သြားၿပီး ေဒသဖြံ႔ၿဖိဳးေရးေတြ လုပ္သြားရင္၊ သူ႔အေနနဲ႔ ဘယ္လိုလုပ္ စစ္ဆက္တိုက္မလဲ။ အဲဒါကို စစ္တပ္က ေၾကာက္ပံုရတယ္။ ဒါေၾကာင့္မုိ႔ မေပးတာ။ ေဒၚေအာင္ဆန္းစုၾကည္က အမ်ားႀကီး တရုတ္ကို ေပးခဲ့တာျဖစ္တယ္။ အဲဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တရုတ္တုိ႔ ဆက္ဆံေရးအေတာ္ေကာင္းခဲ့တယ္။ ဒါကို စစ္တပ္က မခံႏိုင္တာ ျဖစ္တယ္။ ဒါေပမဲ့ ဒီလုိေျပာလို႔ တရုတ္က စစ္တပ္ကိုလဲ ပစ္ပစ္ခါခါ ပစ္ပယ္ဖုိ႔ မစဥ္းစားဘူး။ ဒါေၾကာင့္ စစ္တပ္နဲ႔လဲ ဆက္ဆံေရးေကာင္းေအာင္ သူလုပ္တယ္။ သူက ေရရွည္အျမင္နဲ႔ လုပ္ကိုင္ခ်ဥ္းကပ္တာျဖစ္ေတာ့ က်မတုိ႔ႏုိင္ငံက ျပည္သူလူထုအေနနဲ႔ က်မအပါအဝင္ အားမရတာ၊ မေက်နပ္တာ သူ႔အေပၚမွာ မေက်မလည္ျဖစ္တာေတြ မ်ားတာေပါ့။ သူတို႔ကေတာ့ တကမာၻလံုးခ်ီတဲ့ မဟာဗ်ဴဟာေျခလွမ္းေပၚကေန လုပ္ေနပံုရပါတယ္။

ေမး ။ ။ ေဒၚေအာင္ဆန္းစုၾကည္ကို တရုတ္က ရင္းရင္းႏီွးႏီွး ဆက္ဆံခဲ့ပံု ရိွတယ္။ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္မွာ သူတုိ႔ရဲ ႔ လုပ္ပိုင္ခြင့္ေတြလည္း ပိုရရိွခဲ့တဲ့ဆုိေတာ့ အခု ေဒၚေအာင္ဆန္းစုၾကည္ ပုဂၢိဳလ္ေရးတင္မကဘူး၊ သူ႔ရဲ ႔ပါတီ၊ အင္အားစုတခုလံုးက ဒုကၡေရာက္ေနခ်ိန္မွာ အခု NUG တို႔၊ ဘာတို႔ကို မ်ားေသာအားျဖင့္ ေထာက္ခံပံ့ပိုးမႈအသံေတြ ထြက္လာတာလဲ အေနာက္ႏုိင္ငံေတြဘက္က ျဖစ္ေနတယ္။ တရုတ္ျပည္ဘက္က ဘာမွအားေပးေထာက္ခံတာလဲ ဘာမွမၾကားုရဘူး။ အဲဒါက NUG တုိ႔ဘက္က မခ်ဥ္းကပ္လို႔လား။ တရုတ္ကမ်ား ပစ္ပယ္ထားလို႔လား အဲဒါကိုလဲ စဥ္းစားမိပါတယ္။

ေျဖ ။ ။ က်မၾကည့္တာကေတာ့ ႏွစ္ဘက္စလံုးပါပဲ။ NUG ဘက္ကလဲ သတိထားၿပီး ခ်ဥ္းကပ္ေနပံု ရပါတယ္။ တရုတ္ဘက္ကလဲ ဒီလိုပါပဲ။ တရုတ္က ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ပိုင္းမွာသာ ဆက္ဆံခဲ့တာ။ အေစာပိုင္းတုန္းက ေဒၚေအာင္ဆန္းစုၾကည္တုိ႔က ခပ္ကင္းကင္း ေနခဲ့ဖူးတယ္။ နဝတ၊ နအဖကာလမွာ။ နဝတ၊ နအဖတုိိ႔နဲ႔ လံုးေနၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္က အေနာက္ဘက္ကို ယိမ္းေနတယ္ဆိုၿပီးေတာ့ သူတို႔ ကင္းကင္းေနခဲ့ပါေသးတယ္။ ဒါေပမဲ့ နဝတ၊ နအဖတို႔နဲ႔ အလုပ္မျဖစ္လာတဲ့အခါၾကမွ သူတုိ႔က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္ဆံလာၿပီးေတာ့ ေနာက္ဆံုးၾကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေတာ္အလုပ္ျဖစ္သြားခဲ့တယ္။ အခုလဲပဲ NLD ကို တရုတ္က တရားမဝင္ ေၾကညာမယ္ဆိုတာကို တရုတ္ကပဲ တားျမစ္ေနတယ္။ ဒါကို မလုပ္သင့္ဘူးထင္တယ္လို႔ တားလုိ႔၊ စစ္တပ္က ေနာက္ဆုတ္သြားခဲ့တယ္။


ေမး ။ ။ ဒီေနရာမွာ လူေတြက ေျပာၾကတယ္။ သီရိလကၤာႏုိင္ငံတုိ႔မွာ စီးပြားေရးခၽြတ္ၿခံဳက်ၿပီးေတာ့ တုိင္းျပည္အႀကီးအက်ယ္ ျပႆနာတက္တယ္။ တကယ္ေတာ့ သီရိလကၤာႏုိင္ငံမွာ တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈ၊ တရုတ္ရဲ ႔ အေၾကြးမွာ လည္ပင္းနစ္ေနၿပီလို႔ ေျပာၾကတယ္။ သူက အဲဒီလိုကိစၥေတြ လုပ္ခဲ့ၿပီး၊ အခု သီရိလကၤာ ဒုကၡေရာက္ေနခ်ိန္မွာ ကယ္ဆယ္တာ၊ ကူညီတာေတြ လုပ္ေနတာ မၾကားရပါလားလို႔ ေထာက္ျပၾကပါတယ္။

ေျဖ ။ ။ အဲဒါကေတာ့ သီရိလကၤာတင္ မဟုတ္ပါဘူး၊ အခုေနာက္ပိုင္းမွာ ပါကစၥတန္ပါ ၾကားရပါတယ္။ သူတို႔မွာ ႏုိင္ငံတကာက ေၾကြးၿမီးေတြ အမ်ားႀကီးတင္ေနတယ္ဆိုတာ ဟုတ္တယ္။ သူတုိ႔အေနနဲ႔ ဒါေတြကို မေျဖရွင္းႏိုင္တာ အစိုးရရဲ ႔ ျပႆနာ ျဖစ္တယ္။ သီရိလကၤာရဲ ႔ သံအမတ္ႀကီးက ဟိုတေလာတုန္းက CCTN နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတယ္။ သူတုိ႔ႏုိင္ငံမွာ ႏုိုင္ငံျခားေၾကြးၿမီးေတြ မ်ားတယ္ဆိုတာ မွန္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒါက သမိုင္းျပႆနာေတြသာ ျဖစ္တယ္။ တရုတ္ရဲ ႔အေၾကြးေတြလည္း သူတုိ႔ႏုိင္ငံမွာ ရိွပါတယ္။ ဒါေပမဲ့ ႏုိင္ငံတကာေၾကြးၿမီးရဲ ႔ ဆယ္ရာခိုင္ႏႈန္းပဲ တရုတ္ေၾကြးၿမီး ရိွတာပါ။ က်န္တဲ့ေၾကြးၿမီးေတြက IMF တို႔ အေမရိကန္တို႔ အဲဒီဟာေတြကို ရာခိုင္ႏႈန္းအားျဖင့္ အတိအက် ေျပာသြားပါတယ္။ ဒါမ်ဳိးက သူတို႔ ဝင္ကယ္လို႔ရရင္ ဝင္ကယ္တယ္။ ဝင္ကယ္လုိ႔ မရရင္ ခပ္ကင္းကင္းပဲ ေနလိုက္တာရိွတယ္။ ဒါေပမဲ့ ခင္မ်ား သတိထားမိလား မသိဘူး။ ဂရိ ေဒဝါလီခံရခ်ိန္တုန္းက သူတုိ႔ ဝင္ကယ္ခဲ့တယ္။ ဂရိရဲ ႔ ေရနက္ဆိပ္ကမ္းႀကီးကို သူပဲ တည္ေဆာက္ေပးၿပီး ဂရိကို ကယ္ခဲ့ဖူးပါတယ္။ သီရိလကၤာကိစၥကေတာ့ အိႏိၵယနဲ႔လည္း ပတ္သက္ေနေတာ့ သူ နည္းနည္းေတာ့ သတိထားေနတယ္ထင္တယ္ ၾကည့္ရတာ။

ေမး ။ ။ ျမန္မာႏုိင္ငံကို အဲဒီလိုျဖစ္ခဲ့ရင္ဆိုၿပီး တခ်ဳိ ႔က တြက္ၾကတယ္။ တရုတ္ရဲ ႔ ေၾကြးၿမီး ျမန္မာႏုိင္ငံလဲ အဲဒီလို ျဖစ္လာႏုိင္တယ္လို႔ စဥ္းစားၾကတာ၊ စိုးရိမ္မႈေတြ ရိွၾကပါတယ္။ အဲဒီစိုးရိမ္မႈကို လြန္တယ္လို႔ ေျပာႏိုင္လား။

ေျဖ ။ ။ အဲဒါ မလြန္ပါဘူး။ တရုတ္ေၾကြးမရိွလဲ က်မတုိ႔ ဗမာျပည္ႀကီးက က်ရွံဳးႏုိင္္ငံ ျဖစ္ေနၿပီ။ ဒီစစ္တပ္ရိွေနသေရြ ႔ က်မတုိ႔ႏုိင္ငံႀကီးက ဘယ္သူမွ ကယ္လုိ႔မရဘူး။

ေမး ။ ။ ေနာက္ဆံုးတခုေမးခ်င္တာက အခု ျမန္မာႏုိင္ငံရဲ ႔ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္ကလဲ ဘဝင္မက်ဘူးဆိုေပမဲ့ အာဆီယံကိုပဲ ေရွ ႔တန္းတင္ၿပီး၊ အာဆီယံ မူအတိုင္း လုပ္မယ္ဆိုေတာ့ ဒီ အာဆီယံမူအတိုင္း ဆက္သြားလို႔ေကာ ျမန္မာႏုိင္ငံကို ျပန္လည္ကယ္တင္ႏုိင္မယ့္ အေျခအေန ႏိုင္ငံတကာအေနနဲ႔ ရိွပါသလား။ သို႔တည္းမဟုတ္ အဲဒီမူက ေဖာက္ထြက္ၿပီးေတာ့ တရုတ္အေနနဲ႔ ေနာက္တနည္းတလမ္း စဥ္းစားလာႏုိင္မယ့္နည္းလမ္း ရိွပါသလား။

ေျဖ ။ ။ တရုတ္က ဒီကပ္ေရာဂါအလြန္း စီးပြားေရးေတြ ျပန္တက္ဖို႔အတြက္ သူက ASEP (Asia Europe Parliamentary Partnership) ကို လုပ္ေနတာ ရိွတယ္။ အေမရိကန္ကလည္း တအားဖိလာတာပါတယ္။ အခုဆို Indo-Pacific Economic Forum ဆိုၿပီး တိုးလာတာလဲ ရိွေနေတာ့ သူက ဗမာျပည္အေရးကို တအားဖိအားေပးႏိုင္မယ္လို႔ က်မ မျမင္ဘူး။ ဒီ ASEP ထဲမွာပဲ Regional Economic Forum အားလံုး အာဆီယံႏုိင္ငံေတြနဲ႔ က်န္တဲ့ႏုိင္ငံႀကီးေတြ ေပါင္းၿပီးေတာ့ တရုတ္က်ဳိးပမ္းေနတယ္။ Supply Chain ႀကီးတခုလံုး ျပန္လည္လည္ပတ္ေရးအတြက္ တရုတ္ကေတာ့ သူဘာသာ ဆက္လုပ္ေနမွာပဲ။ အဲဒီေတာ့ ဗမာျပည္ရဲ ႔ သီးျခားေပၚလစီကေတာ့ သီးျခားေျပာင္းလဲလာစရာ မရိွဘူးလို႔ ထင္ပါတယ္။

=== Unicode ===

မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အိမ်နီးပေါက်ဖော်နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံဟာ လက်ရှိမှာ ဖြစ်နေတဲ့ မြန်မာ့အခြေအနေကို ကျေနပ်နေပါသလား။ ဒီအတိုင်းဆိုရင် သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွား၊ မဟာဗျူဟာ အကျိုးစီးပွားတွေကို ရှေ့တိုးလုပ်ဆောင်တဲ့ အခြေအနေကော ရှိပါရဲ့လား။ ရှေ့တိုးရခက်နေတယ်ဆိုရင် ဘာကြောင့် ဦးဆောင်ဦးရွက်မပြုဘဲ၊ အာဆီယံကို ရှေ့တန်းတင်နေရပါသလဲ။ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာဒေါ်လှကျော်ဇောနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို သူက အကောင်းဘက်ကို ရွေ့လာပြီလို့ မြင်ပါသလား။ သို့တည်းမဟုတ် ဆုတ်ယုတ်ကျဆင်းနေဆဲလို့ပဲ သူတို့ သုံးသပ်ပါသလား။

ဖြေ ။ ။ တရုတ်ဘက်ကတော့ ပြောနေတဲ့ စကားတခွန်းတော့ ရှိတယ်။ ဗမာပြည်မှာ ဖြစ်နေတဲ့ စစ်မက်တွေ၊ ပြည်တွင်းစစ်ကြီးကို မရပ်နိုင်လို့ရှိရင် ဗမာပြည်ကြီးဟာ ကျရှုံးနိုင်ငံ ဖြစ်သွားမယ်။ သူတနိုင်ငံထဲ ကျရှုံးမှာ မဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေကိုပဲ ဆွဲခေါ်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒီလိုဖြစ်သွားအောင် ဒီတိုင်းပြည်အပေါ် စေတနာရှိတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ ကုလသမဂ္ဂလို၊ အာဆီယံလိုမျိုးတွေနဲ့ အိမ်နီးနားချင်းတွေဆို သူတို့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေက ပူးပေါင်းဖြေရှင်းပေးသင့်တယ်ဆိုတာကို အစောကြီးကတည်းက ရေးနေခဲ့တယ်။ China Gate မှာ သူတို့ Opinions ဆောင်းပါးတွေ တော်တော်များများရေးတယ်။ တပ်နဲ့ကတော့ တိုင်းပြည်ဟာ ကျရှုံးနိုင်ငံ ဖြစ်လိမ့်မယ်ဆိုတာကို သူတို့ တော်တော်သိပုံရတယ်။ ဒါပေမဲ့ ကျမကြည့်တာ ဒီလိုဖြစ်တယ် - တရုတ်ပြည်အနေနဲ့ တကမ္ဘာလုံးကို ဆက်ဆံတဲ့အခါမှာ ဆက်ဆံရတဲ့ နိုင်ငံတွေ တော်တော်များများမှာလဲ ဗမာပြည်လိုပဲ အစစအရာရာ ချွတ်ခြုံကျနေတဲ့ နိုင်ငံတွေလည်း အများကြီးရှိနေတော့ သူဘက်ကတော့ မြင်တော့မြင်နေပုံရတယ်။ ဒါပေမဲ့ ချဉ်းကပ်တဲ့နေရာမှာတော့ တခြားနိုင်ငံတွေနဲ့ မတူ ဖြစ်နေတယ်။

မေး ။ ။ အဲဒီချဉ်းကပ်ပုံကို ကြည့်ချင်လို့ပါ။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် အတော်လေးအရေးကြီးတဲ့ နိုင်ငံလို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ တခြားနိုင်ငံတွေနဲ့စာရင် - အိမ်နီးချင်းလည်း ဖြစ်တယ်။ နယ်စပ်ကလည်း အင်မတန်ရှည်လျားတယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်ရဲ့ အကျိုးစီးပွား၊ စီးပွားရေးမဟာဗျူဟာလည်း အများကြီးရှိတယ်ဆိုတော့ ဒီလိုမြန်မာနိုင်ငံရဲ့ အခြေအနေ သိပ်မကောင်းဘူးလို့ သူတို့မြင်တယ်ဆိုရင် သူတို့ချဉ်းကပ်ပုံက ပိုပြီးတော့ တက်ကြွတဲ့ ချဉ်းကပ်မှုမျိုး မဖြစ်သင့်ဘူးလား။ အခုတော့ တရုတ်က ပိုပြီးတော့ Pro-active မဖြစ်ဘူး။ အာဆီယံတို့ရဲ့ နောက်ကပဲ လောလောဆယ် လိုက်နေတဲ့သဘောပဲ တွေ့ရပါတယ်။

ဖြေ ။ ။ ကျမတို့ ဗမာတပြည်လုံးကို ကြည့်တဲ့အခါမှာ ဟုတ်တယ်။ သိပ်ပြီးတော့ တက်ကြွတဲ့အခန်းက မပါဘဲနဲ့ အာဆီယံနောက်ကပဲ ပါနေတဲ့ပုံ ရှိတယ်။ ဒါပေမဲ့ သူ့မှာ သီးခြားအကန့်အသတ်နဲ့ ဆက်ဆံနေတာတွေ ရှိတယ်။ ဥပမာအားဖြင့် သူနဲ့ နယ်ချင်းဆက်နေတဲ့ ဒေသတွေ။ ဥပမာ - ဝဒေသ၊ မိုင်းလားဒေသ ရှိတယ်။ အခုနောက်ပိုင်းဆို KIA တို့နဲ့လည်း တော်တော်ဆက်ဆံတာကို တွေ့ရတယ်။ အဲဒီဒေသတွေမှာတော့ သူက တကယ့်ကို လက်ဦးမှုရှိရှိ တက်တက်ကြွကြွနဲ့ လုပ်ကိုင်နေတာကို တွေ့ရတယ်။ ဥပမာ ဝပဲဖြစ်ဖြစ်၊ မိုင်းလားပဲဖြစ်ဖြစ် စီးပွားရေးအရ တည်ဆောက်ပေးတာ၊ ဘက်ပေါင်းစုံကနေ လုပ်ပေးနေတာ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ် အကုန်လုပ်ပေးနေတာ ကျမ စဉ်းစားနေတာ ဒီလိုတခုရှိတယ်။ သူက ဝဒေသနဲ့ မိုင်းလားဒေသကို ဗမာပြည်ရဲ့ စမ်းသပ်ကွက်ကလေးအဖြစ်နဲ့ သူတည်ဆောက်နေတယ်လို့ ကျမမြင်တယ်။ အဲဒီ ဝဒေသနဲ့ မိုင်းလားဒေသတို့မှာ ဒီလောက်ခေတ်နောက်ကျတဲ့ ဒေသကြီးဟာ ငြိမ်းချမ်းရေးရလို့ရှိရင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နိုင်တယ်။ လူတွေရဲ့ နေထိုင်းစားသောက်မှုတွေ၊ ပိုပြီးတော့ တိုးတက်လာနိုင်တယ်။ အဲဒါကို ပြသဖို့အတွက် စမ်းသပ်ကွက်အနေနဲ့ အဲဒီဒေသတွေကို တည်ဆောက်ပေးနေတယ်လို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကိုဗစ်ကာလအတွင်းမှာ ဝဒေသနဲ့ မိုင်းလားဒေသတွေကို သူတို့ဆေးအဖွဲ့တွေလာတာ မပြတ်ဘူး။ တောင်ပေါ်က တိုင်းရင်းသားလူထုတွေရဲ့ အရပ်တွေအထိ သူတို့သွားပြီးတော့ ကာကွယ်ဆေးထိုးပေးတာ အများကြီးပါပဲ သူတို့လုပ်နိုင်သမျှ လုပ်နေခဲ့တယ်။


မေး ။ ။ ဒါက သူတို့နဲ့ နယ်ချင်းကပ်နေတဲ့ ဒေသတွေ။ သူတို့ဘက်မှာ ကပ်ရောဂါတွေ ဘာတွေ အဲဒီဒေသမှာ ဖြစ်လာခဲ့ရင်လဲ သူတို့ဘက်ကိုလည်း ကူးစက်မှာ ကြောက်လို့၊ သူတို့အကျိုးစီးပွားနဲ့လဲ ဆက်စပ်နေတယ်ဆိုတော့၊ အဲဒီဒေသနဲ့ပဲ ဆက်စပ်ပြီးပြောရင် အဲဒီဒေသတွေရဲ့ နိုင်ငံရေးစနစ်ဟာ ဖက်ဒရယ်တင်မကဘူး၊ ကိုယ်ပိုင်စစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရနေပြီးတော့ ကွန်ဖရက်ဒစ်သဘောတောင် ဖြစ်နေတယ်ဆိုပြီးတော့ ကျန်တဲ့တိုင်းရင်းသားတချို့ကလည်း အဲဒီနမူနာကိုယူချင်လာတဲ့ သဘောလဲ ရှိပါတယ်။ နိုင်ငံရေးအားဖြင့် တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုများ မြင်ထားပါသလဲ။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်ရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘယ်လိုများ စဉ်းစားထားပါသလဲ။ သူတို့တွေးခေါ်မျှော်မြင်ပုံက။ အခု ငြိမ်းချမ်းရေးကိစ္စမှာ စစ်ကောင်စီက ခေါ်နေတယ်။ အဲဒီကိစ္စမှာ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ပံ့ပိုးပေးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ ။ ။ တရုတ်ရဲ့ ပေါ်လစီတွေက သူတို့က အဝေးကြီးကိုကြည့်ပြီးတော့ စဉ်းစားတာ။ ဥပမာ သူတို့ရဲ့ ထိုင်းဝမ်ကိစ္စ၊ ဟောင်ကောင်ကိစ္စတွေကိုပဲကြည့်၊ ဘယ်တော့မှ အလောတကြီး ဘာတခုမှ မလုပ်ဘူး။ အရှည်ကြီး ဖြေးဖြေးဆေးဆေးနဲ့ တိုးလုပ်တဲ့ လက္ခဏာတွေ ရှိတယ်။ အဲဒီတော့ ကျမတို့ နယ်စပ်တလျှောက်မှာလဲ ဒီလိုနည်းနဲ့ပဲ တဖြည်းဖြည်းတိုးဖို့ စဉ်းစားပုံ ရပါတယ်။ အဲဒီတော့ ဗမာပြည်က သူ့အတွက် အများကြီးထိခိုက်နစ်နာတယ်ဆိုတာ အမှန်ပါ။ ဥပမာ ကျောက်ဖြူရေနက်ဆိပ်ကမ်းဘက်ကို ရထားလမ်းဖောက်ဖို့ဆိုတာကို အစောကြီးကတည်းက စီစဉ်ထားတာ။ ဒါပေမဲ့ စစ်တပ်ကပဲ ပေးမလုပ်ခဲ့ဘူး။ ဘာကြောင့် ပေးမလုပ်ဘူးဆိုတော့ ဒီဒေသတွေမှာ ရထားလမ်းတွေ ဖောက်သွားပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်သွားရင်၊ သူ့အနေနဲ့ ဘယ်လိုလုပ် စစ်ဆက်တိုက်မလဲ။ အဲဒါကို စစ်တပ်က ကြောက်ပုံရတယ်။ ဒါကြောင့်မို့ မပေးတာ။ ဒေါ်အောင်ဆန်းစုကြည်က အများကြီး တရုတ်ကို ပေးခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်တို့ ဆက်ဆံရေးအတော်ကောင်းခဲ့တယ်။ ဒါကို စစ်တပ်က မခံနိုင်တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုပြောလို့ တရုတ်က စစ်တပ်ကိုလဲ ပစ်ပစ်ခါခါ ပစ်ပယ်ဖို့ မစဉ်းစားဘူး။ ဒါကြောင့် စစ်တပ်နဲ့လဲ ဆက်ဆံရေးကောင်းအောင် သူလုပ်တယ်။ သူက ရေရှည်အမြင်နဲ့ လုပ်ကိုင်ချဉ်းကပ်တာဖြစ်တော့ ကျမတို့နိုင်ငံက ပြည်သူလူထုအနေနဲ့ ကျမအပါအဝင် အားမရတာ၊ မကျေနပ်တာ သူ့အပေါ်မှာ မကျေမလည်ဖြစ်တာတွေ များတာပေါ့။ သူတို့ကတော့ တကမ္ဘာလုံးချီတဲ့ မဟာဗျူဟာခြေလှမ်းပေါ်ကနေ လုပ်နေပုံရပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပုံ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေလည်း ပိုရရှိခဲ့တဲ့ဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂိုလ်ရေးတင်မကဘူး၊ သူ့ရဲ့ပါတီ၊ အင်အားစုတခုလုံးက ဒုက္ခရောက်နေချိန်မှာ အခု NUG တို့၊ ဘာတို့ကို များသောအားဖြင့် ထောက်ခံပံ့ပိုးမှုအသံတွေ ထွက်လာတာလဲ အနောက်နိုင်ငံတွေဘက်က ဖြစ်နေတယ်။ တရုတ်ပြည်ဘက်က ဘာမှအားပေးထောက်ခံတာလဲ ဘာမှမကြားုရဘူး။ အဲဒါက NUG တို့ဘက်က မချဉ်းကပ်လို့လား။ တရုတ်ကများ ပစ်ပယ်ထားလို့လား အဲဒါကိုလဲ စဉ်းစားမိပါတယ်။

ဖြေ ။ ။ ကျမကြည့်တာကတော့ နှစ်ဘက်စလုံးပါပဲ။ NUG ဘက်ကလဲ သတိထားပြီး ချဉ်းကပ်နေပုံ ရပါတယ်။ တရုတ်ဘက်ကလဲ ဒီလိုပါပဲ။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ပိုင်းမှာသာ ဆက်ဆံခဲ့တာ။ အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်တို့က ခပ်ကင်းကင်း နေခဲ့ဖူးတယ်။ နဝတ၊ နအဖကာလမှာ။ နဝတ၊ နအဖတို့နဲ့ လုံးနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်က အနောက်ဘက်ကို ယိမ်းနေတယ်ဆိုပြီးတော့ သူတို့ ကင်းကင်းနေခဲ့ပါသေးတယ်။ ဒါပေမဲ့ နဝတ၊ နအဖတို့နဲ့ အလုပ်မဖြစ်လာတဲ့အခါကြမှ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံလာပြီးတော့ နောက်ဆုံးကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတော်အလုပ်ဖြစ်သွားခဲ့တယ်။ အခုလဲပဲ NLD ကို တရုတ်က တရားမဝင် ကြေညာမယ်ဆိုတာကို တရုတ်ကပဲ တားမြစ်နေတယ်။ ဒါကို မလုပ်သင့်ဘူးထင်တယ်လို့ တားလို့၊ စစ်တပ်က နောက်ဆုတ်သွားခဲ့တယ်။


မေး ။ ။ ဒီနေရာမှာ လူတွေက ပြောကြတယ်။ သီရိလင်္ကာနိုင်ငံတို့မှာ စီးပွားရေးချွတ်ခြုံကျပြီးတော့ တိုင်းပြည်အကြီးအကျယ် ပြဿနာတက်တယ်။ တကယ်တော့ သီရိလင်္ကာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှု၊ တရုတ်ရဲ့ အကြွေးမှာ လည်ပင်းနစ်နေပြီလို့ ပြောကြတယ်။ သူက အဲဒီလိုကိစ္စတွေ လုပ်ခဲ့ပြီး၊ အခု သီရိလင်္ကာ ဒုက္ခရောက်နေချိန်မှာ ကယ်ဆယ်တာ၊ ကူညီတာတွေ လုပ်နေတာ မကြားရပါလားလို့ ထောက်ပြကြပါတယ်။

ဖြေ ။ ။ အဲဒါကတော့ သီရိလင်္ကာတင် မဟုတ်ပါဘူး၊ အခုနောက်ပိုင်းမှာ ပါကစ္စတန်ပါ ကြားရပါတယ်။ သူတို့မှာ နိုင်ငံတကာက ကြွေးမြီးတွေ အများကြီးတင်နေတယ်ဆိုတာ ဟုတ်တယ်။ သူတို့အနေနဲ့ ဒါတွေကို မဖြေရှင်းနိုင်တာ အစိုးရရဲ့ ပြဿနာ ဖြစ်တယ်။ သီရိလင်္ကာရဲ့ သံအမတ်ကြီးက ဟိုတလောတုန်းက CCTN နဲ့ အင်တာဗျူးမှာ ပြောသွားတယ်။ သူတို့နိုင်ငံမှာ နိုင်ငံခြားကြွေးမြီးတွေ များတယ်ဆိုတာ မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သမိုင်းပြဿနာတွေသာ ဖြစ်တယ်။ တရုတ်ရဲ့အကြွေးတွေလည်း သူတို့နိုင်ငံမှာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကြွေးမြီးရဲ့ ဆယ်ရာခိုင်နှုန်းပဲ တရုတ်ကြွေးမြီး ရှိတာပါ။ ကျန်တဲ့ကြွေးမြီးတွေက IMF တို့ အမေရိကန်တို့ အဲဒီဟာတွေကို ရာခိုင်နှုန်းအားဖြင့် အတိအကျ ပြောသွားပါတယ်။ ဒါမျိုးက သူတို့ ဝင်ကယ်လို့ရရင် ဝင်ကယ်တယ်။ ဝင်ကယ်လို့ မရရင် ခပ်ကင်းကင်းပဲ နေလိုက်တာရှိတယ်။ ဒါပေမဲ့ ခင်များ သတိထားမိလား မသိဘူး။ ဂရိ ဒေဝါလီခံရချိန်တုန်းက သူတို့ ဝင်ကယ်ခဲ့တယ်။ ဂရိရဲ့ ရေနက်ဆိပ်ကမ်းကြီးကို သူပဲ တည်ဆောက်ပေးပြီး ဂရိကို ကယ်ခဲ့ဖူးပါတယ်။ သီရိလင်္ကာကိစ္စကတော့ အိန္ဒိယနဲ့လည်း ပတ်သက်နေတော့ သူ နည်းနည်းတော့ သတိထားနေတယ်ထင်တယ် ကြည့်ရတာ။

မေး ။ ။ မြန်မာနိုင်ငံကို အဲဒီလိုဖြစ်ခဲ့ရင်ဆိုပြီး တချို့က တွက်ကြတယ်။ တရုတ်ရဲ့ ကြွေးမြီး မြန်မာနိုင်ငံလဲ အဲဒီလို ဖြစ်လာနိုင်တယ်လို့ စဉ်းစားကြတာ၊ စိုးရိမ်မှုတွေ ရှိကြပါတယ်။ အဲဒီစိုးရိမ်မှုကို လွန်တယ်လို့ ပြောနိုင်လား။

ဖြေ ။ ။ အဲဒါ မလွန်ပါဘူး။ တရုတ်ကြွေးမရှိလဲ ကျမတို့ ဗမာပြည်ကြီးက ကျရှုံးနိုင်ငံ ဖြစ်နေပြီ။ ဒီစစ်တပ်ရှိနေသရွေ့ ကျမတို့နိုင်ငံကြီးက ဘယ်သူမှ ကယ်လို့မရဘူး။


မေး ။ ။ နောက်ဆုံးတခုမေးချင်တာက အခု မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ တရုတ်ကလဲ ဘဝင်မကျဘူးဆိုပေမဲ့ အာဆီယံကိုပဲ ရှေ့တန်းတင်ပြီး၊ အာဆီယံ မူအတိုင်း လုပ်မယ်ဆိုတော့ ဒီ အာဆီယံမူအတိုင်း ဆက်သွားလို့ကော မြန်မာနိုင်ငံကို ပြန်လည်ကယ်တင်နိုင်မယ့် အခြေအနေ နိုင်ငံတကာအနေနဲ့ ရှိပါသလား။ သို့တည်းမဟုတ် အဲဒီမူက ဖောက်ထွက်ပြီးတော့ တရုတ်အနေနဲ့ နောက်တနည်းတလမ်း စဉ်းစားလာနိုင်မယ့်နည်းလမ်း ရှိပါသလား။

ဖြေ ။ ။ တရုတ်က ဒီကပ်ရောဂါအလွန်း စီးပွားရေးတွေ ပြန်တက်ဖို့အတွက် သူက ASEP (Asia Europe Parliamentary Partnership) ကို လုပ်နေတာ ရှိတယ်။ အမေရိကန်ကလည်း တအားဖိလာတာပါတယ်။ အခုဆို Indo-Pacific Economic Forum ဆိုပြီး တိုးလာတာလဲ ရှိနေတော့ သူက ဗမာပြည်အရေးကို တအားဖိအားပေးနိုင်မယ်လို့ ကျမ မမြင်ဘူး။ ဒီ ASEP ထဲမှာပဲ Regional Economic Forum အားလုံး အာဆီယံနိုင်ငံတွေနဲ့ ကျန်တဲ့နိုင်ငံကြီးတွေ ပေါင်းပြီးတော့ တရုတ်ကျိုးပမ်းနေတယ်။ Supply Chain ကြီးတခုလုံး ပြန်လည်လည်ပတ်ရေးအတွက် တရုတ်ကတော့ သူဘာသာ ဆက်လုပ်နေမှာပဲ။ အဲဒီတော့ ဗမာပြည်ရဲ့ သီးခြားပေါ်လစီကတော့ သီးခြားပြောင်းလဲလာစရာ မရှိဘူးလို့ ထင်ပါတယ်။

XS
SM
MD
LG